(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အရက္ေၾကာင့္ က်န္းမာေရးကို မထိခိုက္ေစေအာင္ ဆင္ျခင္ျပီး ေသာက္သံုးသင့္ဖို႕ေတာ့ လိုတာေပါ့။

တစ္ပတ္မွာ တစ္ၾကိမ္ သူငယ္ခ်င္းေတြနဲ႕ စုျပီးေတာ့ အတူတူ ေသာက္ေလ့ရွိၾကတယ္ မဟုတ္လား။ ဒါမွမဟုတ္လည္း တစ္ေယာက္တည္း အရက္ေသာက္ျပီးေတာ့ အပန္းေျဖေလ့ရွိၾကတယ္ေလ။ အရက္ကို သင့္တင့္မွ်တရံု ေသာက္သံုးတာက ျပသနာမရွိေပမယ့္ အလြန္အကၽြံေသာက္သံုးမိရင္ေတာ့ က်န္းမာေရးကိုပါ ထိခိုက္ေစတဲ့အထိ အက်ိဳးသက္ေရာက္ေစႏိုင္တယ္ေနာ္။ ဒါေၾကာင့္မို႕လို႕ အရက္ေၾကာင့္ က်န္းမာေရးကို မထိခိုက္ေစေအာင္ ဆင္ျခင္ျပီး ေသာက္သံုးသင့္ဖို႕ေတာ့ လိုတာေပါ့။ အရက္မေသာက္သံုးခင္ စားထားသင့္တဲ့ အစားအစာေတြ ရွိပါတယ္။ ဒါက အရက္ေၾကာင့္ျဖစ္လာမယ့္ ထိခိုက္မႈေတြကို ကာကြယ္ေပးႏိုင္တယ္ေလ။ အဲဒီ အစားအစာေတြကို ေျပာျပေပးလိုက္တယ္ေနာ္။

၁။ သစ္ေတာ္သီး
အာရွတိုက္က သစ္ေတာ္သီးမ်ိဳးက ပိုေကာင္းပါတယ္။ သစ္ေတာ္သီးေဖ်ာ္ရည္က အရက္ေၾကာင့္ျဖစ္လာမယ့္ ဆိုးက်ိဳးေတြကို ၂၀ ရာခုိင္ႏႈန္းထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့အျပင္ အရက္ေသာက္သံုးမႈေၾကာင့္ ျဖစ္တတ္တဲ့ အသားအရည္နီျမန္းျခင္း၊ အလာ့ဂ်စ္ျဖစ္ျခင္း တို႕ကိုလည္း လွ်င္ျမန္စြာေပ်ာက္ကင္းေစပါတယ္။

၂။ အစိမ္းေရာင္အသီးအႏွံေဖ်ာ္ရည္

အစိမ္းေရာင္ရွိတဲ့အသီးအႏွံေဖ်ာ္ရည္က ခႏၶာကိုယ္က electrolytes နဲ႕ nutrients တို႕ကို ထိန္းသိမ္းေပးပါတယ္။ အရက္ေသာက္သံုးမယ္လို႕ စဥ္းစားထားတယ္ဆိုရင္ေတာ့ အစိမ္းေရာင္အသီးအႏွံေဖ်ာ္ရည္ တစ္ခုခုကို ေသာက္သံုးေပးဖို႕ သင့္ေတာ္တယ္ေနာ္။

၃။ ကန္စြန္းဥ

ကန္စြန္းဥက အဆီဓာတ္နည္းပါးတဲ့ ကာဘိုဟိုက္ဒရိတ္ တစ္မ်ိဳးပါပဲ။ ကန္စြန္းဥက ခႏၶာကိုယ္တြင္းက သၾကားဓာတ္ကို ထိန္းသိမ္းေပးျပီး အရက္ေသာက္သံုးမယ္လို႕ စဥ္းစားထားရင္ေတာ့ ကန္စြန္းဥကို စားေပးထားဖို႕ သင့္ေတာ္ပါတယ္။

၄။ အသားကင္

ပရိုတင္းဓာတ္ကလည္း သၾကားဓာတ္ကို ထိန္းသိမ္းေပးႏိုင္ပါတယ္။ အရက္ေသာက္သံုးမႈ မ်ားျပားရင္ တုန္ယင္ခ်ည္နဲ႕တာမ်ိဳးျဖစ္ တတ္တာေၾကာင့္ အသားကင္ကို စားေပးထားျခင္းက ဒီဒုကၡက သက္သာေစပါတယ္။

၅။ ဖရဲသီး

အရက္ေသာက္သံုးမႈက ေရဓာတ္ကို ခမ္းေျခာက္ေစပါတယ္။ ဒါေၾကာင့္ ေရ ေသာက္သံုးေပးဖို႕ လိုအပ္ျပီးေတာ့ အရည္ရႊမ္းတဲ့ အသီးမ်ိဳးကိုလည္း စားသံုးသင့္ပါတယ္။ ဖရဲသီးက အသင့္ေတာ္ဆံုးပဲေပါ့။ ေရဓာတ္ပါ၀င္မႈ မ်ားတဲ့အျပင္ ဖရဲသီးခ်ိဳခ်ိဳေအးေအးေလးဆို ရင္ပူတာကိုေတာင္ သက္သာေစတယ္ေလ။

၆။ ႏို႕

ႏို႕ကလည္း ေရဓာတ္ခမ္းေျခာက္မႈကို ကာကြယ္ေပးႏိုင္ပါတယ္။ ႏို႕မွာ ပါ၀င္တဲ့ ပိုတက္ဆီယမ္ဓာတ္က အရက္ေသာက္သံုးျပီး မၾကာခဏ အေပါ့သြားေနတာမ်ိဳးကို ေလ်ာ့နည္းေစပါတယ္။

၇။ ဆယ္လ္မြန္ငါး

အရက္က ဗီတာမင္ B-12 ကို ေလ်ာ့ပါးေစပါတယ္။ ဆယ္လ္မြန္ငါးက B-12 ကို လ်င္ျမန္စြာျဖည့္တင္းေပးႏိုင္တာမို႕ စားသံုးေပးသင့္ပါတယ္။ အရက္အမ်ားၾကီးေသာက္သံုးမိတာေၾကာင့္ တခါတေလ အမူးလြန္ျပီး ဘာမွမမွတ္မိေတာ့ေအာင္ ျဖစ္တတ္တာကိုလည္း ဆယ္လ္မြန္က ကာကြယ္ေပးတယ္ေနာ္။

၈။ ခ်ဥ္ဖတ္

ဆားရည္စိမ္ထားတဲ့ အသီးအႏွံေတြက electrolyte ကို ျပန္လည္ျဖည့္တင္းေပးပါတယ္။ ဒါ့အျပင္ အရက္နာက်ျခင္းကိုလည္း အျမန္ဆံုးသက္သာေစပါတယ္။

၉။ ၾကက္ဥ

အရက္ေသာက္ပီးမွပဲျဖစ္ျဖစ္၊ မေသာက္ခင္ျဖစ္ျဖစ္ ၾကက္ဥ စားေပးသင့္ပါတယ္။ ၾကက္ဥမွာ အသားဓာတ္ပါ၀င္ႏႈန္းျမင့္မားျပီးေတာ့ အရက္မွာပါ၀င္တဲ့ အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။ လစ္မစ္မ်ားသြားလို႕အမူးလြန္တာ၊ အရက္နာက်တာကို သက္သာေစတယ္ေနာ္။

၁၀။ ကညြတ္

ကညြတ္မွာပါတဲ့ amino acid က အစာေခ်ဖ်က္မႈကို ကူညီေပးပါတယ္။ အရက္ေသာက္သံုးျခင္းေၾကာင့္ ျဖစ္တဲ့  အသည္းေရာဂါျဖစ္ပြားမႈကိုလည္း ကာကြယ္ေပးေနတဲ့အျပင္ ႏွလံုးေသြးေၾကာဆဲလ္ေလးေတြကိုလည္း ကူညီအားျဖည့္ေပးႏိုင္ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#


အရက်ကြောင့် ကျန်းမာရေးကို မထိခိုက်စေအောင် ဆင်ခြင်ပြီး သောက်သုံးသင့်ဖို့တော့ လိုတာပေါ့။

တစ်ပတ်မှာ တစ်ကြိမ် သူငယ်ချင်းတွေနဲ့ စုပြီးတော့ အတူတူ သောက်လေ့ရှိကြတယ် မဟုတ်လား။ ဒါမှမဟုတ်လည်း တစ်ယောက်တည်း အရက်သောက်ပြီးတော့ အပန်းဖြေလေ့ရှိကြတယ်လေ။ အရက်ကို သင့်တင့်မျှတရုံ သောက်သုံးတာက ပြသနာမရှိပေမယ့် အလွန်အကျွံသောက်သုံးမိရင်တော့ ကျန်းမာရေးကိုပါ ထိခိုက်စေတဲ့အထိ အကျိုးသက်ရောက်စေနိုင်တယ်နော်။ ဒါကြောင့်မို့လို့ အရက်ကြောင့် ကျန်းမာရေးကို မထိခိုက်စေအောင် ဆင်ခြင်ပြီး သောက်သုံးသင့်ဖို့တော့ လိုတာပေါ့။ အရက်မသောက်သုံးခင် စားထားသင့်တဲ့ အစားအစာတွေ ရှိပါတယ်။ ဒါက အရက်ကြောင့်ဖြစ်လာမယ့် ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်တယ်လေ။ အဲဒီ အစားအစာတွေကို ပြောပြပေးလိုက်တယ်နော်။

၁။ သစ်တော်သီး
အာရှတိုက်က သစ်တော်သီးမျိုးက ပိုကောင်းပါတယ်။ သစ်တော်သီးဖျော်ရည်က အရက်ကြောင့်ဖြစ်လာမယ့် ဆိုးကျိုးတွေကို ၂၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အရက်သောက်သုံးမှုကြောင့် ဖြစ်တတ်တဲ့ အသားအရည်နီမြန်းခြင်း၊ အလာ့ဂျစ်ဖြစ်ခြင်း တို့ကိုလည်း လျှင်မြန်စွာပျောက်ကင်းစေပါတယ်။

၂။ အစိမ်းရောင်အသီးအနှံဖျော်ရည်

အစိမ်းရောင်ရှိတဲ့အသီးအနှံဖျော်ရည်က ခန္ဓာကိုယ်က electrolytes နဲ့ nutrients တို့ကို ထိန်းသိမ်းပေးပါတယ်။ အရက်သောက်သုံးမယ်လို့ စဉ်းစားထားတယ်ဆိုရင်တော့ အစိမ်းရောင်အသီးအနှံဖျော်ရည် တစ်ခုခုကို သောက်သုံးပေးဖို့ သင့်တော်တယ်နော်။

၃။ ကန်စွန်းဥ

ကန်စွန်းဥက အဆီဓာတ်နည်းပါးတဲ့ ကာဘိုဟိုက်ဒရိတ် တစ်မျိုးပါပဲ။ ကန်စွန်းဥက ခန္ဓာကိုယ်တွင်းက သကြားဓာတ်ကို ထိန်းသိမ်းပေးပြီး အရက်သောက်သုံးမယ်လို့ စဉ်းစားထားရင်တော့ ကန်စွန်းဥကို စားပေးထားဖို့ သင့်တော်ပါတယ်။

၄။ အသားကင်

ပရိုတင်းဓာတ်ကလည်း သကြားဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ အရက်သောက်သုံးမှု များပြားရင် တုန်ယင်ချည်နဲ့တာမျိုးဖြစ် တတ်တာကြောင့် အသားကင်ကို စားပေးထားခြင်းက ဒီဒုက္ခက သက်သာစေပါတယ်။

၅။ ဖရဲသီး

အရက်သောက်သုံးမှုက ရေဓာတ်ကို ခမ်းခြောက်စေပါတယ်။ ဒါကြောင့် ရေ သောက်သုံးပေးဖို့ လိုအပ်ပြီးတော့ အရည်ရွှမ်းတဲ့ အသီးမျိုးကိုလည်း စားသုံးသင့်ပါတယ်။ ဖရဲသီးက အသင့်တော်ဆုံးပဲပေါ့။ ရေဓာတ်ပါဝင်မှု များတဲ့အပြင် ဖရဲသီးချိုချိုအေးအေးလေးဆို ရင်ပူတာကိုတောင် သက်သာစေတယ်လေ။

၆။ နို့

နို့ကလည်း ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ နို့မှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က အရက်သောက်သုံးပြီး မကြာခဏ အပေါ့သွားနေတာမျိုးကို လျော့နည်းစေပါတယ်။

၇။ ဆယ်လ်မွန်ငါး

အရက်က ဗီတာမင် B-12 ကို လျော့ပါးစေပါတယ်။ ဆယ်လ်မွန်ငါးက B-12 ကို လျင်မြန်စွာဖြည့်တင်းပေးနိုင်တာမို့ စားသုံးပေးသင့်ပါတယ်။ အရက်အများကြီးသောက်သုံးမိတာကြောင့် တခါတလေ အမူးလွန်ပြီး ဘာမှမမှတ်မိတော့အောင် ဖြစ်တတ်တာကိုလည်း ဆယ်လ်မွန်က ကာကွယ်ပေးတယ်နော်။

၈။ ချဉ်ဖတ်

ဆားရည်စိမ်ထားတဲ့ အသီးအနှံတွေက electrolyte ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဒါ့အပြင် အရက်နာကျခြင်းကိုလည်း အမြန်ဆုံးသက်သာစေပါတယ်။

၉။ ကြက်ဥ

အရက်သောက်ပီးမှပဲဖြစ်ဖြစ်၊ မသောက်ခင်ဖြစ်ဖြစ် ကြက်ဥ စားပေးသင့်ပါတယ်။ ကြက်ဥမှာ အသားဓာတ်ပါဝင်နှုန်းမြင့်မားပြီးတော့ အရက်မှာပါဝင်တဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ လစ်မစ်များသွားလို့အမူးလွန်တာ၊ အရက်နာကျတာကို သက်သာစေတယ်နော်။

၁၀။ ကညွတ်

ကညွတ်မှာပါတဲ့ amino acid က အစာချေဖျက်မှုကို ကူညီပေးပါတယ်။ အရက်သောက်သုံးခြင်းကြောင့် ဖြစ်တဲ့  အသည်းရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနေတဲ့အပြင် နှလုံးသွေးကြောဆဲလ်လေးတွေကိုလည်း ကူညီအားဖြည့်ပေးနိုင်ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top