ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပဲခူးတိုင္းေဒသႀကီး၊ ေ၀ါၿမိဳ႕နယ္တြင္ အမည္မသိအမ်ိဳးသားတစ္ဦး ရထားႀကိတ္ခံရ၍ ေသဆုံးမႈ ျဖစ္ပြားခဲ့ေႀကာင္း သိရသည္။

ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ေဝါျမိဳ႕နယ္၊ ေညာင္ခါးရွည္နယ္ေျမရဲစခန္းအပိုင္၊ ဆပ္သြားျခံဳရြာအနီးရွိ ရထားသံလမ္းတြင္ ဒီဇင္ဘာလ ၆ ရက္၊ နံနက္ ၇ နာရီခန္႔က အမည္မသိအမ်ိဳးသားတစ္ဦးရထားႀကိတ္ခံရ၍ ေသဆုံးေနသည္ကိုေတြ႔ရွိရေႀကာင္းေ ညာင္ခါးရွည္နယ္ေျမရဲစခန္းမွ သိရသည္။

“ကြ်န္ေတာ္တို႔ဆီကိုမီးရထားဂိ္တ္တံခါးေစာင့္အဖြဲ႔ေတြကသူတို႔ေတြ အိမ္သာသြားရင္းနဲ႔ လူတစ္ေယာက္ ရထားႀကိတ္ခံရတာကိုေတြ႔တယ္ဆိုၿပီး ဖုန္းဆက္လာတယ္။ ကြ်န္ေတာ္တို႔ေတြလည္း သက္ဆိုင္ရာအဖြဲ႔ေတြနဲ႔ သြားႀကည့္တဲ့အခါ ခႏၶာကိုယ္အစိတ္အပိုင္းေတြက တစ္ပိုင္းစီျဖစ္ေနတာကိုေတြ႔ရတယ္။

အဲဒီညကရထားေတြ သြားတာကို ေမးႀကည့္ေတာ့ အစုန္ရထား ၄ စီးနဲ႔ အဆန္ရထား ၄ စီးေပါင္း ၈ စီးသြားတယ္လို႔ သိရတယ္။ ဘယ္ရထားနဲ႔ ႀကိတ္မိသလဲဆိုတာကိုေတာ့ ကြ်န္ေတာ္တို႔လည္းေသခ်ာမသိဘူး” ဟု ေညာင္ခါးရွည္ နယ္ေျမရဲစခန္းမွ ဒုရဲအုပ္ သန္းထိုက္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ေသဆုံးသူသည္ အသက္ ၃၀ ေက်ာ္ရွိေသာ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး မည္သူမည္၀ါဆိုျခင္းကို မသိရွိရေသးေႀကာင္း၊ ေသဆုံးသူအေလာင္းအား ေညာင္ခါးရွည္တိုက္နယ္ေဆးရုံသို႔ ပို႔ေဆာင္ထားေႀကာင္း သိရသည္။

ထိုေသဆုံးမႈႏွင့္ပတ္သက္၍ ေညာင္ခါးရွည္နယ္ေျမရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္ ၇/၂၀၁၇ ျဖင့္အမႈဖြင့္ကာ စစ္ေဆးေနေႀကာင္းသိရသည္။

ႏိုင္မင္းလြင္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Akonthi

#Uicode Version#
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် အမည်မသိအမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်နယ်မြေရဲစခန်းအပိုင်၊ ဆပ်သွားခြုံရွာအနီးရှိ ရထားသံလမ်းတွင် ဒီဇင်ဘာလ ၆ ရက်၊ နံနက် ၇ နာရီခန့်က အမည်မသိအမျိုးသားတစ်ဦးရထားကြိတ်ခံရ၍ သေဆုံးနေသည်ကိုတွေ့ရှိရကြောင်းေ ညာင်ခါးရှည်နယ်မြေရဲစခန်းမှ သိရသည်။

“ကျွန်တော်တို့ဆီကိုမီးရထားဂိတ်တံခါးစောင့်အဖွဲ့တွေကသူတို့တွေ အိမ်သာသွားရင်းနဲ့ လူတစ်ယောက် ရထားကြိတ်ခံရတာကိုတွေ့တယ်ဆိုပြီး ဖုန်းဆက်လာတယ်။ ကျွန်တော်တို့တွေလည်း သက်ဆိုင်ရာအဖွဲ့တွေနဲ့ သွားကြည့်တဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက တစ်ပိုင်းစီဖြစ်နေတာကိုတွေ့ရတယ်။

အဲဒီညကရထားတွေ သွားတာကို မေးကြည့်တော့ အစုန်ရထား ၄ စီးနဲ့ အဆန်ရထား ၄ စီးပေါင်း ၈ စီးသွားတယ်လို့ သိရတယ်။ ဘယ်ရထားနဲ့ ကြိတ်မိသလဲဆိုတာကိုတော့ ကျွန်တော်တို့လည်းသေချာမသိဘူး” ဟု ညောင်ခါးရှည် နယ်မြေရဲစခန်းမှ ဒုရဲအုပ် သန်းထိုက်က အကုန်သိသတင်းဌာနသို့ ပြောသည်။

သေဆုံးသူသည် အသက် ၃၀ ကျော်ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး မည်သူမည်ဝါဆိုခြင်းကို မသိရှိရသေးကြောင်း၊ သေဆုံးသူအလောင်းအား ညောင်ခါးရှည်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထိုသေဆုံးမှုနှင့်ပတ်သက်၍ ညောင်ခါးရှည်နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၇/၂၀၁၇ ဖြင့်အမှုဖွင့်ကာ စစ်ဆေးနေကြောင်းသိရသည်။

နိုင်မင်းလွင်
ဖိုးသူတော် (www.phothutaw.com)
Credit: Akonthi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top