ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေဟာင္ေကာင္ က အင္ဒုိနီးရွား အိမ္အကူတစ္ေယာက္ဟာ ကေလးသံုးေယာက္ကို သူ ေရခ်ိဳးေပးေနပံုကို တမင္တကာဗီဒီယိုရုိက္ကူးခဲ့ၿပီး အြန္လုိင္းေပၚတင္ခဲ့တဲ့အတြက္ အဖမ္းခံရေၾကာင္း ေဆာက္ခ်ိဳင္းနားေမာနင္းပို႔စ္က အဂၤါေန႔က ေဖာ္ျပပါတယ္။ အိမ္အကူ ၂၈ ႏွစ္ဟာ အသက္ ၇ ႏွစ္၊ ၈ နွစ္အရြယ္ ကေလးႏွစ္ေယာက္ကို ကုိယ္လံုးတီးေရခ်ိဳးေပးေနပံုကုိ ေဖ့စ္ဘုတ္ခ္ေပၚမွာ တုိက္ရုိက္ထုတ္လႊင့္ခဲ့ပါတယ္။ ၁၇ မိနစ္စာဗီဒီယုိကုိ ေဖ့စ္ဘုတ္ခ္ေပၚတင္ၿပီးေနာက္ အခု ဖယ္ရွားလုိက္ေၾကာင္း သတင္းမွာ ေတြ႕ရၿပီး အိမ္အကူကုိ ကေလးညစ္ညမ္းပံုျဖန္႔ေ၀မႈနဲ႔ ေဟာင္ေကာင္ရဲက စံုစမ္းစစ္ေဆးေနပါတယ္။
သတင္းထဲမွာ ေဖာ္ျပထားခ်က္အရ ဗီဒီယုိထဲမွာ ကေလးတစ္ေယာက္က အိမ္အကူကို ဗီဒီယုိရုိက္ေနတာလားလုိ႔ ေမးၿပီး မရုိက္ဖုိ႔တားျမစ္ေပမယ့္ အိမ္အကူက မရပ္ခဲ့ဘူးလို႔ ေဖာျ္ပထားပါတယ္။ ေဟာင္ေကာင္အလုပ္အကိုင္ေအဂ်င္စီမ်ားအစည္းအရံုးဥကၠဌ ခ်န္ကစ္မန္က အိမ္အကူဟာ သူ ဥပေဒကို ခ်ိဳးေဖာက္ေနမွန္း မသိတာျဖစ္လိမ့္မယ္လုိ႔ ေျပာေၾကာင္း SCMP က ေဖာ္ျပထားပါတယ္။ အလုပ္မ၀င္ခင္ အိမ္အကူေတြဟာ ေအးဂ်င့္ေတြဆီမွာ သင္တန္းတက္ရၿပီး အိမ္တစ္အိမ္မွာ အလုပ္လုပ္ခ်ိန္ ကေလးေတြကို ဓာတ္ပံု၊ ဗီဒီယုိမရုိက္ကူးရဘူးဆုိတဲ့ ေဆာင္ရန္၊ ေရွာင္ရန္ေတြကို သင္ၾကားရေလ့ရွိေၾကာင္း သူက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
ဟောင်ကောင် က အင်ဒိုနီးရှား အိမ်အကူတစ်ယောက်ဟာ ကလေးသုံးယောက်ကို သူ ရေချိုးပေးနေပုံကို တမင်တကာဗီဒီယိုရိုက်ကူးခဲ့ပြီး အွန်လိုင်းပေါ်တင်ခဲ့တဲ့အတွက် အဖမ်းခံရကြောင်း ဆောက်ချိုင်းနားမောနင်းပို့စ်က အင်္ဂါနေ့က ဖော်ပြပါတယ်။ အိမ်အကူ ၂၈ နှစ်ဟာ အသက် ၇ နှစ်၊ ၈ နှစ်အရွယ် ကလေးနှစ်ယောက်ကို ကိုယ်လုံးတီးရေချိုးပေးနေပုံကို ဖေ့စ်ဘုတ်ခ်ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ ၁၇ မိနစ်စာဗီဒီယိုကို ဖေ့စ်ဘုတ်ခ်ပေါ်တင်ပြီးနောက် အခု ဖယ်ရှားလိုက်ကြောင်း သတင်းမှာ တွေ့ရပြီး အိမ်အကူကို ကလေးညစ်ညမ်းပုံဖြန့်ဝေမှုနဲ့ ဟောင်ကောင်ရဲက စုံစမ်းစစ်ဆေးနေပါတယ်။
သတင်းထဲမှာ ဖော်ပြထားချက်အရ ဗီဒီယိုထဲမှာ ကလေးတစ်ယောက်က အိမ်အကူကို ဗီဒီယိုရိုက်နေတာလားလို့ မေးပြီး မရိုက်ဖို့တားမြစ်ပေမယ့် အိမ်အကူက မရပ်ခဲ့ဘူးလို့ ဖောြ်ပထားပါတယ်။ ဟောင်ကောင်အလုပ်အကိုင်အေဂျင်စီများအစည်းအရုံးဥက္ကဌ ချန်ကစ်မန်က အိမ်အကူဟာ သူ ဥပဒေကို ချိုးဖောက်နေမှန်း မသိတာဖြစ်လိမ့်မယ်လို့ ပြောကြောင်း SCMP က ဖော်ပြထားပါတယ်။ အလုပ်မဝင်ခင် အိမ်အကူတွေဟာ အေးဂျင့်တွေဆီမှာ သင်တန်းတက်ရပြီး အိမ်တစ်အိမ်မှာ အလုပ်လုပ်ချိန် ကလေးတွေကို ဓာတ်ပုံ၊ ဗီဒီယိုမရိုက်ကူးရဘူးဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို သင်ကြားရလေ့ရှိကြောင်း သူက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top