iMyanmarHouse.com - Best Property Website for Myanmar
×

အရသာရွိတဲ့အျပင္ ခြန္အားလည္း ျဖစ္ေစတဲ့ ငွက္ေပ်ာသီးက ကေလး၊ လူႀကီးမေရြး ႀကိဳက္ႏွစ္သက္ၾကတဲ့ အသီးတစ္မ်ိဳးပါပဲ။ ငွက္ေပ်ာသီးမွာပါဝင္တဲ့ သဘာဝဓာတ္ပစၥည္းေတြက က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူ ျပဳရံုသာမက ငွက္ေပ်ာသီးခြံကလည္း အလွအပေရးရာမွာ အသံုးတည့္တာကို ေတြ႔ရပါတယ္။ ငွက္ေပ်ာသီးခြံမွာ ပါဝင္တဲ့ Vitamin B6, B12 နဲ႔ ပိုတက္ဆီယံဓာတ္မ်ားက ဘယ္လိုအက်ိဳးေက်းဇူးေတြ ရရွိႏုိင္လဲဆုိတာကို ၾကည့္လိုက္ရေအာင္။

(၁) သြားမ်ားကို ျဖဴေဖြးေစပါတယ္
1513832913609.jpg
ငွက္ေပ်ာသီးခြံကို လႊင့္မပစ္ဘဲ အက်ိဳးရွိေအာင္္ အသံုးျပဳလုိ႔ရပါတယ္ေနာ္။ ငွက္ေပ်ာသီးခြံ အတြင္းသားနဲ႔ သြားမ်ားေပၚကို ပြတ္တိုက္ေပးမယ္ဆိုရင္ သြားမွာကပ္ၿငိေနတဲ့ အညစ္အေၾကးမ်ားနဲ႔ သြားဂ်ိဳးမ်ားကို ဖယ္ရွားသန္႔စင္ေပးႏိုင္စြမ္း ရွိပါတယ္။ ငွက္ေပ်ာသီးခြံနဲ႔ ေန႔စဥ္ေန႔တုိင္းသြားမ်ားကို ပြတ္တိုက္ေပးမယ္ဆိုရင္ တစ္ပတ္အတြင္း အက်ိဳးရလဒ္ကို ေတြ႔ျမင္ရမွာပါ။


(၂) ၾကြက္ႏုိ႔ကိုဖယ္ရွားေပးႏုိင္ပါတယ္
1513832906584.png
အေရျပားျပႆနာတစ္မ်ိဳးျဖစ္တဲ့ ၾကြက္ႏို႔ကိုလည္း ဖယ္ရွားေပးႏုိင္စြမ္းရွိပါတယ္။ ၾကြက္ႏုိ႔ျဖစ္တဲ့ေနရာတစ္ဝိုက္ကို ငွက္ေပ်ာသီးခြံနဲ႔ ပြတ္တုိက္ေပးႏုိင္ပါတယ္။ ဒါမွမဟုတ္ ငွက္ေပ်ာသီးခြံကို ၾကြက္ႏုိ႔ရွိတဲ့ေနရာေပၚ စည္းထားၿပီး တစ္ညေလာက္ထားလိုက္ပါ။ မနက္အိပ္ရာထခ်ိန္မွာ ၾကြက္ႏုိ႔ေပ်ာက္ကင္းသြားတာကို ေတြ႔ရပါလိမ့္မယ္။

(၃) အသားမ်ားကိုႏူးညံ႔ေစပါတယ္
1513832898190.jpg
ဟင္းခ်က္တဲ့အခါမွာလည္း ငွက္ေပ်ာသီးအခြံကို ထည့္သြင္းခ်က္ျပဳတ္ႏုိင္ပါတယ္။ ငွက္ေပ်ာသီးအတြင္းသား အျဖဴဖတ္ကို ဇြန္းနဲ႔ျခစ္ယူၿပီး အသားဟင္းထဲ ထည့္ခ်က္မယ္ဆုိရင္ အသားႏူးညံ႔ေစပါတယ္။ ဒီနည္းလမ္းကိုေတာ့ အိႏၵိယဟင္းေတြမွာ ထည့္သြင္းအသံုးျပဳၾကပါတယ္။

(၄) အေရျပားတြန္႔ျခင္းကိုေလ်ာ့ပါးေစပါတယ္
1513832892231.jpg
ေနေရာင္ျခည္ဒဏ္ေၾကာင့္ပဲျဖစ္ျဖစ္၊ အသက္အရြယ္ရလာတဲ့အခါ အသားအေရတြန္႔တာ၊ အေရျပားေလ်ာ့တြဲတာေတြအတြက္ ငွက္ေပ်ာသီးခြံကို အသံုးျပဳႏုိင္ပါတယ္။ ငွက္ေပ်ာသီးခြံ အတြင္းသားနဲ႔ ၾကက္ဥအႏွစ္တို႔ကို ေရာစပ္ၿပီး မ်က္ႏွာအႏံ႔ွသုတ္လိမ္းေပးပါ။ ၅မိနစ္ခန္႔ထားၿပီး မ်က္ႏွာသစ္လုိက္ရံုပါပဲ။

(၅) နာက်င္မႈဒဏ္ကိုေလ်ာ့က်ေစတယ္
1513832878937.png
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေရျပားမ်ား နာက်င္မႈ၊ ကိုက္ခဲမႈ၊ ေရာင္ရမ္းမႈေတြအတြက္ ငွက္ေပ်ာသီးခြံက အသံုးတည့္လွပါတယ္။ နာက်င္ေနတဲ့ေနရာတစ္ဝုိက္ကို ငွက္ေပ်ာသီးခြံ အတြင္းသားနဲ႔ နာရီဝက္ခန္႔ ကပ္ထားေပးပါ။ ဒါမွမဟုတ္ ငွက္ေပ်ာသီးအတြင္းသားနဲ႔ ဟင္းရြက္အဆီ၊ သံလြင္ဆီတစ္မ်ိဳးမ်ိဳးနဲ႔ ေရာစပ္ၿပီး နာက်င္ကိုက္ခဲေနတဲ့ ေနရာေပၚကို လိမ္းထားမယ္ဆိုရင္ နာက်င္ဒဏ္ေလ်ာ့ပါးေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
အရသာရှိတဲ့အပြင် ခွန်အားလည်း ဖြစ်စေတဲ့ ငှက်ပျောသီးက ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်ကြတဲ့ အသီးတစ်မျိုးပါပဲ။ ငှက်ပျောသီးမှာပါဝင်တဲ့ သဘာဝဓာတ်ပစ္စည်းတွေက ကျန်းမာရေးအတွက် များစွာအထောက်အကူ ပြုရုံသာမက ငှက်ပျောသီးခွံကလည်း အလှအပရေးရာမှာ အသုံးတည့်တာကို တွေ့ရပါတယ်။ ငှက်ပျောသီးခွံမှာ ပါဝင်တဲ့ Vitamin B6, B12 နဲ့ ပိုတက်ဆီယံဓာတ်များက ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတာကို ကြည့်လိုက်ရအောင်။

(၁) သွားများကို ဖြူဖွေးစေပါတယ်

ငှက်ပျောသီးခွံကို လွှင့်မပစ်ဘဲ အကျိုးရှိအောင် အသုံးပြုလို့ရပါတယ်နော်။ ငှက်ပျောသီးခွံ အတွင်းသားနဲ့ သွားများပေါ်ကို ပွတ်တိုက်ပေးမယ်ဆိုရင် သွားမှာကပ်ငြိနေတဲ့ အညစ်အကြေးများနဲ့ သွားဂျိုးများကို ဖယ်ရှားသန့်စင်ပေးနိုင်စွမ်း ရှိပါတယ်။ ငှက်ပျောသီးခွံနဲ့ နေ့စဉ်နေ့တိုင်းသွားများကို ပွတ်တိုက်ပေးမယ်ဆိုရင် တစ်ပတ်အတွင်း အကျိုးရလဒ်ကို တွေ့မြင်ရမှာပါ။


(၂) ကြွက်နို့ကိုဖယ်ရှားပေးနိုင်ပါတယ်

အရေပြားပြဿနာတစ်မျိုးဖြစ်တဲ့ ကြွက်နို့ကိုလည်း ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ ကြွက်နို့ဖြစ်တဲ့နေရာတစ်ဝိုက်ကို ငှက်ပျောသီးခွံနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ငှက်ပျောသီးခွံကို ကြွက်နို့ရှိတဲ့နေရာပေါ် စည်းထားပြီး တစ်ညလောက်ထားလိုက်ပါ။ မနက်အိပ်ရာထချိန်မှာ ကြွက်နို့ပျောက်ကင်းသွားတာကို တွေ့ရပါလိမ့်မယ်။

(၃) အသားများကိုနူးညံ့စေပါတယ်

ဟင်းချက်တဲ့အခါမှာလည်း ငှက်ပျောသီးအခွံကို ထည့်သွင်းချက်ပြုတ်နိုင်ပါတယ်။ ငှက်ပျောသီးအတွင်းသား အဖြူဖတ်ကို ဇွန်းနဲ့ခြစ်ယူပြီး အသားဟင်းထဲ ထည့်ချက်မယ်ဆိုရင် အသားနူးညံ့စေပါတယ်။ ဒီနည်းလမ်းကိုတော့ အိန္ဒိယဟင်းတွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။

(၄) အရေပြားတွန့်ခြင်းကိုလျော့ပါးစေပါတယ်

နေရောင်ခြည်ဒဏ်ကြောင့်ပဲဖြစ်ဖြစ်၊ အသက်အရွယ်ရလာတဲ့အခါ အသားအရေတွန့်တာ၊ အရေပြားလျော့တွဲတာတွေအတွက် ငှက်ပျောသီးခွံကို အသုံးပြုနိုင်ပါတယ်။ ငှက်ပျောသီးခွံ အတွင်းသားနဲ့ ကြက်ဥအနှစ်တို့ကို ရောစပ်ပြီး မျက်နှာအနံ့ှသုတ်လိမ်းပေးပါ။ ၅မိနစ်ခန့်ထားပြီး မျက်နှာသစ်လိုက်ရုံပါပဲ။

(၅) နာကျင်မှုဒဏ်ကိုလျော့ကျစေတယ်

အကြောင်းအမျိုးမျိုးကြောင့် အရေပြားများ နာကျင်မှု၊ ကိုက်ခဲမှု၊ ရောင်ရမ်းမှုတွေအတွက် ငှက်ပျောသီးခွံက အသုံးတည့်လှပါတယ်။ နာကျင်နေတဲ့နေရာတစ်ဝိုက်ကို ငှက်ပျောသီးခွံ အတွင်းသားနဲ့ နာရီဝက်ခန့် ကပ်ထားပေးပါ။ ဒါမှမဟုတ် ငှက်ပျောသီးအတွင်းသားနဲ့ ဟင်းရွက်အဆီ၊ သံလွင်ဆီတစ်မျိုးမျိုးနဲ့ ရောစပ်ပြီး နာကျင်ကိုက်ခဲနေတဲ့ နေရာပေါ်ကို လိမ်းထားမယ်ဆိုရင် နာကျင်ဒဏ်လျော့ပါးစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top