န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ပဲခူးတိုင္းေဒသႀကီးအေနာက္ျခမ္း၊ သာယာဝတီခ႐ိုင္ လက္ပံတန္းၿမိဳ႕နယ္၊ ေအာင္လံကုန္းေက်းရြာအုပ္စု ေညာင္ေလးပင္ေက်းရြာမွာ အသက္မျပည့္တဲ့ စိတ္ေဝဒနာရွင္ မိန္းကေလးငယ္ အဓမၼျပဳက်င့္ခံရလို႔ မိခင္ျဖစ္သူ ဒီဇင္ဘာ ၈ ရက္မွာ အမႈလာဖြင့္တယ္လို႔ ခမံုနယ္ေျမ ရဲစခန္းက ေျပာပါတယ္။

“မိဘေတြက ေတာင္ယာအလုပ္လုပ္တယ္၊ ေတာင္ယာလုပ္ကိုင္ဖို႔ ေန႔စဥ္သမီးျဖစ္သူ မ—(၁၂) ႏွစ္ကို ေနအိမ္ၿခံခ်င္းကပ္ တရားခံ ေက်ာ္လိႈင္ရဲ႕ ေနအိမ္မွာ အပ္ထားခဲ့တာေပါ့ေနာ္။ တစ္ရြာတည္းသာျခင္းဆိုေတာ့ထားၿပီးအလုပ္လုပ္တာေပါ့ လခ်ီေနၿပီ။ မိခင္ျဖစ္သူက သမီးကို မသကၤာလို႔ ေညာင္ေလးပင္ ေက်းရြာ ေဆးခန္းကို သြားျပရာ သမီးျဖစ္သူမွာ ကိုယ္ဝန္ ၅ လရွိေနၿပီျဖစ္ေၾကာင္း သိရတာ။ မိခင္ျဖစ္သူက ေမးျမန္ရာ ေက်ာ္လႈိင္က သားမယားအျဖစ္ျပဳက်င့္ေနၿပီမွာ ၾကာၿပီးျဖစ္ေၾကာင္း အျခားသူေတြကုိ ျပန္ေျပာရင္ ဓားနဲ႔ခုတ္လုိ႔ ေျပာထားတယ္ဆုိၿပီး ကေလးမက ျပန္လည္ေျပာျပတယ္” လုိ႔ ဦးေလးေတာ္စပ္သူ ဦးသန္႔ဇင္က ဒီဗြီဘီကုိ ေျပာပါတယ္။မိခင္ျဖစ္သူက တရားလိုျပဳလုပ္ၿပီး ခမုံရဲစခန္းမွာ အမႈဖြင့္တုိင္ၾကားခဲ့လို႔ ေက်ာ္လိႈင္ ၂၈ ႏွစ္အား ရာဇသတ္ႀကီး ပုဒ္မ ၃၇၆/၃၆၃ နဲ႔ ခမံု နယ္ေျမရဲစခန္းမွ ရဲအုပ္ဝင္းလိႈင္က အေရးယူေဆာင္ရြက္ထားေၾကာင္း သိရပါတယ္။

သတင္း- ေမသြယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB TV News

# Unicode Version ျဖင့္ ဖတ္ပါ #
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၊ အောင်လံကုန်းကျေးရွာအုပ်စု ညောင်လေးပင်ကျေးရွာမှာ အသက်မပြည့်တဲ့ စိတ်ဝေဒနာရှင် မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရလို့ မိခင်ဖြစ်သူ ဒီဇင်ဘာ ၈ ရက်မှာ အမှုလာဖွင့်တယ်လို့ ခမုံနယ်မြေ ရဲစခန်းက ပြောပါတယ်။

“မိဘတွေက တောင်ယာအလုပ်လုပ်တယ်၊ တောင်ယာလုပ်ကိုင်ဖို့ နေ့စဉ်သမီးဖြစ်သူ မ—(၁၂) နှစ်ကို နေအိမ်ခြံချင်းကပ် တရားခံ ကျော်လှိုင်ရဲ့ နေအိမ်မှာ အပ်ထားခဲ့တာပေါ့နော်။ တစ်ရွာတည်းသာခြင်းဆိုတော့ထားပြီးအလုပ်လုပ်တာပေါ့ လချီနေပြီ။ မိခင်ဖြစ်သူက သမီးကို မသင်္ကာလို့ ညောင်လေးပင် ကျေးရွာ ဆေးခန်းကို သွားပြရာ သမီးဖြစ်သူမှာ ကိုယ်ဝန် ၅ လရှိနေပြီဖြစ်ကြောင်း သိရတာ။ မိခင်ဖြစ်သူက မေးမြန်ရာ ကျော်လှိုင်က သားမယားအဖြစ်ပြုကျင့်နေပြီမှာ ကြာပြီးဖြစ်ကြောင်း အခြားသူတွေကို ပြန်ပြောရင် ဓားနဲ့ခုတ်လို့ ပြောထားတယ်ဆိုပြီး ကလေးမက ပြန်လည်ပြောပြတယ်” လို့ ဦးလေးတော်စပ်သူ ဦးသန့်ဇင်က ဒီဗွီဘီကို ပြောပါတယ်။မိခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး ခမုံရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့လို့ ကျော်လှိုင် ၂၈ နှစ်အား ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၆၃ နဲ့ ခမုံ နယ်မြေရဲစခန်းမှ ရဲအုပ်ဝင်းလှိုင်က အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

သတင်း- မေသွယ်

ဖိုးသူတော် (www.phothutaw.com)
Credit: DVB TV News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top