န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ခရစ္သကၠရာဇ္၂၀၁၈ ခုႏွစ္ မဂၤလာႏွစ္သစ္တြင္ …ကံႀကမၼာဟာ အေကာင္းမွအဆိုး ၊ အဆိုးမွအေကာင္းသို႕ ေဇာက္ထိုးမိုးေမွ်ာ္ ေရာက္ရွိသြားအံ့။ အေျပာင္းအလဲႀကီးႀကီးမားမားျဖစ္အံ့။ စီးပြားေရး၊ေငြေၾကး ၊ လုပ္ငန္းေဆာင္တာရည္ရြယ္ခ်က္မ်ားအတြင္လည္း တအားေကာင္းႏိုင္သလို တအားလည္းညံ့သြားအံ့။သူတပါးအတြက္ ဓါးစားခံျဖစ္တတ္။အစစအရာရာသတိထားၿပီးျဖတ္သန္းသင့္။ မိမိရဲ႕ေအာင္ျမင္မႈေတြကို သူတစ္ပါး ေႏွာက္ယွက္အံ့။စိတ္ပူစရာ ၊ စိတ္အေႏွာက္အယွက္ျဖစ္စရာ ၊ အတိုက္အခံ ၊ အခက္အခဲမ်ား ေရာေထြးေနအံ့။

ေရွ႕မတိုးသာ၊ေနာက္မဆုတ္သာ ၊ ေရွ႕တိုးရခက္ ၊ ေနာက္ဆုတ္ရခက္ အေျခအေအမ်ားႀကံဳေတြ႕ရအံ့။ အႀကံအစည္ ရည္ရြယ္ခ်က္မ်ားလည္း ထစ္ေငါ့ၾကန္႔ၾကာၿ့ပီးမွေအာင္ျမင္လတၱံ႕။ခင္မင္ရင္းႏွီးေသာသူေတြနဲ႔ စိတ္သေဘာ ထားမတိုက္ဆိုင္ပဲ လမ္းခြဲရတတ္။မိတ္ေဆြရင္း လူရင္းမ်ားက ေနာက္ေက်ာကိုဓါးျဖင့္ထိုးတတ္။အထူးသတိရွိပါ။မေမွ်ာ္လင့္ ပဲအေၾကြးကိစၥ ၊ေငြကိစၥ မ်က္ႏွာပ်က္စရာ ျဖစ္တတ္။သူတပါးအတြက္ အာမခံေပးခဲ့တဲ့ ကိစၥမ်ားအတြက္ ကိုယ္ကတာ၀န္ယူရတတ္ သူတစ္ပါး ေခ်ာက္တြန္းတာခံရတတ္။ ဒါေၾကာင့္ ဒီႏွစ္ထဲမွာ သူတပါးအတြက္ အာမခံတာ၊သက္ေသ လိုက္တာမ်ဳိးေတြ မလုပ္သင့္ပါဘူး။မိမိရမယ့္ အခြင့္အေရးေကာင္းေတြကို လည္း သူတပါးရွိသြားတတ္။ ဘယ္အလုပ္ကိုမဆို ၊ ဘယ္အေျခအေနကိုမဆို စိတ္ရွည္လက္ရွည္ေခါင္းေအးေအးနဲ႔ျဖတ္သန္းပါ။ ႏွစ္စပိုင္းမွာ တအားႀကီးမေကာင္းေသးေပမယ့္ ေျဖေျဖးခ်င္း ေကာင္းလာပါလိမ့္မယ္။


၁ ။ အလုပ္ကိုင္အၾကံစည္ ရည္ရြယ္ခ်က္မ်ား ထစ္ေငါ့ၾကန္႔ၾကာၿပီးမွ ေအာင္ျမင္တတ္

၂။ ေငြအ၀င္မ်ားေသာလည္း အဖတ္မတင္ျဖစ္ေနတတ္

၃။ မိမိေနအိမ္ရဲ႕ ေခါင္းရင္းဘက္ မ်က္ႏွာစာဘက္တြင္ နာေရးေပၚတတ္ ။ မသြားသင့္။ မျဖစ္ေနသြားရလွ်င္ တေရာ္ကင္ပြန္းႏွင့္ေခါင္းေလွ်ာ္ပစ္ပါ။

၄။ အျငိမ္ေနရတာမရွိဘဲ လႈပ္ရွားေနရတတ္

၅။ က်န္းမာေရးတစ္ခုၿပီးတစ္ခု ညံ့တတ္ ။ေသြးထြက္သံယို ျဖစ္တတ္ သတိထားသင့္

၆။ ေျမအတြက္ အေမြအတြက္ စကားအၾကီးက်ယ္ေျပာရတတ္

၇။ ဗုဒၶဟူးနံ ယ၊ရ၊လ၊၀ အေၾကာင္းျပဳၿပီးေငြးေၾကး အက်ိဳးျမတ္မ်ား ရတတ္

၈။ သူတစ္ပါး၏ အေၾကာင္းမဲ့ စြပ္စြဲ ေျပာဆိုျခင္းခံရတတ္

၉။ အလွဴအတန္းလုပ္ရတတ္ မဂၤလာကိစၥမ်ား စကားေျပာရတတ္

၁၀။ ဟိုလိုလို ဒီလိုလိုနဲ႔ အခ်ိန္ေတြကုန္သြားတတ္

၁၁။ လုပ္ငန္းသစ္ စီးပြားသစ္ လုပ္ကိုင္ဖို႔ အေၾကာင္းေတြေပၚလာတတ္

၁၂။ ပစၥည္းမ်ားကို ထုခြဲေရာင္းခ်ၿပီး လုပ္ငန္းသစ္ လုပ္ခ်င္စိတ္ေပၚေနတတ္

အက်ဳိးေပးအေဆာင္ – ေဂၚမုတ္ေက်ာက္ ၊ အနီေရာင္ေက်ာက္ ၊ ခဲမၿဖဴ ၊ ေငြ

အက်ုိးေပးအေရာင္ – အနီေရာင္ ၊ ခရမ္းေရာင္ ၊ ၾကက္ေသြးေရာင္

သင့္ေတာ္သည့္ ဓါတ္စာ – စေတာ္ဘယ္ရီ ၊ ဆီးၿဖဴ ၊ နာနတ္ ၊ တည္သီး ၊ ဗန္ဒါ ၊ ေလးညွင္း ၊ ဂ်ဳံ

သတိထားသင့္သည့္ အႏၱရာယ္ – မီးေဘး ၊ လွ်ပ္စစ္ ၊ အပူေလာင္

သတိထားသင့္သည့္ ေရာဂါ – အာရံုေၾကာ ၊ အေၾကာ ၊ အေရၿပား

အေရးႀကီးကိစၥမ်ားလုပ္ေဆာင္ရန္ ေန႔ေကာင္း – ၾကာသပေတး ၊ ေသာၾကာ ၊ အဂၤါ

အေရးႀကီးကိစၥမ်ားလုပ္ေဆာင္ရန္ ရက္သာ – ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၆ ၊ ၁၅ ၊ ၂၄ ၊ ၉ ၊ ၁၈ ၊ ၂၇

ယၾတာ ။ ။ အခိုက္အညံ့ေတြေျပေပ်ာက္ၿပီး ကံေတြေကာင္းသထက္ေကာင္းေစဖို႔အတြက္ မရွိႏြမ္းပါးသူမ်ားကို ေငြက်ပ္ (၁၂၀) သို႔ (၁၂၀၀) က်ပ္ မၾကာခဏလွဴဒါန္းလိုက္ပါ။
မိမိရဲ႕ဓါတ္ပံုကို နံရံမွာ ၁၂နာရီၾကာေအာင္ ေဇာက္ထိုးကပ္ထားလိုက္ပါ။ မၾကာခဏလုပ္ေပးပါ။

——————



အဂၤလိပ္ရက္ ၂ ရက္ ၊ ၁၁ ရက္ ၊ ၂၀ ရက္ ၊ ၂၉ ရက္ေမြးဖြားေသာမိတ္ေဆြမ်ားသည္

ခရစ္သကၠရာဇ္၂၀၁၈ ခုႏွစ္ မဂၤလာႏွစ္သစ္တြင္ …အံ့ၾသစရာေကာင္းေလာက္ေအာင္ ဘ၀တစ္ဆစ္ခ်ဳိးေျပာင္းလဲ့ျမင့္တက္အံ့။စီးပြားတက္အံ့။ဘ၀တစ္ခုလံုး ဆတ္ခနဲေကာင္းၿပီး ျဖတ္ခနဲေျပာင္းသြားအံ့။တဲပုတ္မွာ ေနရတဲ့သူ တိုက္ေပၚကိုေရာက္သြားရျခင္းဟာ ဒီလိုေဗဒင္ကိန္းခန္းရဲ႕ ေက်းဇူးေၾကာင့္ျဖစ္ပါတယ္။သာမန္အဆင့္ကေန ႀကီးမားတဲ့ရာထူးႀကီးေတြ ရသြားရျခင္းမွာလည္း ဒီလိုကိန္းခန္းမ်ဳိးရဲ႕ေက်းဇူးပဲျဖစ္ပါတယ္။

ေကာင္းျခင္းဆိုးျခင္းေတြ ၿပီးဆံုးသြားၿပီဆိုတဲ့သေဘာပါျဖစ္ေနပါတယ္။ ဆိုးတာေတြၿပီးဆံုးသြားၿပီဆိုေတာ့ ေကာင္းတာေတြလာေတာ့မယ္။ ေကာင္းတာေတြၿပီးဆံုးသြားၿပီဆိုရင္လည္း ဆိုးတာေတြေရာက္လာတတ္ပါတယ္။ဒါေၾကာင့္ ဒီႏွစ္ထဲမွာ မုခ်တိုးတက္ေျပာင္းလဲေတာ့မယ့္ အေျခအေနေကာင္း ၊ အခြင့္အလန္းေကာင္းေတြ ေပၚေပါက္လာအံ့။မရဖူးေသးတဲ့အခြင့္အေရးေတြရအံ့။ အဲဒီအခြင့္အေရးမ်ားကို အလြဲ သံုးစားမလုပ္မိဖို႔သတိျပဳပါ။အခြင့္အေရးကို အလြဲသံုးစားလုပ္မိပါက ညံ့ေသာအေျပာင္းအလဲျဖစ္သြားတတ္တာကိုေတာ့ အထူးသတိျပဳပါ။ဒီႏွစ္ထဲမွာ အစစအရာရာ အဖက္ဖက္ကေနၿပီးေတာ့ မုခ်တိုးတက္ေအာင္ျမင္အံ့။ ကိုယ္ေရာစိတ္ပါ ခ်မ္းသာရအံ့။

၁။ လုပ္ငန္းအၾကံစည္အသစ္မ်ား ေပၚေပါက္လာတတ္

၂။ ရင္းႏွိီးေသာသူမ်ား ေဆးရုံတက္ရတတ္

၃။ ေျမ၀င္ျခင္း အေမြရျခင္းႀကံဳတတ္

၄။ အမႈ အခ်ဳပ္ေထာင္ဂတ္ ေဆးရံုမ်ားႏွင့္ပတ္သက္ရတတ္

၅။ ရပ္ေ၀းမွနာေရးသတင္းၾကားရတတ္

၆။လက္ရွိအလုပ္ကို စိတ္မ၀င္စားပဲ အလုပ္ထြက္ခ်င္ ေျပာင္းခ်င္စိတ္မ်ားေပၚေနတတ္

၇။ ေငြရွာေဖြရလြယ္ကူေနတတ္ ေငြအစုလိုက္အပံုလိုက္ရတတ္

၈။ အဖိုးတန္စက္ပစၥည္း၀င္လာတတ္ စက္ပစၥည္း၀င္ၿပီးထီေပါက္တတ္

၉။ မိမိထက္ ၾကီးကဲသူတစ္ေယာက္နဲ႔ စကားေျပာျငင္းခုန္ရတတ္

၁၀။ ပညာအသစ္ရ သင္တန္းတတ္ရတတ္

၁၁။ မိတ္ေဆြရင္း ဆရာရင္းေတြရဲ႕ အကူညီေကာင္းမ်ားရတတ္

၁၂။ အသုဘပို႔ျခင္း သင္းခ်ိဳင္းေျမ နင္းျခင္းေရွာင္ပါ ။ မလြဲသာမေရွာင္သာပို႔ရလွ်င္ တေရာ္ကင္ပြန္း ျဖင့္ေခါင္းေလွ်ာ္ပါ

၁၃။ မ်က္ႏွာပြင့္ ဆန္းပြင့္ေနတတ္

၁၄။ ကိုယ္က်င့္တရားကို ထိန္းသိမ္းပါ

၁၅။ အမႈျဖစ္ေနသူကိုေငြမေခ်းရ ။ အာမခံမလုပ္ရ ။ ကိုယ္ပါဒုကၡ ေရာက္တတ္

အက်ဳိးေပးအေဆာင္ – ေရႊ

အက်ုိးေပးအေရာင္ – အၿဖဴ ၊ ေရႊေရာင္ ၊ အ၀ါေရာင္

သင့္ေတာ္သည့္ ဓါတ္စာ – သံပရာ ၊ ကၽြဲေကာ ၊ ဂ်င္း ၊ လိေမၼာ္ ၊ ေရွာက္ ၊ ေပါင္မုန္႔ ၊ ပ်ားရည္

သတိ ထားသင့္သည့္ အႏၱရာယ္ – မီး ၊ လွ်ပ္စစ္ ၊ အပူ ၊ ေပါက္ကြဲမႈ

သတိထားသင့္သည့္ ေရာဂါ – ေရာဂါဆန္း ၊ စိတ္ ၊ ေသြး ၊ ေက်ာက္ကပ္

ေန႔ေကာင္း – တနဂၤေႏြ ၊ တနလၤာ ၊ စေန

ရက္သာ – ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ၊ ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅

ယၾတာ ။ ။ အခိုက္အညံ့ေတြေျပေပ်ာက္ၿပီး ကံေတြေကာင္းသထက္ေကာင္းေစဖို႔အတြက္ မိတ္ေဆြရဲ႕ အနီးနားမွာရွိတဲ့ ပစၥည္းေတြကို မၾကာခဏေနရာေျပာင္းေရႊ႕ေပးပါ။ မၾကာခဏအိပ္ယာေျပာင္းအိပ္ေပးပါ။ ခရီးခဏခဏထြက္ေပးပါ။ ေငြက်ပ္(၁၃၀) သို႔မဟုတ္ (၁၃၀၀) က်ပ္ကို လမ္းမွာ မၾကာခဏ ပံ့သကူစြန္႔လိုက္ပါ။

——————



အဂၤလိပ္ရက္ ၃ ရက္ ၊ ၁၂ ရက္ ၊ ၂၁ ရက္ ၊ ၃၀ ရက္ေမြးဖြားေသာမိတ္ေဆြမ်ားသည္

ခရစ္သကၠရာဇ္၂၀၁၈ ခုႏွစ္ မဂၤလာႏွစ္သစ္တြင္ …

အေျပာင္းအလဲ ႀကီးႀကီးမားမားျဖစ္အံ့။အေျပာင္းအလဲမ်ားအားလံုးသည္ အေကာင္းေတြျဖစ္အံ့။ မိမိ္တစ္သက္လံုးယူဆထားတဲ့ အယူအဆေတြ ၊အေတြးအေခၚ၊ခံယူခ်က္ေတြလည္းေျပာင္းလဲသြားအံ့။ အလုပ္ေနရာ အိမ္ေနရာေတြလည္းေျပာင္းလဲရအံ့။ေငြေရးေၾကးေရး စီးပြားေရး နဲ႔ပက္သက္လို႔ကေတာ့ ထင္မွတ္မထားေလာက္ေအာင္ ေအာင္ျမင္မယ့္ႏွစ္ျဖစ္အံ့။ ေျပလည္ရာေျပလည္ေၾကာင္း၊ေကာင္းရာေကာင္းေၾကာင္း၊ေအးရာေအးေၾကာင္း အေျခအေနေတြ ႀကံဳေတြ႕ရပါလိမ့္မယ္။အလိမ္ခံရတတ္။သတိထားပါ။ေပါက္ကြဲေစတတ္တဲ့ပစၥည္းေတြကို ကိုင္တြယ္ျခင္းလံုး၀မျပဳသင့္။ သူတပါးဒုကၡေၾကာင့္ ဒုကၡေရာက္တတ္။

သဘာ၀အႏၲရယ္ျဖစ္တဲ့ မီး၊ေဘး၊ေရေဘး၊ေလေဘး မ်ားကို သတိထားသင့္။ဘာကိုပဲလုပ္လုပ္ စိတ္ထိန္းၿပီး အလုပ္လုပ္ပါ။ ဒီအခ်ိန္မွာ စိတ္မထိန္းႏိုင္တဲ့အျဖစ္အပ်က္ေတြ စိတ္လိုက္မာန္ပါ ေျပာဆိုလုပ္ကိုင္မိတာေတြႀကံဳရတတ္။ က်န္းမာေရးနဲ႔ပက္သက္လို႔လဲ ဂရု စိုက္ဖို႔လိုပါတယ္။အာရံုေၾကာနဲ႔ပက္သက္တဲ့ေရာဂါ ေတြရတတ္ပါတယ္။ဘယ္ေလာက္ပဲ အခက္အခဲေတြ ႀကံဳေေနပါေစ။ ဘယ္ေလာက္ပဲအဆင္မေျပမႈေတြႀကံဳေတြ႕ေနရပါေစ။ေနာက္ဆံုးမွာေတာ့ အားလံုးအဆင္ေျပသြားလတၱံ႕။

၁။ အလုပ္ေနရာ အိမ္ေနရာ ေျပာင္းလဲရတတ္

၂။ အိမ္ျပင္ အိမ္ေဆာက္ ျပဳလုပ္ရတတ္

၃။ ေရလမ္းခရီး ေလလမ္းခရီးမွ ဧည့္သည္မ်ား မၾကာခဏေရာက္တတ္

၄။ ကားအသစ္၀င္မည္

၅။ မၾကာခဏ ခရီးထြက္ရတတ္

၆။ ရုတ္တရက္ ရာထူးတိုးျခင္း စီးပြားတိုးတက္ျခင္း ၾကံဳရတတ္

၇။ မိတ္ေဆြရင္း တစ္ေယာက္အတြက္ စိတ္ပူရတတ္

၈။ ေအာက္လက္ငယ္သား သားသမီး အိမ္ကေန ထြက္သြားတတ္

၉။ အိမ္တစ္လံုးတည္းတြင္မိသားစု ႏွစ္စု ပူးေပါင္းေနထိုင္ရတတ္

၁၀။ မၾကာမွီ အိမ္ပိုင္ သို႔မဟုတ္ မိမိ စိတ္တိုင္းက်အိမ္ရတတ္

၁၁ ။ ရင္ဘတ္ေအာင့္ေရာဂါ ရတတ္

၁၂ ။ ေအာက္လက္ငယ္သား သားသမီး ေရႊရတနာအတြက္ စိတ္ပူရတတ္

၁၃။ ယားနာျဖစ္တတ္ ေဆးလိမ္းစရာမလို အလိုလို ေပ်ာက္ကင္းအံ့

၁၄။ ေငြအစုလိုက္ အပံုလိုက္ ရတတ္

၁၅။ စက္ပစၥည္းမ်ား ပ်က္အံ့ ။ အသစ္မ၀ယ္ဘဲ ျပင္သံုးပါ။

အက်ဳိးေပးအေဆာင္ – စိန္ ၊ ေငြ ၊ ပလက္တီနမ္

အက်ဳိးေပးအေရာင္ – အၿဖဴ ၊ အ၀ါႏု ၊ ဆင္စြယ္ေရာင္

သင့္ေတာ္သည့္ ဓါတ္စာ – မုန္လာ ၊ ကရေ၀း ၊ အခြံမာသစ္သီးမ်ား ၊ သစ္ခ် ၊ ေပါင္မုန္႔ ၊ ေကြကာအုပ္

သတိ ထားသင့္သည့္ အႏၱရာယ္ – ေၿမၿပိဳ ၊ တြင္းၿပိဳ ၊ ေတာင္ၿပိဳ

သတိထားသင့္သည့္ ေရာဂါ – အေႀကာ ၊ အိပ္မေပ်ာ္ ၊ မ်က္စိ

ေန႔ေကာင္း – ဗုဒၶဟူး ၊ ေသာႀကာ

ရက္သာ – ၅ ၊ ၁၄ ၊ ၂၃

ယၾတာ ။ ။ အခိုက္အညံ့ေတြေျပေပ်ာက္ၿပီး ကံေတြေကာင္းသထက္ေကာင္းေစဖို႔အတြက္ ေသာက္ေတာ္ေရ(၂)ခြက္ အိမ္ဘုရားတြင္ မၾကာခဏလွဴဒါန္းဆုေတာင္းလိုက္ပါ။ သက္ႀကီးရြယ္အို သူေတာင္းစားတစ္ဦးကို ေရသန္႔မၾကာခဏလွဴပါ။ေရ၊ေလ၊ေအာက္စီဂ်င္ႏွင့္ပက္သက္ေသာ အလွဴအတန္းမ်ား မၾကာခဏျပဳလုပ္ေပးပါ။
———————

အဂၤလိပ္ရက္ ၄ ရက္ ၊ ၁၃ ရက္ ၊ ၂၂ ရက္ ၊ ၃၁ ရက္ေမြးဖြားေသာမိတ္ေဆြမ်ားသည္

ခရစ္သကၠရာဇ္၂၀၁၈ ခုႏွစ္ မဂၤလာႏွစ္သစ္တြင္ …

မုခ်တိုးတက္မႈေတြႀကံဳရလတၱံ႔။ အလုပ္ကိုင္အႀကံစည္ေတြ ျမင့္မားတိုးတက္အံ့။ ၀ိဇၨာ မတဲ့အခ်ိန္၊နတ္ မတဲ့အခ်ိန္ကိုေရာက္လတၱံ႔။ကံေကာင္းတဲ့အခ်ိန္ကိုေရာက္ျပီ။ ျပီး ခဲ့ေသာအခ်ိန္ကာလေတြနဲ႕မတူေတာ့ဘူး။ အခုေကာင္းျပီ။ စီးပြားေရး အလုပ္အကိုင္၊အခ်စ္ေရး၊အိမ္ေထာင္ ေရး၊ခရီးသြားေရး ဘယ္အေရးမဆို အားလံုး ေကာင္းေနလတၱံ႔။ေအာင္ျမင္တဲ႕အထိလုပ္ဖို႕ စိတ္အား လူအား ေပ်ာ့ညံ့ေလ်ာ့နည္းသြားတတ္တာကိုေတာ့ သတိထားပါ။ မိတ္ေဆြအဖို႔ ဒီႏွစ္ထဲမွာ ကံအလြန္ေကာင္းေနပါျပီ။ရည္ရြယ္ခ်က္ရွိသမွ် ရဲရဲလုပ္ပါ။မီးကုန္ယမ္းကုန္လုပ္ပါ။အႀကံအစည္ရည္ရြယ္ခ်က္မ်ားကို ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ပါ။

တစ္ခုသတိထားရမွာက စိတ္ညစ္စရာစိတ္ရႈပ္စရာေတြ၊ေရွာင္လႊဲဖို႔ခက္တဲ့အက်ဥ္းအၾကပ္ေတြ၊တမင္သက္သက္ေခ်ာက္တြန္းခံရတာေတြကိုေတာ့ သတိထားသင့္။ သူတစ္ပါးရဲ႕ ႏွလံုးသားေရး၊အိမ္ေထာင္ေရးကိစၥေတြမွာလည္း ၀င္ပါရတတ္ပါတယ္။တစ္ခါတေလ ရုတ္တရက္ ခ်က္ျခင္း တေစၦေျခာက္ခံရသလို ဆိုး၀ါးေသာျပသနာမ်ား၀င္္လာတတ္ပါတယ္။ မလုပ္ခ်င္တဲ့အလုပ္ေတြကိုလုပ္ရတတ္တယ္။ ဒါကုိေတာ့သတိထားသင့္။မိမိေနထိုင္တဲ့ ၊ မိမိအလုပ္လုပ္တဲ့ေနရာမွာ မေကာင္းတဲ့အတတ္မ်ား၊ပညာမ်ားရွိေနအံ့။မသန္႔မရွင္းျဖစ္ေနအံ့။ ရွာလကာရည္ႏွင့္ေရႏွင့္ေရာၿပီး မၾကာခဏ ပက္ျဖန္းေပးပါ။

ဒီလိုအခါမွာလည္း ထိတ္လန္႕ျခင္းမျဖစ္ပါနဲ႕။ စိတ္ေအးေအးထားပါ။ အဲ့ဒီမေကာငး္တဲ့ ျပသနာေတြဟာ ၀ိဇၨာမသလို သူ႔အလိုလို ေျဖရွင္းျပီးသားျဖစ္သြားပါလိမ့္မယ္။အခုလို ကံတရားက မ်က္နွာသာ ေပးခိုက္မွာ အလုပ္ေတြဖိျပီး လုပ္လိုက္စမ္းပါ။ ထင္ထားတာထက္ အမ်ားႀကီး ေအာင္ျမင္မႈေတြရရွိလာပါလိမ့္မယ္။ရရွိခံစားရမယ့္ အကိ်ဳးျမတ္ေတြနဲ႕ယွဥ္လိုက္ရင္ ႀကံဳေတြ႕ေနရတဲ့ အခက္ခဲေတြဆိုတာ မေျပာပေလာက္ေတာ့ပါဘူး။

၁။ အခ်စ္ေရး၊အိမ္ေထာင္ေရး ျပႆနာမ်ား ေပၚေပါက္လာတတ္

၂။ေရာဂါျဖစ္တတ္

၃။ စကားမ်ား ျငင္းခုန္ရတတ္

၄။ လက္ရွိေနေသာ ေျမေနရာ အိမ္ေနရာ မသန္႔ပါ ။ မလွမ္းမကမ္းမွာ သရဲ ရွိေနတတ္

၅။ ထူးျခားေသာ ရုပ္ထုတစ္ခုေရာက္လာတတ္ ေရာက္လာၿပီးေနာက္ စေနသားသမီး တစ္ဦးဦးကို အေၾကာင္းျပဳၿပီးေငြရတတ္

၆။ တစ္ဘ၀လံုးအသံုး၀င္မည့္ ပညာရတတ္

၇။ မေမွ်ာ္လင့္ဘဲ မိတ္ေကာင္းေဆြေကာင္းတစ္ဦး ရရွိတတ္

၈။ ေအာက္လက္ငယ္သား ဒုကၡေပးတတ္ စိတ္ပူရတတ္

၉။ မ်က္စိနာတတ္

၁၀။ ေငြပစၥည္းေပ်ာက္တတ္

၁၁။ ျပည္တြင္း ျပည္ပ ခရီးမ်ားသြားရတတ္

၁၂။ သူတစ္ပါးကို ေဆးဖိုး၀ါးခ ေငြေၾကးမ်ားကူညီရတတ္

၁၃။ အလုပ္ထြက္ဖို႔ ေျပာင္းဖို႔ အေၾကာင္းေတြေပၚလာတတ္

၁၄။ စကားနည္းနည္းေျပာၿပီး အလုပ္မ်ားမ်ားလုပ္သင့္

က်ဳိးေပးအေဆာင္ – ျမ ၊ အၿပာေရာင္ေက်ာက္

အက်ဳိးေပးအေရာင္ – အၿပာေရာင္ ၊ ႏွင္းဆီေရာင္ ၊ ပန္းေရာင္

သင့္ေတာ္သည့္ ဓါတ္စာ – ပဲအမ်ဳိးမ်ဳိး ၊ ပန္းသီး ၊ ဖရဲ ၊ သဖန္း ၊ သစ္ခ် ၊ ဗန္ဒါ

သတိ ထားသင့္သည့္ အႏၱရာယ္ – ေျမၿပိဳ ၊ တြင္းၿပိဳ ၊ ေတာင္ၿပိဳ

သတိထားသင့္သည့္ ေရာဂါ – လည္ေခ်ာင္း ၊ ႏွာေခါင္း ၊ အဆုတ္ ၊ ႏို႔နာ ၊ ေလထိုးေလေအာင့္

ေန႔ေကာင္း – ေသာႀကာ ၊ အဂၤါ ႀကာသပေတး

ရက္သာ – ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၆ ၊ ၁၅ ၊ ၂၄ ၊ ၉ ၊ ၁၈ ၊ ၂၇

ယၾတာ ။ ။ အခိုက္အညံ့ေတြေျပေပ်ာက္ၿပီး ကံေတြေကာင္းသထက္ေကာင္းေစဖို႔အတြက္ ေညာင္ပင္ႀကီးတစ္ပင္က ရုကၡစိုးမင္းထံမွာ ဖေယာင္းတိုင္ (၉) တိုင္၊အေမႊးတိုင္ (၉)တိုင္ မၾကာခဏလွဴဒါန္းၿပီး မိမိလိုရာမ်ားကို အသံထြက္ၿပီးဆုေတာင္းပါ။ ရုကၡစိုးစင္ကို သန္ရွင္းမၾကာခဏလုပ္ေပးပါ။အေမႊးနံ႔သာပက္ျဖန္းေပးပါ။
——————

အဂၤလိပ္ရက္ ၅ ရက္ ၊ ၁၄ ရက္ ၊ ၂၃ ရက္ ေမြးဖြားေသာမိတ္ေဆြမ်ားသည္

ခရစ္သကၠရာဇ္၂၀၁၈ ခုႏွစ္ မဂၤလာႏွစ္သစ္တြင္ …

အေျပာင္းအလဲႀကီးႀကီးမားမားျဖစ္အံ့။အစစအရာရာ အဖက္ဖက္ကေန တအားေကာင္းႏိုင္သလို တအားလည္းဆိုးသြားအံ့။စိတ္မေကာင္းစရာေတြ အားပ်က္စရာေတြကို ႀက္ိဳတင္ျပီးမေျပာခ်င္ပါဘူး။ ဒါေပမယ့္မေကာင္းတာေတြကို မေကာင္းဘူးလို႔ေျပာမွ သစၥာစကားျဖစ္လိမ့္မယ္။ အထူးသတိထားပါ။အဆံုးရႈံး၊အထိခိုက္၊အနစ္နာေတြႀကံဳရတတ္တဲ့ႏွစ္ျဖစ္ပါတယ္။ ထိမိ ခိုက္မိတာ ၊ အပူေလာင္တာ ၊ ခလုတ္တိုက္လဲတာ ေတြကိုလည္း သတိထားသင့္ပါတယ္။လူ႕ဘ၀ဆိုတာ စိတ္ညစ္စရာေတြကို ခါးစည္းခံျပီး ေပ်ာ္ေမြ႔စရာေတြနဲ႕ေတြ႕တဲ့အခါမွာ ယစ္မူးေမ့ေလ်ာ့ပစ္ရတာမ်ိဳး မဟုတ္လား။ အတိတ္က တင္ရွိခဲ့တဲ့၀ဋ္ေၾကြးလို သေဘာထားလိုက္ပါ။

မေမွ်ာ္လင့္ဘဲ အမွန္ဘက္ကေန စကားေျပာျငင္းခုန္ရတတ္သလို ရုတ္တရက္ က်န္းမာေရးလည္း ညံ့သြားတတ္ပါတယ္။စိတ္ညစ္စရာေတြ တခုျပီးတခုလာပါလိမ့္မယ္။ ဘုရင့္မကိုဠ္တစ္ခုလံုး ဆန္ေဆးပလံုး ျဖစ္သြား ရတယ္ဆိုတာ ဒီလိုကိန္းမ်ဳိးပါပဲ။ ဒါေပမယ့္အားမေလ်ာ့ေစခ်င္ဘူး။ ေၾကာက္စရာလည္းမလိုဘူး။သတိထားၿပီးျဖတ္သန္းႏိုင္ဖို႔ အေရးႀကီးပါတယ္။ၿငိမ္ၿငိမ္ေနလွ်င္ ညံ့ေသာအေျပာင္းအလဲမ်ားျဖစ္အံ့။ လႈပ္လႈပ္ရွားရွားေနလွ်င္ ေကာင္းေသာအေျပာင္းအလဲျဖစ္အံ့။ဒါေၾကာင့္ မၾကာခဏ အိပ္ယာေျပာင္းအိပ္ေပးပါ။မေရာက္ဖူးေသးတဲ့ ေနရာေဒသေတြကို ခရီးခဏခဏထြက္ေပးပါ။အ၀တ္အစားအသစ္ေတြမ်ားမ်ား၀တ္ပါ။အရင္ကထက္ ဘာသာေရးပိုလုပ္ေပးပါ။ ဒါဆိုရင္ေတာ့ ေကာင္းေသာအေျပာင္းအလဲမ်ား ေတြ႕ႀကံဳခံစားရပါလိမ့္မယ္။

၁။ ခရီးစဥ္ အခ်ဳိ႕ပ်က္သြားတတ္

၂။ ဆရာအတုအေယာင္မ်ားႏွင့္ေတြ႕ရတတ္

၃။ အိမ္တြင္းေရးမသာမယာ ျဖစ္တတ္

၄။ ေဆြမ်ဳိးဧည့္သည္မ်ား ညအိပ္ေရာက္လာၿပီးေနာက္ စီးပြားတတ္ အံ့

၅။ အေပါက္ရွာၿပီး ေငြကုန္စရာမ်ား ေပၚလာတတ္

၆။ ရုတ္တရက္ ခါးမ်က္ ခါးနာ ျဖစ္တတ္

၇။ မိတ္ေဆြတစ္ဦးက မိမိအေပၚ အထင္လြဲတတ္

၈။ မုတ္ဆိုးဖို မုတ္ဆိုးမ တစ္ဦးဦး အိမ္သို႔လာေရာက္ တည္းခိုၿပီးေနာက္ စိတ္ညစ္စရာ စကားေျပာျငင္းခုန္ရတာ ၾကံဳတတ္

၉။ အလုပ္နဲ႔ ပတ္သက္ၿပီး ရန္အတိုက္အခံမ်ား မၾကာခဏေပၚတတ္

၁၀။ အိမ္အနီနား၀န္းက်င္မွာ မီးလန္႔ေရွာ့ျဖစ္ ႀကံဳရတတ္

က်ဳိးေပးအေဆာင္ – ေႀကာင္ေက်ာက္ ၊ ပုလဲ ၊ ေငြ

အက်ဳိးေပးအေရာင္ – အစိမ္း အၿဖဴ အ၀ါ အေရာင္မႈိင္း

သင့္ေတာ္သည့္ ဓါတ္စာ – သခြါး မႈိ ပန္းသီး စပ်စ္

သတိ ထားသင့္သည့္ အႏၱရာယ္ – ေရေဘး

သတိထားသင့္သည့္ ေရာဂါ – အေရၿပား အားအင္ကုန္ခမ္းၿခင္း

ေန႔ေကာင္း – တနဂၤေႏြ ၊ တနလၤာ

ရက္သာ – ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ၊ ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅

ယၾတာ။ ။ အခိုက္အညံ့ေတြေျပေပ်ာက္ၿပီး ကံေတြေကာင္းသထက္ေကာင္းေစဖို႔အတြက္ အိပ္ယာ၊ေနရာ၊အလုပ္ လုပ္တဲ့ေနရာေတြကို မၾကာခဏအေျပာင္းအလဲလုပ္လိုက္ပါ။
ကံတအားညံ့ရင္ မိမိေမြးန႔ည ၀တ္အိပ္ထားတဲ့ အ၀တ္အစားတစ္စံုလံုးကို ေနာက္ေန႔မနက္ စီးေနတဲ့ေရထဲသြားေမွ်ာလိုက္ပါ။ ငါ့မွာရွိတဲ့ မေကာင္းတဲ့အခိုက္အညံ့ေတြအားလံုး ပါသြားပါေစလို႔ဆုေတာင္းပါ။
——————

အဂၤလိပ္ရက္ ၆ ရက္ ၊ ၁၅ ရက္ ၊ ၂၄ ရက္ ေမြးဖြားေသာမိတ္ေဆြမ်ားသည္

ခရစ္သကၠရာဇ္၂၀၁၈ ခုႏွစ္ မဂၤလာႏွစ္သစ္တြင္ …ဒီႏွစ္ထဲမွာ ဘာကိုမွ ပူစရာမလိုေတာ့ပါ။ ေရွ႕ေရးအတြက္ ပူစရာလံုး၀မလိုေတာ့တဲ့ အခ်ိန္ပါပဲ။ ငါျဖစ္ခ်င္တာေတြ ျဖစ္ရျပီေဟ့ … လို႕ ေလာကႀကီးကို ေႀကြးေႀကာ္လိုက္စမ္းပါ။ျငိမ္းခ်မ္းျခင္းနဲ႕ တရားဓမၼကို လိုျခင္သလား ။ တန္ခိုးႀသဇာရွိျခင္းနဲ႕ ရာထူးဌာနႏၱရကို လိုျခင္သလား ။ ဘာကိုပဲလိုခ်င္လိုခ်င္ မုခ်ရရွိမယ့္ႏွစ္ကို ေရာက္ရွိလာပါျပီ။ စီးပြားဥစၥာေတြ တိုးတက္ေတာ့မယ္။

ရည္ရြယ္တာေတြ ျဖစ္လာေတာ့မယ္ ။ စီးပြားေရး ၊ေငြေၾကး ၊ အလုပ္အကိုင္ ၊ ဘ၀အဆင့္အတန္း ၊ အေျခေနေတြ တမဟုတ္ျခင္း ျမင့္တက္သြားမယ္။
အံံ့ၾသစရာေကာင္းေလာက္ေအာင္ ေကာင္းစားမယ့္ ႏွစ္ကိုေရာက္ျပီ။ ဘယ္လိုျပႆနာေတြပဲေတြ႕ေတြ႕ ကိုယ္ကေတာင္ေျဖရွင္းစရာမလိုဘူး။ သူ႕အလိုလိုျပီး သြားမယ္။အလြန္၀မ္းသာစရာေကာင္းတဲ့ႏွစ္ျဖစ္ပါတယ္။ မိတ္ေဆြေမွ်ာ္လင့္ထားတာထက္ေတာင္ ပိုၿပီးေတာ့ အေျခအေနက ေကာင္းလာပါလိမ့္မယ္။၀မ္းသာစရာ၊ေပ်ာ္ရႊင္စရာ ႀကီးႀကီးမားမားေတြေပၚေပါက္လာပါလိမ့္မယ္။ အဖိုးတန္ပစၥည္းန႔ဲပက္သက္တဲ့ ေအာင္ျမင္မႈေတြလည္း ႀကံဳႏိုင္ပါတယ္။လုပ္ငန္းစီးပြားေတြကို အရွိန္ဟုန္နဲ႕တိုးခ်ဲ႕ပါ။ အႀကံအစည္ရည္ရြယ္ခ်က္ေတြကို လက္ေတြ႔ ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေဖာ္ပါ။ အဆက္သြယ္ အသစ္ေတြရွာပါ။ ရည္ရြယ္ထားသမွ် လုပ္္ျဖစ္ေအာင္ ရဲရဲလုပ္လိုက္စမ္းပါ။ ကံတရားဟာ မိမိဘက္မွာ ရာနႈန္းျပည့္ရွိေနပါျပီ။

၁။ အလုပ္လုပ္ၿပီး ေငြမရျဖစ္ေနတတ္

၂။ နာမည္ႀကီး ထမင္းငတ္ ျဖစ္ေနတတ္

၃။ လွ်ပ္စစ္ပစၥည္း ဒုကၡေပးတတ္

၄။ ေငြအတြက္ စကားအေျခအတင္ ေျပာရတတ္

၅။ ေသြးသားႏွင့္ပတ္သက္တဲ့ေရာဂါမ်ား သတိထားပါ

၆။ လူေပြလူရွဳပ္မ်ား အိမ္ကိုေရာက္လာတတ္

၇။ မိတ္ေကာင္းေဆြေကာင္း ႏွစ္ဦး တစ္ၿပိဳင္တည္းရတတ္

၈။ ထူးဆန္းေသာ ပညာထူးအသိထူးရတတ္

၉။ စိတ္ညစ္စရာ ႏွစ္ခါႀကံဳ

၁၀။ စိတ္မပါပဲခရီးႏွစ္ခါသြားရတတ္

၁၁။ ေငြ၀င္ၿပီးေတာ့ အေၾကြးတင္ေနတတ္

၁၂။ ေပးစရာအေၾကြး ႏွစ္ခုရွိေနတတ္

၁၃။ နာမည္ဂုဏ္သတင္း ေက်ာ္ေဇာထင္ရွား

၁၄။ မိသားစု က်န္းမာေရးညံ့တတ္

၁၅ ။ ေဆးရံု ေဆးခန္းမ်ားႏွင့္ ပတ္သက္ရတတ္

က်ဳိးေပးအေဆာင္ – ပုလဲနက္ ၊ စိန္နက္ ၊ ေက်ာက္မီးေသြး ခဲပုပ္

အက်ဳိးေပးအေရာင္ – အနက္ ၊ အၿပာရင့္ ၊ ခရမ္းရင့္

သင့္ေတာ္သည့္ ဓါတ္စာ – မုန္လာ ငွက္ေပ်ာ ဂမုန္း

သတိ ထားသင့္သည့္ အႏၱရာယ္ = ေလေဘး

သတိထားသင့္သည့္ ေရာဂါ – အသည္း ၊ သည္းေျခ ၊ အစာေဟာင္းအိမ္ ၊ ေသြး ၊ ထံုက်င္

ေန႔ေကာင္း – စေန

ရက္သာ – ၈ ၊ ၁၇ ၊ ၂၆

ယၾတာ။ ။ အခိုက္အညံ့ေတြေျပေပ်ာက္ၿပီး ကံေတြေကာင္းသထက္ေကာင္းေစဖို႔အတြက္ သမီးရည္စားႏွစ္ေယာက္ သို႔မဟုတ္ လင္မယားႏွစ္ေယာက္ကို ဆင္တူလက္ေဆာင္ပစၥည္း (၂) ခုမၾကာခဏလက္ေဆာင္ေပးပါ။
————–

အဂၤလိပ္ရက္ ၇ ရက္ ၊ ၁၆ ရက္ ၊ ၂၅ ရက္ ေမြးဖြားေသာမိတ္ေဆြမ်ားသည္

ခရစ္သကၠရာဇ္၂၀၁၈ ခုႏွစ္ မဂၤလာႏွစ္သစ္တြင္ …ကံတရားက ကိုယ့္ဖက္မွာရွိမေနပါဘူး … ။ ဒါေၾကာင့္ မိမိအလိုရွိတဲ့အရာမ်ားကို ကိုယ္ပိုင္ဥာဏ္ ကိုယ္ပိုင္ဟန္ နဲ႔ ကိုယ့္အားကိုယ္ကိုးၿပီး ၊ ဥာဏ္နီဥာဏ္နက္ေတြထုတ္ၿပီး ဇြတ္အတင္းလုပ္ယူမွ ေအာင္ျမင္မႈေတြရရွိႏိုင္မယ့္ႏွစ္ျဖစ္ပါတယ္။ မိမိျဖစ္ခ်င္တာေတြကို ဇြတ္လုပ္ယူပါ။အလြန္႕ကိုရန္မ်ားတဲ့ ႏွစ္ျဖစ္အံ့။ေသြးထြက္သံယိုအထိ ျဖစ္တတ္။အပူေလာင္တတ္တယ္။ ထိခိုက္မိတတ္။ေရ၊ေျမ၊ေလ၊မီး စတဲ့ သဘာ၀ေဘးအႏၱရာယ္မ်ားလည္းႀကံဳရတတ္။မထင္မွတ္တဲ့ အေႏွာက္အယွက္ေတြ၊အတိုက္အခံေတြ၊ စိတ္ညစ္စရာ ၊စိတ္ရႈပ္စရာေတြ စတဲ့ ကံတရားကလႊတ္လိုက္တဲ့ အႏၱရာယ္ေတြႀကံဳရတတ္။ လူလိမ္ခံရတာ၊မေတာ္မတရားေျပာခံရတာ၊အုပ္စုဖြဲ႕အႏိုင္က်င့္ခံရတာ စတဲ့ လူမႈဆက္ဆံေရး အႏၱရယ္ေတြ ကိုပါႀကံဳေတြ႕ရတတ္။ရွိတာေတြ ဆံုးရံႈးလက္လႊတ္သြားရတဲ့ အျဖစ္နဲ႕ႀကံဳေတြ႕ရတတ္။

သူတစ္ပါးမေကာင္းေျပာတာ၊မတရားေျပာတာ မ်ိဳးေတြ ခံရတတ္။ ေငြေႀကးဆံုးပါးတတ္။ က်ိ္န္းေသရမယ့္ေငြေတြ လြဲသြားတတ္တယ္။ ဘယ္ေလာက္ပဲ ေကာင္းေအာင္လုပ္ထားလုပ္ထား အေကာင္းေျပာမခံရတတ္။ကူညီမယ့္သူေတြထက္ ဒုကၡေပးမယ့္သူေတြနဲ႔ပဲ ဆံုရတတ္ပါတယ္။ ေရနစ္တဲ့သူကို ၀ါးကူထိုး ဆိုသလိုမ်ဳိး ကူညီမလိုလိုနဲ႔ ဒုကေပးေနတတ္ပါတယ္။ဒါေၾကာင့္ အစစအရာရာ သတိထားၿပီး ၊ မိမိအလိုရွိရာေတြကို ကိုယ္ပိုင္ဥာဏ္ ကိုယ္ပိုင္ဟန္ နဲ႔ ကိုယ့္အားကိုယ္ကိုးၿပီး ၊ ဥာဏ္နီဥာဏ္နက္ေတြထုတ္ၿပီး ၊ ပရိယာယ္သံုးၿပီး ဇြတ္အတင္းလုပ္ယူပါလို႔ တုိက္တြန္းအႀကံေပးလိုက္ပါတယ္။

၁။ အိမ္ေနရာထိုင္ခင္း ျပႆနာေပၚတတ္

၂။ သားသမီး ေအာက္လက္ငယ္သားအတြက္ စိတ္ညစ္ရတတ္

၃။ ေငြေၾကးကိစၥမ်ား မစြန္႕စားသင့္

၄။ ေတာင္အရပ္သို႔ ခရီးသြားရတတ္ ျပည္တြင္း ျပည္ပ ခရီးမ်ားလည္းေပၚလာတတ္

၅။ ဘာသာေရးပစၥည္းမ်ား လက္ေဆာင္ရရင္ထီထိုးပါ

၆။ ေငြမ်ားမ်ား၀င္ေသာ္လည္း ထြက္စရာေတြဆက္တိုက္ေပၚေနတတ္

၇။ ေျခေထာက္ ခါး နာတတ္

၈။ ေနရာထိုင္ခင္း ျပဳျပင္ရတတ္ အသစ္ရတတ္ ။ အလုပ္အေျပာင္းလဲ ေနရာအေျပာင္းလဲ ႀကံဳတတ္

၉။ ေျခရင္းဘက္ ေနာက္ေက်ာဘက္တြင္ မီးလန္႔ေရွာ့ျဖစ္ ႀကံဳတတ္ သို႔မဟုတ္ လူတစ္ေယာက္ အပူေလာင္ႀကံဳတတ္ ထိုသို႕ျဖစ္လွ်င္ အ၀တ္ေဟာင္း တစ္ထည္ကို စြန္႕ၿပီးထီထိုးပါ ဆယ္ပံုတစ္ပံုကို လွဴပါမည္ဟု အဓိဌာန္ ျပဳပါ။

၁၀။ ေတြ႕ေနျမင္ေနက် ဆိုင္းဘုတ္တစ္ခု မေတြ႔ေတာ႔လွ်င္ မုဆိုးမ တစ္ဦးကို ထီသြားထိုးခိုင္းပါ ထီေပါက္သလို ေငြရတတ္

က်ဳိးေပးအေဆာင္ – ပတၱျမား ၊ သံ ၊ အနီေရာင္ ၊ ေက်ာက္

အက်ဳိးေပးအေရာင္ – အနီေရာင္ ၾကက္ေသြးေရာင္

သင့္ေတာ္သည့္ ဓါတ္စာ – ႀကက္သြန္ျဖဴ နီ ၊ ဂ်င္း ၊ ငရုတ္ေကာင္း

သတိထားသင့္သည့္အႏၱရာယ္ – မီး လွ်ပ္စစ္ ေပါက္ကြဲမႈ

သတိထားသင့္သည့္ ေရာဂါ – အဖ်ားႀကီး ၊ ကူးစက္ေရာဂါ

ေန႔ေကာင္း – အဂၤါ ၊ ႀကာသပေတး ၊ ေသာၾကာ

ရက္သာ – ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၆ ၊ ၁၅ ၊ ၂၄ ၊ ၉ ၊ ၁၈ ၊ ၂၇

အခိုက္အညံ့ေတြေျပေပ်ာက္ၿပီး ကံေတြေကာင္းသထက္ေကာင္းေစဖို႔အတြက္။ ။ လမ္းေဘးမွာရွိတဲ့ ေခြးေလေခြးလြင့္မ်ားကို မၾကာခဏ အစာအာဟာရဒါလုပ္ေပးပါ။တိရိစၦာန္ေဂဟာအတြက္ မၾကာခဏ အလွဴအတန္းလုပ္ေပးပါ။
—————–

အဂၤလိပ္ရက္ ၈ ရက္ ၊ ၁၇ ရက္ ၊ ၂၆ ရက္ ေမြးဖြားေသာမိတ္ေဆြမ်ားသည္

ခရစ္သကၠရာဇ္၂၀၁၈ ခုႏွစ္ မဂၤလာႏွစ္သစ္တြင္ …လက္ရွိအဆင့္ထက္ အဆမတန္ ျမင့္တတ္သြားအံ့။ ဘ၀တစ္ဆစ္ခ်ဳိးေျပာင္းလဲျမင့္တက္မယ့္ အေျခအေနေကာင္း အခြင့္အလမ္းေကာင္း အဆက္အသြယ္ေကာင္းေတြေပၚလာအံ့။ ေပ်ာ္စရာအေကာင္းဆံုး၊စိတ္၀င္စားစရာ အေကာင္းဆံုးႏွစ္ျဖစ္အံ့။ေအာင္ျမင္ျခင္း ၊ စိတ္ခ်မ္းသာေပ်ာ္ရႊင္ျခင္း ၊ ၾသဇာအာဏာတိုးတက္ျခင္း ၊ အရိုအေသေပးခံရျခင္း ၊ အထင္ႀကီးေလးစားခံရျခင္း ၊ မုန္းေနတဲ့သူမ်ားက ျပန္ခ်စ္လာျခင္း ၊ ႏွိမ္ထားတဲ့သူမ်ားက ေနရာျပန္ေပးျခင္း စသည္တို႔ႀကံဳရလတၱံ႔။

အရင္ႏွစ္ေတြက နလန္မထူန္ိုင္ေအာင္ ျဖစ္ေနစမ္းပါေစ။ ကုန္းေကာက္စရာမရွိေလာက္ေအာင္ မြဲခ်င္တိုင္းမြဲေနစမ္းပါေစ။ ဒီႏွစ္ထဲမွာေတာ့ မ်က္လွည့္ျပလိုက္သလို ဖ်က္ကနဲေျပာင္းျပီး ဂြပ္ကနဲေကာင္း စားမယ့္အခ်ိန္ႏွစ္ကုုိေရာက္လတၱံ႔။အဖက္ဖက္ကေန စိတ္ခ်မ္းသာစရာေတြေပၚလာအံ့။ အကူအညီေကာင္း၊အပံ့ပိုးေကာင္း၊အဆက္အသြယ္ေတြလည္းေပၚလာအံ့။ သတင္းေကာင္းေတြၾကားရတာ၊၀မ္းသာစရာဧည့္သည္ေတြေရာက္လာတာလည္း ႀကံဳရအံ့။ရတနာပံုဆိုက္တယ္ ၊ စိုင္ေကာ္လို႕ခ်ံဳေပၚေရာက္တယ္ ဆိုတဲ့ကိန္းမ်ိဳးဟာ ဒီလိုႏွစ္မ်ိဳးကို ေခၚတာျဖစ္တယ္။နွိမ္ခ်င္တဲ့သူေတြက ဘယ္ေလာက္ပဲနွိမ္ထားနွိမ္ထား ကံတရားကေတာ့ မ်က္နွာသာေပးျပီ။ အားလံုးက လက္ပိုက္ႀကည့္ေနရေတာ့မယ္ မနာလိုတဲ့လူမ်ားရွိရင္ေတာ့ သူတို႕အေနနဲ႕ လဲျပီးေသရံုကလြဲလို႕ ဘာမွမတတ္နိုင္က်ေတာ့ဘူး။ရံႈးနိမ့္တုန္းကခံထားတာေတြ ေပျဖစ္တုန္းကအထုခံထားရတာေတြ ခုေတာ့အနိုင္ရျပီ။ ေပမဟုတ္ေတာ့ဘူး တူျဖစ္သြားျပီး။ စိတ္ႀကိဳက္သာထုေပေတာ့။ ဒီအခ်ိန္ဟာ အေတာ့ကို အဖက္ဖက္က ေကာင္းေတာ့မယ္လို႔နားလည္ပါ။

၁။ ပညာအသစ္ရ သင္တန္းတက္ရတတ္ ပညာေရးရည္မွန္းခ်က္မ်ား ေအာင္ျမင္မည္

၂။ စပ္တူလုပ္ငန္းမ်ား ေအာင္ျမင္မည္

၃။ အခ်စ္ေရးကံေကာင္းအံ့ အိမ္ေထာင္ေရးပိုၿပီး ကံေကာင္းအံ့

၄။ ေဆြမ်ိဳးကိုအေၾကာင္းျပဳၿပီး လင္မယား ကေတာက္ကဆ ျဖစ္ရတတ္

၅။ ဘာပဲလုပ္လုပ္ ရဲရဲလုပ္ပါ ေအာင္ျမင္လတၱ႔ ံ။

၆။ ျပည္တြင္းျပည္ပ ခရီးမ်ား ေအာင္ျမင္အ႔ံ ။ ၀မ္းသာစရာဧည့္သည္မ်ား ေရာက္လာတတ္

၇။ လုပ္ငန္းစီးပြား ေငြေၾကးတိုးတက္အံ့

၈။ မေမွ်ာ္လင့္ေသာ သူထံမွ အကူညီေကာင္းမ်ား ရတတ္

၉။ ႀကီးမားေသာ ေအာင္ျမင္ျခင္းမ်ား ေတြ႕ႀကံဳရတတ္

၁၀။ စြန္႔စားရေသာလုပ္ငန္းမ်ား မုခ်ေအာင္ျမင္မည္

၁၁။ ေငြေၾကးကိစၥ (၇) ဂဏန္း ဒုကၡေပးတတ္

အက်ဳိးေပးအေဆာင္ – ပယင္း ၊ ဥႆဖယား ၊ အ၀ါေရာင္စိန္

အက်ိဳးေပးအေရာင္ – ေရႊေရာင္ ၊ အ၀ါေရာင္ ၊ ေၾကး၀ါေရာင္ ၊ ေရႊညိုေရာင္

သင့္ေတာ္သည့္ဓါတ္စာ – စပ်စ္ ၊ လိေမၼာ္ ၊ ေရွာက္ ၊ သံပရာ ၊ ကၽြဲေကာ ၊ ေလးညွင္း ၊ ဂ်င္း ၊ ေပါင္မုန္႔ ၊ ပ်ားရည္

သိထားသင့္သည့္အႏၱရာယ္ – မီး ၊ လွ်ပ္စစ္ ၊ အပူ

သတိထားသင့္သည့္ ေရာဂါ – ႏွလံုး ၊ မ်က္စိ ၊ ေသြးတိုး

ေန႔ေကာင္း – တနဂၤေႏြ ၊ တနလၤာ

ရက္သာ – ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ၊ ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅ ရက္မ်ား

ယၾတာ။ ။ အခိုက္အညံ့ေတြေျပေပ်ာက္ၿပီး ကံေတြေကာင္းသထက္ေကာင္းေစဖို႔အတြက္ ေၾကြပန္းကန္ျပားထဲမွာ ေနၾကာေစ့ထည့္ၿပီး ဘုရားလွဴဆုေတာင္းပါ။ ကေလးမ်ား ၊ သူငယ္ခ်င္းမိတ္ေဆြမ်ားကိုလည္း ေနၾကာေစ့ မၾကာခဏဒါနလုပ္ေပးပါ။
———————–

အဂၤလိပ္ရက္ ၉ ရက္ ၊ ၁၈ ရက္ ၊ ၂၇ ရက္ ေမြးဖြားေသာမိတ္ေဆြမ်ားသည္

ခရစ္သကၠရာဇ္၂၀၁၈ ခုႏွစ္ မဂၤလာႏွစ္သစ္တြင္ …မိမိအေနနဲ႕ မရပ္ခ်င္ဘဲရပ္သြားရတဲ့ကိစၥေတြရွိရင္ ျပန္ျပီးလုပ္ခြင့္ရမယ္။ ဆံုးရႈံးသြားတာေတြလည္း ျပန္ျပီးျဖစ္လာမယ္။ကိုယ္ကလက္တြဲမျဖဳတ္ခ်င္ပဲ ျဖဳတ္သြားတဲ့ မိတ္ေဆြေတြပဲျဖစ္ျဖစ္၊အေဖာ္ပဲျဖစ္ျဖစ္ ဒီအခ်ိန္မွာ မိမိဆီကိုျပန္ေရာက္လာတတ္တယ္။ နွစ္ ရွည္လမ်ားကြဲကြာေနသူေတြနဲ႕ျပန္ျပီး ဆုံေတြ႕ရတတ္ တယ္။လူမႈေရး ၊ ပရဟိတအလုပ္ေတြမ်ားေနအံ့။ မိမိကုိယ္က်ဳိးစီးပြားထက္ သူမ်ားအက်ဳိးစီးပြားကို အနစ္နာၿပီးကူညီေဆာင္ေပးရမႈေတြမ်ားေနအံ့။ ေအာင္လည္း ေအာင္ျမင္အံ့။အႀကံအစည္ ရြယ္ရြယ္ခ်က္အသစ္မ်ား ၊ ရည္မွန္းခ်က္အသစ္မ်ား ေပၚေပါက္လာၿပီး အသိထူးအျမင္ထူးမ်ားလည္း ေပၚေပါက္လာအံ့။

ဒါေပမယ့္တခုသတိထားရမွာက ဒီႏွစ္ထဲမွာ ဟိုဟာလုပ္ရမလို ဒီဟာလုပ္ရမလိုနဲ႕အခ်ိန္ကုန္သြားတတ္တယ္။ တခုခုကို ဆံုးျဖတ္ခ်က္ခ်ျပီး လုပ္ျဖစ္ေအာင္သာ လုပ္လိုက္ပါ။ ေအာင္ျမင္္ဖို႕ကေသခ်ာပါတယ္။ဆံုးရႈံးနစ္နာခဲ့သမွ် အတိုးခ်ၿပီး ေအာင္ျမင္ေတာ့မွာျဖစ္ပါတယ္။ ေကာင္းေသာေမွ်ာ္လင့္ခ်က္ေတြလည္း ျပန္လည္ရွင္သန္လာေတ့မွာျဖစ္ပါတယ္။
ဘယ္ေလာက္ပဲ ဆိုးခဲ့ဆိုးခဲ့ ၊ ဘယ္ေလာက္ပဲ ညံ့ခဲ့ညံ့ခဲ့ ၀မ္းသာေပ်ာ္ရႊင္ရမယ့္ ကံေကာင္းမယ့္ႏွစ္ကို ေရာက္ရွိလာပါၿပီ။ကံေကာင္းတဲ့ႏွစ္ဆိုၿပီး ဘာမမလုပ္ပဲေနရင္ေတာ့ ဘာမွျဖစ္လာမွာမဟုတ္ဘူး။ ဆိုလိုတာက ကံတရားကမ်က္ႏွာသာေပးတဲ့ အခ်ိန္ျဖစ္တယ္။ မိမိအေနနဲ႔ အလုပ္ လုပ္္ဖို႔လိုတယ္။ ဆံုးျဖတ္ခ်က္ပိုုင္ပိုင္နိုင္နိုင္ ခ်နိုင္ဖို႔ပဲလိုတယ္။ အထူးမွာခ်င္တာက ကံကကူမယ္ လူကအလုပ္လုပ္ပါ။

၁။ ကြဲကြာေနေသာ မိတ္ေဟာင္းေဆြေဟာင္း ရည္းစားေဟာင္းအခ်စ္ေဟာင္း အလုပ္ေဟာင္း ေနရာေဟာင္းမ်ားနဲ႔ ျပန္ၿပီးပတ္သက္ရတတ္

၂။ ဆံုးရွံဳးမလိုျဖစ္ေနတဲ့ ေရႊေငြပစၥည္း အခြင့္ေရးမ်ား ျပန္ရတတ္ ပ်က္မလိုျဖစ္ေနတဲ့အလုပ္မ်ား ေအာင္ျမင္တတ္

၃။ အနား၀န္းက်င္မွာ ကေလးေမြးတဲ့သတင္းၾကားလွ်င္ စီးပြားတက္မည္ ထီထိုးပါ

၄။ ေဆြမ်ဳိးထဲက အမ်ဳိးသမီးႀကီးတစ္ေယာက္အကူအညီ ႀကီးႀကီးမားမားရတတ္

၅။ အလွအပ အႏုပညာ ေရႊရတနာ ပစၥည္းမ်ား၀င္လာတတ္

၆။ ေကာင္းေသာခရီးသြားရတတ္ ေျမွာက္အရပ္သို႔သြားရတတ္

၇။ နာမည္ဂုဏ္သတင္း ေန႔ျခင္းညျခင္းတိုးတက္

၈။ ထူးျခားေသာစာအုပ္ ဖတ္ရမည္ ထိုစာအုပ္ထဲမွ အႀကံဥာဏ္သစ္မ်ား ရရွိတတ္

၉။ ဘာပဲလုပ္လုပ္ ဥာဏ္မကြန္႔ပါနဲ႕ ။ ရိုရိုးသားသားလုပ္ပါ ေအာင္ျမင္မည္

၁၀။ ေမွ်ာ္လင့္ခ်က္ ရည္မွန္းခ်က္မ်ား ျဖစ္ေျမာက္ေအာင္ျမင္လတၱံ႔။

အက်ဳိးေပးအေဆာင္ – ပုလဲ ၊ အစိမ္းရာင္ေက်ာက္ ၊ ေငြ

အက်ုိးေပးအေရာင္ – အစိမ္းေရာင္ ၊ အၿဖဴေရာင္ ၊ ေငြေရာင္

သင့္ေတာ္သည့္ ဓါတ္စာ – ေဂၚဖီ ၊ သခြား ၊ ဖရဲ ၊ ငွက္ေပ်ာ

သတိ ထားသင့္သည့္ အႏၱရာယ္ – ေရေဘး

သတိထားသင့္သည့္ ေရာဂါ – အစာအိမ္ ၊ ၀မ္းေရာဂါ

ေန႔ေကာင္း – တနဂၤေႏြ ၊ တနလၤာ ၊ ေသာႀကာ

ရက္သာ – ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅ ၊ ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက္မ်ား

အခိုက္အညံ့ေတြေျပေပ်ာက္ၿပီး ကံေတြေကာင္းသထက္ေကာင္းေစဖို႔အတြက္ ။ ။ ယၾတာ။ ။ အိမ္ဘုရားမွာ မုန္႔လံုးေရေပၚ(၁၀)လံုး (သို႔) မုန္႔အ၀ိုင္း (၁၀)ခု မၾကာခဏလွဴဒါန္းဆုေတာင္းလိုက္ပါ။ ေက်းငွက္မ်ားကို စာေကၽြးရင္း အလိုရွိရာေတြဆုေတာင္းပါ။ အေတာင္ပါေသာသတၱ၀ါမ်ားကို မၾကာခဏ ေဘးမဲ့လႊတ္ေပးပါ။အကၽြႏ္ုပ္၏ ဣဌသေဘာေဆာင္သည့္ ေကာင္းေသာေဟာခ်က္မ်ား ေသြးထြက္ေအာင္မွန္ကန္၍ ၊ အနိဌသေဘာေဆာင္သည့္ မေကာင္းေသာေဟာခ်က္မ်ား တက္တက္စင္ေအာင္ လြဲမွားပါေစသတည္း။ …. ။

မိတ္ေဆြတို႔၏ေကာင္းက်ဳိးမ်ားကို အစဥ္လိုလားေသာ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းသိမ္းခိုင္ (ေရႊရမ္းထူးလင္း)

#Unicode Version#
ခရစ်သက္ကရာဇ်၂၀၁၈ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …ကံကြမ္မာဟာ အကောင်းမှအဆိုး ၊ အဆိုးမှအကောင်းသို့ ဇောက်ထိုးမိုးမျှော် ရောက်ရှိသွားအံ့။ အပြောင်းအလဲကြီးကြီးမားမားဖြစ်အံ့။ စီးပွားရေး၊ငွေကြေး ၊ လုပ်ငန်းဆောင်တာရည်ရွယ်ချက်များအတွင်လည်း တအားကောင်းနိုင်သလို တအားလည်းညံ့သွားအံ့။သူတပါးအတွက် ဓါးစားခံဖြစ်တတ်။အစစအရာရာသတိထားပြီးဖြတ်သန်းသင့်။ မိမိရဲ့အောင်မြင်မှုတွေကို သူတစ်ပါး နှောက်ယှက်အံ့။စိတ်ပူစရာ ၊ စိတ်အနှောက်အယှက်ဖြစ်စရာ ၊ အတိုက်အခံ ၊ အခက်အခဲများ ရောထွေးနေအံ့။

ရှေ့မတိုးသာ၊နောက်မဆုတ်သာ ၊ ရှေ့တိုးရခက် ၊ နောက်ဆုတ်ရခက် အခြေအအေများကြုံတွေ့ရအံ့။ အကြံအစည် ရည်ရွယ်ချက်များလည်း ထစ်ငေါ့ကြန့်ကြာြ့ပီးမှအောင်မြင်လတ္တံ့။ခင်မင်ရင်းနှီးသောသူတွေနဲ့ စိတ်သဘော ထားမတိုက်ဆိုင်ပဲ လမ်းခွဲရတတ်။မိတ်ဆွေရင်း လူရင်းများက နောက်ကျောကိုဓါးဖြင့်ထိုးတတ်။အထူးသတိရှိပါ။မမျှော်လင့် ပဲအကြွေးကိစ္စ ၊ငွေကိစ္စ မျက်နှာပျက်စရာ ဖြစ်တတ်။သူတပါးအတွက် အာမခံပေးခဲ့တဲ့ ကိစ္စများအတွက် ကိုယ်ကတာဝန်ယူရတတ် သူတစ်ပါး ချောက်တွန်းတာခံရတတ်။ ဒါကြောင့် ဒီနှစ်ထဲမှာ သူတပါးအတွက် အာမခံတာ၊သက်သေ လိုက်တာမျိုးတွေ မလုပ်သင့်ပါဘူး။မိမိရမယ့် အခွင့်အရေးကောင်းတွေကို လည်း သူတပါးရှိသွားတတ်။ ဘယ်အလုပ်ကိုမဆို ၊ ဘယ်အခြေအနေကိုမဆို စိတ်ရှည်လက်ရှည်ခေါင်းအေးအေးနဲ့ဖြတ်သန်းပါ။ နှစ်စပိုင်းမှာ တအားကြီးမကောင်းသေးပေမယ့် ဖြေဖြေးချင်း ကောင်းလာပါလိမ့်မယ်။


၁ ။ အလုပ်ကိုင်အကြံစည် ရည်ရွယ်ချက်များ ထစ်ငေါ့ကြန့်ကြာပြီးမှ အောင်မြင်တတ်

၂။ ငွေအဝင်များသောလည်း အဖတ်မတင်ဖြစ်နေတတ်

၃။ မိမိနေအိမ်ရဲ့ ခေါင်းရင်းဘက် မျက်နှာစာဘက်တွင် နာရေးပေါ်တတ် ။ မသွားသင့်။ မဖြစ်နေသွားရလျှင် တရော်ကင်ပွန်းနှင့်ခေါင်းလျှော်ပစ်ပါ။

၄။ အငြိမ်နေရတာမရှိဘဲ လှုပ်ရှားနေရတတ်

၅။ ကျန်းမာရေးတစ်ခုပြီးတစ်ခု ညံ့တတ် ။သွေးထွက်သံယို ဖြစ်တတ် သတိထားသင့်

၆။ မြေအတွက် အမွေအတွက် စကားအကြီးကျယ်ပြောရတတ်

၇။ ဗုဒ္ဓဟူးနံ ယ၊ရ၊လ၊၀ အကြောင်းပြုပြီးငွေးကြေး အကျိုးမြတ်များ ရတတ်

၈။ သူတစ်ပါး၏ အကြောင်းမဲ့ စွပ်စွဲ ပြောဆိုခြင်းခံရတတ်

၉။ အလှူအတန်းလုပ်ရတတ် မင်္ဂလာကိစ္စများ စကားပြောရတတ်

၁၀။ ဟိုလိုလို ဒီလိုလိုနဲ့ အချိန်တွေကုန်သွားတတ်

၁၁။ လုပ်ငန်းသစ် စီးပွားသစ် လုပ်ကိုင်ဖို့ အကြောင်းတွေပေါ်လာတတ်

၁၂။ ပစ္စည်းများကို ထုခွဲရောင်းချပြီး လုပ်ငန်းသစ် လုပ်ချင်စိတ်ပေါ်နေတတ်

အကျိုးပေးအဆောင် – ဂေါ်မုတ်ကျောက် ၊ အနီရောင်ကျောက် ၊ ခဲမဖြူ ၊ ငွေ

အကျိုးပေးအရောင် – အနီရောင် ၊ ခရမ်းရောင် ၊ ကြက်သွေးရောင်

သင့်တော်သည့် ဓါတ်စာ – စတော်ဘယ်ရီ ၊ ဆီးဖြူ ၊ နာနတ် ၊ တည်သီး ၊ ဗန်ဒါ ၊ လေးညှင်း ၊ ဂျုံ

သတိထားသင့်သည့် အန္တရာယ် – မီးဘေး ၊ လျှပ်စစ် ၊ အပူလောင်

သတိထားသင့်သည့် ရောဂါ – အာရုံကြော ၊ အကြော ၊ အရေပြား

အရေးကြီးကိစ္စများလုပ်ဆောင်ရန် နေ့ကောင်း – ကြာသပတေး ၊ သောကြာ ၊ အင်္ဂါ

အရေးကြီးကိစ္စများလုပ်ဆောင်ရန် ရက်သာ – ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၆ ၊ ၁၅ ၊ ၂၄ ၊ ၉ ၊ ၁၈ ၊ ၂၇

ယတြာ ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် မရှိနွမ်းပါးသူများကို ငွေကျပ် (၁၂၀) သို့ (၁၂၀၀) ကျပ် မကြာခဏလှူဒါန်းလိုက်ပါ။
မိမိရဲ့ဓါတ်ပုံကို နံရံမှာ ၁၂နာရီကြာအောင် ဇောက်ထိုးကပ်ထားလိုက်ပါ။ မကြာခဏလုပ်ပေးပါ။

——————



အင်္ဂလိပ်ရက် ၂ ရက် ၊ ၁၁ ရက် ၊ ၂၀ ရက် ၊ ၂၉ ရက်မွေးဖွားသောမိတ်ဆွေများသည်

ခရစ်သက္ကရာဇ်၂၀၁၈ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …အံ့သြစရာကောင်းလောက်အောင် ဘဝတစ်ဆစ်ချိုးပြောင်းလဲ့မြင့်တက်အံ့။စီးပွားတက်အံ့။ဘဝတစ်ခုလုံး ဆတ်ခနဲကောင်းပြီး ဖြတ်ခနဲပြောင်းသွားအံ့။တဲပုတ်မှာ နေရတဲ့သူ တိုက်ပေါ်ကိုရောက်သွားရခြင်းဟာ ဒီလိုဗေဒင်ကိန်းခန်းရဲ့ ကျေးဇူးကြောင့်ဖြစ်ပါတယ်။သာမန်အဆင့်ကနေ ကြီးမားတဲ့ရာထူးကြီးတွေ ရသွားရခြင်းမှာလည်း ဒီလိုကိန်းခန်းမျိုးရဲ့ကျေးဇူးပဲဖြစ်ပါတယ်။

ကောင်းခြင်းဆိုးခြင်းတွေ ပြီးဆုံးသွားပြီဆိုတဲ့သဘောပါဖြစ်နေပါတယ်။ ဆိုးတာတွေပြီးဆုံးသွားပြီဆိုတော့ ကောင်းတာတွေလာတော့မယ်။ ကောင်းတာတွေပြီးဆုံးသွားပြီဆိုရင်လည်း ဆိုးတာတွေရောက်လာတတ်ပါတယ်။ဒါကြောင့် ဒီနှစ်ထဲမှာ မုချတိုးတက်ပြောင်းလဲတော့မယ့် အခြေအနေကောင်း ၊ အခွင့်အလန်းကောင်းတွေ ပေါ်ပေါက်လာအံ့။မရဖူးသေးတဲ့အခွင့်အရေးတွေရအံ့။ အဲဒီအခွင့်အရေးများကို အလွဲ သုံးစားမလုပ်မိဖို့သတိပြုပါ။အခွင့်အရေးကို အလွဲသုံးစားလုပ်မိပါက ညံ့သောအပြောင်းအလဲဖြစ်သွားတတ်တာကိုတော့ အထူးသတိပြုပါ။ဒီနှစ်ထဲမှာ အစစအရာရာ အဖက်ဖက်ကနေပြီးတော့ မုချတိုးတက်အောင်မြင်အံ့။ ကိုယ်ရောစိတ်ပါ ချမ်းသာရအံ့။

၁။ လုပ်ငန်းအကြံစည်အသစ်များ ပေါ်ပေါက်လာတတ်

၂။ ရင်းနှီးသောသူများ ဆေးရုံတက်ရတတ်

၃။ မြေဝင်ခြင်း အမွေရခြင်းကြုံတတ်

၄။ အမှု အချုပ်ထောင်ဂတ် ဆေးရုံများနှင့်ပတ်သက်ရတတ်

၅။ ရပ်ဝေးမှနာရေးသတင်းကြားရတတ်

၆။လက်ရှိအလုပ်ကို စိတ်မဝင်စားပဲ အလုပ်ထွက်ချင် ပြောင်းချင်စိတ်များပေါ်နေတတ်

၇။ ငွေရှာဖွေရလွယ်ကူနေတတ် ငွေအစုလိုက်အပုံလိုက်ရတတ်

၈။ အဖိုးတန်စက်ပစ္စည်းဝင်လာတတ် စက်ပစ္စည်းဝင်ပြီးထီပေါက်တတ်

၉။ မိမိထက် ကြီးကဲသူတစ်ယောက်နဲ့ စကားပြောငြင်းခုန်ရတတ်

၁၀။ ပညာအသစ်ရ သင်တန်းတတ်ရတတ်

၁၁။ မိတ်ဆွေရင်း ဆရာရင်းတွေရဲ့ အကူညီကောင်းများရတတ်

၁၂။ အသုဘပို့ခြင်း သင်းချိုင်းမြေ နင်းခြင်းရှောင်ပါ ။ မလွဲသာမရှောင်သာပို့ရလျှင် တရော်ကင်ပွန်း ဖြင့်ခေါင်းလျှော်ပါ

၁၃။ မျက်နှာပွင့် ဆန်းပွင့်နေတတ်

၁၄။ ကိုယ်ကျင့်တရားကို ထိန်းသိမ်းပါ

၁၅။ အမှုဖြစ်နေသူကိုငွေမချေးရ ။ အာမခံမလုပ်ရ ။ ကိုယ်ပါဒုက္ခ ရောက်တတ်

အကျိုးပေးအဆောင် – ရွှေ

အကျိုးပေးအရောင် – အဖြူ ၊ ရွှေရောင် ၊ အဝါရောင်

သင့်တော်သည့် ဓါတ်စာ – သံပရာ ၊ ကျွဲကော ၊ ဂျင်း ၊ လိမ္မော် ၊ ရှောက် ၊ ပေါင်မုန့် ၊ ပျားရည်

သတိ ထားသင့်သည့် အန္တရာယ် – မီး ၊ လျှပ်စစ် ၊ အပူ ၊ ပေါက်ကွဲမှု

သတိထားသင့်သည့် ရောဂါ – ရောဂါဆန်း ၊ စိတ် ၊ သွေး ၊ ကျောက်ကပ်

နေ့ကောင်း – တနင်္ဂနွေ ၊ တနင်္လာ ၊ စနေ

ရက်သာ – ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ၊ ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅

ယတြာ ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် မိတ်ဆွေရဲ့ အနီးနားမှာရှိတဲ့ ပစ္စည်းတွေကို မကြာခဏနေရာပြောင်းရွှေ့ပေးပါ။ မကြာခဏအိပ်ယာပြောင်းအိပ်ပေးပါ။ ခရီးခဏခဏထွက်ပေးပါ။ ငွေကျပ်(၁၃၀) သို့မဟုတ် (၁၃၀၀) ကျပ်ကို လမ်းမှာ မကြာခဏ ပံ့သကူစွန့်လိုက်ပါ။

——————



အင်္ဂလိပ်ရက် ၃ ရက် ၊ ၁၂ ရက် ၊ ၂၁ ရက် ၊ ၃၀ ရက်မွေးဖွားသောမိတ်ဆွေများသည်

ခရစ်သက္ကရာဇ်၂၀၁၈ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …

အပြောင်းအလဲ ကြီးကြီးမားမားဖြစ်အံ့။အပြောင်းအလဲများအားလုံးသည် အကောင်းတွေဖြစ်အံ့။ မိမိတစ်သက်လုံးယူဆထားတဲ့ အယူအဆတွေ ၊အတွေးအခေါ်၊ခံယူချက်တွေလည်းပြောင်းလဲသွားအံ့။ အလုပ်နေရာ အိမ်နေရာတွေလည်းပြောင်းလဲရအံ့။ငွေရေးကြေးရေး စီးပွားရေး နဲ့ပက်သက်လို့ကတော့ ထင်မှတ်မထားလောက်အောင် အောင်မြင်မယ့်နှစ်ဖြစ်အံ့။ ပြေလည်ရာပြေလည်ကြောင်း၊ကောင်းရာကောင်းကြောင်း၊အေးရာအေးကြောင်း အခြေအနေတွေ ကြုံတွေ့ရပါလိမ့်မယ်။အလိမ်ခံရတတ်။သတိထားပါ။ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို ကိုင်တွယ်ခြင်းလုံးဝမပြုသင့်။ သူတပါးဒုက္ခကြောင့် ဒုက္ခရောက်တတ်။

သဘာဝအန္တရယ်ဖြစ်တဲ့ မီး၊ဘေး၊ရေဘေး၊လေဘေး များကို သတိထားသင့်။ဘာကိုပဲလုပ်လုပ် စိတ်ထိန်းပြီး အလုပ်လုပ်ပါ။ ဒီအချိန်မှာ စိတ်မထိန်းနိုင်တဲ့အဖြစ်အပျက်တွေ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင်မိတာတွေကြုံရတတ်။ ကျန်းမာရေးနဲ့ပက်သက်လို့လဲ ဂရု စိုက်ဖို့လိုပါတယ်။အာရုံကြောနဲ့ပက်သက်တဲ့ရောဂါ တွေရတတ်ပါတယ်။ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံေနေပါစေ။ ဘယ်လောက်ပဲအဆင်မပြေမှုတွေကြုံတွေ့နေရပါစေ။နောက်ဆုံးမှာတော့ အားလုံးအဆင်ပြေသွားလတ္တံ့။

၁။ အလုပ်နေရာ အိမ်နေရာ ပြောင်းလဲရတတ်

၂။ အိမ်ပြင် အိမ်ဆောက် ပြုလုပ်ရတတ်

၃။ ရေလမ်းခရီး လေလမ်းခရီးမှ ဧည့်သည်များ မကြာခဏရောက်တတ်

၄။ ကားအသစ်ဝင်မည်

၅။ မကြာခဏ ခရီးထွက်ရတတ်

၆။ ရုတ်တရက် ရာထူးတိုးခြင်း စီးပွားတိုးတက်ခြင်း ကြုံရတတ်

၇။ မိတ်ဆွေရင်း တစ်ယောက်အတွက် စိတ်ပူရတတ်

၈။ အောက်လက်ငယ်သား သားသမီး အိမ်ကနေ ထွက်သွားတတ်

၉။ အိမ်တစ်လုံးတည်းတွင်မိသားစု နှစ်စု ပူးပေါင်းနေထိုင်ရတတ်

၁၀။ မကြာမှီ အိမ်ပိုင် သို့မဟုတ် မိမိ စိတ်တိုင်းကျအိမ်ရတတ်

၁၁ ။ ရင်ဘတ်အောင့်ရောဂါ ရတတ်

၁၂ ။ အောက်လက်ငယ်သား သားသမီး ရွှေရတနာအတွက် စိတ်ပူရတတ်

၁၃။ ယားနာဖြစ်တတ် ဆေးလိမ်းစရာမလို အလိုလို ပျောက်ကင်းအံ့

၁၄။ ငွေအစုလိုက် အပုံလိုက် ရတတ်

၁၅။ စက်ပစ္စည်းများ ပျက်အံ့ ။ အသစ်မဝယ်ဘဲ ပြင်သုံးပါ။

အကျိုးပေးအဆောင် – စိန် ၊ ငွေ ၊ ပလက်တီနမ်

အကျိုးပေးအရောင် – အဖြူ ၊ အဝါနု ၊ ဆင်စွယ်ရောင်

သင့်တော်သည့် ဓါတ်စာ – မုန်လာ ၊ ကရဝေး ၊ အခွံမာသစ်သီးများ ၊ သစ်ချ ၊ ပေါင်မုန့် ၊ ကွေကာအုပ်

သတိ ထားသင့်သည့် အန္တရာယ် – မြေပြို ၊ တွင်းပြို ၊ တောင်ပြို

သတိထားသင့်သည့် ရောဂါ – အကြော ၊ အိပ်မပျော် ၊ မျက်စိ

နေ့ကောင်း – ဗုဒ္ဓဟူး ၊ သောကြာ

ရက်သာ – ၅ ၊ ၁၄ ၊ ၂၃

ယတြာ ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် သောက်တော်ရေ(၂)ခွက် အိမ်ဘုရားတွင် မကြာခဏလှူဒါန်းဆုတောင်းလိုက်ပါ။ သက်ကြီးရွယ်အို သူတောင်းစားတစ်ဦးကို ရေသန့်မကြာခဏလှူပါ။ရေ၊လေ၊အောက်စီဂျင်နှင့်ပက်သက်သော အလှူအတန်းများ မကြာခဏပြုလုပ်ပေးပါ။
———————

အင်္ဂလိပ်ရက် ၄ ရက် ၊ ၁၃ ရက် ၊ ၂၂ ရက် ၊ ၃၁ ရက်မွေးဖွားသောမိတ်ဆွေများသည်

ခရစ်သက္ကရာဇ်၂၀၁၈ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …

မုချတိုးတက်မှုတွေကြုံရလတ္တံ့။ အလုပ်ကိုင်အကြံစည်တွေ မြင့်မားတိုးတက်အံ့။ ဝိဇ္ဇာ မတဲ့အချိန်၊နတ် မတဲ့အချိန်ကိုရောက်လတ္တံ့။ကံကောင်းတဲ့အချိန်ကိုရောက်ပြီ။ ပြီး ခဲ့သောအချိန်ကာလတွေနဲ့မတူတော့ဘူး။ အခုကောင်းပြီ။ စီးပွားရေး အလုပ်အကိုင်၊အချစ်ရေး၊အိမ်ထောင် ရေး၊ခရီးသွားရေး ဘယ်အရေးမဆို အားလုံး ကောင်းနေလတ္တံ့။အောင်မြင်တဲ့အထိလုပ်ဖို့ စိတ်အား လူအား ပျော့ညံ့လျော့နည်းသွားတတ်တာကိုတော့ သတိထားပါ။ မိတ်ဆွေအဖို့ ဒီနှစ်ထဲမှာ ကံအလွန်ကောင်းနေပါပြီ။ရည်ရွယ်ချက်ရှိသမျှ ရဲရဲလုပ်ပါ။မီးကုန်ယမ်းကုန်လုပ်ပါ။အကြံအစည်ရည်ရွယ်ချက်များကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်ပါ။

တစ်ခုသတိထားရမှာက စိတ်ညစ်စရာစိတ်ရှုပ်စရာတွေ၊ရှောင်လွှဲဖို့ခက်တဲ့အကျဉ်းအကြပ်တွေ၊တမင်သက်သက်ချောက်တွန်းခံရတာတွေကိုတော့ သတိထားသင့်။ သူတစ်ပါးရဲ့ နှလုံးသားရေး၊အိမ်ထောင်ရေးကိစ္စတွေမှာလည်း ဝင်ပါရတတ်ပါတယ်။တစ်ခါတလေ ရုတ်တရက် ချက်ခြင်း တစ္ဆေခြောက်ခံရသလို ဆိုးဝါးသောပြသနာများဝင်လာတတ်ပါတယ်။ မလုပ်ချင်တဲ့အလုပ်တွေကိုလုပ်ရတတ်တယ်။ ဒါကိုတော့သတိထားသင့်။မိမိနေထိုင်တဲ့ ၊ မိမိအလုပ်လုပ်တဲ့နေရာမှာ မကောင်းတဲ့အတတ်များ၊ပညာများရှိနေအံ့။မသန့်မရှင်းဖြစ်နေအံ့။ ရှာလကာရည်နှင့်ရေနှင့်ရောပြီး မကြာခဏ ပက်ဖြန်းပေးပါ။

ဒီလိုအခါမှာလည်း ထိတ်လန့်ခြင်းမဖြစ်ပါနဲ့။ စိတ်အေးအေးထားပါ။ အဲ့ဒီမကောင်းတဲ့ ပြသနာတွေဟာ ဝိဇ္ဇာမသလို သူ့အလိုလို ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။အခုလို ကံတရားက မျက်နှာသာ ပေးခိုက်မှာ အလုပ်တွေဖိပြီး လုပ်လိုက်စမ်းပါ။ ထင်ထားတာထက် အများကြီး အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်။ရရှိခံစားရမယ့် အကျိုးမြတ်တွေနဲ့ယှဉ်လိုက်ရင် ကြုံတွေ့နေရတဲ့ အခက်ခဲတွေဆိုတာ မပြောပလောက်တော့ပါဘူး။

၁။ အချစ်ရေး၊အိမ်ထောင်ရေး ပြဿနာများ ပေါ်ပေါက်လာတတ်

၂။ရောဂါဖြစ်တတ်

၃။ စကားများ ငြင်းခုန်ရတတ်

၄။ လက်ရှိနေသော မြေနေရာ အိမ်နေရာ မသန့်ပါ ။ မလှမ်းမကမ်းမှာ သရဲ ရှိနေတတ်

၅။ ထူးခြားသော ရုပ်ထုတစ်ခုရောက်လာတတ် ရောက်လာပြီးနောက် စနေသားသမီး တစ်ဦးဦးကို အကြောင်းပြုပြီးငွေရတတ်

၆။ တစ်ဘဝလုံးအသုံးဝင်မည့် ပညာရတတ်

၇။ မမျှော်လင့်ဘဲ မိတ်ကောင်းဆွေကောင်းတစ်ဦး ရရှိတတ်

၈။ အောက်လက်ငယ်သား ဒုက္ခပေးတတ် စိတ်ပူရတတ်

၉။ မျက်စိနာတတ်

၁၀။ ငွေပစ္စည်းပျောက်တတ်

၁၁။ ပြည်တွင်း ပြည်ပ ခရီးများသွားရတတ်

၁၂။ သူတစ်ပါးကို ဆေးဖိုးဝါးခ ငွေကြေးများကူညီရတတ်

၁၃။ အလုပ်ထွက်ဖို့ ပြောင်းဖို့ အကြောင်းတွေပေါ်လာတတ်

၁၄။ စကားနည်းနည်းပြောပြီး အလုပ်များများလုပ်သင့်

ကျိုးပေးအဆောင် – မြ ၊ အပြာရောင်ကျောက်

အကျိုးပေးအရောင် – အပြာရောင် ၊ နှင်းဆီရောင် ၊ ပန်းရောင်

သင့်တော်သည့် ဓါတ်စာ – ပဲအမျိုးမျိုး ၊ ပန်းသီး ၊ ဖရဲ ၊ သဖန်း ၊ သစ်ချ ၊ ဗန်ဒါ

သတိ ထားသင့်သည့် အန္တရာယ် – မြေပြို ၊ တွင်းပြို ၊ တောင်ပြို

သတိထားသင့်သည့် ရောဂါ – လည်ချောင်း ၊ နှာခေါင်း ၊ အဆုတ် ၊ နို့နာ ၊ လေထိုးလေအောင့်

နေ့ကောင်း – သောကြာ ၊ အင်္ဂါ ကြာသပတေး

ရက်သာ – ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၆ ၊ ၁၅ ၊ ၂၄ ၊ ၉ ၊ ၁၈ ၊ ၂၇

ယတြာ ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် ညောင်ပင်ကြီးတစ်ပင်က ရုက္ခစိုးမင်းထံမှာ ဖယောင်းတိုင် (၉) တိုင်၊အမွှေးတိုင် (၉)တိုင် မကြာခဏလှူဒါန်းပြီး မိမိလိုရာများကို အသံထွက်ပြီးဆုတောင်းပါ။ ရုက္ခစိုးစင်ကို သန်ရှင်းမကြာခဏလုပ်ပေးပါ။အမွှေးနံ့သာပက်ဖြန်းပေးပါ။
——————

အင်္ဂလိပ်ရက် ၅ ရက် ၊ ၁၄ ရက် ၊ ၂၃ ရက် မွေးဖွားသောမိတ်ဆွေများသည်

ခရစ်သက္ကရာဇ်၂၀၁၈ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …

အပြောင်းအလဲကြီးကြီးမားမားဖြစ်အံ့။အစစအရာရာ အဖက်ဖက်ကနေ တအားကောင်းနိုင်သလို တအားလည်းဆိုးသွားအံ့။စိတ်မကောင်းစရာတွေ အားပျက်စရာတွေကို ြကိုတင်ပြီးမပြောချင်ပါဘူး။ ဒါပေမယ့်မကောင်းတာတွေကို မကောင်းဘူးလို့ပြောမှ သစ္စာစကားဖြစ်လိမ့်မယ်။ အထူးသတိထားပါ။အဆုံးရှုံး၊အထိခိုက်၊အနစ်နာတွေကြုံရတတ်တဲ့နှစ်ဖြစ်ပါတယ်။ ထိမိ ခိုက်မိတာ ၊ အပူလောင်တာ ၊ ခလုတ်တိုက်လဲတာ တွေကိုလည်း သတိထားသင့်ပါတယ်။လူ့ဘဝဆိုတာ စိတ်ညစ်စရာတွေကို ခါးစည်းခံပြီး ပျော်မွေ့စရာတွေနဲ့တွေ့တဲ့အခါမှာ ယစ်မူးမေ့လျော့ပစ်ရတာမျိုး မဟုတ်လား။ အတိတ်က တင်ရှိခဲ့တဲ့ဝဋ်ကြွေးလို သဘောထားလိုက်ပါ။

မမျှော်လင့်ဘဲ အမှန်ဘက်ကနေ စကားပြောငြင်းခုန်ရတတ်သလို ရုတ်တရက် ကျန်းမာရေးလည်း ညံ့သွားတတ်ပါတယ်။စိတ်ညစ်စရာတွေ တခုပြီးတခုလာပါလိမ့်မယ်။ ဘုရင့်မကိုဠ်တစ်ခုလုံး ဆန်ဆေးပလုံး ဖြစ်သွား ရတယ်ဆိုတာ ဒီလိုကိန်းမျိုးပါပဲ။ ဒါပေမယ့်အားမလျော့စေချင်ဘူး။ ကြောက်စရာလည်းမလိုဘူး။သတိထားပြီးဖြတ်သန်းနိုင်ဖို့ အရေးကြီးပါတယ်။ငြိမ်ငြိမ်နေလျှင် ညံ့သောအပြောင်းအလဲများဖြစ်အံ့။ လှုပ်လှုပ်ရှားရှားနေလျှင် ကောင်းသောအပြောင်းအလဲဖြစ်အံ့။ဒါကြောင့် မကြာခဏ အိပ်ယာပြောင်းအိပ်ပေးပါ။မရောက်ဖူးသေးတဲ့ နေရာဒေသတွေကို ခရီးခဏခဏထွက်ပေးပါ။အဝတ်အစားအသစ်တွေများများဝတ်ပါ။အရင်ကထက် ဘာသာရေးပိုလုပ်ပေးပါ။ ဒါဆိုရင်တော့ ကောင်းသောအပြောင်းအလဲများ တွေ့ကြုံခံစားရပါလိမ့်မယ်။

၁။ ခရီးစဉ် အချို့ပျက်သွားတတ်

၂။ ဆရာအတုအယောင်များနှင့်တွေ့ရတတ်

၃။ အိမ်တွင်းရေးမသာမယာ ဖြစ်တတ်

၄။ ဆွေမျိုးဧည့်သည်များ ညအိပ်ရောက်လာပြီးနောက် စီးပွားတတ် အံ့

၅။ အပေါက်ရှာပြီး ငွေကုန်စရာများ ပေါ်လာတတ်

၆။ ရုတ်တရက် ခါးမျက် ခါးနာ ဖြစ်တတ်

၇။ မိတ်ဆွေတစ်ဦးက မိမိအပေါ် အထင်လွဲတတ်

၈။ မုတ်ဆိုးဖို မုတ်ဆိုးမ တစ်ဦးဦး အိမ်သို့လာရောက် တည်းခိုပြီးနောက် စိတ်ညစ်စရာ စကားပြောငြင်းခုန်ရတာ ကြုံတတ်

၉။ အလုပ်နဲ့ ပတ်သက်ပြီး ရန်အတိုက်အခံများ မကြာခဏပေါ်တတ်

၁၀။ အိမ်အနီနားဝန်းကျင်မှာ မီးလန့်ရှော့ဖြစ် ကြုံရတတ်

ကျိုးပေးအဆောင် – ကြောင်ကျောက် ၊ ပုလဲ ၊ ငွေ

အကျိုးပေးအရောင် – အစိမ်း အဖြူ အဝါ အရောင်မှိုင်း

သင့်တော်သည့် ဓါတ်စာ – သခွါး မှို ပန်းသီး စပျစ်

သတိ ထားသင့်သည့် အန္တရာယ် – ရေဘေး

သတိထားသင့်သည့် ရောဂါ – အရေပြား အားအင်ကုန်ခမ်းခြင်း

နေ့ကောင်း – တနင်္ဂနွေ ၊ တနင်္လာ

ရက်သာ – ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ၊ ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅

ယတြာ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် အိပ်ယာ၊နေရာ၊အလုပ် လုပ်တဲ့နေရာတွေကို မကြာခဏအပြောင်းအလဲလုပ်လိုက်ပါ။
ကံတအားညံ့ရင် မိမိမွေးန့ည ဝတ်အိပ်ထားတဲ့ အဝတ်အစားတစ်စုံလုံးကို နောက်နေ့မနက် စီးနေတဲ့ရေထဲသွားမျှောလိုက်ပါ။ ငါ့မှာရှိတဲ့ မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ။
——————

အင်္ဂလိပ်ရက် ၆ ရက် ၊ ၁၅ ရက် ၊ ၂၄ ရက် မွေးဖွားသောမိတ်ဆွေများသည်

ခရစ်သက္ကရာဇ်၂၀၁၈ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …ဒီနှစ်ထဲမှာ ဘာကိုမှ ပူစရာမလိုတော့ပါ။ ရှေ့ရေးအတွက် ပူစရာလုံးဝမလိုတော့တဲ့ အချိန်ပါပဲ။ ငါဖြစ်ချင်တာတွေ ဖြစ်ရပြီဟေ့ … လို့ လောကကြီးကို ကြွေးကြော်လိုက်စမ်းပါ။ငြိမ်းချမ်းခြင်းနဲ့ တရားဓမ္မကို လိုခြင်သလား ။ တန်ခိုးသြဇာရှိခြင်းနဲ့ ရာထူးဌာနန္တရကို လိုခြင်သလား ။ ဘာကိုပဲလိုချင်လိုချင် မုချရရှိမယ့်နှစ်ကို ရောက်ရှိလာပါပြီ။ စီးပွားဥစ္စာတွေ တိုးတက်တော့မယ်။

ရည်ရွယ်တာတွေ ဖြစ်လာတော့မယ် ။ စီးပွားရေး ၊ငွေကြေး ၊ အလုပ်အကိုင် ၊ ဘဝအဆင့်အတန်း ၊ အခြေနေတွေ တမဟုတ်ခြင်း မြင့်တက်သွားမယ်။
အံံ့သြစရာကောင်းလောက်အောင် ကောင်းစားမယ့် နှစ်ကိုရောက်ပြီ။ ဘယ်လိုပြဿနာတွေပဲတွေ့တွေ့ ကိုယ်ကတောင်ဖြေရှင်းစရာမလိုဘူး။ သူ့အလိုလိုပြီး သွားမယ်။အလွန်ဝမ်းသာစရာကောင်းတဲ့နှစ်ဖြစ်ပါတယ်။ မိတ်ဆွေမျှော်လင့်ထားတာထက်တောင် ပိုပြီးတော့ အခြေအနေက ကောင်းလာပါလိမ့်မယ်။ဝမ်းသာစရာ၊ပျော်ရွှင်စရာ ကြီးကြီးမားမားတွေပေါ်ပေါက်လာပါလိမ့်မယ်။ အဖိုးတန်ပစ္စည်းနဲ့ပက်သက်တဲ့ အောင်မြင်မှုတွေလည်း ကြုံနိုင်ပါတယ်။လုပ်ငန်းစီးပွားတွေကို အရှိန်ဟုန်နဲ့တိုးချဲ့ပါ။ အကြံအစည်ရည်ရွယ်ချက်တွေကို လက်တွေ့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ပါ။ အဆက်သွယ် အသစ်တွေရှာပါ။ ရည်ရွယ်ထားသမျှ လုပ်ဖြစ်အောင် ရဲရဲလုပ်လိုက်စမ်းပါ။ ကံတရားဟာ မိမိဘက်မှာ ရာနှုန်းပြည့်ရှိနေပါပြီ။

၁။ အလုပ်လုပ်ပြီး ငွေမရဖြစ်နေတတ်

၂။ နာမည်ကြီး ထမင်းငတ် ဖြစ်နေတတ်

၃။ လျှပ်စစ်ပစ္စည်း ဒုက္ခပေးတတ်

၄။ ငွေအတွက် စကားအခြေအတင် ပြောရတတ်

၅။ သွေးသားနှင့်ပတ်သက်တဲ့ရောဂါများ သတိထားပါ

၆။ လူပွေလူရှုပ်များ အိမ်ကိုရောက်လာတတ်

၇။ မိတ်ကောင်းဆွေကောင်း နှစ်ဦး တစ်ပြိုင်တည်းရတတ်

၈။ ထူးဆန်းသော ပညာထူးအသိထူးရတတ်

၉။ စိတ်ညစ်စရာ နှစ်ခါကြုံ

၁၀။ စိတ်မပါပဲခရီးနှစ်ခါသွားရတတ်

၁၁။ ငွေဝင်ပြီးတော့ အကြွေးတင်နေတတ်

၁၂။ ပေးစရာအကြွေး နှစ်ခုရှိနေတတ်

၁၃။ နာမည်ဂုဏ်သတင်း ကျော်ဇောထင်ရှား

၁၄။ မိသားစု ကျန်းမာရေးညံ့တတ်

၁၅ ။ ဆေးရုံ ဆေးခန်းများနှင့် ပတ်သက်ရတတ်

ကျိုးပေးအဆောင် – ပုလဲနက် ၊ စိန်နက် ၊ ကျောက်မီးသွေး ခဲပုပ်

အကျိုးပေးအရောင် – အနက် ၊ အပြာရင့် ၊ ခရမ်းရင့်

သင့်တော်သည့် ဓါတ်စာ – မုန်လာ ငှက်ပျော ဂမုန်း

သတိ ထားသင့်သည့် အန္တရာယ် = လေဘေး

သတိထားသင့်သည့် ရောဂါ – အသည်း ၊ သည်းခြေ ၊ အစာဟောင်းအိမ် ၊ သွေး ၊ ထုံကျင်

နေ့ကောင်း – စနေ

ရက်သာ – ၈ ၊ ၁၇ ၊ ၂၆

ယတြာ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် သမီးရည်စားနှစ်ယောက် သို့မဟုတ် လင်မယားနှစ်ယောက်ကို ဆင်တူလက်ဆောင်ပစ္စည်း (၂) ခုမကြာခဏလက်ဆောင်ပေးပါ။
————–

အင်္ဂလိပ်ရက် ၇ ရက် ၊ ၁၆ ရက် ၊ ၂၅ ရက် မွေးဖွားသောမိတ်ဆွေများသည်

ခရစ်သက္ကရာဇ်၂၀၁၈ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …ကံတရားက ကိုယ့်ဖက်မှာရှိမနေပါဘူး … ။ ဒါကြောင့် မိမိအလိုရှိတဲ့အရာများကို ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဟန် နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ၊ ဉာဏ်နီဉာဏ်နက်တွေထုတ်ပြီး ဇွတ်အတင်းလုပ်ယူမှ အောင်မြင်မှုတွေရရှိနိုင်မယ့်နှစ်ဖြစ်ပါတယ်။ မိမိဖြစ်ချင်တာတွေကို ဇွတ်လုပ်ယူပါ။အလွန့်ကိုရန်များတဲ့ နှစ်ဖြစ်အံ့။သွေးထွက်သံယိုအထိ ဖြစ်တတ်။အပူလောင်တတ်တယ်။ ထိခိုက်မိတတ်။ရေ၊မြေ၊လေ၊မီး စတဲ့ သဘာဝဘေးအန္တရာယ်များလည်းကြုံရတတ်။မထင်မှတ်တဲ့ အနှောက်အယှက်တွေ၊အတိုက်အခံတွေ၊ စိတ်ညစ်စရာ ၊စိတ်ရှုပ်စရာတွေ စတဲ့ ကံတရားကလွှတ်လိုက်တဲ့ အန္တရာယ်တွေကြုံရတတ်။ လူလိမ်ခံရတာ၊မတော်မတရားပြောခံရတာ၊အုပ်စုဖွဲ့အနိုင်ကျင့်ခံရတာ စတဲ့ လူမှုဆက်ဆံရေး အန္တရယ်တွေ ကိုပါကြုံတွေ့ရတတ်။ရှိတာတွေ ဆုံးရှုံးလက်လွှတ်သွားရတဲ့ အဖြစ်နဲ့ကြုံတွေ့ရတတ်။

သူတစ်ပါးမကောင်းပြောတာ၊မတရားပြောတာ မျိုးတွေ ခံရတတ်။ ငွေကြေးဆုံးပါးတတ်။ ကျိန်းသေရမယ့်ငွေတွေ လွဲသွားတတ်တယ်။ ဘယ်လောက်ပဲ ကောင်းအောင်လုပ်ထားလုပ်ထား အကောင်းပြောမခံရတတ်။ကူညီမယ့်သူတွေထက် ဒုက္ခပေးမယ့်သူတွေနဲ့ပဲ ဆုံရတတ်ပါတယ်။ ရေနစ်တဲ့သူကို ဝါးကူထိုး ဆိုသလိုမျိုး ကူညီမလိုလိုနဲ့ ဒုကပေးနေတတ်ပါတယ်။ဒါကြောင့် အစစအရာရာ သတိထားပြီး ၊ မိမိအလိုရှိရာတွေကို ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဟန် နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ၊ ဉာဏ်နီဉာဏ်နက်တွေထုတ်ပြီး ၊ ပရိယာယ်သုံးပြီး ဇွတ်အတင်းလုပ်ယူပါလို့ တိုက်တွန်းအကြံပေးလိုက်ပါတယ်။

၁။ အိမ်နေရာထိုင်ခင်း ပြဿနာပေါ်တတ်

၂။ သားသမီး အောက်လက်ငယ်သားအတွက် စိတ်ညစ်ရတတ်

၃။ ငွေကြေးကိစ္စများ မစွန့်စားသင့်

၄။ တောင်အရပ်သို့ ခရီးသွားရတတ် ပြည်တွင်း ပြည်ပ ခရီးများလည်းပေါ်လာတတ်

၅။ ဘာသာရေးပစ္စည်းများ လက်ဆောင်ရရင်ထီထိုးပါ

၆။ ငွေများများဝင်သော်လည်း ထွက်စရာတွေဆက်တိုက်ပေါ်နေတတ်

၇။ ခြေထောက် ခါး နာတတ်

၈။ နေရာထိုင်ခင်း ပြုပြင်ရတတ် အသစ်ရတတ် ။ အလုပ်အပြောင်းလဲ နေရာအပြောင်းလဲ ကြုံတတ်

၉။ ခြေရင်းဘက် နောက်ကျောဘက်တွင် မီးလန့်ရှော့ဖြစ် ကြုံတတ် သို့မဟုတ် လူတစ်ယောက် အပူလောင်ကြုံတတ် ထိုသို့ဖြစ်လျှင် အဝတ်ဟောင်း တစ်ထည်ကို စွန့်ပြီးထီထိုးပါ ဆယ်ပုံတစ်ပုံကို လှူပါမည်ဟု အဓိဌာန် ပြုပါ။

၁၀။ တွေ့နေမြင်နေကျ ဆိုင်းဘုတ်တစ်ခု မတွေ့တော့လျှင် မုဆိုးမ တစ်ဦးကို ထီသွားထိုးခိုင်းပါ ထီပေါက်သလို ငွေရတတ်

ကျိုးပေးအဆောင် – ပတ္တမြား ၊ သံ ၊ အနီရောင် ၊ ကျောက်

အကျိုးပေးအရောင် – အနီရောင် ကြက်သွေးရောင်

သင့်တော်သည့် ဓါတ်စာ – ကြက်သွန်ဖြူ နီ ၊ ဂျင်း ၊ ငရုတ်ကောင်း

သတိထားသင့်သည့်အန္တရာယ် – မီး လျှပ်စစ် ပေါက်ကွဲမှု

သတိထားသင့်သည့် ရောဂါ – အဖျားကြီး ၊ ကူးစက်ရောဂါ

နေ့ကောင်း – အင်္ဂါ ၊ ကြာသပတေး ၊ သောကြာ

ရက်သာ – ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၆ ၊ ၁၅ ၊ ၂၄ ၊ ၉ ၊ ၁၈ ၊ ၂၇

အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက်။ ။ လမ်းဘေးမှာရှိတဲ့ ခွေးလေခွေးလွင့်များကို မကြာခဏ အစာအာဟာရဒါလုပ်ပေးပါ။တိရိစ္ဆာန်ဂေဟာအတွက် မကြာခဏ အလှူအတန်းလုပ်ပေးပါ။
—————–

အင်္ဂလိပ်ရက် ၈ ရက် ၊ ၁၇ ရက် ၊ ၂၆ ရက် မွေးဖွားသောမိတ်ဆွေများသည်

ခရစ်သက္ကရာဇ်၂၀၁၈ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …လက်ရှိအဆင့်ထက် အဆမတန် မြင့်တတ်သွားအံ့။ ဘဝတစ်ဆစ်ချိုးပြောင်းလဲမြင့်တက်မယ့် အခြေအနေကောင်း အခွင့်အလမ်းကောင်း အဆက်အသွယ်ကောင်းတွေပေါ်လာအံ့။ ပျော်စရာအကောင်းဆုံး၊စိတ်ဝင်စားစရာ အကောင်းဆုံးနှစ်ဖြစ်အံ့။အောင်မြင်ခြင်း ၊ စိတ်ချမ်းသာပျော်ရွှင်ခြင်း ၊ သြဇာအာဏာတိုးတက်ခြင်း ၊ အရိုအသေပေးခံရခြင်း ၊ အထင်ကြီးလေးစားခံရခြင်း ၊ မုန်းနေတဲ့သူများက ပြန်ချစ်လာခြင်း ၊ နှိမ်ထားတဲ့သူများက နေရာပြန်ပေးခြင်း စသည်တို့ကြုံရလတ္တံ့။

အရင်နှစ်တွေက နလန်မထူနိုင်အောင် ဖြစ်နေစမ်းပါစေ။ ကုန်းကောက်စရာမရှိလောက်အောင် မွဲချင်တိုင်းမွဲနေစမ်းပါစေ။ ဒီနှစ်ထဲမှာတော့ မျက်လှည့်ပြလိုက်သလို ဖျက်ကနဲပြောင်းပြီး ဂွပ်ကနဲကောင်း စားမယ့်အချိန်နှစ်ကိုုရောက်လတ္တံ့။အဖက်ဖက်ကနေ စိတ်ချမ်းသာစရာတွေပေါ်လာအံ့။ အကူအညီကောင်း၊အပံ့ပိုးကောင်း၊အဆက်အသွယ်တွေလည်းပေါ်လာအံ့။ သတင်းကောင်းတွေကြားရတာ၊ဝမ်းသာစရာဧည့်သည်တွေရောက်လာတာလည်း ကြုံရအံ့။ရတနာပုံဆိုက်တယ် ၊ စိုင်ကော်လို့ချုံပေါ်ရောက်တယ် ဆိုတဲ့ကိန်းမျိုးဟာ ဒီလိုနှစ်မျိုးကို ခေါ်တာဖြစ်တယ်။နှိမ်ချင်တဲ့သူတွေက ဘယ်လောက်ပဲနှိမ်ထားနှိမ်ထား ကံတရားကတော့ မျက်နှာသာပေးပြီ။ အားလုံးက လက်ပိုက်ကြည့်နေရတော့မယ် မနာလိုတဲ့လူများရှိရင်တော့ သူတို့အနေနဲ့ လဲပြီးသေရုံကလွဲလို့ ဘာမှမတတ်နိုင်ကျတော့ဘူး။ရှုံးနိမ့်တုန်းကခံထားတာတွေ ပေဖြစ်တုန်းကအထုခံထားရတာတွေ ခုတော့အနိုင်ရပြီ။ ပေမဟုတ်တော့ဘူး တူဖြစ်သွားပြီး။ စိတ်ကြိုက်သာထုပေတော့။ ဒီအချိန်ဟာ အတော့ကို အဖက်ဖက်က ကောင်းတော့မယ်လို့နားလည်ပါ။

၁။ ပညာအသစ်ရ သင်တန်းတက်ရတတ် ပညာရေးရည်မှန်းချက်များ အောင်မြင်မည်

၂။ စပ်တူလုပ်ငန်းများ အောင်မြင်မည်

၃။ အချစ်ရေးကံကောင်းအံ့ အိမ်ထောင်ရေးပိုပြီး ကံကောင်းအံ့

၄။ ဆွေမျိုးကိုအကြောင်းပြုပြီး လင်မယား ကတောက်ကဆ ဖြစ်ရတတ်

၅။ ဘာပဲလုပ်လုပ် ရဲရဲလုပ်ပါ အောင်မြင်လတ္တ့ ံ။

၆။ ပြည်တွင်းပြည်ပ ခရီးများ အောင်မြင်အံ့ ။ ဝမ်းသာစရာဧည့်သည်များ ရောက်လာတတ်

၇။ လုပ်ငန်းစီးပွား ငွေကြေးတိုးတက်အံ့

၈။ မမျှော်လင့်သော သူထံမှ အကူညီကောင်းများ ရတတ်

၉။ ကြီးမားသော အောင်မြင်ခြင်းများ တွေ့ကြုံရတတ်

၁၀။ စွန့်စားရသောလုပ်ငန်းများ မုချအောင်မြင်မည်

၁၁။ ငွေကြေးကိစ္စ (၇) ဂဏန်း ဒုက္ခပေးတတ်

အကျိုးပေးအဆောင် – ပယင်း ၊ ဥဿဖယား ၊ အဝါရောင်စိန်

အကျိုးပေးအရောင် – ရွှေရောင် ၊ အဝါရောင် ၊ ကြေးဝါရောင် ၊ ရွှေညိုရောင်

သင့်တော်သည့်ဓါတ်စာ – စပျစ် ၊ လိမ္မော် ၊ ရှောက် ၊ သံပရာ ၊ ကျွဲကော ၊ လေးညှင်း ၊ ဂျင်း ၊ ပေါင်မုန့် ၊ ပျားရည်

သိထားသင့်သည့်အန္တရာယ် – မီး ၊ လျှပ်စစ် ၊ အပူ

သတိထားသင့်သည့် ရောဂါ – နှလုံး ၊ မျက်စိ ၊ သွေးတိုး

နေ့ကောင်း – တနင်္ဂနွေ ၊ တနင်္လာ

ရက်သာ – ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ၊ ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅ ရက်များ

ယတြာ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် ကြွေပန်းကန်ပြားထဲမှာ နေကြာစေ့ထည့်ပြီး ဘုရားလှူဆုတောင်းပါ။ ကလေးများ ၊ သူငယ်ချင်းမိတ်ဆွေများကိုလည်း နေကြာစေ့ မကြာခဏဒါနလုပ်ပေးပါ။
———————–

အင်္ဂလိပ်ရက် ၉ ရက် ၊ ၁၈ ရက် ၊ ၂၇ ရက် မွေးဖွားသောမိတ်ဆွေများသည်

ခရစ်သက္ကရာဇ်၂၀၁၈ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …မိမိအနေနဲ့ မရပ်ချင်ဘဲရပ်သွားရတဲ့ကိစ္စတွေရှိရင် ပြန်ပြီးလုပ်ခွင့်ရမယ်။ ဆုံးရှုံးသွားတာတွေလည်း ပြန်ပြီးဖြစ်လာမယ်။ကိုယ်ကလက်တွဲမဖြုတ်ချင်ပဲ ဖြုတ်သွားတဲ့ မိတ်ဆွေတွေပဲဖြစ်ဖြစ်၊အဖော်ပဲဖြစ်ဖြစ် ဒီအချိန်မှာ မိမိဆီကိုပြန်ရောက်လာတတ်တယ်။ နှစ် ရှည်လများကွဲကွာနေသူတွေနဲ့ပြန်ပြီး ဆုံတွေ့ရတတ် တယ်။လူမှုရေး ၊ ပရဟိတအလုပ်တွေများနေအံ့။ မိမိကိုယ်ကျိုးစီးပွားထက် သူများအကျိုးစီးပွားကို အနစ်နာပြီးကူညီဆောင်ပေးရမှုတွေများနေအံ့။ အောင်လည်း အောင်မြင်အံ့။အကြံအစည် ရွယ်ရွယ်ချက်အသစ်များ ၊ ရည်မှန်းချက်အသစ်များ ပေါ်ပေါက်လာပြီး အသိထူးအမြင်ထူးများလည်း ပေါ်ပေါက်လာအံ့။

ဒါပေမယ့်တခုသတိထားရမှာက ဒီနှစ်ထဲမှာ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့အချိန်ကုန်သွားတတ်တယ်။ တခုခုကို ဆုံးဖြတ်ချက်ချပြီး လုပ်ဖြစ်အောင်သာ လုပ်လိုက်ပါ။ အောင်မြင်ဖို့ကသေချာပါတယ်။ဆုံးရှုံးနစ်နာခဲ့သမျှ အတိုးချပြီး အောင်မြင်တော့မှာဖြစ်ပါတယ်။ ကောင်းသောမျှော်လင့်ချက်တွေလည်း ပြန်လည်ရှင်သန်လာတေ့မှာဖြစ်ပါတယ်။
ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့ ၊ ဘယ်လောက်ပဲ ညံ့ခဲ့ညံ့ခဲ့ ဝမ်းသာပျော်ရွှင်ရမယ့် ကံကောင်းမယ့်နှစ်ကို ရောက်ရှိလာပါပြီ။ကံကောင်းတဲ့နှစ်ဆိုပြီး ဘာမမလုပ်ပဲနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ဆိုလိုတာက ကံတရားကမျက်နှာသာပေးတဲ့ အချိန်ဖြစ်တယ်။ မိမိအနေနဲ့ အလုပ် လုပ်ဖို့လိုတယ်။ ဆုံးဖြတ်ချက်ပိုုင်ပိုင်နိုင်နိုင် ချနိုင်ဖို့ပဲလိုတယ်။ အထူးမှာချင်တာက ကံကကူမယ် လူကအလုပ်လုပ်ပါ။

၁။ ကွဲကွာနေသော မိတ်ဟောင်းဆွေဟောင်း ရည်းစားဟောင်းအချစ်ဟောင်း အလုပ်ဟောင်း နေရာဟောင်းများနဲ့ ပြန်ပြီးပတ်သက်ရတတ်

၂။ ဆုံးရှုံးမလိုဖြစ်နေတဲ့ ရွှေငွေပစ္စည်း အခွင့်ရေးများ ပြန်ရတတ် ပျက်မလိုဖြစ်နေတဲ့အလုပ်များ အောင်မြင်တတ်

၃။ အနားဝန်းကျင်မှာ ကလေးမွေးတဲ့သတင်းကြားလျှင် စီးပွားတက်မည် ထီထိုးပါ

၄။ ဆွေမျိုးထဲက အမျိုးသမီးကြီးတစ်ယောက်အကူအညီ ကြီးကြီးမားမားရတတ်

၅။ အလှအပ အနုပညာ ရွှေရတနာ ပစ္စည်းများဝင်လာတတ်

၆။ ကောင်းသောခရီးသွားရတတ် မြှောက်အရပ်သို့သွားရတတ်

၇။ နာမည်ဂုဏ်သတင်း နေ့ခြင်းညခြင်းတိုးတက်

၈။ ထူးခြားသောစာအုပ် ဖတ်ရမည် ထိုစာအုပ်ထဲမှ အကြံဉာဏ်သစ်များ ရရှိတတ်

၉။ ဘာပဲလုပ်လုပ် ဉာဏ်မကွန့်ပါနဲ့ ။ ရိုရိုးသားသားလုပ်ပါ အောင်မြင်မည်

၁၀။ မျှော်လင့်ချက် ရည်မှန်းချက်များ ဖြစ်မြောက်အောင်မြင်လတ္တံ့။

အကျိုးပေးအဆောင် – ပုလဲ ၊ အစိမ်းရာင်ကျောက် ၊ ငွေ

အကျိုးပေးအရောင် – အစိမ်းရောင် ၊ အဖြူရောင် ၊ ငွေရောင်

သင့်တော်သည့် ဓါတ်စာ – ဂေါ်ဖီ ၊ သခွား ၊ ဖရဲ ၊ ငှက်ပျော

သတိ ထားသင့်သည့် အန္တရာယ် – ရေဘေး

သတိထားသင့်သည့် ရောဂါ – အစာအိမ် ၊ ဝမ်းရောဂါ

နေ့ကောင်း – တနင်္ဂနွေ ၊ တနင်္လာ ၊ သောကြာ

ရက်သာ – ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅ ၊ ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်များ

အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် ။ ။ ယတြာ။ ။ အိမ်ဘုရားမှာ မုန့်လုံးရေပေါ်(၁၀)လုံး (သို့) မုန့်အဝိုင်း (၁၀)ခု မကြာခဏလှူဒါန်းဆုတောင်းလိုက်ပါ။ ကျေးငှက်များကို စာကျွေးရင်း အလိုရှိရာတွေဆုတောင်းပါ။ အတောင်ပါသောသတ္တဝါများကို မကြာခဏ ဘေးမဲ့လွှတ်ပေးပါ။အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ သွေးထွက်အောင်မှန်ကန်၍ ၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း။ …. ။

မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top