ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေဒါင္းေနေခ်ာင္းအတြင္းသို႔ ထုိးက်ခဲ့သည့္ ၁၂ ဘီးယာဥ္ကိုေတြ႕ရစဥ္ (ဓာတ္ပံု − လင္းသက္ႏုိင္)

မေကြးၿမိဳ႕ႏွင့္ ၁၄ မိုင္ခန္႔ အကြာ ေဒါင္းေနေခ်ာင္းတံတား အဝင္တြင္ သစ္မ်ားတင္လာသည့္ ၁၂ ဘီးယာဥ္တစ္စီး တံတားေဘး သို႔ လမ္းေခ်ာ္ကာ ေခ်ာင္းထဲသို႔ ထုိးက်သျဖင့္ အမ်ိဳးသမီးတစ္ဦး ေသဆံုးခဲ့သည္။

ဒီဇင္ဘာ ၅ ရက္ နံနက္ ၅ နာရီေက်ာ္တြင္ ေရနံေခ်ာင္းဘက္ မွ မေကြးဘက္သို႔ ေမာင္းႏွင္လာ ေသာ အီဆူဇူးအမ်ိဳးအစား ၁၂ ဘီး ယာဥ္သည္ ေဒါင္းေနတံတားကုန္း အဆင္း မုိင္တိုင္အမွတ္ ၃၄၅/၂ အနီးတြင္ အရွိန္မထိန္းႏုိင္ဘဲ ဆက္သြယ္ေရးတိုင္ကို ဝင္တုိက္ ကာ လမ္းေဘး ေပ ၃၀ ခန္႔ ေခ်ာက္အတြင္းသို႔ က်၍ ယာဥ္ေပၚပါ အမ်ိဳးသမီးတစ္ဦး ကားေခါင္းအတြင္းမွ ထြက္က်ၿပီး ဆက္သြယ္ ေရးတိုင္ ပိကာေသဆံုးခဲ့ေၾကာင္း၊  ယာဥ္ေမာင္းႏွင့္ အျခားသူမ်ား ထြက္ေျပးသြားေၾကာင္း  ရဲမွတ္ တမ္းတြင္ ေဖာ္ျပထားသည္။

ယင္းကိစၥကို မေကြးက႐ု ဏာရွင္မ်ား နာေရးကူညီမႈအ သင္းသို႔ အေၾကာင္းၾကားသျဖင့္ လူနာတင္ယာဥ္တစ္စီး၊ အ ေလာင္းတင္ယာဥ္တစ္စီးျဖင့္သြား ေရာက္ခဲ့ၿပီး အမ်ိဳးသမီးတစ္ဦး အေလာင္းကို ေတြ႕ရွိသျဖင့္ ေရနံ ေခ်ာင္းၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း က႐ုဏာ ရွင္မ်ားအသင္း ဒုဥကၠ႒ ဦးအုန္း ေရႊက ေျပာသည္။

အဆုိပါယာဥ္ေပၚတြင္ ရွစ္ ေပခန္႔ရွိ ပိေတာက္သစ္ခြဲသား ေခ်ာင္း ၃၀ ေက်ာ္ တင္ေဆာင္လာ ေၾကာင္း၊ ယာဥ္ေပၚ၌ ေတြ႕ရ သည့္ ဆီစာအုပ္သည္ မႏၲေလး ဆီစာအုပ္အျဖစ္ ေတြ႕ရွိထား ေသာ္လည္း ၎တုိ႔ျဖတ္သန္းလာ သည့္ ဂိတ္မ်ားကို စစ္ေဆးၾကည့္မွ ၎တို႔ မည္သည့္အရပ္မွ ေမာင္း ႏွင္လာသည္ကို ေသခ်ာစြာ သိရ မည္ျဖစ္ေၾကာင္း မေကြးၿမိဳ႕နယ္ သစ္ေတာဦးစီးဌာန ေတာအုပ္ ဦးခိုင္ေဇာ္မင္းက ရွင္းျပသည္။

‘‘ေလာေလာဆယ္ ကြၽန္ ေတာ္ေရတြက္ရသေလာက္ေတာ့ ပိေတာက္သစ္ခြဲသား ၃၂ ေခ်ာင္း ရွိတယ္။ ဒါေပမဲ့ ဒါက မေသခ်ာ ေသးဘူး။ ကားေအာက္မွာပိေန တာ၊ ညပ္ေနတာ၊ သဲထဲနစ္ေန တာမ်ိဳးေတြ ရွိႏိုင္ေသးတယ္။ ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္ တို႔သိမ္းဆည္းထားဖို႔ လုပ္ေနပါ တယ္’’ဟု ဦးခိုင္ေဇာ္မင္းက ေျပာ သည္။ 

 ၁၂ ဘီးယာဥ္ေပၚတြင္ ပိ ေတာက္သစ္ခြဲသားမ်ားကို တင္ ေဆာင္ၿပီး သစ္သားမ်ားေပၚတြင္ စပါးခံြအိတ္မ်ားျဖင့္ ဖံုး၍ တာလ ပတ္ျဖင့္ အမိုးမိုးကာ ေမာင္းႏွင္လာၿပီး ေခ်ာင္းထဲသို႔က်ရာ၌ မိုးကာႏွင့္ စပါးခြံအိတ္မ်ား ေပါက္ထြက္ကာ သစ္သားေခ်ာင္းမ်ား ထြက္က်လာေၾကာင္း ၎ကဆိုသည္။

တိမ္းေမွာက္သည့္ ယာဥ္ ေပၚတြင္ တရားဝင္သစ္ သယ္ ေဆာင္ခြင့္ ေမ်ာစာမ်ားကို မေတြ႕ ရေသးေသာ္လည္း ၎သစ္မ်ား သည္ တရားဝင္သယ္ေဆာင္ျခင္း (သို႔မဟုတ္) တရားမဝင္သယ္ ေဆာင္ျခင္းလား ဆိုသည္ကို တိ က်စြာ မေျပာႏိုင္ေသးေၾကာင္း ၎က ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္ သက္၍ ထြက္ေျပးေသာ ယာဥ္ ေမာင္းကို မေကြးၿမိဳ႕မရဲစခန္းက ယာဥ္(ပ) ၃၆/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က ျဖင့္ အမႈဖြင့္ စစ္ေဆးေနသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ဒေါင်းနေချောင်းအတွင်းသို့ ထိုးကျခဲ့သည့် ၁၂ ဘီးယာဉ်ကိုတွေ့ရစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)

မကွေးမြို့နှင့် ၁၄ မိုင်ခန့် အကွာ ဒေါင်းနေချောင်းတံတား အဝင်တွင် သစ်များတင်လာသည့် ၁၂ ဘီးယာဉ်တစ်စီး တံတားဘေး သို့ လမ်းချော်ကာ ချောင်းထဲသို့ ထိုးကျသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဒီဇင်ဘာ ၅ ရက် နံနက် ၅ နာရီကျော်တွင် ရေနံချောင်းဘက် မှ မကွေးဘက်သို့ မောင်းနှင်လာ သော အီဆူဇူးအမျိုးအစား ၁၂ ဘီး ယာဉ်သည် ဒေါင်းနေတံတားကုန်း အဆင်း မိုင်တိုင်အမှတ် ၃၄၅/၂ အနီးတွင် အရှိန်မထိန်းနိုင်ဘဲ ဆက်သွယ်ရေးတိုင်ကို ဝင်တိုက် ကာ လမ်းဘေး ပေ ၃၀ ခန့် ချောက်အတွင်းသို့ ကျ၍ ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ကားခေါင်းအတွင်းမှ ထွက်ကျပြီး ဆက်သွယ် ရေးတိုင် ပိကာသေဆုံးခဲ့ကြောင်း၊  ယာဉ်မောင်းနှင့် အခြားသူများ ထွက်ပြေးသွားကြောင်း  ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။

ယင်းကိစ္စကို မကွေးကရု ဏာရှင်များ နာရေးကူညီမှုအ သင်းသို့ အကြောင်းကြားသဖြင့် လူနာတင်ယာဉ်တစ်စီး၊ အ လောင်းတင်ယာဉ်တစ်စီးဖြင့်သွား ရောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး အလောင်းကို တွေ့ရှိသဖြင့် ရေနံ ချောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကရုဏာ ရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးအုန်း ရွှေက ပြောသည်။

အဆိုပါယာဉ်ပေါ်တွင် ရှစ် ပေခန့်ရှိ ပိတောက်သစ်ခွဲသား ချောင်း ၃၀ ကျော် တင်ဆောင်လာ ကြောင်း၊ ယာဉ်ပေါ်၌ တွေ့ရ သည့် ဆီစာအုပ်သည် မန္တလေး ဆီစာအုပ်အဖြစ် တွေ့ရှိထား သော်လည်း ၎င်းတို့ဖြတ်သန်းလာ သည့် ဂိတ်များကို စစ်ဆေးကြည့်မှ ၎င်းတို့ မည်သည့်အရပ်မှ မောင်း နှင်လာသည်ကို သေချာစွာ သိရ မည်ဖြစ်ကြောင်း မကွေးမြို့နယ် သစ်တောဦးစီးဌာန တောအုပ် ဦးခိုင်ဇော်မင်းက ရှင်းပြသည်။

‘‘လောလောဆယ် ကျွန် တော်ရေတွက်ရသလောက်တော့ ပိတောက်သစ်ခွဲသား ၃၂ ချောင်း ရှိတယ်။ ဒါပေမဲ့ ဒါက မသေချာ သေးဘူး။ ကားအောက်မှာပိနေ တာ၊ ညပ်နေတာ၊ သဲထဲနစ်နေ တာမျိုးတွေ ရှိနိုင်သေးတယ်။ လောလောဆယ်တော့ ကျွန်တော် တို့သိမ်းဆည်းထားဖို့ လုပ်နေပါ တယ်’’ဟု ဦးခိုင်ဇော်မင်းက ပြော သည်။

 ၁၂ ဘီးယာဉ်ပေါ်တွင် ပိ တောက်သစ်ခွဲသားများကို တင် ဆောင်ပြီး သစ်သားများပေါ်တွင် စပါးခွံအိတ်များဖြင့် ဖုံး၍ တာလ ပတ်ဖြင့် အမိုးမိုးကာ မောင်းနှင်လာပြီး ချောင်းထဲသို့ကျရာ၌ မိုးကာနှင့် စပါးခွံအိတ်များ ပေါက်ထွက်ကာ သစ်သားချောင်းများ ထွက်ကျလာကြောင်း ၎င်းကဆိုသည်။

တိမ်းမှောက်သည့် ယာဉ် ပေါ်တွင် တရားဝင်သစ် သယ် ဆောင်ခွင့် မျောစာများကို မတွေ့ ရသေးသော်လည်း ၎င်းသစ်များ သည် တရားဝင်သယ်ဆောင်ခြင်း (သို့မဟုတ်) တရားမဝင်သယ် ဆောင်ခြင်းလား ဆိုသည်ကို တိ ကျစွာ မပြောနိုင်သေးကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ ထွက်ပြေးသော ယာဉ် မောင်းကို မကွေးမြို့မရဲစခန်းက ယာဉ်(ပ) ၃၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top