iMyanmarHouse.com - Best Property Website for Myanmar
×

႐ိုမန္တစ္ မဆန္တဲ့ အမ်ိဳးသားနဲ႔ ခ်စ္မိတဲ့အခါ စိတ္ပ်က္စရာ မလိုပါဘူး။

တစ္ခါတစ္ရံမွာ အခ်စ္ဟာ ကိုယ္ေမွ်ာ္လင့္မထားတဲ့ ပံုစံမ်ိဳးေတြနဲ႔ ေရာက္လာတက္ပါတယ္။ ေမွ်ာ္လင့္ထားတဲ့ အရာေတြျဖစ္မလာတဲ့အခါ စိတ္ပ်က္မိၾကတတ္ပါတယ္။

ခ်စ္သူကို ႐ိုမန္တစ္ဆန္ဆန္ ခ်စ္ျပတက္တဲ့သူ တစ္ေယာက္ ျဖစ္ေစခ်င္ေပမယ့္ သူက ဒါမ်ိဳးေတြ မလုပ္တတ္တဲ့သူ ျဖစ္ေနတတ္ပါတယ္။ အဲဒီအခါ ဘယ္လိုကိုင္တြယ္ ေျဖရွင္းရမလဲဆိုတဲ့ အခ်က္ (၇) ခ်က္ရွိပါတယ္။

၁။ ဘာလိုခ်င္လဲဆိုတာ အ႐ိုးသားဆံုးနဲ႔ ပြင့္ပြင့္လင္းလင္း ေျပာပါ။ သူ႔ဗိုက္ထဲမွာ သင့္စိတ္ကို ဖတ္ႏုိင္စြမ္း ရွိတဲ့ ပု႑ားေလး ရွိမေနပါဘူး။

၂။ နားပူနားဆာ သြားမလုပ္မိပါေစနဲ႔။ သူ႐ိုမန္တစ္ မဆန္တက္တာက သင့္ကိုမခ်စ္ဘူးလို႔ ဆိုတဲ့ အဓိပၸါယ္မဟုတ္ပါဘူး။

၃။ ရည္းစားေဟာင္းေတြက ဘယ္ေလာက္ ႐ိုမန္တစ္ဆန္ေၾကာင္း၊ အျခားသူေတြရဲ႕ ရည္းစားေတြက ဘယ္ေလာက္ ခ်စ္တက္ေၾကာင္း ႏိႈင္းယွဥ္မျပပါနဲ႔။

၄။ ညႇိညႇိႏိႈင္းႏိုင္းလုပ္ဖို႔ အဆင္သင့္ျပင္ထားပါ။ ေဘာလံုးပြဲေတြ၊ လက္ေဝွ႔ပြဲေတြ ရွိရင္ သူနဲ႔ လုိက္သြားေပးပါ။ အဲဒီအခါ သင္သြားခ်င္တဲ့ ပြဲလမ္းသဘင္ေတြလည္း သူ႔ကို ေခၚသြားႏုိ္င္ပါတယ္။

၅။ သင္သူ႔ကို ဘယ္ေလာက္ခ်စ္လဲဆိုတာ သူသိေအာင္ အၿမဲတမ္း အရိပ္အေယာင္ျပေနလိုက္ပါ။ သူလည္း သင့္လို ခ်စ္တဲ့အခါ တျဖည္းျဖည္း ႐ိုမန္တစ္ ပုိဆန္လာပါလိမ့္မယ္။

၆။ ခ်က္ျခင္းႀကီး ေျပာင္းလဲလာဖို႔ မေမွ်ာ္လင့္ပါနဲ႔။ အခ်စ္စစ္မွာ ႐ိုမန္တစ္ဆန္တာေတြထက္ အေရးႀကီးတာ အမ်ားႀကီး ရွိတယ္ဆုိတာ မေမ့ပါနဲ႔။

၇။ သူက ႐ုိမန္႔တစ္ဆန္ဆန္ လုပ္မျပတက္လည္း ကိုယ္ကလုပ္ျပလိုက္ပါ။ သူမလုပ္ေပးတာနဲ႔ ကိုယ္လုပ္ေပးဖို႔ ေမ့မေနပါနဲ႔။

Source & Photos : Life

ဖိုးသူေတာ္ (www.phothutaw.com)
Credit: shwelayoung

# Unicode Version ျဖင့္ ဖတ္ပါ #
ရိုမန်တစ် မဆန်တဲ့ အမျိုးသားနဲ့ ချစ်မိတဲ့အခါ စိတ်ပျက်စရာ မလိုပါဘူး။

တစ်ခါတစ်ရံမှာ အချစ်ဟာ ကိုယ်မျှော်လင့်မထားတဲ့ ပုံစံမျိုးတွေနဲ့ ရောက်လာတက်ပါတယ်။ မျှော်လင့်ထားတဲ့ အရာတွေဖြစ်မလာတဲ့အခါ စိတ်ပျက်မိကြတတ်ပါတယ်။

ချစ်သူကို ရိုမန်တစ်ဆန်ဆန် ချစ်ပြတက်တဲ့သူ တစ်ယောက် ဖြစ်စေချင်ပေမယ့် သူက ဒါမျိုးတွေ မလုပ်တတ်တဲ့သူ ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲဆိုတဲ့ အချက် (၇) ချက်ရှိပါတယ်။

၁။ ဘာလိုချင်လဲဆိုတာ အရိုးသားဆုံးနဲ့ ပွင့်ပွင့်လင်းလင်း ပြောပါ။ သူ့ဗိုက်ထဲမှာ သင့်စိတ်ကို ဖတ်နိုင်စွမ်း ရှိတဲ့ ပုဏ္ဍားလေး ရှိမနေပါဘူး။

၂။ နားပူနားဆာ သွားမလုပ်မိပါစေနဲ့။ သူရိုမန်တစ် မဆန်တက်တာက သင့်ကိုမချစ်ဘူးလို့ ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။

၃။ ရည်းစားဟောင်းတွေက ဘယ်လောက် ရိုမန်တစ်ဆန်ကြောင်း၊ အခြားသူတွေရဲ့ ရည်းစားတွေက ဘယ်လောက် ချစ်တက်ကြောင်း နှိုင်းယှဉ်မပြပါနဲ့။

၄။ ညှိညှိနှိုင်းနိုင်းလုပ်ဖို့ အဆင်သင့်ပြင်ထားပါ။ ဘောလုံးပွဲတွေ၊ လက်ဝှေ့ပွဲတွေ ရှိရင် သူနဲ့ လိုက်သွားပေးပါ။ အဲဒီအခါ သင်သွားချင်တဲ့ ပွဲလမ်းသဘင်တွေလည်း သူ့ကို ခေါ်သွားနိုင်ပါတယ်။

၅။ သင်သူ့ကို ဘယ်လောက်ချစ်လဲဆိုတာ သူသိအောင် အမြဲတမ်း အရိပ်အယောင်ပြနေလိုက်ပါ။ သူလည်း သင့်လို ချစ်တဲ့အခါ တဖြည်းဖြည်း ရိုမန်တစ် ပိုဆန်လာပါလိမ့်မယ်။

၆။ ချက်ခြင်းကြီး ပြောင်းလဲလာဖို့ မမျှော်လင့်ပါနဲ့။ အချစ်စစ်မှာ ရိုမန်တစ်ဆန်တာတွေထက် အရေးကြီးတာ အများကြီး ရှိတယ်ဆိုတာ မမေ့ပါနဲ့။

၇။ သူက ရိုမန့်တစ်ဆန်ဆန် လုပ်မပြတက်လည်း ကိုယ်ကလုပ်ပြလိုက်ပါ။ သူမလုပ်ပေးတာနဲ့ ကိုယ်လုပ်ပေးဖို့ မေ့မနေပါနဲ့။

Source & Photos : Life

ဖိုးသူတော် (www.phothutaw.com)
Credit: shwelayoung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top