လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

လတ္တေလာ ပရိသတ္အမ်ားစု စိတ္ဝင္စားလ်က္ရွိတဲ့ ေတးသံရွင္ ခ်မ္းခ်မ္းတို႔ဇနီးေမာင္ႏွံရဲ႕ အိမ္ေထာင္ေရးျပႆနာနဲ႔ ပတ္သက္လို႔ ခ်မ္းခ်မ္းက ခြင့္လႊတ္ႏိုင္တဲ့ အေၾကာင္းအရာတခု ေပးႏိုင္ရင္ ခြင့္လႊတ္ၿပီး ျပန္လည္လက္တြဲသြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

“အစ္မ ထင္တာကေတ့ာ သူလည္းတကယ္ခ်စ္တယ္။ တကယ္ျပဳျပင္ႏိုင္မယ္ဆိုရင္ အစ္မ ခြင့္လႊတ္ႏိုင္တဲ့ အေၾကာင္းအရာ တခုေပးရင္ ျပန္ခြင့္လႊတ္မယ္။ အစ္မလည္း သူ႔ကိုေျပာျပမယ္။ ဘယ္အရာေတြျပင္ေပးရမလဲ၊ ဒါေပမယ့္ အမ်ားႀကီး ျပင္စရာမလိုပါဘူး။ အစ္မ သူဆိုးတာေလးေတြကို တခ်ိဳ႕အရာေလးေတြကို ခ်စ္တယ္။ သူဆိုးတာေလးေတြက အစ္မအတြက္ ခ်စ္ဖို႔ေကာင္းေနတယ္။ဒါဆိုၿပီးတာပဲေလ၊ ဘယ္သူ႔မွ သူ႔ကိုသေဘာက်စရာမလိုဘူး။ အစ္မသူ႔ဆီက ႐ိုးသားမႈနဲ႔သစၥာရွိမႈပဲလိုခ်င္တယ္။က်န္တာဘာမွမလိုဘူး”လို႔ သူက ဆိုပါတယ္။

ဒါ့အျပင္ အိမ္ေထာင္တခုမွာ ေငြေၾကးျပည့္စုံေန႐ုံနဲ႔ မလုံေလာက္ဘဲ တေယာက္နဲ႔တေယာက္ခံစားခ်က္မ်ားကို မွ်ေဝ ခံစားတတ္ရမယ္ဆိုတဲ့ သင္ခန္းစာလည္း ရမိတယ္လို႔ သူက ဆက္ေျပာပါတယ္။

“အိမ္ေထာင္တခုမွာ ေငြရွိေန႐ုံနဲ႔ မျပည့္စုံဘူးဆိုတာကို အစ္မဘဝမွာ သင္ခန္းစာရတယ္။ တေယာက္နဲ႔တေယာက္ ခံစားခ်က္ေတြကို မွ်ေဝရမယ္။ အဲဒီလိုမွ်ေဝတဲ့ေနရာမွာလည္း ကိုယ့္အခ်င္းခ်င္းမွ်ေဝတာပဲ လုပ္ေစခ်င္တယ္။ တစုံတေယာက္ကို မိသားစုထဲဆြဲထည့္တဲ့အခါ အမွားေတြအမ်ားႀကီးျဖစ္လာႏိုင္တယ္။ သည္းခံတယ္ဆိုတာ အတိုင္းအတာတခုအထိရွိတယ္”လို႔ ခ်မ္းခ်မ္းက ဆိုပါတယ္။

ေတးသံရွင္ ခ်မ္းခ်မ္းတို႔ ဇနီးေမာင္ႏွံရဲ႕ အိမ္ေထာင္ေရးနဲ႔ ပတ္သက္လို႔ ယခင္က ဘယ္လို ေကာလဟလသတင္းမ်ိဳးမွ ၾကားခဲ့ရျခင္းမရွိခဲ့တာေၾကာင့္ လူအမ်ားက ၎တို႔ အိမ္ေထာင္ေရးဟာ သာသာယာယာရွိတယ္လို႔ ထင္ျမင္ထားခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂၄ ရက္ေန႔တြင္ ႏိုင္ငံပိုင္သတင္းစာမွတဆင့္ ၎တို႔ႏွစ္ဦး ကြာရွင္းျပတ္ဆဲၿပီးစီးေၾကာင္း ေၾကညာခဲ့တာေၾကာင့္ ပရိသတ္အမ်ားက အံ့ၾသခဲ့ၾကရတာပါ။

ႏိုင္ငံပိုင္ သတင္းစာတြင္ ကြာရွင္းျပတ္ဆဲေၾကာင္းထည့္ခဲ့တာနဲ႔ ပတ္သက္လို႔ ခ်မ္းခ်မ္းက “သူ႔ဆီက ႐ိုးသားမႈနဲ႔သစၥာရွိမႈကို ဘယ္လိုနည္းနဲ႔ ျပန္ရႏိုင္မလဲ၊ ဘယ္လိုကတိေတြေပးႏိုင္လဲ၊ ဘယ္လိုေတြလုပ္ျပႏိုင္မလဲဆိုတာေပၚမူတည္ၿပီးေတာ့ ျပန္လည္ တည္ေဆာက္ျခင္း ေပါင္းစည္းျခင္းဆိုတာ ျဖစ္လာမွာေပါ့။ ေပါ့ေပါ့ပါးပါးနဲ႔လမ္းခြဲၿပီး ျပန္ေပါင္းမယ္ဆိုတာကေတာ့ အျပက္ အျပက္နဲ႔ ႏွာေခါင္းေသြးထြက္တာကိုေတာ့ လက္မခံႏိုင္ပါဘူး။ အဓိကက သမီးေလးအတြက္ စဥ္းစားတာပါ။ အစ္မတို႔ ၂ ေယာက္က မာနေတြနဲ႔ နားလည္မႈေတြမရွိဘဲနဲ႔ ဆက္သြားေနမယ္ဆိုရင္ ၾကာရင္ သမီးေလးအတြက္ ထိခိုက္လိမ့္မယ္။ အဲဒါေၾကာင့္ လုပ္ခဲ့တာပါ” လို႔ ေျပာပါတယ္။

ေတးသံရွင္ ခ်မ္းခ်မ္းနဲ႔ ေမာ္ဒယ္လ္သ႐ုပ္ေဆာင္ ဘုဏ္းသိုက္တို႔ဟာ ၂၀၁၃ ခုႏွစ္ ဇူလိုင္လက လက္ထပ္ခဲ့ၾကတာျဖစ္ၿပီး ျမမိုးဂဂၤါဆိုတဲ့ သမီးတေယာက္ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
လတ်တလော ပရိသတ်အများစု စိတ်ဝင်စားလျက်ရှိတဲ့ တေးသံရှင် ချမ်းချမ်းတို့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးပြဿနာနဲ့ ပတ်သက်လို့ ချမ်းချမ်းက ခွင့်လွှတ်နိုင်တဲ့ အကြောင်းအရာတခု ပေးနိုင်ရင် ခွင့်လွှတ်ပြီး ပြန်လည်လက်တွဲသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

“အစ်မ ထင်တာကတေ့ာ သူလည်းတကယ်ချစ်တယ်။ တကယ်ပြုပြင်နိုင်မယ်ဆိုရင် အစ်မ ခွင့်လွှတ်နိုင်တဲ့ အကြောင်းအရာ တခုပေးရင် ပြန်ခွင့်လွှတ်မယ်။ အစ်မလည်း သူ့ကိုပြောပြမယ်။ ဘယ်အရာတွေပြင်ပေးရမလဲ၊ ဒါပေမယ့် အများကြီး ပြင်စရာမလိုပါဘူး။ အစ်မ သူဆိုးတာလေးတွေကို တချို့အရာလေးတွေကို ချစ်တယ်။ သူဆိုးတာလေးတွေက အစ်မအတွက် ချစ်ဖို့ကောင်းနေတယ်။ဒါဆိုပြီးတာပဲလေ၊ ဘယ်သူ့မှ သူ့ကိုသဘောကျစရာမလိုဘူး။ အစ်မသူ့ဆီက ရိုးသားမှုနဲ့သစ္စာရှိမှုပဲလိုချင်တယ်။ကျန်တာဘာမှမလိုဘူး”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အိမ်ထောင်တခုမှာ ငွေကြေးပြည့်စုံနေရုံနဲ့ မလုံလောက်ဘဲ တယောက်နဲ့တယောက်ခံစားချက်များကို မျှဝေ ခံစားတတ်ရမယ်ဆိုတဲ့ သင်ခန်းစာလည်း ရမိတယ်လို့ သူက ဆက်ပြောပါတယ်။

“အိမ်ထောင်တခုမှာ ငွေရှိနေရုံနဲ့ မပြည့်စုံဘူးဆိုတာကို အစ်မဘဝမှာ သင်ခန်းစာရတယ်။ တယောက်နဲ့တယောက် ခံစားချက်တွေကို မျှဝေရမယ်။ အဲဒီလိုမျှဝေတဲ့နေရာမှာလည်း ကိုယ့်အချင်းချင်းမျှဝေတာပဲ လုပ်စေချင်တယ်။ တစုံတယောက်ကို မိသားစုထဲဆွဲထည့်တဲ့အခါ အမှားတွေအများကြီးဖြစ်လာနိုင်တယ်။ သည်းခံတယ်ဆိုတာ အတိုင်းအတာတခုအထိရှိတယ်”လို့ ချမ်းချမ်းက ဆိုပါတယ်။

တေးသံရှင် ချမ်းချမ်းတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ယခင်က ဘယ်လို ကောလဟလသတင်းမျိုးမှ ကြားခဲ့ရခြင်းမရှိခဲ့တာကြောင့် လူအများက ၎င်းတို့ အိမ်ထောင်ရေးဟာ သာသာယာယာရှိတယ်လို့ ထင်မြင်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာမှတဆင့် ၎င်းတို့နှစ်ဦး ကွာရှင်းပြတ်ဆဲပြီးစီးကြောင်း ကြေညာခဲ့တာကြောင့် ပရိသတ်အများက အံ့သြခဲ့ကြရတာပါ။

နိုင်ငံပိုင် သတင်းစာတွင် ကွာရှင်းပြတ်ဆဲကြောင်းထည့်ခဲ့တာနဲ့ ပတ်သက်လို့ ချမ်းချမ်းက “သူ့ဆီက ရိုးသားမှုနဲ့သစ္စာရှိမှုကို ဘယ်လိုနည်းနဲ့ ပြန်ရနိုင်မလဲ၊ ဘယ်လိုကတိတွေပေးနိုင်လဲ၊ ဘယ်လိုတွေလုပ်ပြနိုင်မလဲဆိုတာပေါ်မူတည်ပြီးတော့ ပြန်လည် တည်ဆောက်ခြင်း ပေါင်းစည်းခြင်းဆိုတာ ဖြစ်လာမှာပေါ့။ ပေါ့ပေါ့ပါးပါးနဲ့လမ်းခွဲပြီး ပြန်ပေါင်းမယ်ဆိုတာကတော့ အပြက် အပြက်နဲ့ နှာခေါင်းသွေးထွက်တာကိုတော့ လက်မခံနိုင်ပါဘူး။ အဓိကက သမီးလေးအတွက် စဉ်းစားတာပါ။ အစ်မတို့ ၂ ယောက်က မာနတွေနဲ့ နားလည်မှုတွေမရှိဘဲနဲ့ ဆက်သွားနေမယ်ဆိုရင် ကြာရင် သမီးလေးအတွက် ထိခိုက်လိမ့်မယ်။ အဲဒါကြောင့် လုပ်ခဲ့တာပါ” လို့ ပြောပါတယ်။

တေးသံရှင် ချမ်းချမ်းနဲ့ မော်ဒယ်လ်သရုပ်ဆောင် ဘုဏ်းသိုက်တို့ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လက လက်ထပ်ခဲ့ကြတာဖြစ်ပြီး မြမိုးဂင်္ဂါဆိုတဲ့ သမီးတယောက်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top