ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တခ်ိဳ႕ လူေတြက ကိုယ့္ထက္ပိုၿပီး တက္ၾကြ လန္းဆန္းေနႏိုင္သလဲဆိုတာကို စဥ္းစားမိၾကမွာပါ။ သင္လည္း သူတုိ႔လို တက္ၾကြလန္းဆန္းေစခ်င္ရင္ သင့္ ေနထိုင္မႈပံုစံကို အနည္းငယ္ေျပာင္းလဲလိုက္ပါ။

အိပ္ေရး၀၀ အိပ္စက္

ညအိပ္ခ်ိန္မွာ ခႏၶာကိုယ္က ကုန္ဆံုးသြားတဲ့ စြမ္းအင္ေတြကို ျပန္လည္ျဖည့္တင္းတာပါ။ ဒါေၾကာင့္ အိပ္ေရး၀၀ အိပ္စက္တာက ေနာက္တစ္ေန႔ကို အားအင္အျပည့္နဲ႔ႏိုးထႏိုင္ဖို႔ကူညီပါတယ္။

အဲ့ဒီအျပင္ ကိုယ္ႏိုးေနခ်ိန္မွာ စြမ္းအင္အမ်ားဆံုးအသံုးျပဳရတဲ့ ဦးေႏွာက္ကိုလည္း အိပ္ေနခ်ိန္မွာ အားအင္ေတြျပန္ျဖည့္ေပးပါတယ္။

ေရမ်ားမ်ားေသာက္ပါ

တစ္ေန႔ကို ေရ ၈ခြက္ထက္ မနည္းေသာက္သံုးပါ။ အားကစားေတြလုပ္ျဖစ္ရင္ ၈ ခြက္ေက်ာ္ေလာက္ကို ေသာက္သံုးသင့္ပါတယ္။ အားေပ်ာ့တဲ့ ေရဓာတ္ခမ္းေျခာက္မႈကို အလြယ္တကူ ပင္ပန္းတာကိုျဖစ္ေစတဲ့အျပင္ အားအင္ေတြကိုလည္း အလြယ္တကူ ကုန္ခမ္းၿပီး ေနမေကာင္းျဖစ္ေစႏိုင္ပါတယ္။

အနားယူပါ

စြမ္းေဆာင္ရည္ျမင့္တဲ့သူေတြက သူတုိ႔အတြက္ ကိုယ္ပိုင္ အခ်ိန္ေပးၿပီး အနားယူၾကပါတယ္။ အဲ့လို ကိုယ္ပိုင္အခ်ိန္ေပးၿပီးအနားယူတာေၾကာင့္ သူတို႔ အလုပ္ေတြကို တီထြင္ႀကံဆမႈေကာင္းၿပီး အလုပ္လည္း ပိုတြင္ပါတယ္။

ဒါေၾကာင့္ အလုပ္ကို ေတာက္ေလ်ာက္မလုပ္ဘဲ နာရီအနည္းငယ္ေလာက္ အလုပ္လုပ္ၿပီးရင္ ခဏေလာက္နားပါ။

ေလ့က်င့္းခန္းလုပ္ပါ

အားကစားလုပ္တာက ကိုယ့္စြမ္းအင္ေတြကိုသံုးတာပါဘဲ။ ဒါေပမယ့္ အားကစားလုပ္ရင္ ပင္ပန္းတာေတြကို ေျပေပ်ာက္ႏိုင္ပါတယ္။ အထူးသျဖင့္ စိတ္ဖိစီးမႈေၾကာင့္ ပင္ပန္းတာေတြကို ေပ်ာက္ေစၿပီး တက္ၾကြလန္းဆန္းေစပါတယ္။

အာဟာရရွိတဲ့ အစားအစာေတြစားပါ

က်န္းမာေရးအတြက္ ေကာင္းတဲ့ အာဟာရရွိတဲ့ အစားအစာေတြက သင့္ကို အားအင္ေတြပိုရွိေစမွာပါ။ အာဟာရရွိတဲ့ အစားအစာေတြစာသံုးၿပီး သၾကားစားသံုးတာနဲ႔အရက္ေသာက္တာကို ေလ်ာ့ခ်ရင္ သင့္ရဲ႕ အားအင္ေတြကို တိုးျမင့္ေစပါတယ္။

ကဖိန္းဓာတ္ကို မစြဲလန္းပါနဲ႔

ကဖိန္းဓာတ္က ကိုယ့္ကို တက္ၾကြလန္းဆန္းေစေပမယ့္ ေကာ္ဖီေသာက္သံုးတာမ်ားရင္ ညအိပ္မေပ်ာ္တာနဲ႔ ခႏၶာကိုယ္ရဲ႕ ဇီ၀စနစ္ကို ထိခိုက္ေစပါတယ္။

ေဆးလိပ္မေသာက္ပါနဲ႔

ေဆးလိပ္ေသာက္တာဟာ က်န္းမာေရးကိုထိခိုက္ေစၿပီး အေမာလည္း မခံႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ေဆးလိပ္ျဖတ္ႏိုင္ဖို႔ႀကိဳးစားပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#
တချို့ လူတွေက ကိုယ့်ထက်ပိုပြီး တက်ကြွ လန်းဆန်းနေနိုင်သလဲဆိုတာကို စဉ်းစားမိကြမှာပါ။ သင်လည်း သူတို့လို တက်ကြွလန်းဆန်းစေချင်ရင် သင့် နေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲလိုက်ပါ။

အိပ်ရေး၀၀ အိပ်စက်

ညအိပ်ချိန်မှာ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းတာပါ။ ဒါကြောင့် အိပ်ရေး၀၀ အိပ်စက်တာက နောက်တစ်နေ့ကို အားအင်အပြည့်နဲ့နိုးထနိုင်ဖို့ကူညီပါတယ်။

အဲ့ဒီအပြင် ကိုယ်နိုးနေချိန်မှာ စွမ်းအင်အများဆုံးအသုံးပြုရတဲ့ ဦးနှောက်ကိုလည်း အိပ်နေချိန်မှာ အားအင်တွေပြန်ဖြည့်ပေးပါတယ်။

ရေများများသောက်ပါ

တစ်နေ့ကို ရေ ၈ခွက်ထက် မနည်းသောက်သုံးပါ။ အားကစားတွေလုပ်ဖြစ်ရင် ၈ ခွက်ကျော်လောက်ကို သောက်သုံးသင့်ပါတယ်။ အားပျော့တဲ့ ရေဓာတ်ခမ်းခြောက်မှုကို အလွယ်တကူ ပင်ပန်းတာကိုဖြစ်စေတဲ့အပြင် အားအင်တွေကိုလည်း အလွယ်တကူ ကုန်ခမ်းပြီး နေမကောင်းဖြစ်စေနိုင်ပါတယ်။

အနားယူပါ

စွမ်းဆောင်ရည်မြင့်တဲ့သူတွေက သူတို့အတွက် ကိုယ်ပိုင် အချိန်ပေးပြီး အနားယူကြပါတယ်။ အဲ့လို ကိုယ်ပိုင်အချိန်ပေးပြီးအနားယူတာကြောင့် သူတို့ အလုပ်တွေကို တီထွင်ကြံဆမှုကောင်းပြီး အလုပ်လည်း ပိုတွင်ပါတယ်။

ဒါကြောင့် အလုပ်ကို တောက်လျောက်မလုပ်ဘဲ နာရီအနည်းငယ်လောက် အလုပ်လုပ်ပြီးရင် ခဏလောက်နားပါ။

လေ့ကျင့်းခန်းလုပ်ပါ

အားကစားလုပ်တာက ကိုယ့်စွမ်းအင်တွေကိုသုံးတာပါဘဲ။ ဒါပေမယ့် အားကစားလုပ်ရင် ပင်ပန်းတာတွေကို ပြေပျောက်နိုင်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုကြောင့် ပင်ပန်းတာတွေကို ပျောက်စေပြီး တက်ကြွလန်းဆန်းစေပါတယ်။

အာဟာရရှိတဲ့ အစားအစာတွေစားပါ

ကျန်းမာရေးအတွက် ကောင်းတဲ့ အာဟာရရှိတဲ့ အစားအစာတွေက သင့်ကို အားအင်တွေပိုရှိစေမှာပါ။ အာဟာရရှိတဲ့ အစားအစာတွေစာသုံးပြီး သကြားစားသုံးတာနဲ့အရက်သောက်တာကို လျော့ချရင် သင့်ရဲ့ အားအင်တွေကို တိုးမြင့်စေပါတယ်။

ကဖိန်းဓာတ်ကို မစွဲလန်းပါနဲ့

ကဖိန်းဓာတ်က ကိုယ့်ကို တက်ကြွလန်းဆန်းစေပေမယ့် ကော်ဖီသောက်သုံးတာများရင် ညအိပ်မပျော်တာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝစနစ်ကို ထိခိုက်စေပါတယ်။

ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာဟာ ကျန်းမာရေးကိုထိခိုက်စေပြီး အမောလည်း မခံနိုင်တော့ပါဘူး။ ဒါကြောင့် ဆေးလိပ်ဖြတ်နိုင်ဖို့ကြိုးစားပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top