ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဘြတ္ဖိနပ္၊ ရွဴးဖိနပ္စီးတဲ့အခါမွာ ေျခေခ်ာင္းထိပ္ေလးေတြ နာက်င္တဲ့ ေဝဒနာမ်ိဳး ခံစားရဖူးလား။ ေျခစြယ္ငုတ္တာကလည္း ခံစားရခက္တဲ့ ေဝဒနာတစ္ခုပါပဲ။ ေျခစြယ္ငုတ္တာကို မကုသဘဲ ထားမယ္ဆိုရင္ ဘတ္တီးရီးယားပိုးမႊားမ်ား ဝင္ေရာက္သြားႏုိင္ၿပီး အနာျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ ေျခစြယ္ငုတ္တဲ့အခါမွာ ေျခေခ်ာင္းနဲ႔ ေျခသည္းမ်ားကို သန္႔ရွင္းစင္ၾကယ္ေအာင္ ထားဖို႔အေရးႀကီးပါတယ္။ ေျခေခ်ာင္း၊ ေျခသည္းၾကားက ဆဲလ္ေသမ်ားကို ဖယ္ရွားသန္႔စင္ေပးၿပီး နာက်င္မႈဒဏ္ကို ေလ်ာ့ပါးေစဖုိ႔အတြက္ အခုေဖာ္ျပေပးမယ့္ နည္းလမ္းအတုိင္း ျပဳလုပ္ႏိုင္ပါတယ္။

(၁) ေရခဲအိတ္ကပ္ပါ

ေျခစြယ္ငုတ္ျခင္းေၾကာင့္ ေျခေထာင့္နာက်င္၊ ေရာင္ရမ္းမႈကို သက္သာေစဖုိ႔အတြက္ ေရခဲအိတ္ကပ္ေပးႏုိင္ပါတယ္။ ေရခဲတံုးေတြကို အိတ္တစ္အိတ္ထဲ ဒါမွမဟုတ္ အဝတ္စတစ္စထဲကို စုထည့္ၿပီး နာက်င္ေနတဲ့ေနရာေပၚကို ကပ္ထားေပးႏုိင္ပါတယ္။ တစ္ႀကိမ္ကို ၁၀မိနစ္ခန္႔ ျပဳလုပ္ႏုိင္ပါတယ္။ ဒီနည္းလမ္းအတုိင္း မၾကာခဏျပဳလုပ္ေပးမယ္ဆိုရင္ နာက်င္မႈဒဏ္ကို  သက္သာေစၿပီး ေရာင္ရမ္းမႈကို ေလ်ာ့က်ေစမွာပါ။

(၂) ေရေႏြးေႏြးေလးထဲစိမ္ပါ

ေရေႏြးေႏြးေလးထဲ ေျခေထာက္စိမ္တာကလည္း နာက်င္မႈကို ေလ်ာ့ပါးေစတဲ့အျပင္ ေျခေထာက္မွာ ကပ္ၿငိေနတတ္တဲ့ ဘတ္တီးရီးယားပိုးမႊားမ်ားကို ေသေစႏုိင္ပါတယ္။ ေရေႏြးထဲကို ဆားအနည္းငယ္ခပ္ၿပီး ၁၀မိနစ္ခန္႔ ေျခေထာက္စိမ္ထားရမွာပဲ ျဖစ္ပါတယ္။ ဆားပါဝင္တဲ့အတြက္ ေျခေထာက္မွာ ကပ္ၿငိေနတဲ့ ဆဲလ္ေသမ်ားကို ဖယ္ရွားေပးႏုိင္ပါတယ္။ ဒါအျပင္ နာက်င္မႈဒဏ္ကိုလည္း သက္သာေစမွာပါ။

(၃) Massage ျပဳလုပ္ပါ

ေျခေထာက္တစ္ဝိုက္ ေသြးလည္ပတ္မႈေကာင္းမြန္ေစဖို႔အတြက္ massage ျပဳလုပ္ေပးႏုိင္ပါတယ္။ ေသြးလည္ပတ္မႈေကာင္းမြန္လာတဲ့အခါ နာက်င္မႈလည္း သက္သာလာပါလိမ့္မယ္။ ပိုမိုထိေရာက္မႈ ရွိေစဖို႔အတြက္ အပူေပးထားတဲ့ သံလြင္ဆီ ဒါမွမဟုတ္ အုန္းဆီအနည္းငယ္ကို လိမ္းၿပီး ႏွိပ္နယ္ေပး ႏုိင္ပါတယ္။ ညအိပ္ရာဝင္ခါနီး ဒီနည္းလမ္းအတုိင္း ျပဳလုပ္ေပးလို႔ရပါတယ္။

(၄) နႏြင္းမႈန္႔လိမ္းပါ

မီးဖိုေခ်ာင္သံုးပစၥည္းေတြထဲမွာ ေဆးဖက္ဝင္ၿပီး အသံုးတည့္တဲ့အရာတစ္ခုကေတာ့ နႏြင္းမႈန္႔ပါပဲ။ နႏြင္းမႈန္႔မွာပါဝင္တဲ့ ဓာတ္ပစၥည္းမ်ားက ေျခေထာက္ေရာင္ရမ္းမႈကို ေလ်ာ့ပါးေစတဲ့အျပင္ ဘတ္တီးရီးယားပိုးမႊားမ်ား ဝင္ေရာက္မႈမွလည္း ဟန္႔တားေပးႏုိင္ပါတယ္။ သံလြင္ဆီနဲ႔ နႏြင္းမႈန္႔အနည္းငယ္ကို အႏွစ္ျဖစ္သြားေအာင္ ေရာစပ္လိုက္ၿပီး နာက်င္ေနတဲ့ေျခေထာက္ေပၚအႏွံ႔ သုတ္လိမ္းေပးပါ။ တစ္ေန႔ကို ႏွစ္ႀကိမ္လိမ္းေပးရံုနဲ႔ နာက်င္မႈဒဏ္ သက္သာလာတာကို ေတြ႔ရမွာပါ။

(၅) ပန္းသီးရွာလကာရည္စိမ္ပါ

ပန္းသီးရွာလကာရည္ကလည္း ဘတ္တီးရီးယား ပိုးမႊားမ်ားနဲ႔ ဆဲလ္ေသမ်ားကို ဖယ္ရွားသန္႔စင္ေပးႏုိင္တဲ့ သဘာဝ ေဆးစြမ္းေကာင္း တစ္လက္ပါပဲ။ ပန္းသီးရွာလကာရည္မွာ ပါဝင္တဲ့ အက္ဆစ္ဓာတ္က ေျခေခ်ာင္းၾကားမွာ ကပ္ၿငိေနတဲ့ အညစ္အေၾကးမ်ားကို ဖယ္ရွားေပးၿပီး ပိုးမႊားမ်ား ဝင္ေရာက္မႈမွလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ေရေႏြးဇလံုထဲကို ပန္းသီးရွာလကာရည္နဲ႔ ပ်ားရည္ဆတူေရာစပ္ၿပီး မိနစ္ ၃၀ခန္႔ ေျခေထာက္စိမ္ထားရမွာပါ။ ဒီနည္းလမ္းအတိုင္း တစ္ေန႔ကို ႏွစ္ႀကိမ္ျပဳလုပ္ေပးရံုနဲ႔ နာက်င္မႈဒဏ္ကို သက္သာေစပါလိမ့္မယ္။

Previous:၂ပြဲေပါင္းစံခ်ိန္တင္ဂုိးျပတ္နဲ႔ဘုိင္ယန္ကုိအ႐ႈံးေပးခဲ့ရတဲ့အာစင္နယ္။
Next:လ်စ္လ်ဴရႈမထားသင့္တဲ့ ကေလးငယ္မ်ားရဲ႕က်န္းမာေရးဆိုင္ရာလကၡဏာမ်ား

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
ဘွတ်ဖိနပ်၊ ရှူးဖိနပ်စီးတဲ့အခါမှာ ခြေချောင်းထိပ်လေးတွေ နာကျင်တဲ့ ဝေဒနာမျိုး ခံစားရဖူးလား။ ခြေစွယ်ငုတ်တာကလည်း ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါပဲ။ ခြေစွယ်ငုတ်တာကို မကုသဘဲ ထားမယ်ဆိုရင် ဘတ်တီးရီးယားပိုးမွှားများ ဝင်ရောက်သွားနိုင်ပြီး အနာဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခြေစွယ်ငုတ်တဲ့အခါမှာ ခြေချောင်းနဲ့ ခြေသည်းများကို သန့်ရှင်းစင်ကြယ်အောင် ထားဖို့အရေးကြီးပါတယ်။ ခြေချောင်း၊ ခြေသည်းကြားက ဆဲလ်သေများကို ဖယ်ရှားသန့်စင်ပေးပြီး နာကျင်မှုဒဏ်ကို လျော့ပါးစေဖို့အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

(၁) ရေခဲအိတ်ကပ်ပါ

ခြေစွယ်ငုတ်ခြင်းကြောင့် ခြေထောင့်နာကျင်၊ ရောင်ရမ်းမှုကို သက်သာစေဖို့အတွက် ရေခဲအိတ်ကပ်ပေးနိုင်ပါတယ်။ ရေခဲတုံးတွေကို အိတ်တစ်အိတ်ထဲ ဒါမှမဟုတ် အဝတ်စတစ်စထဲကို စုထည့်ပြီး နာကျင်နေတဲ့နေရာပေါ်ကို ကပ်ထားပေးနိုင်ပါတယ်။ တစ်ကြိမ်ကို ၁၀မိနစ်ခန့် ပြုလုပ်နိုင်ပါတယ်။ ဒီနည်းလမ်းအတိုင်း မကြာခဏပြုလုပ်ပေးမယ်ဆိုရင် နာကျင်မှုဒဏ်ကို  သက်သာစေပြီး ရောင်ရမ်းမှုကို လျော့ကျစေမှာပါ။

(၂) ရေနွေးနွေးလေးထဲစိမ်ပါ

ရေနွေးနွေးလေးထဲ ခြေထောက်စိမ်တာကလည်း နာကျင်မှုကို လျော့ပါးစေတဲ့အပြင် ခြေထောက်မှာ ကပ်ငြိနေတတ်တဲ့ ဘတ်တီးရီးယားပိုးမွှားများကို သေစေနိုင်ပါတယ်။ ရေနွေးထဲကို ဆားအနည်းငယ်ခပ်ပြီး ၁၀မိနစ်ခန့် ခြေထောက်စိမ်ထားရမှာပဲ ဖြစ်ပါတယ်။ ဆားပါဝင်တဲ့အတွက် ခြေထောက်မှာ ကပ်ငြိနေတဲ့ ဆဲလ်သေများကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါအပြင် နာကျင်မှုဒဏ်ကိုလည်း သက်သာစေမှာပါ။

(၃) Massage ပြုလုပ်ပါ

ခြေထောက်တစ်ဝိုက် သွေးလည်ပတ်မှုကောင်းမွန်စေဖို့အတွက် massage ပြုလုပ်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်လာတဲ့အခါ နာကျင်မှုလည်း သက်သာလာပါလိမ့်မယ်။ ပိုမိုထိရောက်မှု ရှိစေဖို့အတွက် အပူပေးထားတဲ့ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီအနည်းငယ်ကို လိမ်းပြီး နှိပ်နယ်ပေး နိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီး ဒီနည်းလမ်းအတိုင်း ပြုလုပ်ပေးလို့ရပါတယ်။

(၄) နနွင်းမှုန့်လိမ်းပါ

မီးဖိုချောင်သုံးပစ္စည်းတွေထဲမှာ ဆေးဖက်ဝင်ပြီး အသုံးတည့်တဲ့အရာတစ်ခုကတော့ နနွင်းမှုန့်ပါပဲ။ နနွင်းမှုန့်မှာပါဝင်တဲ့ ဓာတ်ပစ္စည်းများက ခြေထောက်ရောင်ရမ်းမှုကို လျော့ပါးစေတဲ့အပြင် ဘတ်တီးရီးယားပိုးမွှားများ ဝင်ရောက်မှုမှလည်း ဟန့်တားပေးနိုင်ပါတယ်။ သံလွင်ဆီနဲ့ နနွင်းမှုန့်အနည်းငယ်ကို အနှစ်ဖြစ်သွားအောင် ရောစပ်လိုက်ပြီး နာကျင်နေတဲ့ခြေထောက်ပေါ်အနှံ့ သုတ်လိမ်းပေးပါ။ တစ်နေ့ကို နှစ်ကြိမ်လိမ်းပေးရုံနဲ့ နာကျင်မှုဒဏ် သက်သာလာတာကို တွေ့ရမှာပါ။

(၅) ပန်းသီးရှာလကာရည်စိမ်ပါ

ပန်းသီးရှာလကာရည်ကလည်း ဘတ်တီးရီးယား ပိုးမွှားများနဲ့ ဆဲလ်သေများကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ သဘာဝ ဆေးစွမ်းကောင်း တစ်လက်ပါပဲ။ ပန်းသီးရှာလကာရည်မှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က ခြေချောင်းကြားမှာ ကပ်ငြိနေတဲ့ အညစ်အကြေးများကို ဖယ်ရှားပေးပြီး ပိုးမွှားများ ဝင်ရောက်မှုမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရေနွေးဇလုံထဲကို ပန်းသီးရှာလကာရည်နဲ့ ပျားရည်ဆတူရောစပ်ပြီး မိနစ် ၃၀ခန့် ခြေထောက်စိမ်ထားရမှာပါ။ ဒီနည်းလမ်းအတိုင်း တစ်နေ့ကို နှစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ နာကျင်မှုဒဏ်ကို သက်သာစေပါလိမ့်မယ်။

Previous:၂ပွဲပေါင်းစံချိန်တင်ဂိုးပြတ်နဲ့ဘိုင်ယန်ကိုအရှုံးပေးခဲ့ရတဲ့အာစင်နယ်။
Next:လျစ်လျူရှုမထားသင့်တဲ့ ကလေးငယ်များရဲ့ကျန်းမာရေးဆိုင်ရာလက္ခဏာများ

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top