၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

အရြယ္သုံးပါးႀကိဳက္တဲ့ အဆိုေတာ္လို႔ေတာင္ ဆိုလို႔ရတာကေတာ့ စိုင္းစိုင္းခမ္းလွိုင္ပါ ။ ဒီေလာက္ကိုလည္း သူ႔ရဲ့ ေအာင္ျမင္မွုအရွိန္ကမေသးလွပါဘူး ။

ဆယ္စုႏွစ္ေက်ာ္ေအာင္ ေအာင္ျမင္မွုကိုထိန္းသိမ္းထားဆဲ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္ ။ ႏွုတ္ခမ္းနီမေလးေတြအသည္းစြဲ စိုင္းစိုင္းခမ္းလွိုင္က ခုခ်ိန္မွာ

စင္ျမင့္အေတြ႕အၾကဳံေတြ အေတာ္ကိုမ်ားခဲ့ပါၿပီ ။ သို႔ေပမယ့္လည္း လြန္ခဲ့တဲ့ ၁၃ ႏွစ္က ေအာင္ျမင္စအဆိုေတာ္ေလးတစ္ေယာက္ရဲ့ စင္ျမင့္ေပၚကအျဖစ္အပ်က္ေလးတစ္ခုကိုမေမ့မေလ်ာ့ရွိေနဆဲဆိုတာ ပရိတ္သတ္ေတြကိုေျပာျပထားခဲ့ပါတယ္ …

” 2004 ခုႏွစ္ ဒီဇင္ဘာလ

SAI SAI SHOW in MCC

အဲဒီတုန္းက မင္းဓမၼလမ္းေပၚက MCC ခန္းမ ဖြင့္ကာစ။ က်ေနာ့္ဘဝရဲ့ အမွတ္တရမွတ္တိုင္တစ္ခုပါပဲ။ ေန႔လည္ခင္းတစ္နာရီမွာစဆိုမယ့္ပြဲက ၁၂နာရီေလာက္ကတည္းက ခန္းမတစ္ခုလုံး ျပည့္သြားခဲ့ၿပီးပါၿပီ။

ေသၿပီဆရာတို႔ ေကာင္မေလးႀကိဳက္တယ္ခိုက္တယ္ဆိုၿပီးတို႔ ထြက္ခါစေလာက္ကေပါ့။ အံမယ္ ပြဲကို ကမၻာေအးလမ္းတေလၽွာက္မွာ လမ္းကန႔္လန႔္ျဖတ္ Cross Banner ေတြ ဘာေတြနဲ႔ ေၾကာ္ျငာတာေနာ္။ ကိုေမာင္ေမာင္ေအးတို႔ရဲ့ Dream Boat အဖြဲ႕ စတင္ဖြဲ႕စည္းကာစ အခ်ိန္ေတြျဖစ္မွာေပါ့။ Stage ႀကီးကို ဦးေနမ်ိဳး(ေဆး) တို႔ ကိုေက်ာ္စိုး(ကိုမင္းခိုက္)တို႔ကပါ အားတက္သေရာ ဝိုင္းဝန္း စဥ္းစားတည္ေဆာက္ေပးခဲ့ၾကတာပါ။

MCC ကေန႔လည္ခင္းဆို အလင္းေပါက္ေတာ့ ပိတ္စအမည္းေရာင္ေတြ အမ်ားႀကီးဝယ္ၿပီး ကာခဲ့ရတာမွတ္မိတယ္။ အံမယ္ က်ေနာ္က လုပ္ခ်င္တာအကုန္လုပ္တာပဲ ။ စင္ကို ႏွစ္ဆင့္ေဆာက္ ၊ အေပၚထပ္မွာ အခန္းေလးေတြကန႔္ၿပီး ကေခ်သည္ေလးေတြထားမယ္ ။ ၿပီးေတာ့ က်ေနာ္ စင္ေပၚမွာ ေလၽွာက္ေျပးဖို႔ ေျပးလမ္းနဲ႔ ဘာနဲ႔ ။ မမို႔က စႏၵရားတီးမယ္ဆိုေတာ့ စႏၵရားကိုစင္ေပၚတြန္းထုတ္လာဖို႔ အသံဖမ္းဖို႔ တိုင္ေတြပတ္၊အခုလိုမ်ိဳးမွ မျပည့္စုံေသးတာေလ ေနာ့။

ပြဲအဖြင့္ကို စင္ေရွ႕မွာ ပိတ္စအျဖဴအႀကီးႀကီးနဲ႔ ပိတ္ကာထားတာက စပါတယ္။ ၿပီးေတာ့ Spot Light အႀကီးတစ္လုံးနဲ႔ စင္ေနာက္ကေန ေျပာင္းျပန္ ျပန္ထိုးထားတယ္။ က်ေနာ္ရယ္ ေကာင္းျမတ္ရယ္ ငယ္ငယ္ရယ္ က်ေနာ္တို႔ ရဲသုံးေဖာ္က အဲဒီ မီးလုံးေရွ႕မွာရပ္ေန။

အေရွ႕က ပိတ္ကားအျဖဴမွာ က်ေနာ္တို႔ အရိပ္ႀကီးေတြထင္ေန။ ဟမ္း .. ဒီေဂ်က အဖြင့္တီးလုံးစဖြင့္။ ပရိသတ္ေတြ အေသေအာ္ ။ က်ေနာ္လည္းရင္ေတြ တဒိုင္းဒိုင္းခုန္။ ၿပီးေတာ့မွ ႐ုပ္ရွင္ထဲက မင္းသားေတြ လူဆိုးစခန္းကို ဗုံးခြဲၿပီးရင္ ေလၽွာက္တဲ့ Slow Motion မ်ိဳးနဲ႔ တစ္လွမ္းခ်င္း ေရွ႕ကိုေလၽွာက္။ မီးထိုးထားတဲ့ အရိပ္က တျဖည္းျဖည္းေသးလာ ။

ပိတ္ကားေရွ႕ေရာက္ေတာ့ အလိုက္သင့္ အရာေပးထားတဲ့ ေနရာကေန ျဖဲၿပီးေတာ့ က်ေနာ္တို႔စင္ေရွ႕ကိုခုန္ထြက္ ။ ပရိသတ္ႀကီးလည္း ဝုန္းဒိုင္းၾကဲေအာင္ ထခုန္ ။ က်ေနာ္လည္း လက္ႏွစ္ဖက္ကို ေျမႇာက္ၿပီးႏွုတ္ဆက္ေပါ့ေလဗ်ာ။ အဲဒီတုန္းက က်ေနာ့္အဖြင့္သီခ်င္းကို မွတ္မိၾကတယ္မလား။ “ငါ ျပန္လာၿပီ အေရွ႕ကိုေရာက္ေနၿပီ ။ မင္းတို႔လက္ေတြ ေလထဲကို ေျမႇာက္ထားလိုက္” ဆိုတာ။ အဲ .. အဲဒီ သီခ်င္းနဲ႔ေပါ့။

” မဂၤလာပါ” က်ေနာ္ေအာ္ပါတယ္။ “အားလုံးလက္ေတြ ေလထဲကိုေျမႇာက္ထားလိုက္ ” ။ လက္ေတြအားလုံး ေလေပၚဝဲသြားတယ္။ က်ေနာ္လည္းေျမႇာက္တယ္ ။ ေဘးမွာရွိတဲ့ ေကာင္းျမတ္လည္း ေျမႇာက္တယ္။ ငယ္ငယ္လည္းေျမႇာက္တယ္ ။ ကိုယ့္ကိုကိုယ္ တိုက္ပြဲကျပန္လာတဲ့ သူရဲေကာင္းတစ္ေယာက္လို မာန္မ်ိဳးနဲ႔ေပါ့။

ဒါေပမယ့္ က်ေနာ့္ေရွ႕တည့္တည့္က ေကာင္မေလးေတြကေတာ့ လက္မေျမႇာက္ဘူးခင္ဗ်။ အဲဒီအစား က်ေနာ့္ကိုလက္ညႇိုးထိုးၿပီး စူးစူးဝါးဝါးေအာ္ေနတာ။ က်ေနာ္ ေမးတခ်က္ဆတ္ၿပီး လက္ေျမႇာက္ဆိုတဲ့ အိုက္တင္လုပ္ျပလိုက္ေသးတယ္။ မေျမႇာက္ဘူးဗ် ။ လက္ညႇိုးေတြ ဝိုင္းထိုးၿပီး စကားလွမ္းေျပာေနၾကတာ။

စင္ေပၚမွာဗ်ာ။ ဂီတသံက အက်ယ္ႀကီးကို ဘာမွမၾကားရဘူး။ က်ေနာ္လက္ေျမႇာက္ရက္သားပဲ အေရွ႕ကို ႏွစ္လွမ္းေလာက္တိုးလိုက္ေတာ့မွ သူတို႔ဝိုင္းေအာ္ေနတာ ၾကားရတာ။

” စိုင္းစိုင္း ေဘာင္းဘီဇစ္ျပဳတ္ေနတယ္” တဲ့ .. အီး …

(အခု ဒီစာေရးေနရင္းနဲ႔ေတာင္ နားရြက္ေအာက္ ပါးသိုင္းနားေလာက္မွာ စိမ့္ကနဲ ျဖစ္သြားေသးတယ္။ အမေလး ရွက္လိုက္တာ အရပ္ကတို႔ရယ္)

စင္ေပၚကအမွတ္တရ ” ေတြပါတဲ့ …

ရယ္စရာေလးျဖစ္ေပမယ့္ ခုခ်ိန္မွာေတာ့ တကယ့္ကိုအမွတ္တရရွိေနမယ့္ အျဖစ္ေလးတစ္ခု ျဖစ္က်န္ေနခဲ့တာပါပဲ …

ပရိတ္သတ္တို႔မွာေရာ စိုင္းစိုင္းလို႔ ေမ့မရမယ့္ အတိတ္အမွတ္တရေတြရွိခဲ့ဖူးလား ?

Source : myanmarload.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
အရွယ်သုံးပါးကြိုက်တဲ့ အဆိုတော်လို့တောင် ဆိုလို့ရတာကတော့ စိုင်းစိုင်းခမ်းလှိုင်ပါ ။ ဒီလောက်ကိုလည်း သူ့ရဲ့ အောင်မြင်မှုအရှိန်ကမသေးလှပါဘူး ။

ဆယ်စုနှစ်ကျော်အောင် အောင်မြင်မှုကိုထိန်းသိမ်းထားဆဲ အနုပညာရှင်တစ်ဦးဖြစ်ပါတယ် ။ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ စိုင်းစိုင်းခမ်းလှိုင်က ခုချိန်မှာ

စင်မြင့်အတွေ့အကြုံတွေ အတော်ကိုများခဲ့ပါပြီ ။ သို့ပေမယ့်လည်း လွန်ခဲ့တဲ့ ၁၃ နှစ်က အောင်မြင်စအဆိုတော်လေးတစ်ယောက်ရဲ့ စင်မြင့်ပေါ်ကအဖြစ်အပျက်လေးတစ်ခုကိုမမေ့မလျော့ရှိနေဆဲဆိုတာ ပရိတ်သတ်တွေကိုပြောပြထားခဲ့ပါတယ် …

” 2004 ခုနှစ် ဒီဇင်ဘာလ

SAI SAI SHOW in MCC

အဲဒီတုန်းက မင်းဓမ္မလမ်းပေါ်က MCC ခန်းမ ဖွင့်ကာစ။ ကျနော့်ဘဝရဲ့ အမှတ်တရမှတ်တိုင်တစ်ခုပါပဲ။ နေ့လည်ခင်းတစ်နာရီမှာစဆိုမယ့်ပွဲက ၁၂နာရီလောက်ကတည်းက ခန်းမတစ်ခုလုံး ပြည့်သွားခဲ့ပြီးပါပြီ။

သေပြီဆရာတို့ ကောင်မလေးကြိုက်တယ်ခိုက်တယ်ဆိုပြီးတို့ ထွက်ခါစလောက်ကပေါ့။ အံမယ် ပွဲကို ကမ္ဘာအေးလမ်းတလျှောက်မှာ လမ်းကန့်လန့်ဖြတ် Cross Banner တွေ ဘာတွေနဲ့ ကြော်ငြာတာနော်။ ကိုမောင်မောင်အေးတို့ရဲ့ Dream Boat အဖွဲ့ စတင်ဖွဲ့စည်းကာစ အချိန်တွေဖြစ်မှာပေါ့။ Stage ကြီးကို ဦးနေမျိုး(ဆေး) တို့ ကိုကျော်စိုး(ကိုမင်းခိုက်)တို့ကပါ အားတက်သရော ဝိုင်းဝန်း စဉ်းစားတည်ဆောက်ပေးခဲ့ကြတာပါ။

MCC ကနေ့လည်ခင်းဆို အလင်းပေါက်တော့ ပိတ်စအမည်းရောင်တွေ အများကြီးဝယ်ပြီး ကာခဲ့ရတာမှတ်မိတယ်။ အံမယ် ကျနော်က လုပ်ချင်တာအကုန်လုပ်တာပဲ ။ စင်ကို နှစ်ဆင့်ဆောက် ၊ အပေါ်ထပ်မှာ အခန်းလေးတွေကန့်ပြီး ကချေသည်လေးတွေထားမယ် ။ ပြီးတော့ ကျနော် စင်ပေါ်မှာ လျှောက်ပြေးဖို့ ပြေးလမ်းနဲ့ ဘာနဲ့ ။ မမို့က စန္ဒရားတီးမယ်ဆိုတော့ စန္ဒရားကိုစင်ပေါ်တွန်းထုတ်လာဖို့ အသံဖမ်းဖို့ တိုင်တွေပတ်၊အခုလိုမျိုးမှ မပြည့်စုံသေးတာလေ နော့။

ပွဲအဖွင့်ကို စင်ရှေ့မှာ ပိတ်စအဖြူအကြီးကြီးနဲ့ ပိတ်ကာထားတာက စပါတယ်။ ပြီးတော့ Spot Light အကြီးတစ်လုံးနဲ့ စင်နောက်ကနေ ပြောင်းပြန် ပြန်ထိုးထားတယ်။ ကျနော်ရယ် ကောင်းမြတ်ရယ် ငယ်ငယ်ရယ် ကျနော်တို့ ရဲသုံးဖော်က အဲဒီ မီးလုံးရှေ့မှာရပ်နေ။

အရှေ့က ပိတ်ကားအဖြူမှာ ကျနော်တို့ အရိပ်ကြီးတွေထင်နေ။ ဟမ်း .. ဒီဂျေက အဖွင့်တီးလုံးစဖွင့်။ ပရိသတ်တွေ အသေအော် ။ ကျနော်လည်းရင်တွေ တဒိုင်းဒိုင်းခုန်။ ပြီးတော့မှ ရုပ်ရှင်ထဲက မင်းသားတွေ လူဆိုးစခန်းကို ဗုံးခွဲပြီးရင် လျှောက်တဲ့ Slow Motion မျိုးနဲ့ တစ်လှမ်းချင်း ရှေ့ကိုလျှောက်။ မီးထိုးထားတဲ့ အရိပ်က တဖြည်းဖြည်းသေးလာ ။

ပိတ်ကားရှေ့ရောက်တော့ အလိုက်သင့် အရာပေးထားတဲ့ နေရာကနေ ဖြဲပြီးတော့ ကျနော်တို့စင်ရှေ့ကိုခုန်ထွက် ။ ပရိသတ်ကြီးလည်း ဝုန်းဒိုင်းကြဲအောင် ထခုန် ။ ကျနော်လည်း လက်နှစ်ဖက်ကို မြှောက်ပြီးနှုတ်ဆက်ပေါ့လေဗျာ။ အဲဒီတုန်းက ကျနော့်အဖွင့်သီချင်းကို မှတ်မိကြတယ်မလား။ “ငါ ပြန်လာပြီ အရှေ့ကိုရောက်နေပြီ ။ မင်းတို့လက်တွေ လေထဲကို မြှောက်ထားလိုက်” ဆိုတာ။ အဲ .. အဲဒီ သီချင်းနဲ့ပေါ့။

” မင်္ဂလာပါ” ကျနော်အော်ပါတယ်။ “အားလုံးလက်တွေ လေထဲကိုမြှောက်ထားလိုက် ” ။ လက်တွေအားလုံး လေပေါ်ဝဲသွားတယ်။ ကျနော်လည်းမြှောက်တယ် ။ ဘေးမှာရှိတဲ့ ကောင်းမြတ်လည်း မြှောက်တယ်။ ငယ်ငယ်လည်းမြှောက်တယ် ။ ကိုယ့်ကိုကိုယ် တိုက်ပွဲကပြန်လာတဲ့ သူရဲကောင်းတစ်ယောက်လို မာန်မျိုးနဲ့ပေါ့။

ဒါပေမယ့် ကျနော့်ရှေ့တည့်တည့်က ကောင်မလေးတွေကတော့ လက်မမြှောက်ဘူးခင်ဗျ။ အဲဒီအစား ကျနော့်ကိုလက်ညှိုးထိုးပြီး စူးစူးဝါးဝါးအော်နေတာ။ ကျနော် မေးတချက်ဆတ်ပြီး လက်မြှောက်ဆိုတဲ့ အိုက်တင်လုပ်ပြလိုက်သေးတယ်။ မမြှောက်ဘူးဗျ ။ လက်ညှိုးတွေ ဝိုင်းထိုးပြီး စကားလှမ်းပြောနေကြတာ။

စင်ပေါ်မှာဗျာ။ ဂီတသံက အကျယ်ကြီးကို ဘာမှမကြားရဘူး။ ကျနော်လက်မြှောက်ရက်သားပဲ အရှေ့ကို နှစ်လှမ်းလောက်တိုးလိုက်တော့မှ သူတို့ဝိုင်းအော်နေတာ ကြားရတာ။

” စိုင်းစိုင်း ဘောင်းဘီဇစ်ပြုတ်နေတယ်” တဲ့ .. အီး …

(အခု ဒီစာရေးနေရင်းနဲ့တောင် နားရွက်အောက် ပါးသိုင်းနားလောက်မှာ စိမ့်ကနဲ ဖြစ်သွားသေးတယ်။ အမလေး ရှက်လိုက်တာ အရပ်ကတို့ရယ်)

စင်ပေါ်ကအမှတ်တရ ” တွေပါတဲ့ …

ရယ်စရာလေးဖြစ်ပေမယ့် ခုချိန်မှာတော့ တကယ့်ကိုအမှတ်တရရှိနေမယ့် အဖြစ်လေးတစ်ခု ဖြစ်ကျန်နေခဲ့တာပါပဲ …

ပရိတ်သတ်တို့မှာရော စိုင်းစိုင်းလို့ မေ့မရမယ့် အတိတ်အမှတ်တရတွေရှိခဲ့ဖူးလား ?

Source : myanmarload.com

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top