မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×

Adrian Pearce ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ရည်းစားဟောင်းကလမ်းခွဲတဲ့နေ့မှာပေးခဲ့တဲ့ လက်ဆောင်ကိုနှစ်ပေါင်း ၄၇နှစ်ကြာတဲ့အထိ မဖွင့်ပဲသိမ်းထားတုန်းလို့သိရပါတယ်။






Credit: Buzzy

# Unicode Version ဖြင့် ဖတ်ပါ #
Adrian Pearce ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ရည်းစားဟောင်းကလမ်းခွဲတဲ့နေ့မှာပေးခဲ့တဲ့လက်ဆောင်ကိုနှစ်ပေါင်း ၄၇နှစ်ကြာတဲ့အထိ မဖွင့်ပဲသိမ်းထားတုန်းလု့ိသိရပါတယ်။

အသက် ၁၇နှစ်အရွယ်မှာတွေ့ခဲ့ကြတာဖြစ်ပြီး သူ့ရဲ့ချစ်သူမိန်းကလေးက ခရစ်စမတ်လက်ဆောင်ပေးပြီးတာနဲ့ လမ်းခွဲခဲ့တာပဲဖြစ်ပါတယ်။သူက လက်ဆောင်ကိုယူပြီးအိမ်ပြန်လာတဲ့လမ်းမှာစိတ်ဆိုးဒေါသထွက်ပြီး ဝမ်းနည်းနေခဲ့ပါတယ်။အသည်းကွဲရတဲ့ခံစားချက်ကပင်ပန်းလွန်းလို့ လက်ဆောင်ကိုတောင် ခရစ်စမတ်သစ်ပင်အောက်မှာ လွှင့်ပစ်ခဲ့ပါတယ်။မိသားစုတွေက သူတို့ရဲ့လက်ဆောင်တွေဖွင့်ကြည့်နေပေမဲ့ သူ့ရဲ့လက်ဆောင်ကတော့သစ်ပင်အောက်မှာဒီအတိုင်းပါပဲ

အဲ့ဒီနောက် Adrian Pearceဟာ ဒီလက်ဆောင်ကိုဘယ်တော့မှဖွင့်ကြည့်မှာမဟုတ်ဘူးလို့သူ့ရဲ့မိသားစုကိုပြောခဲ့ပါတယ်။ပြောခဲ့တဲ့စကားအတိုင်းပဲသူက ဒီနေ့ထိအောင်လက်ဆောင်ကိုမဖွင့်ခဲ့ပါဘူး။

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကရည်းစားဟောင်းနဲ့ပြန်တွေ့ခဲ့ပါတယ်။ဒါပေမဲ့ Adrian Pearce က လက်ဆောင်ကိုခရစ်စမတ်သစ်ပင်အောက်မှာထား ထားတုန်းပါပဲ။သူ့ရဲ့ရည်းစားဟောင်းမိန်းကလေးကလည်း လက်ထပ်ပြီးလို့ကလေးတွေတောင်ရနေပါပြီ။

မကြာသေးခင်အချိန်ကတော့ Adrian Pearceဟာ ဒီလက်ဆောင်ကိုမဖွင့်ပဲဘာလို့သိမ်းထားတာလဲဆိုတဲ့ အကြောင်းကိုပြောပြခဲ့ပါတယ်။ သူလက်ဆောင်ကိုသိမ်းထားရတဲ့အကြောင်းက သူ့ရဲ့ရည်းစားဟောင်းနဲ့ပြန်ပြီးအဆင်ပြေသွားတဲ့အခါ အတူတူဖွင့်ရအောင်ဆိုပြီးသိမ်းထားခဲ့တာပါတဲ့။

Adrian Pearce ဟာ လက်ေ်ဆာင်ကိုသိမ်းထားခဲ့တာ အခု ၄၇နှစ်နီးပါးတောင်ရှိသွားပါပြီ။ အခုချိန်ထိမဖွင့်ရသေးတဲ့လက်ဆောင်ကိုဒီလက်ဆောင်ရတာ နှစ် ၅၀ပြည့်သွားတဲ့နှစ်ပတ်လည်မှာ ဖွင့်မယ်လို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Buzzy
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top