မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကံဆွယ်ကျေးရွာအုပ်စု၊ ကံကြီး (တောင်) ကျေးရွာအနီးတွင် အမြန်ရထားနှင့် မော်တော်ကားတိုက်မှု ဒီဇင်ဘာလ (၇) ရက်နေ့ နေ့ လည် ၁ နာရီ ၁၅ မိနစ်ခန့် က ဖြစ်ပွားရာ လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း မြို့သစ်မြို့ဘူတာ ဒုရုံပိုင် ဦးသန်းနိုင်မှ ပြောပြသိရှိရသည်။

ဖြစ်စဉ်မှာ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ နေ့ လည် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ဒန့်ဒလွန်ပင်ကျေးရွာမှ မြို့သစ်-တောင်တွင်းကားလမ်းသို့ ဆက်သွယ်သည့် ရထားလမ်းဆုံပေါ်တွင် ဦးမောင်မောင်စိုး (ဘ)ဦးကာလူး စက်ခေါင်းမောင်း ပျဉ်းမနားမြို့ မောင်းနှင်သော နေပြည်တော်-ပခုက္ကူ (၁၀၇) အဆန် RBE-2527 အမြန်ရထားသည် တောင်တွင်းကြီးမှ မြို့သစ်မြို့သို့မောင်းနှင်လာစဉ်နှင့် တောင်တွင်းကြီး ရွှေအိုး(၁)ရပ်ကွက် နေထိုင်သူ ဦးစိန်ရွှေ(၆၇)နှစ်၊ (ဘ) ဦးအောင်မြင့် မောင်းနှင်သည့် ကိုယ်ပိုင်ယာဉ် ခဲရောင် SUZUKI SWIFT အမျိုးအစား (ယာဉ်အမှတ်၊ 6M/---------) မှ ရထားလမ်းအား (အရှေ့မှ အနောက် ) သို့ ဖြတ်သွားစဉ် ရထားဖြင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်ပေါ်တွင် ကားရှေ့ခေါင်းထဲတွင် လိုက်ပါလာသူ နေလင်းအောင် အသက် ၄၂ နှစ် (ဘ) ဦးအောင်သန်းညွှန် ရွှေအိုး(၁)ရပ်ကွက် တောင်တွင်းကြီးမြို့ နေထိုင်သူတစ်ဦးမှာ (ဝဲ/ယာ)ရင်ဘက်အောင့် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူအား တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရပါသည် ။


Credit: Thithtoolwin
#Unicode Version#
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကံဆွယ်ကျေးရွာအုုပ်စု၊ ကံကြီး (တောင်) ကျေးရွာအနီးတွင် အမြန်ရထားနှင့် မော်တော်ကားတိုက်မှု ဒီဇင်ဘာလ (၇) ရက်နေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားရာ လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း မြိ့ုသစ်မြိ့ုဘူတာ ဒုရုံပိုင် ဦးသန်းနိုင်မှ ပြောပြသိရှိရသည်။

ဖြစ်စဉ်မှာ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ဒန့်ဒလွန်ပင်ကျေးရွာမှ မြို့သစ်-တောင်တွင်းကားလမ်းသို့ ဆက်သွယ်သည့် ရထားလမ်းဆုံပေါ်တွင် ဦးမောင်မောင်စိုး (ဘ)ဦးကာလူး စက်ခေါင်းမောင်း ပျဉ်းမနားမြိ့ု မောင်းနှင်သော နေပြည်တော်-ပခုက္ကူ (၁၀၇) အဆန် RBE-2527 အမြန်ရထားသည် တောင်တွင်းကြီးမှ မြိ့ုသစ်မြိ့ုသို့မောင်းနှင်လာစဉ်နှင့် တောင်တွင်းကြီး ရွှေအိုး(၁)ရပ်ကွက် နေထိုင်သူ ဦးစိန်ရွှေ(၆၇)နှစ်၊ (ဘ) ဦးအောင်မြင့် မောင်းနှင်သည့် ကိုယ်ပိုင်ယာဉ် ခဲရောင် SUZUKI SWIFT အမျိုးအစား (ယာဉ်အမှတ်၊ 6M/---------) မှ ရထားလမ်းအား (အရှေ့မှ အနောက် ) သို့ ဖြတ်သွားစဉ် ရထားဖြင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်ပေါ်တွင် ကားရှေ့ခေါင်းထဲတွင် လိုက်ပါလာသူ နေလင်းအောင် အသက် ၄၂ နှစ် (ဘ) ဦးအောင်သန်းညွှန် ရွှေအိုး(၁)ရပ်ကွက် တောင်တွင်းကြီးမြိ့ု နေထိုင်သူတစ်ဦးမှာ (ဝဲ/ယာ)ရင်ဘက်အောင့် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူအား တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရပါသည် ။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်တော်ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်ပြီး မီးရထားလမ်းအား ဖြတ်ကူးစဉ် ရထားတိုက်မိကာ ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သူ ဦးစိန်ရွှေအား ဒန်ဒလွင်ပင်နယ်မြေရဲစခန်းမှ ဒီဇင်ဘာ ၇ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန် (ပ)၃၈/၂၀၁၇ မီးရထားလုပ်ငန်းဥပဒေပုဒ်မ - ၈၅ အရ အရေးယူ အမှုဖွင့်ထားရှိကြောင်း သတင်းရရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top