iMyanmarHouse.com - Best Property Website for Myanmar
×

 ကေလးဘဝမွာပင္ က်ယ္ျပန္႔ေသာ က်န္းမာေရးႏွင့္ညီသည့္ အစားအစာမ်ားကို ေစာေစာစီးစီး မိတ္ဆက္စားသံုးေစျခင္းျဖင့္ ေကာင္းမြန္ေသာ စားေသာက္ပုံ အေလ့အက်င့္မ်ား ရွိလာႏိုင္ေၾကာင္း သု ေတသီမ်ားက ေျပာသည္။

ယင္းသို႔လုပ္ေဆာင္ရန္ အခက္အခဲရွိပါကလည္း မိဘမ်ား အေနျဖင့္ လံုးဝလက္မေလွ်ာ့သင့္ဟု သုေတသီမ်ားကေျပာသည္။

ကေလးငယ္မ်ားသည္ ဟင္းသီးဟင္းရြက္ႏွင့္ အသီးအႏွံမ်ား အပါအဝင္ က်န္းမာေရးႏွင့္ညီေသာ အစားအစာမ်ား စားသံုးေလ့ ရွိေသာ အေလ့အက်င့္ကို ေစာေစာစတင္ရန္လိုသည္။

မိခင္ကိုယ္ဝန္ေဆာင္စဥ္အတြင္း၊ ေမြးကင္းစအရြယ္ႏွင့္ ကေလးဘဝ ေစာေစာပိုင္းအေျခအေနမ်ားတြင္ က်န္းမာေရးႏွင့္ညီသည့္ အစားအစာမ်ားႏွင့္ ထိေတြ႕ရန္ အေရးႀကီးသည္။

ကိုယ္ဝန္ေဆာင္စဥ္ မိခင္စားေသာက္သည့္ အစာအာဟာရ မ်ားသည္ သားအိမ္ထဲရွိ ကေလးထံေရာက္ရွိၿပီး မိခင္က်န္းမာေရး ႏွင့္အညီ စားေသာက္ေနထိုင္ပါက သေႏၶသားလည္း က်န္းမာေရး ႏွင့္ညီေသာ အာဟာရဓာတ္မ်ား ရရွိမည္ျဖစ္ေၾကာင္း နယူးေယာက္ ၿမိဳ႕ ဘတ္ဖလိုတကၠသိုလ္မွ သုေတသီမ်ားကေျပာသည္။

မိခင္ႏို႔မွတစ္ဆင့္ က်န္းမာေရးႏွင့္ညီေသာ အစားအစာမ်ား၏ အရသာမ်ား ကေလးထံ ေရာက္ႏိုင္သည္။

လူမမည္ဘဝၿပီးေနာက္ပိုင္း က်န္းမာေရးႏွင့္ညီေသာ အစားအစာမ်ားႏွင့္ အႀကိမ္ႀကိမ္ထိေတြ႕ျခင္းေၾကာင့္ ႀကီးလာခ်ိန္တြင္က်န္းမာေရးႏွင့္ညီသည့္ အစားအစာမ်ား စားေသာအေလ့အက်င့္ ေကာင္းမ်ား ရွိလာႏိုင္သည္။

ထို႔အျပင္ မူႀကိဳေနအရြယ္ ကေလးမ်ားကို အစားအစာတစ္မ်ိဳး မ်ိဳး ေကြၽးမရပါက ၎တို႔ကို အႀကိမ္ႀကိမ္ေကြၽးၾကည့္ျခင္းေၾကာင့္ ေနာက္ဆံုးတြင္ ၎တို႔မစားလိုေသာ အစားအစာမ်ားကို စားသံုးလာႏိုင္ေၾကာင္း သုေတသီမ်ားကေျပာသည္။

သုေတသီမ်ားက ကေလးငယ္မ်ားကို က်န္းမာေရးႏွင့္ညီေသာ အစားအစာမ်ားေကြၽးရန္ ႀကိဳးပမ္းရာတြင္ လံုးဝလက္မေလွ်ာ့သင့္ဟုေျပာသည္။   

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 ကလေးဘဝမှာပင် ကျယ်ပြန့်သော ကျန်းမာရေးနှင့်ညီသည့် အစားအစာများကို စောစောစီးစီး မိတ်ဆက်စားသုံးစေခြင်းဖြင့် ကောင်းမွန်သော စားသောက်ပုံ အလေ့အကျင့်များ ရှိလာနိုင်ကြောင်း သု တေသီများက ပြောသည်။

ယင်းသို့လုပ်ဆောင်ရန် အခက်အခဲရှိပါကလည်း မိဘများ အနေဖြင့် လုံးဝလက်မလျှော့သင့်ဟု သုတေသီများကပြောသည်။

ကလေးငယ်များသည် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ အပါအဝင် ကျန်းမာရေးနှင့်ညီသော အစားအစာများ စားသုံးလေ့ ရှိသော အလေ့အကျင့်ကို စောစောစတင်ရန်လိုသည်။

မိခင်ကိုယ်ဝန်ဆောင်စဉ်အတွင်း၊ မွေးကင်းစအရွယ်နှင့် ကလေးဘဝ စောစောပိုင်းအခြေအနေများတွင် ကျန်းမာရေးနှင့်ညီသည့် အစားအစာများနှင့် ထိတွေ့ရန် အရေးကြီးသည်။

ကိုယ်ဝန်ဆောင်စဉ် မိခင်စားသောက်သည့် အစာအာဟာရ များသည် သားအိမ်ထဲရှိ ကလေးထံရောက်ရှိပြီး မိခင်ကျန်းမာရေး နှင့်အညီ စားသောက်နေထိုင်ပါက သန္ဓေသားလည်း ကျန်းမာရေး နှင့်ညီသော အာဟာရဓာတ်များ ရရှိမည်ဖြစ်ကြောင်း နယူးယောက် မြို့ ဘတ်ဖလိုတက္ကသိုလ်မှ သုတေသီများကပြောသည်။

မိခင်နို့မှတစ်ဆင့် ကျန်းမာရေးနှင့်ညီသော အစားအစာများ၏ အရသာများ ကလေးထံ ရောက်နိုင်သည်။

လူမမည်ဘဝပြီးနောက်ပိုင်း ကျန်းမာရေးနှင့်ညီသော အစားအစာများနှင့် အကြိမ်ကြိမ်ထိတွေ့ခြင်းကြောင့် ကြီးလာချိန်တွင်ကျန်းမာရေးနှင့်ညီသည့် အစားအစာများ စားသောအလေ့အကျင့် ကောင်းများ ရှိလာနိုင်သည်။

ထို့အပြင် မူကြိုနေအရွယ် ကလေးများကို အစားအစာတစ်မျိုး မျိုး ကျွေးမရပါက ၎င်းတို့ကို အကြိမ်ကြိမ်ကျွေးကြည့်ခြင်းကြောင့် နောက်ဆုံးတွင် ၎င်းတို့မစားလိုသော အစားအစာများကို စားသုံးလာနိုင်ကြောင်း သုတေသီများကပြောသည်။

သုတေသီများက ကလေးငယ်များကို ကျန်းမာရေးနှင့်ညီသော အစားအစာများကျွေးရန် ကြိုးပမ်းရာတွင် လုံးဝလက်မလျှော့သင့်ဟုပြောသည်။  

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top