ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားကို အၿမဲတေစ က်ိဳးႏြံေနရမည္ဆိုေသာ သေဘာတရားမ်ိဳး သင္ၾကားေနသည့္ ေက်ာင္းတစ္ေက်ာင္းကို တ႐ုတ္ အာဏာပိုင္မ်ားက ပိတ္ပစ္ခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ ပညာေရး ဗ်ဴ႐ိုက အဆိုပါ ေက်ာင္းသည္ ယဉ္ေက်းမႈ ႐ိုးရာ ထံုးစံမ်ားကို ဦးစားေပး သင္ၾကား ပို႔ခ်ေနသည္ဟု အမည္ခံထားေသာ္လည္း လူမႈစံႏႈန္း တန္ဖိုးမ်ားကို ေဖာက္ဖ်က္ေနေၾကာင္း ေၾကညာသည္။

ဖူရွန္ ႐ိုးရာ ယဉ္ေက်းမႈေက်ာင္း၏ သင္ခန္းစာ ပို႔ခ်မႈတြင္ လိင္အခြင့္အေရး တူညီမွ်တမႈကို ဆန္႔က်င္ေၾကာင္း ေဟာေျပာေနၿပီး အမ်ိဳးသမီးမ်ား အေနျဖင့္ ႐ိုက္ႏွက္ညႇင္းပန္းမႈ ခံေနရလွ်င္ပင္ အမ်ိဳးသားမ်ားကို တံု႔ျပန္ရန္ မသင့္ဟု တိုက္တြန္းေနသည့္ ဗီဒီယိုတစ္ခု အြန္လုိင္းေပၚ ထြက္ေပၚလာခဲ့သည္။

ထို႔ေနာက္တြင္ ေက်ာင္း၏ သင္႐ိုးမ်ားႏွင့္ ပတ္သက္၍ က်ယ္က်ယ္ျပန္႔ျပန္႔ ေဝဖန္ ေမးခြန္းထုတ္မႈမ်ား ထြက္ေပၚလာၿပီး ပညာေရး ဗ်ဴ႐ိုက ၾကားဝင္ ကိုင္တြယ္ခဲ့ရျခင္း ျဖစ္သည္။ ေလ့လာသူမ်ားက တ႐ုတ္တြင္ အလားတူ ပညာေရးေက်ာင္းမ်ား ၿပီးခဲ့သည့္ ႏွစ္ပိုင္းအတြင္း အေရအတြက္ တိုးပြား ျမင့္တက္လာေနေၾကာင္း ေထာက္ျပၾကသည္။

သင္တန္းေက်ာင္းက ပို႔ခ်မႈမ်ားတြင္ အမ်ိဳးသမီးမ်ား အေနျဖင့္ ခင္ပြန္းသည္၊ ဖခင္၊ သားတို႔၏ စကားတိုင္းကို ေျမဝယ္မက် လုိက္နာရန္၊ အမ်ိဳးသားမ်ားႏွင့္ ယွဉ္ပါက အနိမ့္ဆံုး ေနရာတြင္သာ ေနထိုင္ရန္ အစရွိသည္တို႔လည္း ပါဝင္ေနေၾကာင္း သိရသည္။

အျခား အႀကံျပဳ ပို႔ခ်မႈမ်ားတြင္ အမိ်ဳးသားမ်ားက ဆူပူသည့္အခါ လံုးဝ ခြန္းတံု႔မျပန္ရန္၊ လင္ေယာက္်ားက မည္မွ် ဆိုးသြမ္းေနသည့္တိုင္ ကြာရွင္းခြင့္အတြက္ မေတာင္းဆိုရန္ အစရွိသည္တုိ႔လည္း ပါဝင္သည္။ ထုိ႔အျပင္ အမ်ိဳးသမီး တစ္ဦးသည္ အမ်ိဳးသား သံုးဦးထက္ပို၍ လိင္ဆက္ဆံမႈ ျပဳခဲ့ပါက သုက္ရည္က အဆိပ္ျဖစ္ၿပီး ေသေစႏုိင္သည္ဆိုေသာ မွားယြင္းသည့္ ေခတ္ေနာက္ျပန္ဆြဲ သင္ၾကားမႈမ်ားပါ ျပဳလုပ္ေနေၾကာင္း တ႐ုတ္ မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

ဗီဒီယိုထဲတြင္ “မင္းတို႔ ခင္ပြန္းက ဘာေျပာေျပာ မင္းတို႔က အဲဒီအတြက္ အသင့္ျပင္ဆင္ၿပီးသား ဆိုတာမ်ိဳး ျဖစ္ေနရမယ္”ဟု ဆရာတစ္ဦးက မိန္းကေလးမ်ားကို သင္ၾကားေနသည္ကို ေတြ႕ရသည္။ ထို႔အျပင္ အမိ်ဳးသမီးမ်ားသည္ ၾကမ္းတိုက္ျခင္း၊ အိမ္သာေစးျခင္း အစရွိသည္တို႔ကို လက္ဗလာျဖင့္သာ ျပဳလုပ္ထုိက္ေၾကာင္း ညႊန္ၾကားေလ့ ရွိသည္။

ယင္းေက်ာင္းမ်ားမွ ေက်ာင္းသူမ်ားသည္ သင္ၾကားမႈဆိုင္ရာ အခ်က္အလက္မ်ားကို ျပန္လည္ ဖြင့္ဟေျပာဆိုျခင္း မရွိေစရဟု ကန္႔သတ္ ခံထားရေသာ္လည္း ၂၀၁၁ ေနာက္ပိုင္းတြင္ အဆိုပါ ေက်ာင္းမ်ားႏွင့္ ပတ္သက္၍ သတင္းမ်ား စတင္ ေပါက္ၾကား ထြက္ေပၚလာသည္။ ပညာေရး ဗ်ဴ႐ိုက ဖူရွန္ ႐ိုးရာ ယဉ္ေက်းမႈေက်ာင္း၏ သင္ၾကားမႈမ်ားသည္ လူမႈတန္ဖိုးမ်ားကို ဆိုးရြားစြာ ေဖာက္ဖ်က္ က်ဴးလြန္ေနသျဖင့္ ခ်က္ခ်င္း ပိတ္ပစ္ေစရန္ အေရးယူ ေဆာင္ရြက္ခဲ့ေၾကာင္း အတည္ျပဳ ေၾကညာသြားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MingalarBarMorning

# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးများသည် အမျိုးသားများကို အမြဲတစေ ကျိုးနွံနေရမည်ဆိုသော သဘောတရားမျိုး သင်ကြားနေသည့် ကျောင်းတစ်ကျောင်းကို တရုတ် အာဏာပိုင်များက ပိတ်ပစ်ခဲ့ကြောင်း သိရသည်။

တရုတ် ပညာရေး ဗျူရိုက အဆိုပါ ကျောင်းသည် ယဉ်ကျေးမှု ရိုးရာ ထုံးစံများကို ဦးစားပေး သင်ကြား ပို့ချနေသည်ဟု အမည်ခံထားသော်လည်း လူမှုစံနှုန်း တန်ဖိုးများကို ဖောက်ဖျက်နေကြောင်း ကြေညာသည်။

ဖူရှန် ရိုးရာ ယဉ်ကျေးမှုကျောင်း၏ သင်ခန်းစာ ပို့ချမှုတွင် လိင်အခွင့်အရေး တူညီမျှတမှုကို ဆန့်ကျင်ကြောင်း ဟောပြောနေပြီး အမျိုးသမီးများ အနေဖြင့် ရိုက်နှက်ညှင်းပန်းမှု ခံနေရလျှင်ပင် အမျိုးသားများကို တုံ့ပြန်ရန် မသင့်ဟု တိုက်တွန်းနေသည့် ဗီဒီယိုတစ်ခု အွန်လိုင်းပေါ် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ကျောင်း၏ သင်ရိုးများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် မေးခွန်းထုတ်မှုများ ထွက်ပေါ်လာပြီး ပညာရေး ဗျူရိုက ကြားဝင် ကိုင်တွယ်ခဲ့ရခြင်း ဖြစ်သည်။ လေ့လာသူများက တရုတ်တွင် အလားတူ ပညာရေးကျောင်းများ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း အရေအတွက် တိုးပွား မြင့်တက်လာနေကြောင်း ထောက်ပြကြသည်။

သင်တန်းကျောင်းက ပို့ချမှုများတွင် အမျိုးသမီးများ အနေဖြင့် ခင်ပွန်းသည်၊ ဖခင်၊ သားတို့၏ စကားတိုင်းကို မြေဝယ်မကျ လိုက်နာရန်၊ အမျိုးသားများနှင့် ယှဉ်ပါက အနိမ့်ဆုံး နေရာတွင်သာ နေထိုင်ရန် အစရှိသည်တို့လည်း ပါဝင်နေကြောင်း သိရသည်။

အခြား အကြံပြု ပို့ချမှုများတွင် အမျိုးသားများက ဆူပူသည့်အခါ လုံးဝ ခွန်းတုံ့မပြန်ရန်၊ လင်ယောက်ျားက မည်မျှ ဆိုးသွမ်းနေသည့်တိုင် ကွာရှင်းခွင့်အတွက် မတောင်းဆိုရန် အစရှိသည်တို့လည်း ပါဝင်သည်။ ထို့အပြင် အမျိုးသမီး တစ်ဦးသည် အမျိုးသား သုံးဦးထက်ပို၍ လိင်ဆက်ဆံမှု ပြုခဲ့ပါက သုက်ရည်က အဆိပ်ဖြစ်ပြီး သေစေနိုင်သည်ဆိုသော မှားယွင်းသည့် ခေတ်နောက်ပြန်ဆွဲ သင်ကြားမှုများပါ ပြုလုပ်နေကြောင်း တရုတ် မီဒီယာများက ဖော်ပြခဲ့သည်။

ဗီဒီယိုထဲတွင် “မင်းတို့ ခင်ပွန်းက ဘာပြောပြော မင်းတို့က အဲဒီအတွက် အသင့်ပြင်ဆင်ပြီးသား ဆိုတာမျိုး ဖြစ်နေရမယ်”ဟု ဆရာတစ်ဦးက မိန်းကလေးများကို သင်ကြားနေသည်ကို တွေ့ရသည်။ ထို့အပြင် အမျိုးသမီးများသည် ကြမ်းတိုက်ခြင်း၊ အိမ်သာစေးခြင်း အစရှိသည်တို့ကို လက်ဗလာဖြင့်သာ ပြုလုပ်ထိုက်ကြောင်း ညွှန်ကြားလေ့ ရှိသည်။

ယင်းကျောင်းများမှ ကျောင်းသူများသည် သင်ကြားမှုဆိုင်ရာ အချက်အလက်များကို ပြန်လည် ဖွင့်ဟပြောဆိုခြင်း မရှိစေရဟု ကန့်သတ် ခံထားရသော်လည်း ၂၀၁၁ နောက်ပိုင်းတွင် အဆိုပါ ကျောင်းများနှင့် ပတ်သက်၍ သတင်းများ စတင် ပေါက်ကြား ထွက်ပေါ်လာသည်။ ပညာရေး ဗျူရိုက ဖူရှန် ရိုးရာ ယဉ်ကျေးမှုကျောင်း၏ သင်ကြားမှုများသည် လူမှုတန်ဖိုးများကို ဆိုးရွားစွာ ဖောက်ဖျက် ကျူးလွန်နေသဖြင့် ချက်ချင်း ပိတ်ပစ်စေရန် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အတည်ပြု ကြေညာသွားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: MingalarBarMorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top