န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အိႏၵိယ ႏိုင္ငံ ေဒလီကေန မြမ္ဘိုင္ကို ပ်ံတဲ့ ေလယာဥ္ တစင္းေပၚမွာ ၁၇ ႏွစ္ အ႐ြယ္ ႐ုပ္ရွင္ မင္းသမီးတေယာက္ကို မဖြယ္မရာ လုပ္ခဲ့တယ္လို႔ ယူဆရတဲ့ အမ်ိဳးသား တေယာက္ကို ရဲက ဖမ္းဆီးခဲ့ပါတယ္။

မင္းသမီး Zaira Wasim ရဲ႕ ေနာက္ဘက္က ထိုင္တဲ့ လူလတ္ပိုင္း အမ်ိဳးသား တေယာက္ကေန သူ႔ေနာက္ေက်ာနဲ႔ ပုခုံး၊ လည္ပင္းကို ေျခေထာက္နဲ႔ ပြတ္တာ ခဏခဏ လုပ္ခဲ့ေၾကာင္း Instagram ဝက္ဆိုက္မွာ မင္းသမီးက ေရးသား ခဲ့ပါတယ္။
ေအာ္စကာအဖြဲ႕က ဟာဗီ ဝိုင္းစတင္းအမႈ ေဆြးေႏြး

အဲဒီလူရဲ႕ အျပဳအမူကို ဗီဒီယို ႐ိုက္ထားဖို႔ ႀကိဳးစားေပမယ့္ ေမွာင္လြန္းလို႔ မရခဲ့ဘူးလို႔ သူက ဆိုပါတယ္။

ပထမေတာ့ ဘာျဖစ္မွန္း မသိဘူး၊ ေနာက္မွ ဒီလူ႔ေျခေထာက္က သူ႔လည္ပင္း လာထိတာ သိတယ္လို႔ မင္းသမီးက ေျပာပါတယ္။

ေလယာဥ္ေပၚက ဆင္းလာၿပီးေနာက္ မင္းသမီး က သူ႔ကိုယ္သူ ဗီဒီယို ႐ိုက္ၿပီး စိတ္ပ်က္ေၾကာင္း အင္တာနက္မွာ လႊင့္တင္ခဲ့တာ ျဖစ္ပါတယ္။

ကြၽန္မတို႔ ကိုယ့္ကိုယ္ကိုယ္ မကာကြယ္ရင္ ဘယ္သူမွ လာကာကြယ္မွာ ကူမွာ မဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

မတရားမႈ ၿငိမ္မခံသူေတြ တိုင္းမဂၢဇင္း ဂုဏ္ျပဳ

ဝိုင္းစတင္းကို ဇနီးက စြန္႔ခြာဖို႔ ဆုံးျဖတ္

လိင္ပိုင္း စြဲခ်က္ေတြနဲ႔ ႀကဳံေနရတဲ့ နာမည္ႀကီးေတြ

Vistara အိႏၵိယ ျပည္တြင္း ေလေၾကာင္း ကလည္း ဒီလို အျပဳအမူအတြက္ လုံးဝ သည္းမခံေၾကာင္း ၊ ဒီအတြက္ စုံစမ္း စစ္ေဆးမယ္လို႔ ဆိုပါတယ္။

Zaira Wasim ဟာ အစဥ္အလာေတြကို ခ်ိဳးေဖာက္တဲ့ ဆယ္ေက်ာ္သက္ မိန္းကေလးအသြင္ သ႐ုပ္ေဆာင္တဲ့ Dangal နဲ႔ Secret Superstar ကားေတြမွာ လူသိမ်ားလာတာ ျဖစ္ပါတယ္။
လြတ္လပ္အေတြးေဆြးေႏြးဖလွယ္

ဒီႏွစ္အတြက္ ကေလး ထူးခြၽန္ဆုကို အိႏၵိယ သမၼတက သူ႔ကို ေပးခဲ့ပါတယ္ ။

ၿပီးခဲ့တဲ့ လေတြအတြင္း ေစာ္ကားမႈကို ငုံ႔မခံၾကဖို႔ အမ်ိဳးသမီးေတြကို တိုက္တြန္းတဲ့ လႈပ္ရွားမႈ ေပၚလာၿပီး အမ်ားအျပား ပူးေပါင္း လာခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: bbc

# Unicode Version ျဖင့္ ဖတ္ပါ #

အိန္ဒိယ နိုင်ငံ ဒေလီကနေ မွမ်ဘိုင်ကို ပျံတဲ့ လေယာဉ် တစင်းပေါ်မှာ ၁၇ နှစ် အရွယ် ရုပ်ရှင် မင်းသမီးတယောက်ကို မဖွယ်မရာ လုပ်ခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသား တယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

မင်းသမီး Zaira Wasim ရဲ့ နောက်ဘက်က ထိုင်တဲ့ လူလတ်ပိုင်း အမျိုးသား တယောက်ကနေ သူ့နောက်ကျောနဲ့ ပုခုံး၊ လည်ပင်းကို ခြေထောက်နဲ့ ပွတ်တာ ခဏခဏ လုပ်ခဲ့ကြောင်း Instagram ဝက်ဆိုက်မှာ မင်းသမီးက ရေးသား ခဲ့ပါတယ်။
အော်စကာအဖွဲ့က ဟာဗီ ဝိုင်းစတင်းအမှု ဆွေးနွေး

အဲဒီလူရဲ့ အပြုအမူကို ဗီဒီယို ရိုက်ထားဖို့ ကြိုးစားပေမယ့် မှောင်လွန်းလို့ မရခဲ့ဘူးလို့ သူက ဆိုပါတယ်။

ပထမတော့ ဘာဖြစ်မှန်း မသိဘူး၊ နောက်မှ ဒီလူ့ခြေထောက်က သူ့လည်ပင်း လာထိတာ သိတယ်လို့ မင်းသမီးက ပြောပါတယ်။

လေယာဉ်ပေါ်က ဆင်းလာပြီးနောက် မင်းသမီး က သူ့ကိုယ်သူ ဗီဒီယို ရိုက်ပြီး စိတ်ပျက်ကြောင်း အင်တာနက်မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် မကာကွယ်ရင် ဘယ်သူမှ လာကာကွယ်မှာ ကူမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မတရားမှု ငြိမ်မခံသူတွေ တိုင်းမဂ္ဂဇင်း ဂုဏ်ပြု

ဝိုင်းစတင်းကို ဇနီးက စွန့်ခွာဖို့ ဆုံးဖြတ်

လိင်ပိုင်း စွဲချက်တွေနဲ့ ကြုံနေရတဲ့ နာမည်ကြီးတွေ

Vistara အိန္ဒိယ ပြည်တွင်း လေကြောင်း ကလည်း ဒီလို အပြုအမူအတွက် လုံးဝ သည်းမခံကြောင်း ၊ ဒီအတွက် စုံစမ်း စစ်ဆေးမယ်လို့ ဆိုပါတယ်။

Zaira Wasim ဟာ အစဉ်အလာတွေကို ချိုးဖောက်တဲ့ ဆယ်ကျော်သက် မိန်းကလေးအသွင် သရုပ်ဆောင်တဲ့ Dangal နဲ့ Secret Superstar ကားတွေမှာ လူသိများလာတာ ဖြစ်ပါတယ်။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်

ဒီနှစ်အတွက် ကလေး ထူးချွန်ဆုကို အိန္ဒိယ သမ္မတက သူ့ကို ပေးခဲ့ပါတယ် ။

ပြီးခဲ့တဲ့ လတွေအတွင်း စော်ကားမှုကို ငုံ့မခံကြဖို့ အမျိုးသမီးတွေကို တိုက်တွန်းတဲ့ လှုပ်ရှားမှု ပေါ်လာပြီး အများအပြား ပူးပေါင်း လာခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: bbc
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top