ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဂ်ပန္လူမ်ိဳးေတြရဲ႕ ရည္မွန္းခ်က္ထက္သန္မႈနဲ႕ လူမႈထုံးလမ္း အစဥ္အလာတို႔ကို ေသြဖယ္မႈတို႔ဟာ နာမည္ႀကီးပါပဲ။ ဒါေပမဲ့ ဒီတစ္ခုကေတာ့ ေနာက္ထပ္လယ္ဗယ္တစ္ခုကို တက္သြားတယ္ ဆိုရမလား မသိပါဘူး။ ကိုယ့္အိမ္နီးခ်င္းရဲ႕အသားကိုေတာင္ စားခ်င္ရင္စားလို႔ရေနပါၿပီ။ (သူသာ သူ႕ရဲ႕ခႏၶာကိုယ္ကို ေရာင္းခ်ခဲ့မယ္ဆိုရင္ေပါ့။) ဂ်ပန္နိုင္ငံ၊ တိုက်ိဳၿမိဳ႕မွာ လူသားကို ဟင္းလ်ာအျဖစ္ တရားဝင္ခ်က္ျပဳတ္ ေရာင္းခ်တဲ့ စားေသာက္ဆိုင္တစ္ခု ဖြင့္လွစ္ခဲ့ပါတယ္။

ေၾကာက္မက္ဖြယ္ ဒီစားေသာက္ဆိုင္နာမည္ကို “The REsoto ototo no shoku ryohin” လို႔ နာမည္ဝွက္ေပးထားၿပီး အဂၤလိပ္လိုဆို “စားလို႔ရတဲ့ ညီအစ္ကို” လို႔ အဓိပၸာယ္ရပါတယ္။ ဒီစားေသာက္ဆိုင္ဟာ ဂ်ပန္တစ္နိုင္ငံလုံးကိုသာမက၊ တစ္ကမာၻလုံးက စားသုံးသူေတြကိုပါ လာေရာက္ျမည္းစမ္းၾကည့္ဖို႔ ဖိတ္ေခၚထားပါတယ္။ အဲဒီမွာ ယူရို (၁၀၀) ကေန (၁၀၀၀) အထိ ေဈးအမ်ိဳးမ်ိဳး ရွိနိုင္တဲ့ ဟင္းပြဲမီႏူးေတြကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ လူသားနဲ႕ခ်က္ျပဳတ္ထားတဲ့ ဟင္းပြဲကေတာ့ (၁၁၉၃) ယူရိုခန႔္ရွိပါတယ္။

နိုင္ငံျခားသတင္းရင္းျမစ္ေတြအရေတာ့ အာဂ်င္တီးနားနိုင္ငံက ကမာၻလွည့္ခရီးသည္တစ္ေယာက္ဟာ “စားလို႔ရတဲ့ ညီအစ္ကို” စားေသာက္ဆိုင္မွာ လူသားဟင္းကို ပထမဆုံး ျမည္းစမ္းဖူးသူတစ္ဦး ျဖစ္လာပါသတဲ့။ သူ႕ရဲ႕အဆိုအရ “အရသာကေတာ့ ဝက္သားကိုစားေနရသလိုပါပဲ။ ဒီစားေသာက္ဆိုင္မွာက ဟင္းခပ္အေမႊးအႀကိဳင္ေတြ ထည့္ခ်က္တာဆိုေတာ့ အရသာက လႊမ္းသြားတာထင္တယ္” လို႔ဆိုပါတယ္။

ဂ်ပန္နိုင္ငံမွာ ၂၀၁၄ ခုႏွစ္ကတည္းက လူသားကိုခ်က္ျပဳတ္ စားခြင့္ျပဳထားတဲ့ ဥပေဒတစ္ခု ေပၚေပါက္လာခဲ့ပါတယ္။ ဒါေပမယ့္ ေရာင္းခ်မယ့္စားေသာက္ဆိုင္နဲ႕ အသား (လူသား) ရဲ႕လတ္ဆတ္ေကာင္းမြန္မႈကိုလည္း ေသခ်ာတိုင္းတာ စစ္ေဆးၿပီးမွ ခြင့္ျပဳမွာပါ။ ေသခ်ာတာတစ္ခုကေတာ့ က်န္တဲ့ ကမာၻ႔လူဦးေရ (၉၉) ရာခိုင္ႏႈန္းကေတာ့ ထူးဆန္းတဲ့ ဒီအေလ့အထကို ေထာက္ခံၾကမွာမဟုတ္ပါဘူး။

အဲဒီေနရာမွာ ေမးစရာရွိလာတာက အဓိကပါဝင္ပစၥည္းျဖစ္တဲ့ အသား (လူသား) ကို သူတို႔ဘယ္ကရလဲ ဆိုတာပါပဲ။ လူေတြဟာ သူတို႔မေသခင္ သူတို႔ရဲ႕ခႏၶာကိုယ္ေတြကို ဒီစားေသာက္ဆိုင္မွာ ေရာင္းခ်ခဲ့နိုင္ပါတယ္။ အဲဒီကေန အသား (လူသား) ရပါတယ္။ ပ်မ္းမွ်အားျဖင့္ေတာ့ လူတစ္ေယာက္ဟာ သူတို႔ေသရင္ သူတို႔ရဲ႕ခႏၶာကိုယ္ကို တျခားသူေတြစားဖို႔ ေရာင္းခ်ခဲ့မယ္ဆိုရင္ ယူရို (၃) ေသာင္းခန႔္၊ အေမရိကန္ေဒၚလာ (၃၅၇၉၉) ခန႔္ ရရွိနိုင္ပါတယ္။ အဲဒီပိုက္ဆံကို ေရာင္းခ်သဴဟာ က်န္ရစ္သူမိသားစုဝင္ေတြအတြက္ ထားခဲ့နိုင္ပါတယ္။

ဒါေပမယ့္ တစ္ခုရွိတာက ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ေသဆုံးတဲ့သူေတြပဲ ဒီစာခ်ဳပ္ကို လက္မွတ္ထိုးနိုင္မွာျဖစ္ၿပီး သူတို႔ရဲ႕အသားဟာ စားသုံးရန္သင့္ေလ်ာ္မႈ ရွိေစဖို႔အတြက္ အထူးစပယ္ရွယ္ diet တစ္မ်ိဳးကိုလည္း ေစာင့္ထိန္းရဦးမွာပါ။ ေသဆုံးၿပီးေနာက္ မိမိရဲ႕ခႏၶာကိုယ္အေပၚ အစြဲမထားတတ္ေတာ့သူေတြကေတာ့ ဒီလိုမ်ိဳးေရာင္းခ်မလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။ ကိုယ္ကိုယ္တိုင္ လူသားဟင္းလ်ာကို သြားေရာက္ျမည္းစမ္းၾကည့္ဖို႔ေကာ စိတ္ဝင္စားၾကလား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun, Source: Steemit


# Unicode Version ျဖင့္ ဖတ္ပါရန္ #


ဂျပန်လူမျိုးတွေရဲ့ ရည်မှန်းချက်ထက်သန်မှုနဲ့ လူမှုထုံးလမ်း အစဉ်အလာတို့ကို သွေဖယ်မှုတို့ဟာ နာမည်ကြီးပါပဲ။ ဒါပေမဲ့ ဒီတစ်ခုကတော့ နောက်ထပ်လယ်ဗယ်တစ်ခုကို တက်သွားတယ် ဆိုရမလား မသိပါဘူး။ ကိုယ့်အိမ်နီးချင်းရဲ့အသားကိုတောင် စားချင်ရင်စားလို့ရနေပါပြီ။ (သူသာ သူ့ရဲ့ခန္ဓာကိုယ်ကို ရောင်းချခဲ့မယ်ဆိုရင်ပေါ့။) ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ လူသားကို ဟင်းလျာအဖြစ် တရားဝင်ချက်ပြုတ် ရောင်းချတဲ့ စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။

ကြောက်မက်ဖွယ် ဒီစားသောက်ဆိုင်နာမည်ကို “The REsoto ototo no shoku ryohin” လို့ နာမည်ဝှက်ပေးထားပြီး အင်္ဂလိပ်လိုဆို “စားလို့ရတဲ့ ညီအစ်ကို” လို့ အဓိပ္ပာယ်ရပါတယ်။ ဒီစားသောက်ဆိုင်ဟာ ဂျပန်တစ်နိုင်ငံလုံးကိုသာမက၊ တစ်ကမ္ဘာလုံးက စားသုံးသူတွေကိုပါ လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ထားပါတယ်။ အဲဒီမှာ ယူရို (၁၀၀) ကနေ (၁၀၀၀) အထိ ဈေးအမျိုးမျိုး ရှိနိုင်တဲ့ ဟင်းပွဲမီနူးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ လူသားနဲ့ချက်ပြုတ်ထားတဲ့ ဟင်းပွဲကတော့ (၁၁၉၃) ယူရိုခန့်ရှိပါတယ်။

နိုင်ငံခြားသတင်းရင်းမြစ်တွေအရတော့ အာဂျင်တီးနားနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တစ်ယောက်ဟာ “စားလို့ရတဲ့ ညီအစ်ကို” စားသောက်ဆိုင်မှာ လူသားဟင်းကို ပထမဆုံး မြည်းစမ်းဖူးသူတစ်ဦး ဖြစ်လာပါသတဲ့။ သူ့ရဲ့အဆိုအရ “အရသာကတော့ ဝက်သားကိုစားနေရသလိုပါပဲ။ ဒီစားသောက်ဆိုင်မှာက ဟင်းခပ်အမွှေးအကြိုင်တွေ ထည့်ချက်တာဆိုတော့ အရသာက လွှမ်းသွားတာထင်တယ်” လို့ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်းက လူသားကိုချက်ပြုတ် စားခွင့်ပြုထားတဲ့ ဥပဒေတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် ရောင်းချမယ့်စားသောက်ဆိုင်နဲ့ အသား (လူသား) ရဲ့လတ်ဆတ်ကောင်းမွန်မှုကိုလည်း သေချာတိုင်းတာ စစ်ဆေးပြီးမှ ခွင့်ပြုမှာပါ။ သေချာတာတစ်ခုကတော့ ကျန်တဲ့ ကမ္ဘာ့လူဦးရေ (၉၉) ရာခိုင်နှုန်းကတော့ ထူးဆန်းတဲ့ ဒီအလေ့အထကို ထောက်ခံကြမှာမဟုတ်ပါဘူး။

အဲဒီနေရာမှာ မေးစရာရှိလာတာက အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ အသား (လူသား) ကို သူတို့ဘယ်ကရလဲ ဆိုတာပါပဲ။ လူတွေဟာ သူတို့မသေခင် သူတို့ရဲ့ခန္ဓာကိုယ်တွေကို ဒီစားသောက်ဆိုင်မှာ ရောင်းချခဲ့နိုင်ပါတယ်။ အဲဒီကနေ အသား (လူသား) ရပါတယ်။ ပျမ်းမျှအားဖြင့်တော့ လူတစ်ယောက်ဟာ သူတို့သေရင် သူတို့ရဲ့ခန္ဓာကိုယ်ကို တခြားသူတွေစားဖို့ ရောင်းချခဲ့မယ်ဆိုရင် ယူရို (၃) သောင်းခန့်၊ အမေရိကန်ဒေါ်လာ (၃၅၇၉၉) ခန့် ရရှိနိုင်ပါတယ်။ အဲဒီပိုက်ဆံကို ရောင်းချသူဟာ ကျန်ရစ်သူမိသားစုဝင်တွေအတွက် ထားခဲ့နိုင်ပါတယ်။

ဒါပေမယ့် တစ်ခုရှိတာက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးတဲ့သူတွေပဲ ဒီစာချုပ်ကို လက်မှတ်ထိုးနိုင်မှာဖြစ်ပြီး သူတို့ရဲ့အသားဟာ စားသုံးရန်သင့်လျော်မှု ရှိစေဖို့အတွက် အထူးစပယ်ရှယ် diet တစ်မျိုးကိုလည်း စောင့်ထိန်းရဦးမှာပါ။ သေဆုံးပြီးနောက် မိမိရဲ့ခန္ဓာကိုယ်အပေါ် အစွဲမထားတတ်တော့သူတွေကတော့ ဒီလိုမျိုးရောင်းချမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ကိုယ်ကိုယ်တိုင် လူသားဟင်းလျာကို သွားရောက်မြည်းစမ်းကြည့်ဖို့ကော စိတ်ဝင်စားကြလား။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun, Source: Steemit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top