န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

လက္ရွိအခ်ိန္မွာ အိမ္ယာမဲ့ဘဝနဲ႔ ဘဝကို ခက္ခက္ခဲခဲရင္ဆုိင္ေနရတဲ့ အီဘုိေယးဟာ Sky Sports ကဲ့သုိ႔ေသာ ႐ုပ္သံလုိင္းကုိပင္ ဝယ္မၾကည္ႏုိင္လုိ႔ အာဆင္နယ္ပြဲ ၾကည့္ခ်င္တဲ့အခါတုိင္း ရပ္ကြက္အရက္ဆုိင္ေလးကို သြားေရာက္ၾကည့္႐ႈရတယ္လုိ႔ ဆုိပါတယ္။ ဒီလုိသြားတဲ့အခါတုိင္း သူ႕ကုိ လူေတြ မသိေအာင္ ဖုံးဖိ သြားတာလုိ႔ သူက ဆုိပါတယ္။

အာဆင္နယ္ကစားသမားေဟာင္း အီဘုိေယးဟာ ဇနီးနဲ႔ ကြာရွင္းၿပီးေနာက္ ခ်က္ခ်င္း အိမ္ရာမဲ့ဘဝေရာက္ခဲ့ရၿပီး သူငယ္ခ်င္းေတြအိမ္မွာ လိုက္ၿပီးကပ္ေနရတဲ့ ဘဝပါ။ သူဟာ ယခင္က သန္းၾကြယ္သူေဌးႀကီးတစ္ေယာက္ ျဖစ္ခဲ့ေပမယ့္ စီးပြားေရးလုပ္ငန္းေတြမွာ ရင္းနီးျမႇဳပ္ႏွံရင္း ေငြေတြအ႐ႈံးျပခဲ့သလုိ၊ Aurelie နဲ႔ကြာရွင္းေတာ့ ရွိသမွ် အကုန္ထားခဲ့ရပါတယ္။

Mirror သတင္းဌာနနဲ႔ ေတြ႕ဆုံစဥ္မွာ ” ေျပာရရင္ေတာ့ ရွက္ေတာ့ ရွက္ပါတယ္ … ရွက္စရာလည္း မက်န္ေတာ့ပါဘူး … အာဆင္နယ္အသင္းရဲ႕ ပြဲစဥ္ေတြ ၾကည့္ခ်င္တယ္ဆုိရင္ အနီးအနားက အရက္ဆုိင္ေလးမွာ သြားရတယ္ … သိပ္ အသံက်ယ္က်ယ္ အားမေပးရဲဘုူး … ၿပီးေတာ့ မ်က္ႏွာတုိ႔ဘာတုိ႔ကုိ ကာထားရတယ္ … ဆုိင္ထဲမွာက အာဆင္နယ္ပရိသတ္က အမ်ားသားေလ … ကၽြန္ေတာ့္ကို မွတ္မိသြားမွာ စိုးလုိ႔ေပါ့ “လုိ႔ ေျပာပါတယ္။
သူဟာ အန္ဖီးလ္ၿမိဳ႕က သူေနထုိင္တဲ့ေနရာနဲ႔ နီးတဲ့ အရက္ဆုိင္ေလးမွာ အာဆင္နယ္ပြဲေတြ သြားေရာက္ၾကည့္႐ႈေလ့ရွိၿပီး အာဆင္နယ္က အဲဗာတန္ကုိ 2-0 ရလာဒ္နဲ႔ ႏုိင္တဲ့ပြဲကုိ ၾကည့္ခဲ့ရပါတယ္။ သူဟာ ဘီယာတစ္လုံးကို ေအးေအးေဆးေဆး မွာၿပီး ဦးေခါင္းအထိ ဖုံးလုိ႔ရတဲ့ အက်ႌနဲ႔ ကာဗာယူခဲ့ရတယ္လုိ႔ ဆုိပါတယ္။

သူ႕အေနနဲ႔ ဒီလုိ တစ္ခါမွ မၾကည့္ခဲ့ဖူးေၾကာင္း ယခင္ကေတာ့ သူ႕သူငယ္ခ်င္းေတြနဲ႔ သူ႕ရဲ႕အိမ္မွာပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းတစ္ေယာက္ေယာက္ရဲ႕ အိမ္မွာပဲျဖစ္ျဖစ္ ဆုံၿပီး ၾကည့္ေလ့ရွိခဲ့ေၾကာင္း၊ အခုေတာ့ အေျခအေနေတြက အလြန္ျခားနားသြားၿပီျဖစ္ေၾကာင္း ဆုိပါတယ္။
အီဘုိေယးက ” ဒါက ဘဝပါဘဲ … အရင္နဲ႔ အခုယွဥ္တဲ့အခါမွ ဘဝဆုိတာ ဒါပါလားဆုိၿပီး သိခဲ့ရတာ … အရက္ဆုိင္မွာ မလြဲမေရွာင္သာ သူတုိ႔နဲ႔ေတြ႕ေတာ့ ခင္ဗ်ား မကစားစားေတာ့ဘူးလား ေမးရင္ ဟုတ္ကဲ့လုိ႔ ေျဖလုိက္တယ္ … ဒီလုိေျဖရတာ သိပ္မထူးဆန္းပါဘူး .. ဒါေပမယ့္ တစ္ခ်ိဳ႕က ကၽြန္ေတာ့္ကို အသင္းတစ္သင္းသင္းမွာ ကစားေနတယ္လုိ႔ ထင္ေန
ၾကေသးတယ္ … အခုလုိအေျခေနေတြ႕ရင္ သူတုိ႔ သိပ္ကို တုန္လႈပ္သြားလိမ့္မယ္ … ဒီေတာ့ သုိသုိသိပ္သိပ္ ေနရတာပါဘဲ “လုိ႔ ေျပာခဲ့ပါတယ္။

သူက ဆက္လက္ၿပီး ” တစ္ခါက အန္ဖီးက ကစားကြင္းတစ္ခုမွာ ကၽြန္ေတာ္ ညဘက္ ေလ့က်င့္ေနေတာ့ ေကာင္ေလးတစ္ေယာက္လည္း ကၽြန္ေတာ့္လုိပဲ ေလ့က်င့္ေနတယ္ … သူက ကၽြန္ေတာ့္ကုိ လုံးဝသိတဲ့သူ မဟုတ္ပါဘူး … ဒါေပမယ့္ ဟန္ပန္ကို ၾကည့္ၿပီး ဘယ္လုိလုပ္ နည္းစနည္းေတြကို သိေနတာလဲလုိ႔ ေမးတယ္ … ကၽြန္ေတာ္က ပ႐ုိတစ္ေယာက္ျဖစ္ခဲ့တယ္ဆုိတာ ေျပာမထြက္ဘူး … “လုိ႔ ဆုိပါတယ္။

ၿပီးေနာက္ ” လူေတြက ကၽြန္ေတာ့္ကို သိၾကပါတယ္ … အထူးသျဖင့္ အာဆင္နယ္ပရိသတ္ကေတာ့ ကၽြန္ေတာ့္ကို ေမ့မယ္ မထင္ဘူး … ကၽြန္ေတာ္ ႏွစ္ေတြ အမ်ားႀကီး ဒီမွာပဲ ကုန္ဆုံးခဲ့တာကိုး … ဒါေပမယ့္ ကိုယ့္ရဲ႕ နိမ့္ပါးတဲ့ အေျခအေနေၾကာင့္ အရင္ကလုိ ေမာ္ေမာ္ၾကြားၾကြား မေနရဲေတာ့ဘူး … ေနရမွာလည္း ရွက္လာတယ္ … “လုိ႔ ေျပာပါတယ္။

သူက ဆက္လက္ၿပီး ” သူတုိ႔က ေျပာတယ္ .. ခင္ဗ်ားက အီဘုိေယးနဲ႔ တူလုိက္တာဗ်ာဆုိရင္ …. ဟုတ္ေနလုိ႔ကုိ ရွက္သလုိလုိ ခံစားမိတယ္ … ဘဝက ဒီအထိ ခါးသီးပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္။ အီဘုိေယးကို ဂါလာတာစေရးက အခက္အခဲေတြ ကူညီတဲ့အေနနဲ႔ နည္းျပအဖြဲ႕ဝင္၊ သုိ႔မဟုတ္ လူငယ္အသင္းနည္းျပအျဖစ္ ခန္႔အပ္ဖုိ႔ ကမ္းလွမ္းထားတယ္လုိ႔ သိရပါတယ္။

source : mirror.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
လက်ရှိအချိန်မှာ အိမ်ယာမဲ့ဘဝနဲ့ ဘဝကို ခက်ခက်ခဲခဲရင်ဆိုင်နေရတဲ့ အီဘိုယေးဟာ Sky Sports ကဲ့သို့သော ရုပ်သံလိုင်းကိုပင် ဝယ်မကြည်နိုင်လို့ အာဆင်နယ်ပွဲ ကြည့်ချင်တဲ့အခါတိုင်း ရပ်ကွက်အရက်ဆိုင်လေးကို သွားရောက်ကြည့်ရှုရတယ်လို့ ဆိုပါတယ်။ ဒီလိုသွားတဲ့အခါတိုင်း သူ့ကို လူတွေ မသိအောင် ဖုံးဖိ သွားတာလို့ သူက ဆိုပါတယ်။

အာဆင်နယ်ကစားသမားဟောင်း အီဘိုယေးဟာ ဇနီးနဲ့ ကွာရှင်းပြီးနောက် ချက်ချင်း အိမ်ရာမဲ့ဘဝရောက်ခဲ့ရပြီး သူငယ်ချင်းတွေအိမ်မှာ လိုက်ပြီးကပ်နေရတဲ့ ဘဝပါ။ သူဟာ ယခင်က သန်းကြွယ်သူဌေးကြီးတစ်ယောက် ဖြစ်ခဲ့ပေမယ့် စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနီးမြှုပ်နှံရင်း ငွေတွေအရှုံးပြခဲ့သလို၊ Aurelie နဲ့ကွာရှင်းတော့ ရှိသမျှ အကုန်ထားခဲ့ရပါတယ်။

Mirror သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ” ပြောရရင်တော့ ရှက်တော့ ရှက်ပါတယ် … ရှက်စရာလည်း မကျန်တော့ပါဘူး … အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေ ကြည့်ချင်တယ်ဆိုရင် အနီးအနားက အရက်ဆိုင်လေးမှာ သွားရတယ် … သိပ် အသံကျယ်ကျယ် အားမပေးရဲဘုူး … ပြီးတော့ မျက်နှာတို့ဘာတို့ကို ကာထားရတယ် … ဆိုင်ထဲမှာက အာဆင်နယ်ပရိသတ်က အများသားလေ … ကျွန်တော့်ကို မှတ်မိသွားမှာ စိုးလို့ပေါ့ “လို့ ပြောပါတယ်။

သူဟာ အန်ဖီးလ်မြို့က သူနေထိုင်တဲ့နေရာနဲ့ နီးတဲ့ အရက်ဆိုင်လေးမှာ အာဆင်နယ်ပွဲတွေ သွားရောက်ကြည့်ရှုလေ့ရှိပြီး အာဆင်နယ်က အဲဗာတန်ကို 2-0 ရလာဒ်နဲ့ နိုင်တဲ့ပွဲကို ကြည့်ခဲ့ရပါတယ်။ သူဟာ ဘီယာတစ်လုံးကို အေးအေးဆေးဆေး မှာပြီး ဦးခေါင်းအထိ ဖုံးလို့ရတဲ့ အကျႌနဲ့ ကာဗာယူခဲ့ရတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ဒီလို တစ်ခါမှ မကြည့်ခဲ့ဖူးကြောင်း ယခင်ကတော့ သူ့သူငယ်ချင်းတွေနဲ့ သူ့ရဲ့အိမ်မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အိမ်မှာပဲဖြစ်ဖြစ် ဆုံပြီး ကြည့်လေ့ရှိခဲ့ကြောင်း၊ အခုတော့ အခြေအနေတွေက အလွန်ခြားနားသွားပြီဖြစ်ကြောင်း ဆိုပါတယ်။

အီဘိုယေးက ” ဒါက ဘဝပါဘဲ … အရင်နဲ့ အခုယှဉ်တဲ့အခါမှ ဘဝဆိုတာ ဒါပါလားဆိုပြီး သိခဲ့ရတာ … အရက်ဆိုင်မှာ မလွဲမရှောင်သာ သူတို့နဲ့တွေ့တော့ ခင်ဗျား မကစားစားတော့ဘူးလား မေးရင် ဟုတ်ကဲ့လို့ ဖြေလိုက်တယ် … ဒီလိုဖြေရတာ သိပ်မထူးဆန်းပါဘူး .. ဒါပေမယ့် တစ်ချို့က ကျွန်တော့်ကို အသင်းတစ်သင်းသင်းမှာ ကစားနေတယ်လို့ ထင်နေ
ကြသေးတယ် … အခုလိုအခြေနေတွေ့ရင် သူတို့ သိပ်ကို တုန်လှုပ်သွားလိမ့်မယ် … ဒီတော့ သိုသိုသိပ်သိပ် နေရတာပါဘဲ “လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး ” တစ်ခါက အန်ဖီးက ကစားကွင်းတစ်ခုမှာ ကျွန်တော် ညဘက် လေ့ကျင့်နေတော့ ကောင်လေးတစ်ယောက်လည်း ကျွန်တော့်လိုပဲ လေ့ကျင့်နေတယ် … သူက ကျွန်တော့်ကို လုံးဝသိတဲ့သူ မဟုတ်ပါဘူး … ဒါပေမယ့် ဟန်ပန်ကို ကြည့်ပြီး ဘယ်လိုလုပ် နည်းစနည်းတွေကို သိနေတာလဲလို့ မေးတယ် … ကျွန်တော်က ပရိုတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ ပြောမထွက်ဘူး … “လို့ ဆိုပါတယ်။

ပြီးနောက် ” လူတွေက ကျွန်တော့်ကို သိကြပါတယ် … အထူးသဖြင့် အာဆင်နယ်ပရိသတ်ကတော့ ကျွန်တော့်ကို မေ့မယ် မထင်ဘူး … ကျွန်တော် နှစ်တွေ အများကြီး ဒီမှာပဲ ကုန်ဆုံးခဲ့တာကိုး … ဒါပေမယ့် ကိုယ့်ရဲ့ နိမ့်ပါးတဲ့ အခြေအနေကြောင့် အရင်ကလို မော်မော်ကြွားကြွား မနေရဲတော့ဘူး … နေရမှာလည်း ရှက်လာတယ် … “လို့ ပြောပါတယ်။

သူက ဆက်လက်ပြီး ” သူတို့က ပြောတယ် .. ခင်ဗျားက အီဘိုယေးနဲ့ တူလိုက်တာဗျာဆိုရင် …. ဟုတ်နေလို့ကို ရှက်သလိုလို ခံစားမိတယ် … ဘဝက ဒီအထိ ခါးသီးပါတယ် “လို့ ပြောခဲ့ပါတယ်။ အီဘိုယေးကို ဂါလာတာစရေးက အခက်အခဲတွေ ကူညီတဲ့အနေနဲ့ နည်းပြအဖွဲ့ဝင်၊ သို့မဟုတ် လူငယ်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

source : mirror.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top