×

ဗီယက္နမ္ သတင္းစာ ဖိတ္ေခၚဖလားၿပိဳင္ပြဲ တတိယေနရာလုပြဲႏွင့္ ဗုိလ္လုပြဲကုိ ဒီဇင္ဘာ ၂၂ ရက္ ယေန႔ညေနပုိင္းမွာ ဗီယက္နမ္ႏုိင္ငံ၊ ကန္တုိၿမိဳ႕မွာ က်င္းပသြားမွာျဖစ္တယ္လုိ႔ သိရွိရပါတယ္။

တတိယေနရာလုပြဲမွာ ျမန္မာ ယူ - ၂၁ အသင္းဟာ ထုိင္းအသင္းႏွင့္ ကစားရမွာျဖစ္ၿပီး ဗုိလ္လုပြဲကုိေတာ့ အိမ္ရွင္ ဗီယက္နမ္ ယူ - ၂၁ အသင္းက လက္ရွိ ခ်န္ပီယံ ယုိကုိဟားမား ယူ - ၂၁ အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

ျမန္မာ ယူ-၂၁ အသင္းဟာ အုပ္စုပြဲစဥ္ (၄) ပြဲ ကစားၿပီးခ်ိန္ တစ္ပြဲနိုင္ တစ္ပြဲသေရ ႏွစ္ပြဲရႈံး ရမွတ္ (၄) မွတ္ ရရွိထားတာေၾကာင့္ တတိယေနရာလုပြဲ ကစားရတာျဖစ္ပါတယ္။

ျမန္မာ ယူ-၂၁ အသင္းဟာ အဆုိပါၿပိဳင္ပြဲမွာ ဗီယက္နမ္ ယူ-၁၉ အသင္းကို တစ္ဂိုးစီ သေရ၊ ထိုင္း ယူ-၂၁ အသင္းကို တစ္ဂိုး ဂိုးမရွိျဖင့္ အနိုင္၊ ဗီယက္နမ္ ယူ-၂၁ အသင္းကိုေတာ့ ႏွစ္ဂိုး ဂိုးမရွိျဖင့္ ရႈံးနိမ့္ခဲ့ၿပီး ဂ်ပန္ကလပ္ ယုိကုိဟားမားအသင္းကုိ ငါးဂုိး ဂုိးမရွိျဖင့္ ရႈံးနိမ့္ကာ ရမွတ္ (၄) မွတ္ျဖင့္ အုပ္စု တတိယေနရာမွာ ရပ္တည္ခဲ့ပါတယ္။

အုပ္စုေနာက္ဆုံးပြဲစဥ္မ်ားကုိ ဒီဇင္ဘာ ၂၀ ရက္က ယွဥ္ၿပိဳင္ကစားခဲ့ရာ ထုိင္း ယူ - ၂၁ အသင္းဟာ အိမ္ရွင္ ဗီယက္နမ္ ယူ - ၂၁ အသင္းႏွင့္ ၃ ဂုိးစီသေရက်ခဲ့တာေၾကာင့္ တတိယေနရာလုပြဲမွာ ျမန္မာအသင္းႏွင့္ ေတြ႔ဆုံခဲ့တာျဖစ္ပါတယ္။

ဗီယက္နမ္ ယူ-၁၉ အသင္းဟာ အုပ္စုပြဲစဥ္မ်ားအားလုံး ကစားၿပီးခ်ိန္မွာ ရမွတ္ (၂) မွတ္သာ ရရွိခဲ့ၿပီး အုပ္စုေနာက္ဆုံးေနရာမွာ ရပ္တည္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။

ျမန္မာ ယူ-၂၁ အသင္းဟာ အုပ္စုပြဲစဥ္မွာ ထိုင္း ယူ-၂၁ အသင္းႏွင့္ ကစားခဲ့ရာ ျမန္မာ ယူ-၂၁ အသင္းက ဟိန္းထက္ေအာင္ရဲ႕ ဂုိးနဲ႔ တစ္ဂိုး ဂိုးမရွိျဖင့္ အနိုင္ရရွိထားပါတယ္။

တတိယေနရာလုပြဲကုိ ျမန္မာစံေတာ္ခ်ိန္ ၃ နာရီခြဲ၊ ဗုိလ္လုပြဲကုိ ညေန ၆ နာရီမွာ က်င္းပမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
ဗီယက်နမ် သတင်းစာ ဖိတ်ခေါ်ဖလားပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၂ ရက် ယနေ့ညနေပိုင်းမှာ ဗီယက်နမ်နိုင်ငံ၊ ကန်တိုမြို့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

တတိယနေရာလုပွဲမှာ မြန်မာ ယူ - ၂၁ အသင်းဟာ ထိုင်းအသင်းနှင့် ကစားရမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ အိမ်ရှင် ဗီယက်နမ် ယူ - ၂၁ အသင်းက လက်ရှိ ချန်ပီယံ ယိုကိုဟားမား ယူ - ၂၁ အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာ ယူ-၂၁ အသင်းဟာ အုပ်စုပွဲစဉ် (၄) ပွဲ ကစားပြီးချိန် တစ်ပွဲနိုင် တစ်ပွဲသရေ နှစ်ပွဲရှုံး ရမှတ် (၄) မှတ် ရရှိထားတာကြောင့် တတိယနေရာလုပွဲ ကစားရတာဖြစ်ပါတယ်။

မြန်မာ ယူ-၂၁ အသင်းဟာ အဆိုပါပြိုင်ပွဲမှာ ဗီယက်နမ် ယူ-၁၉ အသင်းကို တစ်ဂိုးစီ သရေ၊ ထိုင်း ယူ-၂၁ အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်၊ ဗီယက်နမ် ယူ-၂၁ အသင်းကိုတော့ နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဂျပန်ကလပ် ယိုကိုဟားမားအသင်းကို ငါးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ရမှတ် (၄) မှတ်ဖြင့် အုပ်စု တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်များကို ဒီဇင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်း ယူ - ၂၁ အသင်းဟာ အိမ်ရှင် ဗီယက်နမ် ယူ - ၂၁ အသင်းနှင့် ၃ ဂိုးစီသရေကျခဲ့တာကြောင့် တတိယနေရာလုပွဲမှာ မြန်မာအသင်းနှင့် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ် ယူ-၁၉ အသင်းဟာ အုပ်စုပွဲစဉ်များအားလုံး ကစားပြီးချိန်မှာ ရမှတ် (၂) မှတ်သာ ရရှိခဲ့ပြီး အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်ခဲ့တာကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

မြန်မာ ယူ-၂၁ အသင်းဟာ အုပ်စုပွဲစဉ်မှာ ထိုင်း ယူ-၂၁ အသင်းနှင့် ကစားခဲ့ရာ မြန်မာ ယူ-၂၁ အသင်းက ဟိန်းထက်အောင်ရဲ့ ဂိုးနဲ့ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားပါတယ်။

တတိယနေရာလုပွဲကို မြန်မာစံတော်ချိန် ၃ နာရီခွဲ၊ ဗိုလ်လုပွဲကို ညနေ ၆ နာရီမှာ ကျင်းပမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top