န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ပါ #







Credit: 7daydaily

# Unicode Version ဖြင့် ဖတ်ပါ #
 ကော့သောင်းမြို့ သရက် ပင်ကျေးရွာတွင်   အရက်အတူ သောက်ရာမှ ပိုက်ဆံခိုးယူသည် ထင်မှတ်ကာ  လူသတ်မှုဖြစ်ပွားခဲ့ကြောင်း  ကော့သောင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

 လူသတ်မှုကျူးလွန်သူ မုန်းချစ် အသက် (၅၅) နှစ်သည်  သေဆုံးသူ(၄၂)နှစ်အရွယ် ထွန်းရင်နှင့် ဒီဇင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီခန့်တွင် နေအိမ်၌ အရက်သောက်ပြီးနောက် ပိုက်ဆံပျောက်သဖြင့် လူသတ်မှုဖြစ်ပွားကြောင်း ၎င်းက ပြောသည်။

‘‘ခြံထဲမှာ ဖြူတစ်ကောင်မိ လို့သတ်ပြီး သွားရောင်းတယ်။ ပိုက်ဆံရလာတော့ စားစရာနဲ့အ ရက်ဝယ်လာတယ်။ ပိုတဲ့ပိုက်ဆံ ရှာကြည့်တာ မတွေ့တော့အတူ အရက်သောက်တဲ့သူ ယူသွား တယ်ဆိုပြီး လိုက်တောင်းတယ်။ ဟိုက ကောင်းကောင်းမဖြေလို့ဆို ပြီး လည်ပင်းကို ဓားနဲ့လှီးပြီး သတ်လိုက်တာပါ’’ ဟု ကော့သောင်းရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ဖြစ် စဉ်ကို ပြောသည်။

ဖြူသားရောင်းချရသည့် ကျပ် ၇,၅၀၀ ဖြင့် ဆန်နှင့်ဆီ ကျပ် ၃,၅၀၀ ဖိုးဝယ်ယူခဲ့ပြီးနောက် ကျန်သည့်ဖြူသားကိုချက်ကာ အရက် အတူသောက်ခဲ့သည်။ ကျန်ပိုက် ဆံကို လွယ်အိတ်ထဲ ထည့်ထား ရာမှ ပိုက်ဆံပျောက်ဆုံးနေ ကြောင်း သိရှိပြီး လူသတ်မှုဖြစ်ပွား ခြင်းဖြစ်သည်။

‘‘သူတို့နှစ်ယောက်က ရင်းနှီး တယ်။ သေသွားတဲ့တစ်ယောက် ကလည်း အိမ်မှာအိပ်၊အိမ်မှာစား လာနေကျတွေပါ။ မူးနေတော့ လည်ပင်းလှီးရမလားဆိုပြီး ခြိမ်း ခြောက်ရာကနေ တကယ်လှီးပြီး သတ်မိသွားတယ်လို့  ပြောပါ တယ်’’ ဟု ကော့သောင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

မုန်းချစ်ကို ကော့သောင်း မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ် မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်အ ရေးယူ စစ်ဆေးနေကြောင်း ၎င်း က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top