စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


# Zawgyi Version ျဖင့္ ဖတ္ပါ #

ကမာၻ႕ေပၚမွာရွိတဲ့ႏိုင္ငံေတြဟာ မတူကြဲျပားတဲ့ ယဥ္ေက်းမႈ၊ ရိုးရာဓေလ့ထံုးထမ္းေတြနဲ႔ ကိုယ့္ႏိုင္ငံရဲ႕ထူးျခားခ်က္ကို ေဖာ္ျပေလ့ရွိၾကပါတယ္။ တခ်ိဳ႕ေသာႏိုင္ငံေတြရဲ႕ ထံုးထမ္းအစဥ္အလာေတြက လူသားတစ္ေယာက္ရပ္တည္ ရွင္သန္ဖို႔ မမွ်တတဲ့ အခြင့္အေရးေတြ၊ လက္ခံႏိုင္စရာမရွိတဲ့ အေျခအေနေတြနဲ႔ သူတို႔ရဲ႕ ဘဝေတြကို ကန္႔သတ္ခ်ဳပ္ခ်ယ္လိုက္တာမ်ိဳးေတြေတာင္ရွိပါတယ္။ ဒါေပမဲ့ ဒါကလည္း ကိုယ့္ႏိုင္ငံ၊ ကိုယ့္လူမ်ိဳးအလိုက္ ယံုၾကည္ရာ ဘိုးဘြားအစဥ္အဆက္ သံုးစြဲခဲ့တဲ့ ဓေလ့ထံုးစံေတြျဖစ္ ေနေတာ့ ေျပာင္းလဲပစ္ဖို႔ဆိုတာ အခြင့္အလမ္း နည္းပါးလြန္းပါတယ္။ အဲဒီလို ထူးျခားတဲ့ ရိုးရာဓေလ့ေတြထဲက အခ်ိဳ႕ကို ျမန္မာ့ပလက္ေဖာင္း ပရိသတ္ေတြအတြက္ ဗဟုသုတအေနနဲ႔ မွ်ေဝေပးလုိက္ပါတယ္။

Bullet ပုရြက္ဆိတ္လက္အိတ္စြပ္ျခင္း

1513494114925.jpg
ဒီဓေလ့ကို ဖတ္ၿပီးသြားရင္ေတာ့ သင့္အေနနဲ႔ အေမဇုန္ေတာထဲက လြတ္လပ္စြာရွင္ သန္ေနၾကတဲ့ လူမ်ိဳးေတြမွာ ေယာက္်ားေလးအျဖစ္ ေမြးလာခ်င္မွာမဟုတ္ေတာ့ပါဘူး။ အေၾကာင္းရင္းကေတာ့ ဒီအေမဇိုနီးယန္းလူမ်ိဳး ေယာက္်ားပ်ိဳေတြဟာ သူတို႔အရြယ္ေရာက္ၿပီဆိုတာကို Bullet ပုရြက္ဆိတ္လို႔ေခၚတဲ့ လူရဲ႕အသက္အႏၱရာယ္ ကိုေတာင္စိုးရိမ္ရတဲ့ ပုရြက္ဆိတ္ေတြအေအာင္းခံထားတဲ့ လက္အိတ္ကိုစြပ္ၿပီး သက္ေသျပရေလ့ရွိပါတယ္။ ဒီလက္အိတ္ကိုစြပ္ၿပီး ဆယ္မိနစ္ေလာက္ ကျပၿပီးမွသာ အေမဇိုနီးယန္းေယာက္်ားတစ္ေယာက္အေနနဲ႔ လူပ်ိဳျဖစ္ၿပီ အရြယ္ေရာက္ၿပီဆိုတာကို အသိအမွတ္ျပဳလက္ခံၾကမွာျဖစ္ပါတယ္။ အေမဇိုနီးယန္းေယာက္်ားတစ္ေယာက္ရဲ႕ ဘဝတစ္သက္တာအားျဖင့္ဆိုရင္ေတာ့ ဒီလိုလက္အိတ္စြပ္ကျပရတာမ်ိဳး အႀကိမ္ႏွစ္ဆယ္ေလာက္ထိ ပ်မ္းမွ်ႀကံဳၾက ရမွာျဖစ္ပါတယ္။

ညမုဆိုးလုပ္ျခင္း ဓေလ့

151349407061.jpg
အေရွ႕ Himalayan Kingdomေဒသေတြမွာေတာ့ Bomena လို႔ေခၚတဲ့ ရိုးရာဓေလ့တစ္ခုကလည္း မယံုႏိုင္ေလာက္ေအာင္ ထူးဆန္းလြန္းတဲ့ဓေလ့တစ္ခုပါ။ အဲဒါကေတာ့ ဒီေဒသက လူပ်ိဳလူလြတ္တစ္ေယာက္က အိမ္ေထာင္မျပဳရေသးတဲ့ အပ်ိဳမိန္းကေလးတစ္ေယာက္ကိုလက္ထပ္မယ္လို႔ ဆံုးျဖတ္ၿပီးသြားၿပီဆိုရင္ အဲဒီ မိန္းကေလးရဲ႕အခန္းကို တံခါးမရွိ၊ ဓားမရွိဝင္ထြက္ႏိုင္ပါတယ္။ ဒါ့အျပင္ အဲဒီေယာက္်ားေလးရဲ႕ အေပါင္းအေဖာ္ ဒါမွမဟုတ္ တျခားလက္မထပ္ရေသးတဲ့ လူပ်ိဳလူလြတ္ေယာက္်ားေလးေတြလည္း ဝင္ထြက္ႏိုင္လို႔  ဒီရိုးရာဓေလ့မွာ အုပ္စုဖြဲ႕မုဒိန္းက်င့္မႈေတြျဖစ္ပြားလာႏိုင္ဖြယ္ရွိ တဲ့ဆိုးက်ိဳးေတြရွိေနပါတယ္။ ေနာက္ၿပီးေတာ့ လက္ထပ္ၿပီးသြား ရင္လည္း မိသားစုဝင္အကုန္လံုးက တစ္ခန္းထဲမွာပဲ စုၿပံဳေနေလ့ရွိၾကပါေသးတယ္။

အရိုးျပာဝတ္စံုဝတ္ျခင္း

1513493855283.jpg
အေမဇုန္ေတာရဲ႕ အပူပိုင္းေဒသေတြမွာေနထိုင္ၾကတဲ့ Yanomami လူမ်ိဳးေတြဟာ ရြာေပါင္း ၂၀၀၊၂၅၀ေလာက္မွာမွ လူဦးေရက ၃၅၀၀၀ေလာက္ပဲရွိပါတယ္။ သူတို႔ရဲ႕ ထူးျခားတဲ့ ရိုးရာဓေလ့ကေတာ့ လူအရိုးျပာေတြကို အဝတ္အစား လုပ္ဝတ္ဆင္ၾကျခင္းပဲျဖစ္ပါတယ္။ အေမဇုန္ေတာထဲက လူေသအေလာင္းေကာင္ေတြကုိ လိုက္ေကာက္ၿပီး အရိုးတျခားအသားတျခားခြဲထုတ္ကာ အရိုးေတြကို မီးရႈိ႕ျပာခ်ပါတယ္။ အဲဒီေနာက္ ငွက္ေပ်ာရြက္၊ အုန္းလက္ေတြကို ျပဳတ္ၿပီး ေစာေစာက မီးရိႈ႕ထားတဲ့ အရိုးျပာေတြနဲ႔ ေရာစိမ္လိုက္မယ္ဆိုရင္ သူတို႔လူမ်ိဳးေတြဝတ္တဲ့ ရိုးရာဝတ္စံု ရမွာျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ တစ္ႏွစ္တခါ ျပဳလုပ္တဲ့ ႏွစ္ပတ္လည္ပြဲေလာက္ကလြဲရင္ ကြယ္လြန္ၿပီးတဲ့ လူေတြအေၾကာင္းကိုဘယ္ေတာ့မွ အေရးတယူေျပာဆိုေလ့ မရွိၾကေတာ့ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔လူမ်ိဳးေတြဟာ ေသဆံုးသြားေပမယ့္လည္း ဝိညာဥ္ကေတာ့ ထာဝရရွင္သန္ေနဆဲလို႔ယံုၾကည္တဲ့ အတြက္ေၾကာင့္ပဲျဖစ္ပါတယ္။

ကေလးကိုအျမင့္ကေနပစ္ခ်ၿပီး ေအာက္ကေနအဝတ္ခံဖမ္းျခင္း

1513493512974.jpg
အိႏၵိယႏိုင္ငံက Karnatakaလူမ်ိဳးေတြရဲ႕ ရိုးရာဓေလ့ျဖစ္ၿပီး  ကေလးတစ္ေယာက္ေမြးဖြားလာၿပီဆိုရင္ အဲဒီကေလး တစ္ဘဝလံုးကံေကာင္းေစဖို႔ ေမြးကင္းစအရြယ္မွာပဲ အျမင့္တစ္ခုခုေပၚကေန ပစ္ခ်ၿပီး ေအာက္ကေန အဝတ္နဲ႔ခံၿပီး ဖမ္းတဲ့ဓေလ့ျဖစ္ပါတယ္။ ဒီလိုဓေလ့မ်ိဳးကို ရုပ္ရွင္ေတြထဲမွာ ျမင္ဖူးေတြ႕ဖူးႏိုင္ၾကေပမယ့္ တကယ့္လက္ေတြ႕ အျပင္မွာေတာ့ ဒီလိုဆုေတာင္းပြဲဟာ ကေလးအတြက္ တစ္စံုတစ္ရာအႏၱရာယ္ျဖစ္ေစမွာကိုစိုးရိမ္တဲ့ အာေမဍိတ္ အသံေတြ၊ ငိုသံေတြနဲ႔ ဆူညံေနေလ့ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: By Joy(MyanmaPlatform)

# Unicode Version ျဖင့္ ဖတ္ပါ #
 ကမ္ဘာ့ပေါ်မှာရှိတဲ့နိုင်ငံတွေဟာ မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးထမ်းတွေနဲ့ ကိုယ့်နိုင်ငံရဲ့ထူးခြားချက်ကို ဖော်ပြလေ့ရှိကြပါတယ်။ တချို့သောနိုင်ငံတွေရဲ့ ထုံးထမ်းအစဉ်အလာတွေက လူသားတစ်ယောက်ရပ်တည် ရှင်သန်ဖို့ မမျှတတဲ့ အခွင့်အရေးတွေ၊ လက်ခံနိုင်စရာမရှိတဲ့ အခြေအနေတွေနဲ့ သူတို့ရဲ့ ဘဝတွေကို ကန့်သတ်ချုပ်ချယ်လိုက်တာမျိုးတွေတောင်ရှိပါတယ်။ ဒါပေမဲ့ ဒါကလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအလိုက် ယုံကြည်ရာ ဘိုးဘွားအစဉ်အဆက် သုံးစွဲခဲ့တဲ့ ဓလေ့ထုံးစံတွေဖြစ် နေတော့ ပြောင်းလဲပစ်ဖို့ဆိုတာ အခွင့်အလမ်း နည်းပါးလွန်းပါတယ်။ အဲဒီလို ထူးခြားတဲ့ ရိုးရာဓလေ့တွေထဲက အချို့ကို မြန်မာ့ပလက်ဖောင်း ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။


Bullet ပုရွက်ဆိတ်လက်အိတ်စွပ်ခြင်း

ဒီဓလေ့ကို ဖတ်ပြီးသွားရင်တော့ သင့်အနေနဲ့ အမေဇုန်တောထဲက လွတ်လပ်စွာရှင် သန်နေကြတဲ့ လူမျိုးတွေမှာ ယောက်ျားလေးအဖြစ် မွေးလာချင်မှာမဟုတ်တော့ပါဘူး။ အကြောင်းရင်းကတော့ ဒီအမေဇိုနီးယန်းလူမျိုး ယောက်ျားပျိုတွေဟာ သူတို့အရွယ်ရောက်ပြီဆိုတာကို Bullet ပုရွက်ဆိတ်လို့ခေါ်တဲ့ လူရဲ့အသက်အန္တရာယ် ကိုတောင်စိုးရိမ်ရတဲ့ ပုရွက်ဆိတ်တွေအအောင်းခံထားတဲ့ လက်အိတ်ကိုစွပ်ပြီး သက်သေပြရလေ့ရှိပါတယ်။ ဒီလက်အိတ်ကိုစွပ်ပြီး ဆယ်မိနစ်လောက် ကပြပြီးမှသာ အမေဇိုနီးယန်းယောက်ျားတစ်ယောက်အနေနဲ့ လူပျိုဖြစ်ပြီ အရွယ်ရောက်ပြီဆိုတာကို အသိအမှတ်ပြုလက်ခံကြမှာဖြစ်ပါတယ်။ အမေဇိုနီးယန်းယောက်ျားတစ်ယောက်ရဲ့ ဘဝတစ်သက်တာအားဖြင့်ဆိုရင်တော့ ဒီလိုလက်အိတ်စွပ်ကပြရတာမျိုး အကြိမ်နှစ်ဆယ်လောက်ထိ ပျမ်းမျှကြုံကြ ရမှာဖြစ်ပါတယ်။


ညမုဆိုးလုပ်ခြင်း ဓလေ့

အရှေ့ Himalayan Kingdomဒေသတွေမှာတော့ Bomena လို့ခေါ်တဲ့ ရိုးရာဓလေ့တစ်ခုကလည်း မယုံနိုင်လောက်အောင် ထူးဆန်းလွန်းတဲ့ဓလေ့တစ်ခုပါ။ အဲဒါကတော့ ဒီဒေသက လူပျိုလူလွတ်တစ်ယောက်က အိမ်ထောင်မပြုရသေးတဲ့ အပျိုမိန်းကလေးတစ်ယောက်ကိုလက်ထပ်မယ်လို့ ဆုံးဖြတ်ပြီးသွားပြီဆိုရင် အဲဒီ မိန်းကလေးရဲ့အခန်းကို တံခါးမရှိ၊ ဓားမရှိဝင်ထွက်နိုင်ပါတယ်။ ဒါ့အပြင် အဲဒီယောက်ျားလေးရဲ့ အပေါင်းအဖော် ဒါမှမဟုတ် တခြားလက်မထပ်ရသေးတဲ့ လူပျိုလူလွတ်ယောက်ျားလေးတွေလည်း ဝင်ထွက်နိုင်လို့  ဒီရိုးရာဓလေ့မှာ အုပ်စုဖွဲ့မုဒိန်းကျင့်မှုတွေဖြစ်ပွားလာနိုင်ဖွယ်ရှိ တဲ့ဆိုးကျိုးတွေရှိနေပါတယ်။ နောက်ပြီးတော့ လက်ထပ်ပြီးသွား ရင်လည်း မိသားစုဝင်အကုန်လုံးက တစ်ခန်းထဲမှာပဲ စုပြုံနေလေ့ရှိကြပါသေးတယ်။


အရိုးပြာဝတ်စုံဝတ်ခြင်း

အမေဇုန်တောရဲ့ အပူပိုင်းဒေသတွေမှာနေထိုင်ကြတဲ့ Yanomami လူမျိုးတွေဟာ ရွာပေါင်း ၂၀၀၊၂၅၀လောက်မှာမှ လူဦးရေက ၃၅၀၀၀လောက်ပဲရှိပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ ရိုးရာဓလေ့ကတော့ လူအရိုးပြာတွေကို အဝတ်အစား လုပ်ဝတ်ဆင်ကြခြင်းပဲဖြစ်ပါတယ်။ အမေဇုန်တောထဲက လူသေအလောင်းကောင်တွေကို လိုက်ကောက်ပြီး အရိုးတခြားအသားတခြားခွဲထုတ်ကာ အရိုးတွေကို မီးရှို့ပြာချပါတယ်။ အဲဒီနောက် ငှက်ပျောရွက်၊ အုန်းလက်တွေကို ပြုတ်ပြီး စောစောက မီးရှို့ထားတဲ့ အရိုးပြာတွေနဲ့ ရောစိမ်လိုက်မယ်ဆိုရင် သူတို့လူမျိုးတွေဝတ်တဲ့ ရိုးရာဝတ်စုံ ရမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တစ်နှစ်တခါ ပြုလုပ်တဲ့ နှစ်ပတ်လည်ပွဲလောက်ကလွဲရင် ကွယ်လွန်ပြီးတဲ့ လူတွေအကြောင်းကိုဘယ်တော့မှ အရေးတယူပြောဆိုလေ့ မရှိကြတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လူမျိုးတွေဟာ သေဆုံးသွားပေမယ့်လည်း ဝိညာဉ်ကတော့ ထာဝရရှင်သန်နေဆဲလို့ယုံကြည်တဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်။


ကလေးကိုအမြင့်ကနေပစ်ချပြီး အောက်ကနေအဝတ်ခံဖမ်းခြင်း

အိန္ဒိယနိုင်ငံက Karnatakaလူမျိုးတွေရဲ့ ရိုးရာဓလေ့ဖြစ်ပြီး  ကလေးတစ်ယောက်မွေးဖွားလာပြီဆိုရင် အဲဒီကလေး တစ်ဘဝလုံးကံကောင်းစေဖို့ မွေးကင်းစအရွယ်မှာပဲ အမြင့်တစ်ခုခုပေါ်ကနေ ပစ်ချပြီး အောက်ကနေ အဝတ်နဲ့ခံပြီး ဖမ်းတဲ့ဓလေ့ဖြစ်ပါတယ်။ ဒီလိုဓလေ့မျိုးကို ရုပ်ရှင်တွေထဲမှာ မြင်ဖူးတွေ့ဖူးနိုင်ကြပေမယ့် တကယ့်လက်တွေ့ အပြင်မှာတော့ ဒီလိုဆုတောင်းပွဲဟာ ကလေးအတွက် တစ်စုံတစ်ရာအန္တရာယ်ဖြစ်စေမှာကိုစိုးရိမ်တဲ့ အာမေဍိတ် အသံတွေ၊ ငိုသံတွေနဲ့ ဆူညံနေလေ့ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: By Joy(MyanmaPlatform




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top