iMyanmarHouse.com - Best Property Website for Myanmar
×

ေရႊမႈံရတီက သူတုိ႔ႏွစ္ေယာက္အေၾကာင္းကို ေျပာျပထားပါတယ္။

ေရႊမႈံရတီက သူမရဲ႕ လက္ရွိခံစားခ်က္ေလးတစ္ခုကို ေဝမွ်ထားတာ ျဖစ္ပါတယ္။

“ဆုံးျဖတ္ခ်က္တစ္ခုခ် ရင္ မွန္မွန္မွားမွား လက္ခံရဲၿပီး

မျပင္တတ္တ့ဲ ေခါင္းမာတ့ဲကၽြန္မ

ဆုံးျဖတ္ခ်က္တစ္ခုခ်ရင္ အေကာင္းဆုံးန႔ဲအမွန္ဆုံး ဆုးံျဖတ္ၿပီး မျပင္တတ္တ့ဲ ေခါင္းမာတ့ဲသူ

ဒါေပမ့ဲ ကၽြန္မတို႔ႏွစ္ေယာက္ေတြ႕ရင္ ဆုံးျဖတ္ေတြေဝ ဝါးသြားက် တယ္

ဘာေၾကာင့္လဲ တစ္ေယာက္န႔ဲ တစ္ေယာက္ ျပံဳးရင္းန႔ဲေမးမိက် တယ္

တူညီတ့ဲအေျဖက ………..” လို႔ ဒီဇင္ဘာလ ၂၅ ရက္ေန႔မွာ သူမရဲ႕ေဖ့စ္ဘြတ္ကေန ေျပာထားတာပါ။

ေရႊမႈံေျပာတဲ့ သူဆုိတာ ဘယ္သူလဲလို႔ ေမးစရာမလုိေလာက္ေအာင္ အားလံုးသိထားၿပီးျဖစ္မွာပါ။ ဒီစာေလးကို ဖတ္ၾကည့္ရင္လည္း သူတုိ႔ႏွစ္ေယာက္ တစ္ေယာက္အေပၚ တစ္ေယာက္ ဘယ္ေလာက္အထိ ၿငိတြယ္ေနၿပီလဲဆုိတာ သိသာလွပါတယ္။

သူမရဲ႕ခံစားခ်က္ကလည္း Feeling Amazing ျဖစ္ေနတယ္ဆုိေတာ့ ဒီစာေလးတင္ခ်ိန္မွာ ေရႊမႈံဟာ ေပ်ာ္ရႊင္ေနပံုပါ။

ေရႊမႈံရတီက မတ္လ(၂၅)ရက္ေန႕က ခ်စ္သူနဲ႕ ရိုက္ထားတဲ့ ဓာတ္ပံုကို ေဖ့စ္ဘြတ္ေပၚမွာ တင္ၿပီး သူမရဲ႕ခ်စ္သူကို ပရိသတ္ကို ျပသခဲ့ကာ မတ္လ ၂၇ ရက္ေန႔မွာေတာ့ Live လႊင့္ကာ ေမာင္လုိ႔ သူမ အျမတ္တႏိုးေခၚတဲ့ ခ်စ္သူကို ပရိသတ္နဲ႔ မိတ္ဆက္ေပးခဲ့တာပါ။

ေရႊမႈံဟာ ခ်စ္သူနဲ႔ တြဲလ်က္ပံုေတြ တင္ေလ့မရွိေပမဲ့ မၾကာခဏဆုိသလို သူမရဲ႕အခ်စ္ေရးခံစားခ်က္ေလးေတြကို ေဖ့စ္ဘြတ္ကေန ပရိသတ္ကို ေဝမွ်ေလ့ရွိပါတယ္။

ေရႊမံႈရတီ(Shwe Mhom Yati) ဟာ အႏုပညာပ်ိဳးခင္း(၁)ရဲ႕ စင္တင္မင္းသမီး တစ္လက္အျဖစ္ လြန္ခဲ့တဲ့ ၆ ႏွစ္က အႏုပညာေလာကထဲကို ေရာက္ရွိလာသူတစ္ဦးျဖစ္ၿပီး အသက္(၁၉)ေက်ာ္သာ ရွိေသးေပမဲ့ ေအာင္ျမင္ေနၿပီျဖစ္တဲ့ မင္းသမီးတစ္လက္လည္းျဖစ္ပါတယ္။

Photos : ေရႊမႈံရတီ

from@duwun

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myominnhtet[လွေတာသား]

# Unicode Version ျဖင့္ ဖတ္ပါ #
ရွှေမှုံရတီက သူတို့နှစ်ယောက်အကြောင်းကို ပြောပြထားပါတယ်။

ရွှေမှုံရတီက သူမရဲ့ လက်ရှိခံစားချက်လေးတစ်ခုကို ဝေမျှထားတာ ဖြစ်ပါတယ်။

“ဆုံးဖြတ်ချက်တစ်ခုချ ရင် မှန်မှန်မှားမှား လက်ခံရဲပြီး

မပြင်တတ်တဲ့ ခေါင်းမာတဲ့ကျွန်မ

ဆုံးဖြတ်ချက်တစ်ခုချရင် အကောင်းဆုံးနဲ့အမှန်ဆုံး ဆုးံဖြတ်ပြီး မပြင်တတ်တဲ့ ခေါင်းမာတဲ့သူ

ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်တွေ့ရင် ဆုံးဖြတ်တွေဝေ ဝါးသွားကျ တယ်

ဘာကြောင့်လဲ တစ်ယောက်နဲ့ တစ်ယောက် ပြုံးရင်းနဲ့မေးမိကျ တယ်

တူညီတဲ့အဖြေက ………..” လို့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ သူမရဲ့ဖေ့စ်ဘွတ်ကနေ ပြောထားတာပါ။

ရွှေမှုံပြောတဲ့ သူဆိုတာ ဘယ်သူလဲလို့ မေးစရာမလိုလောက်အောင် အားလုံးသိထားပြီးဖြစ်မှာပါ။ ဒီစာလေးကို ဖတ်ကြည့်ရင်လည်း သူတို့နှစ်ယောက် တစ်ယောက်အပေါ် တစ်ယောက် ဘယ်လောက်အထိ ငြိတွယ်နေပြီလဲဆိုတာ သိသာလှပါတယ်။

သူမရဲ့ခံစားချက်ကလည်း Feeling Amazing ဖြစ်နေတယ်ဆိုတော့ ဒီစာလေးတင်ချိန်မှာ ရွှေမှုံဟာ ပျော်ရွှင်နေပုံပါ။

ရွှေမှုံရတီက မတ်လ(၂၅)ရက်နေ့က ချစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ပြီး သူမရဲ့ချစ်သူကို ပရိသတ်ကို ပြသခဲ့ကာ မတ်လ ၂၇ ရက်နေ့မှာတော့ Live လွှင့်ကာ မောင်လို့ သူမ အမြတ်တနိုးခေါ်တဲ့ ချစ်သူကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာပါ။

ရွှေမှုံဟာ ချစ်သူနဲ့ တွဲလျက်ပုံတွေ တင်လေ့မရှိပေမဲ့ မကြာခဏဆိုသလို သူမရဲ့အချစ်ရေးခံစားချက်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်ကို ဝေမျှလေ့ရှိပါတယ်။

ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် လွန်ခဲ့တဲ့ ၆ နှစ်က အနုပညာလောကထဲကို ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး အသက်(၁၉)ကျော်သာ ရှိသေးပေမဲ့ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

Photos : ရွှေမှုံရတီ

from@duwun

ဖိုးသူတော် (www.phothutaw.com)
Credit: myominnhtet[လှတောသား]
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top