
ထို႔အျပင္ သားအိုႏွင့္ အီကိုမွာ ဒဏ္ရာမ်ား ရ႐ွိခဲ့သျဖင့္ ေတာင္ႀကီးၿမိဳ႕မ ရဲစခန္း(ပ)၁၀၂၆/၁၇ ရာဇသတ္ႀကီး ပုဒ္မ၃၀၂/၃၂၆/၃၂၅/၁၁၄ျဖင့္ အမႉဖြင့္ ေဆာင္ရြက္ခ့ဲပါသည္။
အခင္းျဖစ္ေနရာသို႔ ေတာင္ႀကီးခ႐ိုင္ရဲတပ္ဖြဲ႔မႉးဒုရဲမႉးႀကီးရဲျမင့္၊ ခတၱၿမိဳနယ္ရဲတပ္ဖြဲ႔မႉးဒုရဲမႉးစိုးေအာင္၊ ျမိဳ႕မစခန္းမႉးဒုရဲမႉးမ်ိဳးဦးတို႔ ေရာက္႐ွိ စစ္ေဆးေဆာင္ရြက္ခ့ဲပါသည္။
အခင္းျဖစ္ေနရာတြင္ ဂစ္တာအက်ိဳးအပိုင္းအစမ်ား က်န္ခ့ဲမႈကို အေျခခံ၍ ဂစ္တာတီးသူမ်ားအားခ႐ိုင္အထူးမႈခင္းနွိမ္နင္းေရးအဖြဲ႔၊ ျမိဳ႕မစခန္းမွ နယ္ထိန္းတပ္ဖြြဲဝင္မ်ား၊ နယ္ေျမစခန္းမွ နယ္ထိန္းတပ္ဖြဲ႔ဝင္မ်ား ပူးေပါင္း၍ စံုစမ္းခ့ဲရာ ဂစ္တာတီးသူစိုင္းဘိုဘိုပါ (၇)ဦးအား သက္ေသခံဓားႏွင့္အတူ ညတြင္းခ်င္း ဖမ္းဆီးရမိခ့ဲၿပီး က်န္႐ွိတရားခံမ်ားအား ဆက္လက္ဖမ္းဆီး ရမိေရးေဆာင္ရြက္လ်က္႐ွိေၾကာင္း သိ႐ွိရပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: သံလြင္ေသြးခ်င္း
#Unicode Version#
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ သစ်တောရပ်ကွက်၊ ဇောတိကလမ်း၊ ဗိုလ်ချုပ်ပန်းခြံမြောက်ဘက်ဝင်ပေါက်ရှေ့တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၁၀နာရီခွဲခန့်က လူငယ် ၅ဦးသည် ပလက်ဖောင်းပေါ်ထိုင်နေစဉ် လူငယ်တစ်ဦး၏ ခြေထောက်နှင့် ခလုတ်တိုက်မိရာမှစတင်ပြီး လူငယ် ၁၀ဦးခန်နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာ လင်းလင်း အမည်ရှိ လူငယ်တစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။
ထို့အပြင် သားအိုနှင့် အီကိုမှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးမြို့မ ရဲစခန်း(ပ)၁၀၂၆/၁၇ ရာဇသတ်ကြီး ပုဒ်မ၃၀၂/၃၂၆/၃၂၅/၁၁၄ဖြင့် အမှူဖွင့် ဆောင်ရွက်ခဲ့ပါသည်။
အခင်းဖြစ်နေရာသို့ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးရဲမြင့်၊ ခတ္တမြိုနယ်ရဲတပ်ဖွဲ့မှူးဒုရဲမှူးစိုးအောင်၊ မြို့မစခန်းမှူးဒုရဲမှူးမျိုးဦးတို့ ရောက်ရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အခင်းဖြစ်နေရာတွင် ဂစ်တာအကျိုးအပိုင်းအစများ ကျန်ခဲ့မှုကို အခြေခံ၍ ဂစ်တာတီးသူများအားခရိုင်အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့၊ မြို့မစခန်းမှ နယ်ထိန်းတပ်ဖွဲဝင်များ၊ နယ်မြေစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းခဲ့ရာ ဂစ်တာတီးသူစိုင်းဘိုဘိုပါ (၇)ဦးအား သက်သေခံဓားနှင့်အတူ ညတွင်းချင်း ဖမ်းဆီးရမိခဲ့ပြီး ကျန်ရှိတရားခံများအား ဆက်လက်ဖမ်းဆီး ရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: သံလွင်သွေးချင်း