ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လမ္းေပၚသို႔ လွ်ံက်လာေသာ ေရနံစိမ္းမ်ားကို ရပ္ကြက္ေနသူအခ်ိဳ႕ လာေရာက္ခပ္ယူေနစဥ္ (ဓာတ္ပံု − သန္းတင္)

 မေကြးတိုင္း ေခ်ာက္ ၿမိဳ႕ ေရနံခ်က္စက္႐ံုသို႔ သြယ္တန္း ထားေသာ ေရနံပိုက္လိုင္းသည္ ေခ်ာက္ၿမိဳ႕ ျမင္းလွည္းကုန္းရပ္ တြင္ ယိုစိမ့္၍ ေရနံစိမ္းမ်ား လမ္း ေပၚသို႔ လွ်ံက်စဥ္ ရပ္ကြက္ေန ျပည္သူမ်ား လာေရာက္ခပ္ယူခဲ့ ေၾကာင္း ေဒသခံမ်ားကေျပာ သည္။

အဆိုပါပိုက္လိုင္းသည္ ျမန္မာ့ေရနံႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ ငန္းပိုင္ ေခ်ာက္ၿမိဳ႕ ေရနံခ်က္စက္ ႐ံုသို႔ ေပးပို႔ေသာ ေရနံပိုက္လိုင္း ျဖစ္ၿပီး အဖြင့္အပိတ္ခလုတ္မလံု၍ ဒီဇင္ဘာ ၅ ရက္နံနက္ ၁၀ နာရီမွ ၁၁ နာရီအတြင္း လမ္းေပၚသို႔ ေရနံမ်ားလွ်ံက်ေနစဥ္ အဆိုပါ ရပ္ကြက္ေနျပည္သူမ်ားက ပံုး မ်ားျဖင့္ ခပ္ယူခဲ့ၾကေၾကာင္း ေဒသခံ ဦးသန္းတင္ကေျပာသည္။


ထို႔ေၾကာင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕ႏွင့္ ျမန္မာ့ေရနံ ႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ငန္းမွ တာဝန္ရွိသူမ်ား အခ်ိန္မီျပဳျပင္ သျဖင့္ နံနက္ ၁၁ နာရီခန္႔တြင္ ေရနံယုိစိမ့္မႈ ရပ္တန္႔ခဲ့ေၾကာင္း ေခ်ာက္ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာန မွ တာဝန္ရွိသူတစ္ဦးက ေျပာ ၾကားသည္။

‘‘ေရနံေတြ လမ္းေပၚလွ်ံက် မႈျဖစ္တယ္။ ျပည္သူအခ်ဳိ႕က လည္း ခပ္ယူတာ ဘာညာရွိေတာ့ မီးေဘးအႏၲရာယ္ စတဲ့မလိုလား အပ္တဲ့ အႏၲရာယ္ျဖစ္မွာစိုးတဲ့ အတြက္ အားခ်င္းေဆာင္ရြက္ေပး ခဲ့တယ္။ လမ္းေတြကိုလည္း ေရ ပိုက္နဲ႔ထုိးခ်ၿပီး သန္႔ရွင္းေရးလုပ္ ၿပီးၿပီ။ အျခား ပ်က္စီးဆံုး႐ံႈးမႈ၊ ထိ ခိုက္မႈ ဘာမွမရွိဘူး’’ဟု ၎က ေျပာသည္။

ေရနံဆံုး႐ံႈးမႈ ပမာဏႏွင့္ တန္ဖိုးအတိအက်ကို မသိရေသး ေၾကာင္း အထက္ပါတာဝန္ရွိသူ က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode version#
လမ်းပေါ်သို့ လျှံကျလာသော ရေနံစိမ်းများကို ရပ်ကွက်နေသူအချို့ လာရောက်ခပ်ယူနေစဉ် (ဓာတ်ပုံ − သန်းတင်)

 မကွေးတိုင်း ချောက် မြို့ ရေနံချက်စက်ရုံသို့ သွယ်တန်း ထားသော ရေနံပိုက်လိုင်းသည် ချောက်မြို့ မြင်းလှည်းကုန်းရပ် တွင် ယိုစိမ့်၍ ရေနံစိမ်းများ လမ်း ပေါ်သို့ လျှံကျစဉ် ရပ်ကွက်နေ ပြည်သူများ လာရောက်ခပ်ယူခဲ့ ကြောင်း ဒေသခံများကပြော သည်။

အဆိုပါပိုက်လိုင်းသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်းပိုင် ချောက်မြို့ ရေနံချက်စက် ရုံသို့ ပေးပို့သော ရေနံပိုက်လိုင်း ဖြစ်ပြီး အဖွင့်အပိတ်ခလုတ်မလုံ၍ ဒီဇင်ဘာ ၅ ရက်နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း လမ်းပေါ်သို့ ရေနံများလျှံကျနေစဉ် အဆိုပါ ရပ်ကွက်နေပြည်သူများက ပုံး များဖြင့် ခပ်ယူခဲ့ကြကြောင်း ဒေသခံ ဦးသန်းတင်ကပြောသည်။

ထို့ကြောင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများ အချိန်မီပြုပြင် သဖြင့် နံနက် ၁၁ နာရီခန့်တွင် ရေနံယိုစိမ့်မှု ရပ်တန့်ခဲ့ကြောင်း ချောက်မြို့နယ် မီးသတ်ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

‘‘ရေနံတွေ လမ်းပေါ်လျှံကျ မှုဖြစ်တယ်။ ပြည်သူအချို့က လည်း ခပ်ယူတာ ဘာညာရှိတော့ မီးဘေးအန္တရာယ် စတဲ့မလိုလား အပ်တဲ့ အန္တရာယ်ဖြစ်မှာစိုးတဲ့ အတွက် အားချင်းဆောင်ရွက်ပေး ခဲ့တယ်။ လမ်းတွေကိုလည်း ရေ ပိုက်နဲ့ထိုးချပြီး သန့်ရှင်းရေးလုပ် ပြီးပြီ။ အခြား ပျက်စီးဆုံးရှုံးမှု၊ ထိ ခိုက်မှု ဘာမှမရှိဘူး’’ဟု ၎င်းက ပြောသည်။

ရေနံဆုံးရှုံးမှု ပမာဏနှင့် တန်ဖိုးအတိအကျကို မသိရသေး ကြောင်း အထက်ပါတာဝန်ရှိသူ က ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top