ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပုပၸားေတာင္မႀကီးႏွင့္ အနီးဝန္းက်င္ေဒသတြင္ ဘူမိေဗဒကို စိတ္ဝင္စားသူမ်ားလာေရာက္ ေလ့လာႏိုင္ေစရန္ ဘူမိအေျချပဳ ခရီးသြားလုပ္ငန္းတစ္ခု ေဖာ္ ေဆာင္ရန္ မႏၲေလးတိုင္းဝန္ႀကီး ခ်ဳပ္ထံ တင္ျပမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဘူမိသိပၸံအသင္းအ တြင္းေရးမွဴး ဦးသန္းထြန္းက ေျပာ ၾကားသည္။


‘‘မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ပထမတစ္ေခါက္က ေတြ႕ၿပီးၿပီ။ အခုတစ္ခါ ဘာေတြ ၿပီးၿပီ၊ ေရွ႕ ဘာဆက္လုပ္မယ္ဆိုတာ တင္ျပ ဖို႔ စီစဥ္ေနတယ္။ ဒီဇင္ဘာေနာက္ ပိုင္းမွာ ဆုိင္းဘုတ္ေတြ တရားဝင္ တင္ၿပီး အေရးႀကီးတဲ့ ေနရာေတြ လာၿပီး ေလ့လာႏုိင္ေအာင္ လုပ္ သြားဖို႔ စီစဥ္သြားမွာျဖစ္ပါတယ္’’ ဟု ဦးသန္းထြန္းက ေျပာသည္။

အဆိုပါဘူမိအေျချပဳခရီး သြားလုပ္ငန္းအေကာင္အထည္ ေဖာ္ရာတြင္ ပုပၸားေတာင္မႀကီး အနီးဝန္းက်င္၌ ႏွစ္သန္းေပါင္း မ်ားစြာကတည္းက တည္ရွိေနခဲ့ သည့္ ေက်ာက္မ်ား၊ တိရစၧာန္ မ်ား၊ အပင္မ်ား၏ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းမ်ားႏွင့္ ဘူမိေဗဒဆိုင္ရာ ေလ့လာမႈမ်ားျပဳလုပ္ႏိုင္မည့္ေန ရာ ၃၀ ခန္႔ ေရြးခ်ယ္ကာခရီးသြား မ်ား ေလ့လာႏိုင္မည့္ေနရာမ်ားကို လမ္းၫႊန္ဆုိင္းဘုတ္မ်ား တပ္ ဆင္ထားရွိမည္ျဖစ္သည္။

‘‘ေရွ႕ႏွစ္ထဲမွာေတာ့ ဆုိင္း ဘုတ္ႀကီးေတြ လုပ္သြားမယ္။ ဒါက မီးေတာင္ေက်ာက္ေတြ ဘယ္ နားကေန ထြက္တယ္၊ ဘယ္လိုအ သံုးက်တယ္။ အဲဒီလို အဓိပၸာယ္ ေဖာ္ျပခ်က္ေတြနဲ႔ ျမန္မာ၊ အဂၤလိပ္စာႏွစ္ဘာသာနဲ႔ လုပ္သြား မယ္။ ေလဆိပ္မွာ ဆိုင္းဘုတ္ေတြဘာေတြ ေၾကညာထားမယ္၊  ျပကြက္ထဲမွာ အေရးႀကီးတဲ့ေနရာ သံုးဆယ္ေလာက္ကို စီစဥ္ထား တယ္’’ဟု ဦးသန္းထြန္းက ေျပာ သည္။

ဘူမိအေျချပဳခရီးသြားလုပ္ ငန္းေဆာင္ရြက္ရာတြင္ ဘူမိေဗဒ ပညာရပ္ကို စိတ္ဝင္စားသူမ်ား လာေရာက္ေလ့လာႏိုင္မည့္အ ျပင္ သာမန္အရပ္သားမ်ားအေန ျဖင့္လည္း ေက်ာက္အမ်ိဳးအစား အလိုက္ သက္တမ္းမ်ားႏွင့္ တန္ဖိုးရွိပံုတို႔ကို ေလ့လာႏိုင္ရန္ အ ခ်က္အလက္မ်ားျဖင့္ ရွင္းျပ ထားမည္ျဖစ္သည္။

လက္ရွိတြင္ ပုပၸားေတာင္မ ႀကီးႏွင့္ အနီးဝန္းက်င္ေဒသကို ယူနက္စကိုအသိအမွတ္ျပဳ Geo-park ဘူမိဥယ်ာဥ္ေဒသအျဖစ္ စာရင္းတင္သြင္းႏိုင္ေရး ျပည္တြင္း၊ ျပည္ပ ပညာရွင္မ်ားႏွင့္ပူးေပါင္း ကာ ေရွ႕ေျပးစီမံခ်က္ေဆာင္ရြက္ ေနၿပီး ယခုအစီအစဥ္သည္ အဆို ပါေရွ႕ေျပးစီမံခ်က္ထဲမွ လုပ္ငန္း စဥ္တစ္ခုအျဖစ္ ပါဝင္ေၾကာင္း ၎ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ပုပ္ပားတောင်မကြီးနှင့် အနီးဝန်းကျင်ဒေသတွင် ဘူမိဗေဒကို စိတ်ဝင်စားသူများလာရောက် လေ့လာနိုင်စေရန် ဘူမိအခြေပြု ခရီးသွားလုပ်ငန်းတစ်ခု ဖော် ဆောင်ရန် မန္တလေးတိုင်းဝန်ကြီး ချုပ်ထံ တင်ပြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းအ တွင်းရေးမှူး ဦးသန်းထွန်းက ပြော ကြားသည်။


‘‘မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ ပထမတစ်ခေါက်က တွေ့ပြီးပြီ။ အခုတစ်ခါ ဘာတွေ ပြီးပြီ၊ ရှေ့ ဘာဆက်လုပ်မယ်ဆိုတာ တင်ပြ ဖို့ စီစဉ်နေတယ်။ ဒီဇင်ဘာနောက် ပိုင်းမှာ ဆိုင်းဘုတ်တွေ တရားဝင် တင်ပြီး အရေးကြီးတဲ့ နေရာတွေ လာပြီး လေ့လာနိုင်အောင် လုပ် သွားဖို့ စီစဉ်သွားမှာဖြစ်ပါတယ်’’ ဟု ဦးသန်းထွန်းက ပြောသည်။

အဆိုပါဘူမိအခြေပြုခရီး သွားလုပ်ငန်းအကောင်အထည် ဖော်ရာတွင် ပုပ္ပားတောင်မကြီး အနီးဝန်းကျင်၌ နှစ်သန်းပေါင်း များစွာကတည်းက တည်ရှိနေခဲ့ သည့် ကျောက်များ၊ တိရစ္ဆာန် များ၊ အပင်များ၏ကျောက်ဖြစ် ရုပ်ကြွင်းများနှင့် ဘူမိဗေဒဆိုင်ရာ လေ့လာမှုများပြုလုပ်နိုင်မည့်နေ ရာ ၃၀ ခန့် ရွေးချယ်ကာခရီးသွား များ လေ့လာနိုင်မည့်နေရာများကို လမ်းညွှန်ဆိုင်းဘုတ်များ တပ် ဆင်ထားရှိမည်ဖြစ်သည်။

‘‘ရှေ့နှစ်ထဲမှာတော့ ဆိုင်း ဘုတ်ကြီးတွေ လုပ်သွားမယ်။ ဒါက မီးတောင်ကျောက်တွေ ဘယ် နားကနေ ထွက်တယ်၊ ဘယ်လိုအ သုံးကျတယ်။ အဲဒီလို အဓိပ္ပာယ် ဖော်ပြချက်တွေနဲ့ မြန်မာ၊ အင်္ဂလိပ်စာနှစ်ဘာသာနဲ့ လုပ်သွား မယ်။ လေဆိပ်မှာ ဆိုင်းဘုတ်တွေဘာတွေ ကြေညာထားမယ်၊  ပြကွက်ထဲမှာ အရေးကြီးတဲ့နေရာ သုံးဆယ်လောက်ကို စီစဉ်ထား တယ်’’ဟု ဦးသန်းထွန်းက ပြော သည်။

ဘူမိအခြေပြုခရီးသွားလုပ် ငန်းဆောင်ရွက်ရာတွင် ဘူမိဗေဒ ပညာရပ်ကို စိတ်ဝင်စားသူများ လာရောက်လေ့လာနိုင်မည့်အ ပြင် သာမန်အရပ်သားများအနေ ဖြင့်လည်း ကျောက်အမျိုးအစား အလိုက် သက်တမ်းများနှင့် တန်ဖိုးရှိပုံတို့ကို လေ့လာနိုင်ရန် အ ချက်အလက်များဖြင့် ရှင်းပြ ထားမည်ဖြစ်သည်။

လက်ရှိတွင် ပုပ္ပားတောင်မ ကြီးနှင့် အနီးဝန်းကျင်ဒေသကို ယူနက်စကိုအသိအမှတ်ပြု Geo-park ဘူမိဥယျာဉ်ဒေသအဖြစ် စာရင်းတင်သွင်းနိုင်ရေး ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့်ပူးပေါင်း ကာ ရှေ့ပြေးစီမံချက်ဆောင်ရွက် နေပြီး ယခုအစီအစဉ်သည် အဆို ပါရှေ့ပြေးစီမံချက်ထဲမှ လုပ်ငန်း စဉ်တစ်ခုအဖြစ် ပါဝင်ကြောင်း ၎င်းကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top