ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သားေလွ်ာျခင္းသို႔မဟုတ္ကေလး အေသေမြးဖြားျခင္းအား တားဆီး ကာကြယ္ရန္ ကိုယ္ဝန္ေဆာင္မိခင္ မ်ားအေနျဖင့္ မီးမဖြားမီသံုးလခန္႔ အလိုတြင္အိပ္စက္ရာ၌ေဘးေစာင္း အိပ္သင့္ေၾကာင္း သုေတသီမ်ားက အၾကံျပဳေျပာၾကားလိုက္သည္ဟု သိရသည္။

အမ်ိဳးသမီး ၁ဝဝဝ အား ျပဳ လုပ္သည့္ သုေတသနအရ ေမြးဖြား ခါနီး သံုးလအလိုတြင္ ကိုယ္ဝန္ ေဆာင္မိခင္မ်ားအေနျဖင့္ ပက္ လက္အေနထားျဖင့္ အိပ္စက္မည္ ဆိုပါက သားေလွ်ာ၊ သားပ်က္ျဖစ္ ႏိုင္ေျခ ႏွစ္ဆျမင့္မားေၾကာင္း သိ ရသည္။

အဆိုပါ သုေတသနသည္ ကေလးအေသေမြးဖြားသူ ကိုယ္ ဝန္ေဆာင္အမ်ဳိးသမီး ၂၉၁ ဦးႏွင့္ ကေလးအရွင္ေမြးဖြားသူ ကိုယ္ဝန္ ေဆာင္အမ်ဳိးသမီး ၇၃၅ ဦးတို႔အား ေလ့လာဆန္းစစ္ခဲ့ၾကျခင္းျဖစ္သည္။ ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးမ်ား ၏အိပ္စက္မႈအေနအထားသည္ အေရးအႀကီးဆံုးျဖစ္ၿပီး၄င္းတို႔အိပ္ ရာမွႏိုးထလာခ်ိန္တြင္ ၄င္းတို႔ အေနျဖင့္ ပက္လက္အေနအထား ျဖစ္ေနပါကလည္း မစိုးရိမ္သင့္ ေၾကာင္း သုေတသီမ်ားကေျပာ ၾကားခဲ့သည္ဟု သိရသည္။

ယူေကတြင္ ကိုယ္ဝန္ေဆာင္ ၂၂၅ ဦးတြင္ တစ္ဦးသည္ ကေလး အေသေမြးဖြားေလ့ရွိေၾကာင္း သိရ သည္။ ထို႔ေၾကာင့္ ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးမ်ားအေနျဖင့္ ေဘး ေစာင္းအိပ္ျခင္းျဖင့္ တစ္ႏွစ္လွ်င္ ကေလးငယ္ေပါင္း ၁၃ဝ ကို အသက္ရွင္သန္ခြင့္ေပးႏိုင္မည္ဟု အဆိုပါသုေတသနအား ေရးသား သူမ်ားက ခန္႔မွန္းထားေၾကာင္း လည္း သိရသည္။
အဆိုပါ သုေတသနကို ၿဗိတိန္ ႏိုင္ငံထုတ္ Journal of Obstetrics and Gynaecology (BJOG)တြင္ ေဖာ္ျပခဲ့ျခင္းျဖစ္သည္။

သြန္းသြန္း
The Union Daily
https://www.facebook.com/pg/uniondaily.net
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#
သားလျှောခြင်းသို့မဟုတ်ကလေး အသေမွေးဖွားခြင်းအား တားဆီး ကာကွယ်ရန် ကိုယ်ဝန်ဆောင်မိခင် များအနေဖြင့် မီးမဖွားမီသုံးလခန့် အလိုတွင်အိပ်စက်ရာ၌ဘေးစောင်း အိပ်သင့်ကြောင်း သုတေသီများက အကြံပြုပြောကြားလိုက်သည်ဟု သိရသည်။

အမျိုးသမီး ၁ဝဝဝ အား ပြု လုပ်သည့် သုတေသနအရ မွေးဖွား ခါနီး သုံးလအလိုတွင် ကိုယ်ဝန် ဆောင်မိခင်များအနေဖြင့် ပက် လက်အနေထားဖြင့် အိပ်စက်မည် ဆိုပါက သားလျှော၊ သားပျက်ဖြစ် နိုင်ခြေ နှစ်ဆမြင့်မားကြောင်း သိ ရသည်။

အဆိုပါ သုတေသနသည် ကလေးအသေမွေးဖွားသူ ကိုယ် ဝန်ဆောင်အမျိုးသမီး ၂၉၁ ဦးနှင့် ကလေးအရှင်မွေးဖွားသူ ကိုယ်ဝန် ဆောင်အမျိုးသမီး ၇၃၅ ဦးတို့အား လေ့လာဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ၏အိပ်စက်မှုအနေအထားသည် အရေးအကြီးဆုံးဖြစ်ပြီး၎င်းတို့အိပ် ရာမှနိုးထလာချိန်တွင် ၎င်းတို့ အနေဖြင့် ပက်လက်အနေအထား ဖြစ်နေပါကလည်း မစိုးရိမ်သင့် ကြောင်း သုတေသီများကပြော ကြားခဲ့သည်ဟု သိရသည်။

ယူကေတွင် ကိုယ်ဝန်ဆောင် ၂၂၅ ဦးတွင် တစ်ဦးသည် ကလေး အသေမွေးဖွားလေ့ရှိကြောင်း သိရ သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ဘေး စောင်းအိပ်ခြင်းဖြင့် တစ်နှစ်လျှင် ကလေးငယ်ပေါင်း ၁၃ဝ ကို အသက်ရှင်သန်ခွင့်ပေးနိုင်မည်ဟု အဆိုပါသုတေသနအား ရေးသား သူများက ခန့်မှန်းထားကြောင်း လည်း သိရသည်။
အဆိုပါ သုတေသနကို ဗြိတိန် နိုင်ငံထုတ် Journal of Obstetrics and Gynaecology (BJOG)တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

သွန်းသွန်း
The Union Daily
https://www.facebook.com/pg/uniondaily.net

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top