စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

သရဲဆိုတာ လူတုိင္းျမင္ဖူးၾကတာမဟုတ္ေပမယ့္လည္း ၾကားတာနဲ႔ေတာ့ေၾကာက္တတ္ၾကပါတယ္။ ေယာင္းတုိ႔ေတြးမိဖူးၾကလား။ ငါသာသရဲျမင္ရင္ ဘာလုပ္မိမလဲလို႔ေလ။ အက္ဒမင္ေတာ့မၾကာခဏေတြးဖူးပါတယ္။ ေတြးတိုင္းလည္း ေျပးမယ္ခ်ည္းဆံုးျဖတ္တာမ်ားပါတယ္။ ဒါေပမယ့္ ႏိုင္ငံျခားသားသတၱိခဲေတြေရးထားတဲ့ေဆာင္းပါးေတြ ဖတ္မိတဲ့အခါမွာေတာ့ စိတ္ဝင္စားစရာေတြရွိလာပါတယ္။ ဒါေၾကာင့္လည္း ခ်စ္ရတဲ့ေယာင္းေလးေတြနဲ႔ မွ်ေဝေပးလုိက္ျပီေနာ္။ ဒါေပမဲ့လည္း ဒီအခ်က္ေတြက သရဲျမင္ရင္ေၾကာက္တာထက္ စူးစမ္းခ်င္စိတ္ရွိတဲ့ေယာင္းတုိ႔အတြက္ပါ။

၁။မေၾကာက္ပါနဲ႔။

ေျပာရတာလြယ္ေပမယ့္ တကယ့္တကယ္သရဲတစ္ေကာင္ေကာင္မ်ား ဘြားခနဲလာရပ္ရင္ အက္ဒမင္ေတာ့ ဝွစ္ခနဲေပ်ာက္သြားမွာပါပဲ။ ဒါေပမယ့္လည္း စိတ္ကိုတည္တည္ထားတာ အေကာင္းဆံုးပါပဲတဲ့။ ဘာေၾကာင့္လဲဆိုေတာ့ သရဲေတြက မ်ားေသာအားျဖင့္ လူကိုအႏၱရာယ္မျပဳပါဘူး။ (အလန္႔လြန္၊ ႏွလံုးရပ္ျပီးေသသြားရင္ေတာ့ မသိဘူးေပါ့။)

၂။ဆက္သြယ္ပါ။

ဖုန္းနံပါတ္လုိက္ေတာင္းခိုင္းတာမဟုတ္ဘူးေနာ္။ သရဲေျခာက္တယ္လို႔ခံစားရရင္ ဗီဒီယိုရုိက္တာမ်ိဳး၊ ဓာတ္ပံုရုိက္တာမ်ိဳးလုပ္ေပးပါ။ ဒါမွမဟုတ္လည္း ကိုယ့္ကိုၾကည့္ေနတယ္လုိ႔ခံစားရရင္ စိတ္ကိုတတ္ႏိုင္သေလာက္တည္တည္ၿငိမ္ၿငိမ္ထားျပီး ေမးပါ။ ဘယ္သူလဲ၊ ဘာေၾကာင့္ဒီေနရာေရာက္ေနတာလဲစသျဖင့္ေပါ့။ သရဲေတြက ခရက္ရွ္ေတြလုိပဲ၊ ေခ်တတ္ပါတယ္ :P။ ဒါေပမယ့္လည္း ေျပာမရဘူးေလ။ ထူးထူးျခားျခား တစ္ခုခုသိလာႏိုင္တာေပါ့။

၃။အသံသြင္းပါ။

ဗီဒီယိုရိုက္ဖို႔ အဆင္မေျပဘူးဆုိရင္ေတာ့ အသံရက္ေကာ့ေလးသြင္းထားပါ။ Record သြင္းတဲ့အခါ အသံၾကားခ်င္မွၾကားမွာျဖစ္ေပမယ့္ ျပန္နားေထာင္တဲ့အခါမွာေတာ့ တစ္ခုခုထူးလာႏုိင္ပါတယ္။

၄။ တျခားသူေတြကိုေခၚပါ။

ကိုယ့္အခန္းထဲမွာ သရဲေျခာက္ခံရရင္ အျပင္ထြက္ျပီး တျခားတစ္ေယာက္ေယာက္ကိုေခၚပါ။ ေၾကာက္လန္႔လြန္ၿပီး ေသြးမပ်က္သြားပါနဲ႔။ စိတ္ၿငိမ္ၿငိမ္ထားျပီး သူတုိ႔ကိုရွင္းျပပါ။ ဒါမွသူတုိ႔လည္း တစ္ခုခုကူညီေပးႏုိင္တာေပါ့။

၅။ေစာင့္ၾကည့္ပါ။

သရဲကို ျဖတ္ခနဲျမင္တာနဲ႔ ဂြပ္ခနဲထြက္မေျပးပါနဲ႔။ ေစာင့္ၾကည့္ပါ။ ထင္းထင္းႀကီးျမင္ေနရရင္ သူ႔ရဲ႕ ပံုပန္းသ႑ာန္ကိုမွတ္ထားပါ။ အရပ္၊ ပံုစံ၊ မ်က္ႏွာအေနအထား၊ အျပဳအမူကိုအကဲခတ္ပါ။ ကိုယ့္အတြက္ အႏၱရာယ္ရွိလာႏုိင္တယ္ထင္ရင္ေတာ့ အဲ့ဒီ့ေနရာကထြက္ခဲ့ပါ။ ေစာင့္ၾကည့္ျခင္းအားျဖင့္ ေနာက္ကြယ္က အေၾကာင္းအရင္းတစ္ခုခုကိုေဖာ္ထုတ္ႏုိ္င္ပါတယ္။

ေျပာသာေျပာရတာ တကယ္ျမင္ရင္ ဒီအခ်က္ေတြကို လိုက္လုပ္ခ်င္မွလုပ္ၾကမွာပါပဲ။ ဒါေပမယ့္လည္း ေျပးမယ္ခ်ည္း ေတြးထားတာထက္စာရင္ေတာ့ ေယာင္းတုိ႔အတြက္ ဗဟုသုတေလးတစ္ခုရတာေပါ့။ တစ္ခါတေလ လူ႔ပတ္ဝန္းက်င္ကိုကူညီေပးမယ့္ သဲလြန္စတစ္ခုခုလည္းရေကာင္းရႏုိင္တာပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Christina (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #

သရဲဆိုတာ လူတိုင်းမြင်ဖူးကြတာမဟုတ်ပေမယ့်လည်း ကြားတာနဲ့တော့ကြောက်တတ်ကြပါတယ်။ ယောင်းတို့တွေးမိဖူးကြလား။ ငါသာသရဲမြင်ရင် ဘာလုပ်မိမလဲလို့လေ။ အက်ဒမင်တော့မကြာခဏတွေးဖူးပါတယ်။ တွေးတိုင်းလည်း ပြေးမယ်ချည်းဆုံးဖြတ်တာများပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားသတ္တိခဲတွေရေးထားတဲ့ဆောင်းပါးတွေ ဖတ်မိတဲ့အခါမှာတော့ စိတ်ဝင်စားစရာတွေရှိလာပါတယ်။ ဒါကြောင့်လည်း ချစ်ရတဲ့ယောင်းလေးတွေနဲ့ မျှဝေပေးလိုက်ပြီနော်။ ဒါပေမဲ့လည်း ဒီအချက်တွေက သရဲမြင်ရင်ကြောက်တာထက် စူးစမ်းချင်စိတ်ရှိတဲ့ယောင်းတို့အတွက်ပါ။

၁။မကြောက်ပါနဲ့။

ပြောရတာလွယ်ပေမယ့် တကယ့်တကယ်သရဲတစ်ကောင်ကောင်များ ဘွားခနဲလာရပ်ရင် အက်ဒမင်တော့ ဝှစ်ခနဲပျောက်သွားမှာပါပဲ။ ဒါပေမယ့်လည်း စိတ်ကိုတည်တည်ထားတာ အကောင်းဆုံးပါပဲတဲ့။ ဘာကြောင့်လဲဆိုတော့ သရဲတွေက များသောအားဖြင့် လူကိုအန္တရာယ်မပြုပါဘူး။ (အလန့်လွန်၊ နှလုံးရပ်ပြီးသေသွားရင်တော့ မသိဘူးပေါ့။)

၂။ဆက်သွယ်ပါ။

ဖုန်းနံပါတ်လိုက်တောင်းခိုင်းတာမဟုတ်ဘူးနော်။ သရဲခြောက်တယ်လို့ခံစားရရင် ဗီဒီယိုရိုက်တာမျိုး၊ ဓာတ်ပုံရိုက်တာမျိုးလုပ်ပေးပါ။ ဒါမှမဟုတ်လည်း ကိုယ့်ကိုကြည့်နေတယ်လို့ခံစားရရင် စိတ်ကိုတတ်နိုင်သလောက်တည်တည်ငြိမ်ငြိမ်ထားပြီး မေးပါ။ ဘယ်သူလဲ၊ ဘာကြောင့်ဒီနေရာရောက်နေတာလဲစသဖြင့်ပေါ့။ သရဲတွေက ခရက်ရှ်တွေလိုပဲ၊ ချေတတ်ပါတယ် :P။ ဒါပေမယ့်လည်း ပြောမရဘူးလေ။ ထူးထူးခြားခြား တစ်ခုခုသိလာနိုင်တာပေါ့။

၃။အသံသွင်းပါ။

ဗီဒီယိုရိုက်ဖို့ အဆင်မပြေဘူးဆိုရင်တော့ အသံရက်ကော့လေးသွင်းထားပါ။ Record သွင်းတဲ့အခါ အသံကြားချင်မှကြားမှာဖြစ်ပေမယ့် ပြန်နားထောင်တဲ့အခါမှာတော့ တစ်ခုခုထူးလာနိုင်ပါတယ်။

၄။ တခြားသူတွေကိုခေါ်ပါ။

ကိုယ့်အခန်းထဲမှာ သရဲခြောက်ခံရရင် အပြင်ထွက်ပြီး တခြားတစ်ယောက်ယောက်ကိုခေါ်ပါ။ ကြောက်လန့်လွန်ပြီး သွေးမပျက်သွားပါနဲ့။ စိတ်ငြိမ်ငြိမ်ထားပြီး သူတို့ကိုရှင်းပြပါ။ ဒါမှသူတို့လည်း တစ်ခုခုကူညီပေးနိုင်တာပေါ့။

၅။စောင့်ကြည့်ပါ။

သရဲကို ဖြတ်ခနဲမြင်တာနဲ့ ဂွပ်ခနဲထွက်မပြေးပါနဲ့။ စောင့်ကြည့်ပါ။ ထင်းထင်းကြီးမြင်နေရရင် သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကိုမှတ်ထားပါ။ အရပ်၊ ပုံစံ၊ မျက်နှာအနေအထား၊ အပြုအမူကိုအကဲခတ်ပါ။ ကိုယ့်အတွက် အန္တရာယ်ရှိလာနိုင်တယ်ထင်ရင်တော့ အဲ့ဒီ့နေရာကထွက်ခဲ့ပါ။ စောင့်ကြည့်ခြင်းအားဖြင့် နောက်ကွယ်က အကြောင်းအရင်းတစ်ခုခုကိုဖော်ထုတ်နိုင်ပါတယ်။

ပြောသာပြောရတာ တကယ်မြင်ရင် ဒီအချက်တွေကို လိုက်လုပ်ချင်မှလုပ်ကြမှာပါပဲ။ ဒါပေမယ့်လည်း ပြေးမယ်ချည်း တွေးထားတာထက်စာရင်တော့ ယောင်းတို့အတွက် ဗဟုသုတလေးတစ်ခုရတာပေါ့။ တစ်ခါတလေ လူ့ပတ်ဝန်းကျင်ကိုကူညီပေးမယ့် သဲလွန်စတစ်ခုခုလည်းရကောင်းရနိုင်တာပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Christina (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top