ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 Uber, Grab, Oway, Hello Cabs စသည့္ Mobile Application သုံး အြန္လုိင္းအငွား ယာဥ္၀န္ေဆာင္မႈ လုပ္ငန္းမ်ား နည္းဥပေဒႏွင့္အညီ စနစ္တက် ျဖစ္ေစရန္ ျပည္ေထာင္စု၀န္ႀကီး ဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနႏွင့္ YRTAတို႔ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္ သြယ္ေရး၀န္ႀကီး ေဒၚနီလာေက်ာ္ က ေျပာသည္။

ဒီဇင္ဘာ ၄ ရက္က ျပဳလုပ္ သည့္ တိုင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေ၀းတြင္ သဃၤန္းကြၽန္း ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေန ဘုန္းလတ္၏ ‘Mobile App သုံး အြန္လုိင္းအငွားယာဥ္၀န္ေဆာင္ မႈလုပ္ငန္းမ်ားရွင္သန္ဖြံ႕ၿဖိဳးလာ ၿပီး ျမန္မာ့အငွားယာဥ္ေလာက တစ္ေခတ္ဆန္းေစေရးအတြက္ လုိအပ္ေသာ စည္းမ်ဥ္းစည္းကမ္း မ်ား၊ နည္းဥပေဒမ်ားရွိလာေစေရး မည္သုိ႔မည္ပုံစီမံေဆာင္ရြက္ထား သည္’ကုိ သိလုိရွိေၾကာင္း ေမးခြန္းေမးျမန္းမႈအေပၚ ၀န္ႀကီးက အထက္ပါအတိုင္း ေျဖၾကားခဲ့ သည္။


တစ္ဦးႏွင့္တစ္ဦး ယွဥ္ၿပိဳင္ ရာတြင္ မွန္မွန္ကန္ကန္ေဆာင္ ရြက္ႏုိင္ေရး YRTA အေနျဖင့္အဆုိ ပါယာဥ္လုိင္းမ်ား၊ အဆုိပါကုမၸဏီ ေလးခုကုိ ဖိတ္ေခၚၿပီးေဆြးေႏြး ျခင္းမ်ား ေဆာင္ရြက္ခဲ့သည္မွာ သုံးႀကိမ္ရွိၿပီျဖစ္ေၾကာင္း၊ အဆုိပါ အငွားယာဥ္မ်ားအားလုံး မွ်တ သည့္ ယွဥ္ၿပိဳင္မႈျဖစ္ေစရန္ လုိ အပ္သည့္ စည္းမ်ဥ္းစည္းကမ္း၊ နည္းဥပေဒမ်ားကုိ ျပည္ေထာင္စု ၀န္ႀကီးဌာနက ကုန္းလမ္းပုိ႔ ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၊ YRTA တို႔ႏွင့္ ေပါင္းစပ္ၿပီး စီစဥ္ ေဆာင္ရြက္ေနေၾကာင္း ေဒၚနီလာ ေက်ာ္က ေျပာသည္။

 အငွားယာဥ္လုပ္ငန္းႏွင့္ ပတ္သက္ၿပီး ႀကီးမားသည့္ အ ေျပာင္းအလဲကုိ ႀကိဳဆုိေသာ္ လည္း ယွဥ္ၿပိဳင္ေျပးဆြဲေနၾက သည့္ ကုမၸဏီမ်ား တရားမွ်တ ေသာ ယွဥ္ၿပိဳင္မႈရွိေစရန္ႏွင့္ အ ရည္အေသြးျပည့္၀ေသာ ၀န္ ေဆာင္မႈမ်ားေပးႏုိင္ေရး လုိအပ္ ေသာ စည္းမ်ဥ္းစည္းကမ္း၊ နည္း ဥပေဒမ်ားရွိရန္ လုိအပ္ေၾကာင္း ဦးေနဘုန္းလတ္က အႀကံျပဳ သည္။

‘‘ကုမၸဏီေလးခုက တစ္ခုနဲ႔ တစ္ခု ေငြေၾကးေကာက္ခံမႈမတူ ညီပါဘူး။ ရပ္နားတဲ့အခ်ိန္ေတြ ၾကာတဲ့အခါမွာ ယူတဲ့ပမာဏ လည္း မတူပါဘူး။ တြက္ခ်က္ နည္းေတြလည္း မတူပါဘူး။ တစ္ ခုနဲ႔တစ္ခု အဲဒီလုိမတူတဲ့အတြက္ Promotion ေတြအၿပိဳင္အဆုိင္ လုပ္ၾကတဲ့အခါမွာ Promotion မလုပ္ႏုိင္တဲ့ ျပည္တြင္းကုမၸဏီ ေတြ ေနာက္ပုိင္းမွာ က်ဆုံးသြား ႏုိင္တယ္လုိ႔ ၾကားသိရပါတယ္။ ယွဥ္ၿပိဳင္မႈမွာ မယွဥ္ၿပိဳင္ႏုိင္ဘူးဆုိ ရင္ တျဖည္းျဖည္းနဲ႔ ႏုိင္သူအကုန္ ယူ ႀကီးသူအကုန္စားဆုိၿပီး ျပည္ တြင္းကုမၸဏီေတြ ရပ္တန္႔သြားၿပီး ေတာ့ ႏုိင္ငံတကာကုမၸဏီေတြပဲ က်န္ေတာ့မယ့္အေနအထားမ်ိဳး ျဖစ္လာႏိုုင္မယ့္အေနအထားမ်ိဳး ေတြ ျဖစ္လာႏုိင္မယ့္အေနအထား ေတြလည္း ေတြ႕ေနရပါတယ္’’ ဟု ၎ကေျပာသည္။ ရန္ကုန္ တိုင္းေဒသႀကီးအတြင္း တကၠစီ ယာဥ္ေျခာက္ေသာင္းခုနစ္ေထာင္ ေက်ာ္ ေျပးဆြဲေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 Uber, Grab, Oway, Hello Cabs စသည့် Mobile Application သုံး အွန်လိုင်းအငှား ယာဉ်ဝန်ဆောင်မှု လုပ်ငန်းများ နည်းဥပဒေနှင့်အညီ စနစ်တကျ ဖြစ်စေရန် ပြည်ထောင်စုဝန်ကြီး ဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် YRTAတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။

ဒီဇင်ဘာ ၄ ရက်က ပြုလုပ် သည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေ ဘုန်းလတ်၏ ‘Mobile App သုံး အွန်လိုင်းအငှားယာဉ်ဝန်ဆောင် မှုလုပ်ငန်းများရှင်သန်ဖွံ့ဖြိုးလာ ပြီး မြန်မာ့အငှားယာဉ်လောက တစ်ခေတ်ဆန်းစေရေးအတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်း များ၊ နည်းဥပဒေများရှိလာစေရေး မည်သို့မည်ပုံစီမံဆောင်ရွက်ထား သည်’ကို သိလိုရှိကြောင်း မေးခွန်းမေးမြန်းမှုအပေါ် ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ သည်။


တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင် ရာတွင် မှန်မှန်ကန်ကန်ဆောင် ရွက်နိုင်ရေး YRTA အနေဖြင့်အဆို ပါယာဉ်လိုင်းများ၊ အဆိုပါကုမ္ပဏီ လေးခုကို ဖိတ်ခေါ်ပြီးဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့သည်မှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း၊ အဆိုပါ အငှားယာဉ်များအားလုံး မျှတ သည့် ယှဉ်ပြိုင်မှုဖြစ်စေရန် လို အပ်သည့် စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေများကို ပြည်ထောင်စု ဝန်ကြီးဌာနက ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ YRTA တို့နှင့် ပေါင်းစပ်ပြီး စီစဉ် ဆောင်ရွက်နေကြောင်း ဒေါ်နီလာ ကျော်က ပြောသည်။

 အငှားယာဉ်လုပ်ငန်းနှင့် ပတ်သက်ပြီး ကြီးမားသည့် အ ပြောင်းအလဲကို ကြိုဆိုသော် လည်း ယှဉ်ပြိုင်ပြေးဆွဲနေကြ သည့် ကုမ္ပဏီများ တရားမျှတ သော ယှဉ်ပြိုင်မှုရှိစေရန်နှင့် အ ရည်အသွေးပြည့်ဝသော ဝန် ဆောင်မှုများပေးနိုင်ရေး လိုအပ် သော စည်းမျဉ်းစည်းကမ်း၊ နည်း ဥပဒေများရှိရန် လိုအပ်ကြောင်း ဦးနေဘုန်းလတ်က အကြံပြု သည်။

‘‘ကုမ္ပဏီလေးခုက တစ်ခုနဲ့ တစ်ခု ငွေကြေးကောက်ခံမှုမတူ ညီပါဘူး။ ရပ်နားတဲ့အချိန်တွေ ကြာတဲ့အခါမှာ ယူတဲ့ပမာဏ လည်း မတူပါဘူး။ တွက်ချက် နည်းတွေလည်း မတူပါဘူး။ တစ် ခုနဲ့တစ်ခု အဲဒီလိုမတူတဲ့အတွက် Promotion တွေအပြိုင်အဆိုင် လုပ်ကြတဲ့အခါမှာ Promotion မလုပ်နိုင်တဲ့ ပြည်တွင်းကုမ္ပဏီ တွေ နောက်ပိုင်းမှာ ကျဆုံးသွား နိုင်တယ်လို့ ကြားသိရပါတယ်။ ယှဉ်ပြိုင်မှုမှာ မယှဉ်ပြိုင်နိုင်ဘူးဆို ရင် တဖြည်းဖြည်းနဲ့ နိုင်သူအကုန် ယူ ကြီးသူအကုန်စားဆိုပြီး ပြည် တွင်းကုမ္ပဏီတွေ ရပ်တန့်သွားပြီး တော့ နိုင်ငံတကာကုမ္ပဏီတွေပဲ ကျန်တော့မယ့်အနေအထားမျိုး ဖြစ်လာနိုုင်မယ့်အနေအထားမျိုး တွေ ဖြစ်လာနိုင်မယ့်အနေအထား တွေလည်း တွေ့နေရပါတယ်’’ ဟု ၎င်းကပြောသည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်း တက္ကစီ ယာဉ်ခြောက်သောင်းခုနစ်ထောင် ကျော် ပြေးဆွဲနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top