ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ပဲခူးတိုင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္ ၿမိဳ႕ေခ်ာင္း ေက်းရြာရွိ မႈခင္း႐ႈေထာင့္သတင္း ေထာက္ ေနအိမ္ႏွင့္ ေနျပည္ေတာ္ တိုင္း(မ္) ဂ်ာနယ္ သတင္းေထာက္ ေနအိမ္တို႔တြင္ ခိုးဝင္ဘဂၤါလီ ရွစ္ဦးဖမ္းမိေၾကာင္း ေက်ာက္တံခါး ရဲစခန္းမွ ဒုရဲမွဴးေအာင္ ေက်ာ္ေက်ာ္က ေျပာၾကားသည္။

ဒီဇင္ဘာ ၂၃ ရက္ေန႔လယ္ က ခိုးဝင္ဘဂၤါလီမ်ား ေရာက္ရွိေန ေၾကာင္း ဖဒိုရဲစခန္းက သတင္းရ ၍ သြားေရာက္ဖမ္းဆီးရာ ရန္ ကုန္-မႏၲေလး အျမန္လမ္းမႀကီး မိုင္တိုင္ (၈၃)ေက်ာ္ရွိ မႈခင္း႐ႈ ေထာင့္ သတင္းေထာက္ စံသိန္း ေနအိမ္တြင္ အမ်ိဳးသားငါးဦးႏွင့္ အမ်ိဳးသမီးတစ္ဦးကို ဖမ္းဆီးမိ ေၾကာင္း ရဲကနဦး စစ္ခ်က္မ်ား တြင္ ေဖာ္ျပထားသည္။

‘‘ဖမ္းမိတဲ့အိမ္က သူကသ တင္းေထာက္ ဟုတ္၊မဟုတ္စစ္ ေဆးေနတယ္။ သူကၿခံစိုက္စား တာေတာ့ သိတယ္။ အမႈနဲ႔ပတ္ သက္လို႔ စစ္ေဆးေနတုန္း ျဖစ္တဲ့ အတြက္ ဘာမွေျပာလို႔မရေသးပါ ဘူး’’ ဟု ေက်ာက္တံခါးရဲစခန္းမွ ဒုရဲမွဴး ေအာင္ေက်ာ္ေက်ာ္က ေျပာသည္။

ဘဂၤါလီေျခာက္ဦးကို အ သက္ (၆၂) ႏွစ္အရြယ္ စံသိန္း ၏ ၿခံဝင္းအတြင္းရွိ တဲမွ ဖမ္းဆီးရမိၿပီး က်န္ႏွစ္ဦးကို အသက္ (၆၁) ႏွစ္အရြယ္ရွိ သတင္းေထာက္ခင္ေရႊ  (ေနျပည္ေတာ္တိုင္း(မ္)) ဂ်ာနယ္ေနအိမ္မွ ဖမ္းဆီးမိေၾကာင္း ရဲကနဦးစစ္ခ်က္မ်ားအရ  သိရသည္။

‘‘အမႈက စစ္ေနတယ္ေနာက္ ဆက္တြဲဖမ္းဆီးဖို႔လည္း လုပ္ေန တယ္။ ရဲပထမစစ္ခ်က္မွာက မွား ေနတာပါ။ သတင္းေထာက္ေတြ ဟုတ္၊ မဟုတ္ အတည္ျပဳဖို႔ လုပ္ ေနတယ္။ အြန္လိုင္းသတင္းေတြ မွာ တင္တာေတြလည္း ေတြ႕ တယ္။ ကြၽန္ေတာ္တို႔ကေတာ့ သတင္းဟုတ္၊မဟုတ္ အတည္ျပဳ ဖို႔ လုပ္ေနတယ္’’ ဟု ဒုရဲမွဴးေအာင္ ေက်ာ္ေက်ာ္ကေျပာသည္။

ဖမ္းဆီးမိခဲ့သူ ဘဂၤါလီရွစ္ ဦးတြင္ အမ်ိဳးသားေျခာက္ဦးႏွင့္ အမ်ိဳးသမီး ႏွစ္ဦးကို ရခိုင္ျပည္ နယ္မွ ေခၚေဆာင္လာၿပီး ရန္ကုန္ ၿမိဳ႕သို႔ ပို႔ေဆာင္ရန္ စီစဥ္ေနစဥ္ သတင္းေပး တိုင္ၾကားသျဖင့္ ဖမ္ ဆီးမိေၾကာင္း ၎ကေျပာသည္။

အဆိုပါဘဂၤါလီမ်ားကို ရခိုင္ ျပည္နယ္မင္းျပားမွ ေနျပည္ေတာ္ သို႔ ေမာ္ေတာ္ယာဥ္ျဖင့္ ေခၚ ေဆာင္လာၿပီး ပုဗၸသီရိတြင္ တစ္ ညအိပ္ကာ  ေက်ာက္တံခါးသို႔ေရာက္ရွိလာေၾကာင္း ရဲတပ္ဖြဲ႕စစ္ေဆးခ်က္၌ ပါရွိသည္။

‘‘ငါတို႔က သူဒီေကာင္ေတြကို သတင္းေထာက္လို႔ သတ္မွတ္တာ မဟုတ္ဘူး။ သတင္းသမားေတြ လိုက္နာရမယ့္ မီဒီယာက်င့္ဝတ္ ဆိုတာရွိၿပီးသားပါ။ ဒီကိစၥေတြ ကြၽန္ေတာ္တို႔ဆီကိုလည္း မ ေရာက္ေသးဘူး။ သတင္းသမား က ဒီကိစၥေတြ ဘာမွလုပ္စရာမ လို ဘူး’’ ဟု ျမန္မာႏိုင္ငံ သတင္း  မီဒီယာေကာင္စီ အတြင္းေရးမွဴး ဦးသီဟေစာက ေျပာသည္။

၂၀၁၇ ဧၿပီ ၁၆ ရက္ကလည္း႐ႈေထာင့္ သတင္းမီဒီယာ႐ံုးခ်ဳပ္ (ဗဟို) က ေပးအပ္ထားသည့္ အ ထူးသတင္းေထာက္ ကတ္ျပား မ်ား ကိုင္ေဆာင္ထားသူႏွစ္ဦးက အခေၾကးေငြရယူကာ  ဘဂၤါလီ မ်ားကို စစ္ေတြၿမိဳ႕သို႔ ဆိုင္ကယ္ ျဖင့္ ေခၚေဆာင္လာစဥ္ ေတာင္ ကုတ္ၿမိဳ႕တြင္ ဖမ္းဆီးခံရသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။

ျမန္မာႏိုင္ငံ မႈခင္းသတင္း ေထာက္မ်ားအသင္းကို ႐ႈေထာင့္ သတင္းမီဒီယာက ဖြဲ႕စည္းထား ျခင္းျဖစ္ၿပီး ႐ႈေထာင့္သတင္း ေထာက္မ်ားသည္ ျမန္မာႏိုင္ငံမႈ ခင္း သတင္းေထာက္မ်ား အသင္း ၏ အသင္းဝင္မ်ား ျဖစ္သည္။

‘႐ႈေထာင့္’ မႈခင္းႏွင့္သတင္း ဂ်ာနယ္ကို ၁၉၉၇ တြင္ စတင္ ထုတ္ေဝခဲ့သည္။ ယင္းသတင္းဂ်ာနယ္က ႏိုင္ငံတစ္ဝန္းတြင္ ေထာင္ ႏွင့္ခ်ီေသာ သတင္းေထာက္မ်ား ကို အေျခခံကာ ၂၀၁၆ ၌ ျမန္မာႏိုင္ငံမႈခင္း သတင္းေထာက္မ်ားအသင္းကို  ဖြဲ႕စည္းထားျခင္းျဖစ္သည္။

သို႔ေသာ္ အဆိုပါအသင္းဝင္ အခ်ိဳ႕ ေဆာင္ရြက္ခ်က္မ်ားႏွင့္ ပတ္သက္၍ သတင္းမီဒီယာအ သိုင္းအဝိုင္းတြင္ သာမက ျပည္သူ မ်ားအၾကား၌  ေဝဖန္မႈမ်ားရွိသည္။ ထို႔အျပင္ ျပည္တြင္းအေျခစိုက္ မီဒီယာအဖြဲ႕အစည္းမ်ားကလည္း  ယင္းအသင္းဝင္မ်ား၏ အျပဳအမူႏွင့္ပတ္သက္၍ စိစစ္ၾကပ္မတ္ေပးရန္  ေတာင္းဆိုမႈမ်ားရွိသည္။

ျမန္မာႏိုင္ငံ မႈခင္းသတင္း ေထာက္မ်ား အသင္းက ေရာင္းခ် ေသာ တံဆိပ္ႏွင့္ ယူနီေဖာင္းမ်ား ဝတ္ဆင္၍  သတင္းေထာက္ဟု ေျပာဆိုကာ သတင္းရင္းျမစ္မ်ား ထံမွ ၿခိမ္းေျခာက္ေငြေတာင္းယူမႈ  ႏိုင္ငံအႏွံ႔တြင္  ေတြ႕ျမင္ရေၾကာင္း ျမန္မာဂ်ာနယ္လစ္ကြန္ရက္ အပါအဝင္မီဒီယာအဖြဲ႕အစည္း ၁၁ ခုက ယခုႏွစ္ဧၿပီတြင္ စုေပါင္းထုတ္ျပန္သည့္ေၾကညာခ်က္၌  ေဖာ္ျပထားသည္။

သတင္းစံုစမ္းေရးသားမႈကို အေျချပဳ၍ ေငြေၾကးေတာင္းရမ္း ျခင္း၊ ၿခိမ္းေျခာက္ျခင္းႏွင့္ အာ ဏာပိုင္ အဖြဲ႕အစည္းမ်ားကို သ တင္းေပးျခင္းတို႔သည္ သတင္းသ မားမ်ား လိုက္နာရမည့္ မီဒီယာ က်င့္ဝတ္ကို တိုက္႐ိုက္ခ်ိဳးေဖာက္ ရာက်ေၾကာင္း  ယင္းေၾကညာ ခ်က္၌ ပါရွိသည္။

ထို႔အျပင္ ျမန္မာႏိုင္ငံ သ တင္းမီဒီယာ ေကာင္စီက ျမန္မာ ႏိုင္ငံ မႈခင္းသတင္းေထာက္မ်ား အသင္း (ဗဟိုအဖြဲ႕ခ်ဳပ္) သို႔ ေပးပို႔ခဲ့သည့္ စာတြင္ သတင္းေထာက္ အခ်ိဳ႕သည္ သတင္းမီဒီယာက်င့္ ဝတ္ႏွင့္မညီဘဲ ဥပေဒမဲ့အလုပ္ မ်ား လုပ္ေဆာင္ေနေၾကာင္း ခိုင္ လံုေသာသတင္းမ်ား ရရွိထား သည္ဟု ေဖာ္ျပခဲ့သည္။

အဆိုပါအမႈႏွင့္ပတ္သက္၍ ဘဂၤါလီမ်ား၊ လိုက္ပါပို႔ေဆာင္ သူႏွစ္ဦးႏွင့္ လက္ခံထားသူ သ တင္းေထာက္ႏွစ္ဦးကို ဖမ္းဆီးစစ္ ေဆးကာ ကြင္းဆက္မ်ား စံုစမ္းေဖာ္ထုတ္ေနေၾကာင္း ေက်ာက္ တံခါးရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်း ကျေးရွာရှိ မှုခင်းရှုထောင့်သတင်း ထောက် နေအိမ်နှင့် နေပြည်တော် တိုင်း(မ်) ဂျာနယ် သတင်းထောက် နေအိမ်တို့တွင် ခိုးဝင်ဘင်္ဂါလီ ရှစ်ဦးဖမ်းမိကြောင်း ကျောက်တံခါး ရဲစခန်းမှ ဒုရဲမှူးအောင် ကျော်ကျော်က ပြောကြားသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့လယ် က ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေ ကြောင်း ဖဒိုရဲစခန်းက သတင်းရ ၍ သွားရောက်ဖမ်းဆီးရာ ရန် ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၈၃)ကျော်ရှိ မှုခင်းရှု ထောင့် သတင်းထောက် စံသိန်း နေအိမ်တွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးမိ ကြောင်း ရဲကနဦး စစ်ချက်များ တွင် ဖော်ပြထားသည်။

‘‘ဖမ်းမိတဲ့အိမ်က သူကသ တင်းထောက် ဟုတ်၊မဟုတ်စစ် ဆေးနေတယ်။ သူကခြံစိုက်စား တာတော့ သိတယ်။ အမှုနဲ့ပတ် သက်လို့ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် ဘာမှပြောလို့မရသေးပါ ဘူး’’ ဟု ကျောက်တံခါးရဲစခန်းမှ ဒုရဲမှူး အောင်ကျော်ကျော်က ပြောသည်။

ဘင်္ဂါလီခြောက်ဦးကို အ သက် (၆၂) နှစ်အရွယ် စံသိန်း ၏ ခြံဝင်းအတွင်းရှိ တဲမှ ဖမ်းဆီးရမိပြီး ကျန်နှစ်ဦးကို အသက် (၆၁) နှစ်အရွယ်ရှိ သတင်းထောက်ခင်ရွှေ  (နေပြည်တော်တိုင်း(မ်)) ဂျာနယ်နေအိမ်မှ ဖမ်းဆီးမိကြောင်း ရဲကနဦးစစ်ချက်များအရ  သိရသည်။

‘‘အမှုက စစ်နေတယ်နောက် ဆက်တွဲဖမ်းဆီးဖို့လည်း လုပ်နေ တယ်။ ရဲပထမစစ်ချက်မှာက မှား နေတာပါ။ သတင်းထောက်တွေ ဟုတ်၊ မဟုတ် အတည်ပြုဖို့ လုပ် နေတယ်။ အွန်လိုင်းသတင်းတွေ မှာ တင်တာတွေလည်း တွေ့ တယ်။ ကျွန်တော်တို့ကတော့ သတင်းဟုတ်၊မဟုတ် အတည်ပြု ဖို့ လုပ်နေတယ်’’ ဟု ဒုရဲမှူးအောင် ကျော်ကျော်ကပြောသည်။

ဖမ်းဆီးမိခဲ့သူ ဘင်္ဂါလီရှစ် ဦးတွင် အမျိုးသားခြောက်ဦးနှင့် အမျိုးသမီး နှစ်ဦးကို ရခိုင်ပြည် နယ်မှ ခေါ်ဆောင်လာပြီး ရန်ကုန် မြို့သို့ ပို့ဆောင်ရန် စီစဉ်နေစဉ် သတင်းပေး တိုင်ကြားသဖြင့် ဖမ် ဆီးမိကြောင်း ၎င်းကပြောသည်။

အဆိုပါဘင်္ဂါလီများကို ရခိုင် ပြည်နယ်မင်းပြားမှ နေပြည်တော် သို့ မော်တော်ယာဉ်ဖြင့် ခေါ် ဆောင်လာပြီး ပုဗ္ပသီရိတွင် တစ် ညအိပ်ကာ  ကျောက်တံခါးသို့ရောက်ရှိလာကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက်၌ ပါရှိသည်။

‘‘ငါတို့က သူဒီကောင်တွေကို သတင်းထောက်လို့ သတ်မှတ်တာ မဟုတ်ဘူး။ သတင်းသမားတွေ လိုက်နာရမယ့် မီဒီယာကျင့်ဝတ် ဆိုတာရှိပြီးသားပါ။ ဒီကိစ္စတွေ ကျွန်တော်တို့ဆီကိုလည်း မ ရောက်သေးဘူး။ သတင်းသမား က ဒီကိစ္စတွေ ဘာမှလုပ်စရာမ လို ဘူး’’ ဟု မြန်မာနိုင်ငံ သတင်း  မီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ပြောသည်။

၂၀၁၇ ဧပြီ ၁၆ ရက်ကလည်းရှုထောင့် သတင်းမီဒီယာရုံးချုပ် (ဗဟို) က ပေးအပ်ထားသည့် အ ထူးသတင်းထောက် ကတ်ပြား များ ကိုင်ဆောင်ထားသူနှစ်ဦးက အခကြေးငွေရယူကာ  ဘင်္ဂါလီ များကို စစ်တွေမြို့သို့ ဆိုင်ကယ် ဖြင့် ခေါ်ဆောင်လာစဉ် တောင် ကုတ်မြို့တွင် ဖမ်းဆီးခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံ မှုခင်းသတင်း ထောက်များအသင်းကို ရှုထောင့် သတင်းမီဒီယာက ဖွဲ့စည်းထား ခြင်းဖြစ်ပြီး ရှုထောင့်သတင်း ထောက်များသည် မြန်မာနိုင်ငံမှု ခင်း သတင်းထောက်များ အသင်း ၏ အသင်းဝင်များ ဖြစ်သည်။

‘ရှုထောင့်’ မှုခင်းနှင့်သတင်း ဂျာနယ်ကို ၁၉၉၇ တွင် စတင် ထုတ်ဝေခဲ့သည်။ ယင်းသတင်းဂျာနယ်က နိုင်ငံတစ်ဝန်းတွင် ထောင် နှင့်ချီသော သတင်းထောက်များ ကို အခြေခံကာ ၂၀၁၆ ၌ မြန်မာနိုင်ငံမှုခင်း သတင်းထောက်များအသင်းကို  ဖွဲ့စည်းထားခြင်းဖြစ်သည်။

သို့သော် အဆိုပါအသင်းဝင် အချို့ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းမီဒီယာအ သိုင်းအဝိုင်းတွင် သာမက ပြည်သူ များအကြား၌  ဝေဖန်မှုများရှိသည်။ ထို့အပြင် ပြည်တွင်းအခြေစိုက် မီဒီယာအဖွဲ့အစည်းများကလည်း  ယင်းအသင်းဝင်များ၏ အပြုအမူနှင့်ပတ်သက်၍ စိစစ်ကြပ်မတ်ပေးရန်  တောင်းဆိုမှုများရှိသည်။

မြန်မာနိုင်ငံ မှုခင်းသတင်း ထောက်များ အသင်းက ရောင်းချ သော တံဆိပ်နှင့် ယူနီဖောင်းများ ဝတ်ဆင်၍  သတင်းထောက်ဟု ပြောဆိုကာ သတင်းရင်းမြစ်များ ထံမှ ခြိမ်းခြောက်ငွေတောင်းယူမှု  နိုင်ငံအနှံ့တွင်  တွေ့မြင်ရကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် အပါအဝင်မီဒီယာအဖွဲ့အစည်း ၁၁ ခုက ယခုနှစ်ဧပြီတွင် စုပေါင်းထုတ်ပြန်သည့်ကြေညာချက်၌  ဖော်ပြထားသည်။

သတင်းစုံစမ်းရေးသားမှုကို အခြေပြု၍ ငွေကြေးတောင်းရမ်း ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အာ ဏာပိုင် အဖွဲ့အစည်းများကို သ တင်းပေးခြင်းတို့သည် သတင်းသ မားများ လိုက်နာရမည့် မီဒီယာ ကျင့်ဝတ်ကို တိုက်ရိုက်ချိုးဖောက် ရာကျကြောင်း  ယင်းကြေညာ ချက်၌ ပါရှိသည်။

ထို့အပြင် မြန်မာနိုင်ငံ သ တင်းမီဒီယာ ကောင်စီက မြန်မာ နိုင်ငံ မှုခင်းသတင်းထောက်များ အသင်း (ဗဟိုအဖွဲ့ချုပ်) သို့ ပေးပို့ခဲ့သည့် စာတွင် သတင်းထောက် အချို့သည် သတင်းမီဒီယာကျင့် ဝတ်နှင့်မညီဘဲ ဥပဒေမဲ့အလုပ် များ လုပ်ဆောင်နေကြောင်း ခိုင် လုံသောသတင်းများ ရရှိထား သည်ဟု ဖော်ပြခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဘင်္ဂါလီများ၊ လိုက်ပါပို့ဆောင် သူနှစ်ဦးနှင့် လက်ခံထားသူ သ တင်းထောက်နှစ်ဦးကို ဖမ်းဆီးစစ် ဆေးကာ ကွင်းဆက်များ စုံစမ်းဖော်ထုတ်နေကြောင်း ကျောက် တံခါးရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top