မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
# Unicode Version ဖြင့် ဖတ်ပါ #
၁။ သူတစ်ပါးကို တစ်ဖက်သတ်ဝေဖန်တာမျိုးကို ရှောင်ကြဉ်ကြတယ်။
၂။ စိတ်ရင်းအတိုင်း ချီးကျူးစကား ပြောတတ်ကြတယ်။
၃။ အတွေးအမြင်တွေ၊ ယုံကြည်မှုတွေ ဖလှယ်ရတာကို နှစ်သက်ကြတယ်။
၄။ စိတ်ခံစားမှုတွေကို အကောင်းဆုံး တုန့်ပြန်နိုင်ကြတယ်။
၅။ သူတို့ရဲ့ အကြံဉာဏ်တွေကိုမျှဝေပေးတတ်ကြတယ်။
သူတစ်ပါးစကားပြောနေတာကို ကြားမဖြတ်ဘဲ သေသေချာချာနားထောင်ပေးတတ်ကြတယ်။
၆။ မနာလိုဝန်တိုစိတ်တွေကို စွန့်လွှတ်ထားတတ်ကြတယ်။
၇။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို အပြည့်အဝနားလည်ကြတယ်။
၈။ ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်းနိုင်ကြတယ်။
၉။ အမြဲပြုံးနေလေ့ရှိကြတယ်။
၁၀။ အရှုံးတွေကို ကျေနပ်စွာ လက်ခံနိုင်ကြတယ်။
၁၁။ သူတစ်ပါးအောင်မြင်တာကို ကြည့်ပြီး မုဒိတာပွားနေတတ်ကြတယ်။
၁၂။ သူတစ်ပါးရဲ့ ရွေးချယ်မှုတွေအပေါ် ကဲ့ရဲ့တဲ့လုပ်ရပ်မျိုးကို ရှောင်ကြဉ်ကြတယ်။
၁၃။ အမှားကျူးလွန်ထားတဲ့သူတစ်ယောက်ကိုတောင် ကောင်းကွက်ရှာပြီး ကြည့်တတ်ကြတယ်။
၁၄။ မတူညီတဲ့သူတွေဆီကနေ သင်ယူနိုင်ဖို့ ကြိုးစားကြတယ်။
၁၅။ သူတစ်ပါးကို စိတ်ကျေနပ်အောင် ပြောဆိုပြုမူတတ်ကြတယ်။
၁၆။ မျက်နှာပေးဖို့ တောင်းဆိုတဲ့လုပ်ရပ်မျိုးကို ရှောင်ကြဉ်ကြတယ်။
၁၇။ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေမှာ နှစ်ဦးနှစ်ဖက် အပြစ်ကင်းအောင် စကားလုံးလှလှလေးတွေသုံးပြီး ငြင်းပယ်တတ်တယ်။
၁၈။ သူတစ်ပါးကို ကူညီချင်စိတ်အပြည့်ရှိကြတယ်။
၁၉။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်နားလည်ကြတဲ့အပြင် သူတစ်ပါးကိုပါ တန်ဖိုးထားဆက်ဆံတတ်ကြတယ်။
အပေါ်မှာဖော်ပြထားတဲ့အချက်တွေရှိရင် ကိုယ့်ကို လူချစ်လူခင်ပေါနေမှာ သေချာပါပဲနော် ၊ ဘဝမှာ ချစ်ခြင်းမေတ္တာတွေ ပြည့်စုံနေဖို့ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့လိုပါတယ်။ အဲဒီလိုပဲ ကိုယ့်ဘေးနားမှာ ရှိနေတဲ့သူတွေကိုလည်း ချစ်တတ်ဖို့လိုပါတယ်။ သူများတွေကို စိတ်ချမ်းသာပျော်ရွှင်အောင် ထားပေးနိုင်ရင် ကိုယ်ကိုယ်တိုင်မှာလည်း မေတ္တာရဲ့ တန်ပြန်အကျိုးကို ခံစားရပြီး စိတ်ချမ်းသာ ပျော်ရွှင်နိုင်မှာ ဖြစ်ပါတယ်။
ကဲ ဖိုးသူတော်ပရိတ်သတ်ကြီးလည်း မျက်နှာမြင် ချစ်ခင်ပြီး အသံကြားသနားပါစေ ဆိုတဲ့ ဆိုရိုးထဲကလို လူတစ်ယောက်ဖြစ်အောင် ကြိုးစားကြည့်ရအောင်လေ နော့်........
ဖိုးသူတော် (www.phothutaw.com)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top