လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

လူမသိ သူမသိဘဲ အိမ္ေအာက္မွာ ဝင္ေခြေနတဲ့ ဧရာမေႁမြႀကီးတေကာင္ကို ႐ုတ္တရက္ေတြ႔ရမယ္ဆိုရင္ ထိတ္လန္႔သြားၾကမွာပါပဲ။

ဒီအျဖစ္အပ်က္ကေတာ့ မေလးရွားႏုိင္ငံ၊ ပီရက္ခ္ျပည္နယ္တြင္းမွာ ျဖစ္ခဲ့တာလို႔ ခ်န္နယ္နယူးစ္ေအးရွား သတင္းမွာ ဒီကေန႔ ေဖာ္ျပပါတယ္။

အသက္ ၅၄ ႏွစ္အရြယ္ အမ်ိဳးသမီး ဆိုလီမား ဂ်ာေမးလ္ဟာ မနက္ပုိင္းက သူ႔အိမ္ေအာက္ပိုင္းကေန လဲၿပိဳျပဳတ္က်တဲ့အသံကို ၾကားခဲ့ခ်ိန္မွာ ဒါကို ေျမေခြးတေကာင္ျဖစ္မယ္လို႔ အစပိုင္းက ယူဆခဲ့တာပါ။

ဒါေပမယ့္ အိမ္ေအာက္ ယက္မတန္းမွာ ရစ္ေခြေနခဲ့တဲ့ အရွည္ ၃ မီတာ၊ အေလးခ်ိန္ ၃၅ ကီလိုဂရမ္ေလာက္ရွိတဲ့ စပါးႀကီးေႁမြကို ေတြ႔လိုက္ရခ်ိန္မွာေတာ့ အံ့အားသင့္ အထိတ္တလန္႔ ျဖစ္သြားခဲ့တာပါ။

ဆိုလီမားဟာ ကလန္ေဒသမီးသတ္နဲ႔ ကယ္ဆယ္ေရးဌာနမွာ အလုပ္လုပ္ေနတဲ့ သားျဖစ္သူဆီ ဖုန္းဆက္သြယ္ အကူအညီ ေတာင္းခဲ့ၿပီးေနာက္မွာ ကယ္ဆယ္ေရးအဖြဲ႔ေတြ ေရာက္ရွိလာခဲ့ၾကပါတယ္။

သူ႔ဆီက ေၾကာက္လန္႔ေနတဲ့ ဖုန္းဆက္သြယ္မႈ ရအၿပီးမွာေတာ့ ကယ္ဆယ္ေရးအဖြဲ႔မွ လူ ၄ ဦးဟာ ေနရာမွာ ျဖန္႔က်က္ကာ ေႁမြႀကီးကို ရွာေဖြခဲ့ၾကတာ ျဖစ္ပါတယ္။

“က်ေနာ္တို႔လူေတြက အိမ္တြင္း က်ဴးေက်ာ္ဝင္ေရာက္ေနတဲ့ ေႁမြႀကီးကို အခ်ိန္ ၁၀ မိနစ္ေလာက္ ရွာေဖြခဲ့ရတယ္။ ေႁမြဟာ အိမ္ထဲမွာ အမိုးအကာအကြယ္ရဖို႔ လာရွာတာျဖစ္ႏုိင္တယ္” လို႔ ကယ္ဆယ္ေရးအဖြဲ႔မွ တာဝန္ရွိသူ မိုဒ္ဖာဇ္လီ မိုဟာမက္ဒ္ ဇဝါဝီက ေျပာပါတယ္။

အခုႏွစ္ ဇန္နဝါရီလကတည္းက လက္ရွိအခ်ိန္ထိ ေႁမြေကာင္ေရ ၂၆၅ ေကာင္ ဖမ္းဆီးခဲ့ရၿပီး ၿပီးခဲ့တဲ့ႏွစ္နဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ ေကာင္ေရ ၅၀ ေလာက္ တုိးလာတာလို႔ ဆိုပါတယ္။

ဒါဟာ တြားသြား သား႐ုိင္းတိရစၦာန္ေတြရဲ႕ ေဂဟေဗဒစနစ္ ေပ်ာက္ဆံုးလာတဲ့ အက်ိဳးဆက္အျဖစ္ ခုလို အျဖစ္မ်ားလာခဲ့တာလို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ ေဒသတြင္း ေနထိုင္သူေတြကိုလည္း သတိနဲ႔ေနထိုင္ၾကဖို႔ ႏႈိးေဆာ္တိုက္တြန္းမႈေတြ လုပ္ေဆာင္ေနရတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb

# Unicode Version ျဖင့္ ဖတ္ပါ #
လူမသိ သူမသိဘဲ အိမ်အောက်မှာ ဝင်ခွေနေတဲ့ ဧရာမမြွေကြီးတကောင်ကို ရုတ်တရက်တွေ့ရမယ်ဆိုရင် ထိတ်လန့်သွားကြမှာပါပဲ။

ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံ၊ ပီရက်ခ်ပြည်နယ်တွင်းမှာ ဖြစ်ခဲ့တာလို့ ချန်နယ်နယူးစ်အေးရှား သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

အသက် ၅၄ နှစ်အရွယ် အမျိုးသမီး ဆိုလီမား ဂျာမေးလ်ဟာ မနက်ပိုင်းက သူ့အိမ်အောက်ပိုင်းကနေ လဲပြိုပြုတ်ကျတဲ့အသံကို ကြားခဲ့ချိန်မှာ ဒါကို မြေခွေးတကောင်ဖြစ်မယ်လို့ အစပိုင်းက ယူဆခဲ့တာပါ။

ဒါပေမယ့် အိမ်အောက် ယက်မတန်းမှာ ရစ်ခွေနေခဲ့တဲ့ အရှည် ၃ မီတာ၊ အလေးချိန် ၃၅ ကီလိုဂရမ်လောက်ရှိတဲ့ စပါးကြီးမြွေကို တွေ့လိုက်ရချိန်မှာတော့ အံ့အားသင့် အထိတ်တလန့် ဖြစ်သွားခဲ့တာပါ။

ဆိုလီမားဟာ ကလန်ဒေသမီးသတ်နဲ့ ကယ်ဆယ်ရေးဌာနမှာ အလုပ်လုပ်နေတဲ့ သားဖြစ်သူဆီ ဖုန်းဆက်သွယ် အကူအညီ တောင်းခဲ့ပြီးနောက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာခဲ့ကြပါတယ်။

သူ့ဆီက ကြောက်လန့်နေတဲ့ ဖုန်းဆက်သွယ်မှု ရအပြီးမှာတော့ ကယ်ဆယ်ရေးအဖွဲ့မှ လူ ၄ ဦးဟာ နေရာမှာ ဖြန့်ကျက်ကာ မြွေကြီးကို ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။

“ကျနော်တို့လူတွေက အိမ်တွင်း ကျူးကျော်ဝင်ရောက်နေတဲ့ မြွေကြီးကို အချိန် ၁၀ မိနစ်လောက် ရှာဖွေခဲ့ရတယ်။ မြွေဟာ အိမ်ထဲမှာ အမိုးအကာအကွယ်ရဖို့ လာရှာတာဖြစ်နိုင်တယ်” လို့ ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ မိုဒ်ဖာဇ်လီ မိုဟာမက်ဒ် ဇဝါဝီက ပြောပါတယ်။

အခုနှစ် ဇန်နဝါရီလကတည်းက လက်ရှိအချိန်ထိ မြွေကောင်ရေ ၂၆၅ ကောင် ဖမ်းဆီးခဲ့ရပြီး ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ကောင်ရေ ၅၀ လောက် တိုးလာတာလို့ ဆိုပါတယ်။

ဒါဟာ တွားသွား သားရိုင်းတိရစ္ဆာန်တွေရဲ့ ဂေဟဗေဒစနစ် ပျောက်ဆုံးလာတဲ့ အကျိုးဆက်အဖြစ် ခုလို အဖြစ်များလာခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသတွင်း နေထိုင်သူတွေကိုလည်း သတိနဲ့နေထိုင်ကြဖို့ နှိုးဆော်တိုက်တွန်းမှုတွေ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top