ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ခ်စ္တို႔ေရ.... အသားအေရဟာ ပူျပင္းေျခာက္ေသြ ့တဲ့ ေႏြရာသီ၊ ပူအိုက္စိုစြတ္တဲ့ မိုရာသီေတြကို အံတုလို ့လာလိုက္ၾကတာ ေဟာ…. ခ်မ္းေအးတဲ့ ေဆာင္းရာသီ အေရာက္မွာေတာ့ အသားအေရေတြေျခာက္ေသြ ့လာျပီး၊ အခ်ိဳ ့ကေတာ့ ေျခာက္ေသြ ့ရံုမ က အသားေတြယားယံ ပက္က်ားအက္လာတတ္ၾကပါတယ္။ ကဲ..... ဒီတႏွစ္မွာေတာ့ ေအာက္ပါရိုးရွင္းလြယ္ကူတဲ့ နည္းလမ္း (၆)သြယ္ျဖင့္ ေဆာင္းရာသီကို ေက်ာ္ျဖတ္ရင္း အသားအေရထိန္းသိမ္းၾကည့္လိုက္ၾကရေအာင္္။

(၁) ဗီတာမင္အီး ပါ၀င္မႈပမာဏမ်ားတဲ့ မ်က္ႏွာသစ္ဆပ္ျပာေလးေတြကို ဦးစားေပးေရြးခ်ယ္၀ယ္ယူၾကပါေနာ္။ သူက အသား အေရကို သန္ ့စင္ေစရံုသာမက၊ အာဟာရလည္းျဖစ္ေစတယ္ေလ။ ေနာက္ျပီး ရက္သတၱ ၁-ပတ္ ကို တစ္ၾကိမ္ေလာက္ ႏြားႏို ့ (အစိမ္း)နဲ ့မ်က္ႏွာသစ္ေပးလိုက္ပါဦး။ ႏြားနို ့က အသားအေရကို ျဖဴစင္၀င္းမြတ္ရံုသာမက၊ အစိုဓာတ္ကိုပါ ထိန္းေပးတာေၾကာင့္ ေဆာင္းရာသီမွာ အသားအေရေျခာက္ေသြ ့ၾကမ္းတမ္းေနမွာကို စိတ္မပူရေတ့ာဘူးေပါ့။

(၂) ေဆာင္းရာသီရဲ ့ေနပူဒဏ္က ေႏြေနလိုပူျပင္းေျခာက္ေသြ ့တာမို ့၊ ေန ့ဘက္ အျပင္မ်ားမ်ားထြက္သူေတြအဖို ့ ခရမ္းလြန္ ေရာင္ျခည္ရဲ ့ဒဏ္ကို ပိုခံစားရစျမဲပါဘဲ။ ေနေလာင္ဒဏ္ကို ကာကြယ္နိုင္ရန္၊ ေနာက္ျပီး အသားအေရကို အာဟာရျပဳျပီး အစို ဓာတ္ ထိန္းသိမ္းနိုင္ေအာင္ SPF မ်ားမ်ားပါတဲ့ မ်က္ႏွာေအာက္ခံ ကရင္မ္ေတြ/ေအာက္ခံ မိတ္ကပ္ေတြကို ေရြး၀ယ္ တတ္ဖို ့အ ေရးၾကီးပါတယ္။ အထူးသျဖင့္ ကရင္မ္/မိတ္ကပ္ ဗူးခြံေတြေပၚမွာ “winter cream/winter makeup” စာသားပါတာကို ရွာ၀ယ္နိုင္ ရင္ေတာ့ အေကာင္းဆံုးေရြးခ်ယ္မႈေပါ့ရွင္။

(၃) ခႏၵာကို္ယ္တြင္း အပူဓာတ္ကိုေလ်ာ့ခ်ေပးနိုင္တဲ့ ဖရဲသီး၊ စိမ္းစားဥ၊ သခြားသီး၊ ဘယ္ရီသီးေတြ စားေပးပါ။ ဗီတာမင္ နဲ ့ပရို တင္းဓာတ္ေတြၾကြယ္၀တဲ့ ဗာဒံေစ့၊ သစ္က်ားသီး ေတြစားေပးပါ။ မုန္ညင္းစိမ္းလိုမ်ိဳး အစိမ္းေရာင္ လတ္လတ္ဆတ္ဆတ္ ဟင္းသီးဟင္းရြက္ေတြ စားေပးပါ။ ခ်မ္းေအးတဲ့ ေဆာင္းရာသီေရာက္ရင္ လူ ၁၀-ဦးမွာ ၈-ဦးခန ့္ ၀မ္းခ်ဳပ္တတ္တာေၾကာင့္ “နံက္ ဌက္ေပ်ာ၊ ည သေဘၤာ” ဆိုတဲ့ ေဆာင္ပုဒ္အတိုင္း အိပ္ယာထ သေဘၤာသီးမွည့္မွည့္၊ အိပ္ယာ၀င္ခါနီး ဖီးၾကမ္းဌက္ေပ်ာသီး မွည့္မွည့္ေလးေတြ စားေပးနိုင္ရင္ေတာ့ အေကာင္းဆံုးေပါ့ရွင္။

(၄) ေဆာင္းရာသီက ခ်မ္းေအးေပမယ့္၊ ေရေလ်ာ့မေသာက္ၾကဘဲ ေႏြပူပူရင္ပူပူမွာ ေရေသာက္သကဲ့သို ့ ေရမ်ားမ်ားေသာက္
 ေပးဖို ့လိုအပ္ပါတယ္။ ဒါမွ အသားအေရအစိုဓာတ္ ထိန္းသိမ္းရာေရာက္ျပီး အသားပက္၊ ႏႈတ္ခမ္းကြဲေတြ ျဖစ္မလာေစေတာ့ ဘူးေပါ့။ ဒါတင္မကေသးပါဘူး ခႏၵာကုိယ္တြင္း အူ၊ကလီစာေတြ အလုပ္ေကာင္းေကာင္းလုပ္ေတာ့ ဓာတ္ၾကီး ၄-ပါးမွန္ျပီး ၀က္ျခံ ေတြမေပါက္ေစေတာ့ဘူးေလ။

(၅) ေဆာင္းနံက္ေတြမွာ ဘယ္ေလာက္ဘဲခ်မ္းေနပါေစ ရံုးေနာက္မက်ေစဖို ့ နံက္အိပ္ယာထ ေရခ်ိဳးၾကရတဲ့အခါ၊ ေသြးပူေလ့က်င့္ ခဏ္းေလးလုပ္ျပီးမွ ေရခ်ိဳးေတာ့ သိပ္မခ်မ္းေတာ့ဘူးေပါ့။ လူအမ်ားစုက ေဆာင္းရာသီေရာက္မွသာ ေရေႏြးနဲ ့ေရခ်ိဳးၾကတာ ေၾကာင့္ ေရေႏြးသံုးေလ့မရွိသူမ်ားအဖို ့ သိသိသာသာ အသားအေရေျခာက္ေသြ ့ ပက္ၾကားေတြအက္လာျပီး အသားယားလာ ပါေတာ့တယ္။ ျဖစ္နိုင္ရင္ ေရေႏြးနဲ ့(လံုး၀) ေရမခ်ိဳးၾကပါနဲ ့။ အကယ္၍ ေရေႏြးသံုးခ်င္ရင္ မိမိအသားအေရ ခံနိုင္ရံုေလာက္ အပူ ကိုသာသံုးပါ။ ေရေႏြးအပူဓာတ္ေၾကာင့္ အသားအေရမစိုေျပေတာ့ဘဲ ညိုညစ္သြားတတ္တာကို သတိထားဦးေနာ္။

(၆) သိသိသာသာ အသားပက္သူမ်ားအဖို ့ moisturizer ပါတဲ့ ေပါင္ဒါ (သို ့မဟုတ္) ကရင္မ္ပတ္ဖ္ ေလးေတြေရြး လိမ္းေပးသင့္ ပါတယ္။ သူက မ်က္ႏွာအစိုဓာတ္ကိုထိန္းသိမ္းေပးေတာ့ ေဆာင္းရာသီမွာ အသားေျခာက္တာေတြ၊ အသားအေရ တင္းရင္း တာေတြကို ေလ်ာ့ပါးသက္သာေစတယ္ေလ။ ထိခိုက္လြယ္တဲ့ အသားအေရပိုင္ရွင္အခ်ိဳ ့က moisturizer နဲ ့ဓာတ္မတည့္တတ္ ျပန္ပါဘူး။ အဲဒီအခါ ညအိပ္ယာ၀င္ခါနီးတိုင္း ရွားေစာင္းလက္ပပ္(ဂ်ယ္လီ)ေလး လိမ္းေပးျပီး ၁၅ မိနစ္ခန္ ့အၾကာမွွွာ မ်က္ႏွာကို ေရေအးေအး(ေရခဲေရမဟုတ္ပါ) နဲ ့ သန္ ့စင္ျပီးမွ အိပ္ယာ၀င္ၾကပါေနာ္။

ကိုင္း….ဒါဆိုရင္ျဖင့္ အထက္ပါနည္းလမ္းေတြကို လက္ကိုင္ထားရင္း “ေန ့ပူလို ့ညခ်မ္းတဲ့” ဒီတႏွစ္ေဆာင္းဥတုကို ေပ်ာ္ေပ်ာ္ၾကီး ေစာင့္ေမွွ်ာ္ၾကိဳဆိုၾကပါစို ့လားရွင္။

အလွအပ ျမတ္နိုူးသူတိုင္း လွသထက္ပို၍လွနိုင္ၾကပါေစ။

(မွီျငမ္း Useful Info and Health Tips )

ဖိုးသူေတာ္ (www.phothutaw.com)
Credit: တင္ထက္ထက္ေဇာ္

# Unicode Version ျဖင့္ ဖတ္ပါ #
ချစ်တို့ရေ.... အသားအရေဟာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီ၊ ပူအိုက်စိုစွတ်တဲ့ မိုရာသီတွေကို အံတုလို့လာလိုက်ကြတာ ဟော…. ချမ်းအေးတဲ့ ဆောင်းရာသီ အရောက်မှာတော့ အသားအရေတွေခြောက်သွေ့လာပြီး၊ အချို့ကတော့ ခြောက်သွေ့ရုံမ က အသားတွေယားယံ ပက်ကျားအက်လာတတ်ကြပါတယ်။ ကဲ..... ဒီတနှစ်မှာတော့ အောက်ပါရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း (၆)သွယ်ဖြင့် ဆောင်းရာသီကို ကျော်ဖြတ်ရင်း အသားအရေထိန်းသိမ်းကြည့်လိုက်ကြရအောင်။

(၁) ဗီတာမင်အီး ပါဝင်မှုပမာဏများတဲ့ မျက်နှာသစ်ဆပ်ပြာလေးတွေကို ဦးစားပေးရွေးချယ်ဝယ်ယူကြပါနော်။ သူက အသား အရေကို သန့်စင်စေရုံသာမက၊ အာဟာရလည်းဖြစ်စေတယ်လေ။ နောက်ပြီး ရက်သတ္တ ၁-ပတ် ကို တစ်ကြိမ်လောက် နွားနို့ (အစိမ်း)နဲ့မျက်နှာသစ်ပေးလိုက်ပါဦး။ နွားနို့က အသားအရေကို ဖြူစင်ဝင်းမွတ်ရုံသာမက၊ အစိုဓာတ်ကိုပါ ထိန်းပေးတာကြောင့် ဆောင်းရာသီမှာ အသားအရေခြောက်သွေ့ကြမ်းတမ်းနေမှာကို စိတ်မပူရတေ့ာဘူးပေါ့။

(၂) ဆောင်းရာသီရဲ့နေပူဒဏ်က နွေနေလိုပူပြင်းခြောက်သွေ့တာမို့၊ နေ့ဘက် အပြင်များများထွက်သူတွေအဖို့ ခရမ်းလွန် ရောင်ခြည်ရဲ့ဒဏ်ကို ပိုခံစားရစမြဲပါဘဲ။ နေလောင်ဒဏ်ကို ကာကွယ်နိုင်ရန်၊ နောက်ပြီး အသားအရေကို အာဟာရပြုပြီး အစို ဓာတ် ထိန်းသိမ်းနိုင်အောင် SPF များများပါတဲ့ မျက်နှာအောက်ခံ ကရင်မ်တွေ/အောက်ခံ မိတ်ကပ်တွေကို ရွေးဝယ် တတ်ဖို့အ ရေးကြီးပါတယ်။ အထူးသဖြင့် ကရင်မ်/မိတ်ကပ် ဗူးခွံတွေပေါ်မှာ “winter cream/winter makeup” စာသားပါတာကို ရှာဝယ်နိုင် ရင်တော့ အကောင်းဆုံးရွေးချယ်မှုပေါ့ရှင်။

(၃) ခန္ဒာကိုယ်တွင်း အပူဓာတ်ကိုလျော့ချပေးနိုင်တဲ့ ဖရဲသီး၊ စိမ်းစားဥ၊ သခွားသီး၊ ဘယ်ရီသီးတွေ စားပေးပါ။ ဗီတာမင် နဲ့ပရို တင်းဓာတ်တွေကြွယ်ဝတဲ့ ဗာဒံစေ့၊ သစ်ကျားသီး တွေစားပေးပါ။ မုန်ညင်းစိမ်းလိုမျိုး အစိမ်းရောင် လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ ချမ်းအေးတဲ့ ဆောင်းရာသီရောက်ရင် လူ ၁၀-ဦးမှာ ၈-ဦးခန့် ဝမ်းချုပ်တတ်တာကြောင့် “နံက် ဌက်ပျော၊ ည သင်္ဘော” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အိပ်ယာထ သင်္ဘောသီးမှည့်မှည့်၊ အိပ်ယာဝင်ခါနီး ဖီးကြမ်းဌက်ပျောသီး မှည့်မှည့်လေးတွေ စားပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ရှင်။

(၄) ဆောင်းရာသီက ချမ်းအေးပေမယ့်၊ ရေလျော့မသောက်ကြဘဲ နွေပူပူရင်ပူပူမှာ ရေသောက်သကဲ့သို့ ရေများများသောက်
 ပေးဖို့လိုအပ်ပါတယ်။ ဒါမှ အသားအရေအစိုဓာတ် ထိန်းသိမ်းရာရောက်ပြီး အသားပက်၊ နှုတ်ခမ်းကွဲတွေ ဖြစ်မလာစေတော့ ဘူးပေါ့။ ဒါတင်မကသေးပါဘူး ခန္ဒာကိုယ်တွင်း အူ၊ကလီစာတွေ အလုပ်ကောင်းကောင်းလုပ်တော့ ဓာတ်ကြီး ၄-ပါးမှန်ပြီး ဝက်ခြံ တွေမပေါက်စေတော့ဘူးလေ။

(၅) ဆောင်းနံက်တွေမှာ ဘယ်လောက်ဘဲချမ်းနေပါစေ ရုံးနောက်မကျစေဖို့ နံက်အိပ်ယာထ ရေချိုးကြရတဲ့အခါ၊ သွေးပူလေ့ကျင့် ခဏ်းလေးလုပ်ပြီးမှ ရေချိုးတော့ သိပ်မချမ်းတော့ဘူးပေါ့။ လူအများစုက ဆောင်းရာသီရောက်မှသာ ရေနွေးနဲ့ရေချိုးကြတာ ကြောင့် ရေနွေးသုံးလေ့မရှိသူများအဖို့ သိသိသာသာ အသားအရေခြောက်သွေ့ ပက်ကြားတွေအက်လာပြီး အသားယားလာ ပါတော့တယ်။ ဖြစ်နိုင်ရင် ရေနွေးနဲ့(လုံးဝ) ရေမချိုးကြပါနဲ့။ အကယ်၍ ရေနွေးသုံးချင်ရင် မိမိအသားအရေ ခံနိုင်ရုံလောက် အပူ ကိုသာသုံးပါ။ ရေနွေးအပူဓာတ်ကြောင့် အသားအရေမစိုပြေတော့ဘဲ ညိုညစ်သွားတတ်တာကို သတိထားဦးနော်။

(၆) သိသိသာသာ အသားပက်သူများအဖို့ moisturizer ပါတဲ့ ပေါင်ဒါ (သို့မဟုတ်) ကရင်မ်ပတ်ဖ် လေးတွေရွေး လိမ်းပေးသင့် ပါတယ်။ သူက မျက်နှာအစိုဓာတ်ကိုထိန်းသိမ်းပေးတော့ ဆောင်းရာသီမှာ အသားခြောက်တာတွေ၊ အသားအရေ တင်းရင်း တာတွေကို လျော့ပါးသက်သာစေတယ်လေ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်အချို့က moisturizer နဲ့ဓာတ်မတည့်တတ် ပြန်ပါဘူး။ အဲဒီအခါ ညအိပ်ယာဝင်ခါနီးတိုင်း ရှားစောင်းလက်ပပ်(ဂျယ်လီ)လေး လိမ်းပေးပြီး ၁၅ မိနစ်ခန့်အကြာမှှှာ မျက်နှာကို ရေအေးအေး(ရေခဲရေမဟုတ်ပါ) နဲ့ သန့်စင်ပြီးမှ အိပ်ယာဝင်ကြပါနော်။

ကိုင်း….ဒါဆိုရင်ဖြင့် အထက်ပါနည်းလမ်းတွေကို လက်ကိုင်ထားရင်း “နေ့ပူလို့ညချမ်းတဲ့” ဒီတနှစ်ဆောင်းဥတုကို ပျော်ပျော်ကြီး စောင့်မှျှော်ကြိုဆိုကြပါစို့လားရှင်။

အလှအပ မြတ်နိုူးသူတိုင်း လှသထက်ပို၍လှနိုင်ကြပါစေ။

(မှီငြမ်း Useful Info and Health Tips )

ဖိုးသူတော် (www.phothutaw.com)
Credit: တင်ထက်ထက်ဇော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top