ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

 ျမန္မာႏိုင္ငံရွိ ေဒသအႏွံ႕အျပားမွ စြန္႔ပစ္ခံရသည့္ အဖိုး၊ အဖြားမ်ားအား ကူညီေပးခဲ့သည္မွာ ယေန႔ ဒီဇင္ဘာလ ၆ ရက္ေန႔ထိ အဖိုး၊ အဖြားဦးေရ ၆ဝ နီးပါးရွိၿပီျဖစ္ေၾကာင္း တကိုယ္ေတာ္ပရဟိတ အမ်ိဳးသမီးျဖစ္သူ မယဥ္မြန္က မဇၥ်ိမသို႔ ေျပာသည္။

အဆိုပါ အဖိုး၊ အဖြား ဦးေရ ၆ဝ နီးပါးအား ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္ရွိ ဘိုးဘြားရိပ္သာမ်ားသို႔ ခ်ိတ္ဆက္ ပို႔ေဆာင္ေပးခဲ့ၿပီး စိတ္က်န္းမာေရး မေကာင္းေသာ အဖိုး၊ အဖြားမ်ားကိုလည္း စိတ္က်န္းမာေရး ေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

“ညီမက ဘိုးဘြားရိပ္သာေတြနဲ႔ ခ်ိတ္ထားတဲ့အတြက္ေၾကာင့္ ဒုကၡေရာက္ေနတဲ့ အဖိုးအဖြားေတြကို ဘယ္ေနရာ ကပဲျဖစ္ျဖစ္ ညီမသြားေခၚၿပီး ပို႔ေပးေနတာပါ။ အဖိုး၊ အဖြားေတြအျပင္ မိဘမဲ့ကေလးငယ္ ေတြလည္းပါတယ္။ ေက်ာင္းမတက္ႏိုင္တဲ့ကေလးငယ္ေတြလည္း ပါတယ္။ အလွဴမခံဘဲနဲ႔ ညီမရဲ႕ လစာနဲ႔ပဲ ညီမလုပ္ေပးတယ္။ အခု လည္း ညီမ တတ္ႏိုင္သမွ် သြားေခၚေနပါတယ္။ ဟိုတစ္ရက္ကပဲ စိတ္မႏွံ႔တဲ့ အဖိုးနဲ႔ အဖြားကို သြားေခၚ ေပးခဲ့ တယ္။ စိတ္မႏွံ႔တဲ့ သူေတြက်ေတာ့ စိတ္က်န္းမာေရး ေဆး႐ုံကို ပို႔ေပးတယ္။ ေနာက္ပိုင္း ဘိုးဘြားရိပ္သာကို ပို႔ေပးတယ္။ ေက်ာင္းမတက္ႏိုင္တဲ့ ကေလးေတြက်ေတာ့ ေက်ာင္းတက္ႏိုင္ေအာင္ ကူညီေပးေနပါတယ္”ဟု မယဥ္မြန္က ေျပာသည္။

ထုိသို႔ စြန္႔ပစ္ခံ အဖိုး၊ အဖြားမ်ားအား ေစာင့္ေရွာက္ရန္အတြက္ ကူညီေခၚေဆာင္ရာတြင္ ရန္ကုန္တိုင္း ေဒသႀကီးအတြင္းမွ အေရအတြက္ အမ်ားဆံုးျဖစ္ၿပီး ဧရာဝတီတိုင္းေဒသႀကီး၊ မြန္ျပည္နယ္ စသည့္ ေဒသဘက္မ်ားမွ လည္း အေရအတြက္မ်ားေၾကာင္းသိရသည္။

အဆိုပါ စြန္႔ပစ္ခံထားရသည့္ အဖိုးအဖြားမ်ားအား မိမိလစာျဖင့္ ေစာင့္ေရွာက္ရန္ ကူညီေခၚေဆာင္ ေပးေနျခင္းမွာ အဖိုး၊ အဖြားမ်ား၏ ဘဝေနဝင္ခ်ိန္ေကာင္းမြန္ေစခ်င္သည့္အတြက္ ကူညီေပးေနျခင္း ျဖစ္ေၾကာင္း မယဥ္မြန္က ေျပာသည္။

“ ဘာေၾကာင့္ လုပ္ျဖစ္သြားတာလဲဆိုေတာ့ ကိုယ့္ကိုယ္တိုင္လည္း မိဘ မစံုခဲ့ဘူးေလ။ ကိုယ့္အေနနဲ႔ ကေတာ့ ဘာေၾကာင့္ျဖစ္ျဖစ္ ကိုယ့္ရဲ႕ခံစားခ်က္နဲ႔ကိုယ္ လုပ္ျဖစ္သြားတာပါ။ စြန္႔ပစ္ခံထားရတဲ့ အဖိုး၊ အဖြားေတြကို ျမင္ ေတြ႔ရေတာ့ သူ႔တို႔ေနရာမွာ ကိုယ္သာဆိုရင္ဆိုတဲ့ ခံစားခ်က္နဲ႔ ကိုယ္ခ်င္းစာ မိတယ္။ ဒါေၾကာင့္ အဖိုး၊ အဖြား ေတြရဲ႕ ဘဝေနဝင္ခ်ိန္ေလး ေကာင္းမြန္ႏိုင္ေအာင္ ညီမ တတ္ႏိုင္ သေလာက္၊ ခြန္အားရွိသေလာက္ ကူညီေပး တာပါ။ ကေလးေတြဆိုရင္လည္း သူတို႔ရဲ႕ ေပ်ာက္ေနတဲ့ လမ္းေလးေတြကို ျပန္ၿပီးေတြ႔ေအာင္ ညီမ တတ္ႏိုင္သေလာက္ ကူညီေပးတာပါ။ အမ်ားႀကီး မကူညီႏိုင္ရင္ေတာင္မွ တတ္ႏိုင္သမွ်ေလး အဲ့ဒီလိုမ်ိဳးေတြ လုပ္ေပးသြားခ်င္တယ္” ဟု မယဥ္မြန္ကေျပာသည္။

အဆိုပါ စြန္႔ပစ္ခံရသည့္ အဖိုး၊ အဖြားမ်ားႏွင့္ ကေလးငယ္မ်ားအား ကူညီေစာင့္ေရွာက္ေပးေနသည့္ မယဥ္မြန္မွာ အသက္ ၂၅ ႏွစ္အရြယ္ခန္႔ရွိၿပီး ကူညီေပးေနသည္မွာ ၅ ႏွစ္ခန္႔ ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

 မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားမှ စွန့်ပစ်ခံရသည့် အဖိုး၊ အဖွားများအား ကူညီပေးခဲ့သည်မှာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ထိ အဖိုး၊ အဖွားဦးရေ ၆ဝ နီးပါးရှိပြီဖြစ်ကြောင်း တကိုယ်တော်ပရဟိတ အမျိုးသမီးဖြစ်သူ မယဉ်မွန်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ အဖိုး၊ အဖွား ဦးရေ ၆ဝ နီးပါးအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ဘိုးဘွားရိပ်သာများသို့ ချိတ်ဆက် ပို့ဆောင်ပေးခဲ့ပြီး စိတ်ကျန်းမာရေး မကောင်းသော အဖိုး၊ အဖွားများကိုလည်း စိတ်ကျန်းမာရေး ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ညီမက ဘိုးဘွားရိပ်သာတွေနဲ့ ချိတ်ထားတဲ့အတွက်ကြောင့် ဒုက္ခရောက်နေတဲ့ အဖိုးအဖွားတွေကို ဘယ်နေရာ ကပဲဖြစ်ဖြစ် ညီမသွားခေါ်ပြီး ပို့ပေးနေတာပါ။ အဖိုး၊ အဖွားတွေအပြင် မိဘမဲ့ကလေးငယ် တွေလည်းပါတယ်။ ကျောင်းမတက်နိုင်တဲ့ကလေးငယ်တွေလည်း ပါတယ်။ အလှူမခံဘဲနဲ့ ညီမရဲ့ လစာနဲ့ပဲ ညီမလုပ်ပေးတယ်။ အခု လည်း ညီမ တတ်နိုင်သမျှ သွားခေါ်နေပါတယ်။ ဟိုတစ်ရက်ကပဲ စိတ်မနှံ့တဲ့ အဖိုးနဲ့ အဖွားကို သွားခေါ် ပေးခဲ့ တယ်။ စိတ်မနှံ့တဲ့ သူတွေကျတော့ စိတ်ကျန်းမာရေး ဆေးရုံကို ပို့ပေးတယ်။ နောက်ပိုင်း ဘိုးဘွားရိပ်သာကို ပို့ပေးတယ်။ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကျတော့ ကျောင်းတက်နိုင်အောင် ကူညီပေးနေပါတယ်”ဟု မယဉ်မွန်က ပြောသည်။

ထိုသို့ စွန့်ပစ်ခံ အဖိုး၊ အဖွားများအား စောင့်ရှောက်ရန်အတွက် ကူညီခေါ်ဆောင်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ အရေအတွက် အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ် စသည့် ဒေသဘက်များမှ လည်း အရေအတွက်များကြောင်းသိရသည်။

အဆိုပါ စွန့်ပစ်ခံထားရသည့် အဖိုးအဖွားများအား မိမိလစာဖြင့် စောင့်ရှောက်ရန် ကူညီခေါ်ဆောင် ပေးနေခြင်းမှာ အဖိုး၊ အဖွားများ၏ ဘဝနေဝင်ချိန်ကောင်းမွန်စေချင်သည့်အတွက် ကူညီပေးနေခြင်း ဖြစ်ကြောင်း မယဉ်မွန်က ပြောသည်။

“ ဘာကြောင့် လုပ်ဖြစ်သွားတာလဲဆိုတော့ ကိုယ့်ကိုယ်တိုင်လည်း မိဘ မစုံခဲ့ဘူးလေ။ ကိုယ့်အနေနဲ့ ကတော့ ဘာကြောင့်ဖြစ်ဖြစ် ကိုယ့်ရဲ့ခံစားချက်နဲ့ကိုယ် လုပ်ဖြစ်သွားတာပါ။ စွန့်ပစ်ခံထားရတဲ့ အဖိုး၊ အဖွားတွေကို မြင် တွေ့ရတော့ သူ့တို့နေရာမှာ ကိုယ်သာဆိုရင်ဆိုတဲ့ ခံစားချက်နဲ့ ကိုယ်ချင်းစာ မိတယ်။ ဒါကြောင့် အဖိုး၊ အဖွား တွေရဲ့ ဘဝနေဝင်ချိန်လေး ကောင်းမွန်နိုင်အောင် ညီမ တတ်နိုင် သလောက်၊ ခွန်အားရှိသလောက် ကူညီပေး တာပါ။ ကလေးတွေဆိုရင်လည်း သူတို့ရဲ့ ပျောက်နေတဲ့ လမ်းလေးတွေကို ပြန်ပြီးတွေ့အောင် ညီမ တတ်နိုင်သလောက် ကူညီပေးတာပါ။ အများကြီး မကူညီနိုင်ရင်တောင်မှ တတ်နိုင်သမျှလေး အဲ့ဒီလိုမျိုးတွေ လုပ်ပေးသွားချင်တယ်” ဟု မယဉ်မွန်ကပြောသည်။

အဆိုပါ စွန့်ပစ်ခံရသည့် အဖိုး၊ အဖွားများနှင့် ကလေးငယ်များအား ကူညီစောင့်ရှောက်ပေးနေသည့် မယဉ်မွန်မှာ အသက် ၂၅ နှစ်အရွယ်ခန့်ရှိပြီး ကူညီပေးနေသည်မှာ ၅ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top