မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
ကာချီစူလီဗန် ဆိုသူအမျိုးသမီးဟာ လွန်ခဲ့တဲ့လေးနှစ်ကတည်းက မိန်းမအဖြစ်မှယောက်ျားအဖြစ်သို့ကူးပြောင်းသွားဖို့ကြိုးစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်ကသားယောက်ျားလေး ဖိုနစ် မမွေးခင် ၇ နာရီကြာမီးဖွားဝေဒနာခံစားခဲ့တယ်လို့ဆိုပါတယ်။
# Unnicode Version ဖြင့် ဖတ်ပါ #
အမျိုးသမီးတစ်ယောက်လိုပဲနေစဉ်မှာ ပထမဆဆုံးအကြိမ်အဖြင့်ကိုယ်ဝန်ဆောင်ထားတဲ့မိန်းမတစ်ယောက်ကနေပြီးယောက်ျားတစ်ယောက်အဖြစ် မီးဖွားဖို့ ဆန္ဒရှိတယ်လို့ပြောပါတယ်။
ကာချီစူလီဗန် ဆိုသူအမျိုးသမီးဟာ လွန်ခဲ့တဲ့လေးနှစ်ကတည်းက မိန်းမအဖြစ်မှယောက်ျားအဖြစ်သို့ကူးပြောင်းသွားဖို့ကြိုးစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်ကသားယောကျ်ားလေး ဖိုနစ် မမွေးခင် ၇ နာရီကြာမီးဖွားဝေဒနာခံစားခဲ့တယ်လို့ဆိုပါတယ်။
မီဇိုရီမှလာတဲ့ အသက် ၃၀ နှစ်ရှိစီးပွားရေးပညာရပ်ဆည်းပူးနေတဲ့ကျောင်းသူတစ်ဦးဟာ ခင်ပွန်းဖြစ်သူ အသက် ၂၇ နှစ်ရှိ စတီဗင် နှင့် ကလေးတစ်ယောက်ရဖို့ကြိုးစားခဲ့ရာ အမျိုးသားဟိုမှုန်းဓာတ်ဆိုင်ရာ ကုသမှုကိုခေတ္တခဏအနားယူပြီးနောက် ပြီးခဲ့တဲ့သောကြာနေ့က သူမကိုယ်ဝန်ဆောင်ထားတဲ့အကြောင်း သိလိုက်ရပါတယ်။ သူမအနေဖြင့် သူ့ခင်ပွန်းဟောင်းနဲ့ ၅ နှစ်ရှိပြီဖြစ်တဲ့ကလေး ဂရေးဆန်ကို ထွန်းကားခဲ့ပြီးဖြစ်ကြောင်းကိုလည်းသိရှိရပြီး လိင်ပြောင်းလဲမှုမလုပ်ခင် မိန်းမတစ်ယောက်ကဲ့သို့နေထိုင်စဉ်မှာဘဲ ထိုကလေးကိုဖွားမြင်ခဲ့တယ်လို့ဆိုပါတယ်။
BBC ရဲ့ “ Victoria Derbyshire Show” နဲ့သီးသန့်စကားပြောနေစဉ် ဆူလီဗန်အနေဖြင့် ပထမကလေးထက်ဒုတိယကလေးကို ကိုယ်ဝန်ဆောင်တာ ပိုပြီးစိတ်ချန်းသာပါတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ စတီဗင်နှင့် စူလီဗန် သူတို့လင်မယားနှစ်ဦးကတော့ ဖိုမကပြားကလေးတွေမွေးဖို့ ဆုံးဖြတ်ထားပါတယ်။
သူ့အနေဖြင့် Victoria Derbyshire ထံအခုလိုပြောလိုက်ပါတယ်။ “ ဒီကိစ္စနဲ့ပတ်သက်တဲ့အရာဟူသမျှဟာ ပုဂလိကလွတ်လပ်ခွင့်ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့လိင်ပိုင်းဆိုင်ရာ လက္ခဏာဘာဖြစ်လာမလဲ၊ သူတို့ကိုယ်သူတို့ဘယ်လိုမြင်လာကြမလဲ စတာတွေကို ကျွန်တော်တို့မပြောပြနိုင်ပါဘူး။”
ဖိုးသူတော် (www.phothutaw.com)
Credit: Thawn Khai (Hello Myanmar )
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top