ေလဆိပ္အနီး ေျမပိုင္ဆိုင္မႈရမည့္ လံုးခ်င္း အေရာင္းျပပြဲ
×

စစ္ကိုင္းတိုင္းအတြင္း သနပ္ခါးအမ်ားဆုံး စိုက္ပ်ိဳးရာ အရာေတာ္ၿမိဳ႕နယ္မွာ ေငြေပၚျမန္ၿပီး အက်ိဳးအျမတ္ပိုမ်ားတဲ့ ေလွ်ာ္ျဖဴကို ေတာင္သူေတြ ပိုမိုစိုက္ပ်ိဳးလာေနၾကပါတယ္။

လက္ရွိမွာ အရာေတာ္ၿမိဳ႕နယ္အတြင္း မင္း႐ြာ၊ ငကင္း၊ ကန္ရင္း၊ ေညာင္ေျခေထာက္၊ မလဲသာ စတဲ့ေက်း႐ြာက ေတာင္သူေတြအျပင္ အျခားေက်း႐ြာက ေတာင္သူေတြလည္း ေလွ်ာ္ျဖဴကို တပိုင္တႏိုင္ စိုက္ပ်ိဳးလာေနၾကပါတယ္။

ေလွ်ာ္ျဖဴက ၃ ႏွစ္သား အ႐ြယ္ေလာက္မွာ အေစး စတင္ထုတ္လုပ္ႏိုင္ၿပီး အပင္မေသမခ်င္း ထုတ္ႏိုင္တယ္လို႔ သနပ္ခါးခင္း၊ ဆီးခင္းေတြ ဖ်က္ၿပီး ေလွ်ာ္ျဖဴေျပာင္းလဲစိုက္ပ်ိဳးတဲ့ မင္း႐ြာက ေလွ်ာ္ျဖဴစိုက္ေတာင္သူ ဦးၫြန႔္ေဖက ဒီဗြီဘီကို ေျပာပါတယ္။

“သနပ္ခါးကက်ေတာ့ ၇ ႏွစ္၊ ၈ ႏွစ္၊ ၁၀ ႏွစ္က်မွ စားရတာေလ။ ဒီေကာင္ကက်ေတာ့ ၃ ႏွစ္၊ ၄ ႏွစ္ဆို ေငြဝင္ၿပီ။ ဂ႐ုစိုက္မယ္ဆို ၃ ႏွစ္ဆိုစၿပီး စားလို႔ရၿပီ။ က်ေနာ္တို႔စိုက္တာ ၄ ႏွစ္ေလာက္ရွိၿပီ။ အဲဒီတုန္းကေတာ့ လူနည္းစုေပါ့။ အခုဆို က်ေနာ္တို႔႐ြာမွာ အကုန္လုံးလိုလိုပါပဲ မစိုက္သူ မရွိသေလာက္ သနပ္ခါးအစား ေလွ်ာ္ျဖဴစိုက္ကုန္ၿပီ။ က်ေနာ္ဆို ဧက ၄၀ ေက်ာ္စိုက္တယ္။ ေအာင္ျမင္တာကေတာ့ ၁၅ ဧကေလာက္ေပ့ါ။ က်န္တာကေတာ့ မႏိုင္လို႔ အဆင္မေျပဘူး”

လက္ရွိမွာ ေလွ်ာ္ျဖဴေစးက ၾကာဆန္ေခၚတဲ့ အမွ်င္တန္းတဲ့အမ်ိဳးဆိုရင္ ၁ပိႆာကို ၁သိန္းထိ ေဈးေကာင္းရၿပီး၊ ပုံမွန္အသန႔္ဆိုရင္ ၇ ေသာင္းရွိကာ ဒီထက္ညံ့ရင္ေတာ့ ၄ ေသာင္းအထိလည္း ရွိေနပါတယ္။

ေလွ်ာ္ျဖဴက မိုးမွာ အထြက္ႏႈန္းေကာင္းေပမယ့္ အရည္အေသြး ညံ့တာေၾကာင့္ ေဈးေကာင္းမရဘူးလို႔ ဆိုပါတယ္။ ဝယ္လက္အေနနဲ႔လည္း တ႐ုတ္ေတြ ဆင္းဝယ္တာေတြရွိၿပီး လက္ရွိမွာေတာ့ ေဈးကြက္ခိုင္မာတဲ့ အေနအထားမွာ ရွိေနပါတယ္။ ေလွ်ာ္ျဖဴကို စိုက္ၿပီးသား အပင္ငွားဝယ္တာေတြလည္း ရွိပါတယ္။

ေလွ်ာ္ျဖဴေစ့အေနနဲ႔လည္း စစိုက္ခါစက ၄ ျပည္မွ ၃ ေသာင္းခန႔္သာ ရွိခဲ့ေပမယ့္ ခု ေနာက္ပိုင္းမွာေတာ့ ၁ ဘူး ၅ ေထာင္၊ ၁ ျပည္ ၄ ေသာင္းထိ ေဈးရွိတယ္လို႔ဆိုပါတယ္။ ေလွ်ာ္ျဖဴ ၁ ဧကအတြက္ ကုန္က်စရိတ္က ၁ပတ္ကို ၁၂၀၀၀၀ က်ပ္ေလာက္ ကုန္က်မႈရွိတယ္လို႔လည္း သိရပါတယ္။

“ေလွ်ာ္ျဖဴက တႏွစ္လုံးမွာ အ႐ြက္ေႂကြခ်ိန္ တေပါင္း၊ တန္ခူး ၂ လေလာက္ပဲ ဝင္ေငြမရွိတာ။ သနပ္ခါးကက်ေတာ့ ၁ ခါပဲ ဝင္ေငြရွိတာ။ ကုန္က်ေငြကလည္း အေစးခြာ၊ အပင္ထစ္၊ ထြန္ေရးလွန္၊ ေျမေဆြးထည့္တာေလာက္ပဲ ကုန္က်တာ။ ေလာေလာဆယ္မွာေတာ့ တစ္ရက္ဝင္ေငြ ၅ သိန္းေက်ာ္ေလာက္ေတာ့ ရွိပါၿပီ”လို႔ ေလွ်ာ္ျဖဴစိုက္ေတာင္သူဦးၫြန႔္ေဖကေျပာပါတယ္။

ေတာေတာင္ေတြထဲမွာ အေလ့က်ေပါက္ေလ့ရွိတဲ့ ေလွ်ာ္ျဖဴကို အရင္က ေတာင္သူလယ္ယာသုံးအျဖစ္ အခြံအေခါက္ခြာၿပီး ႀကိဳးက်စ္ကာ ေလွ်ာ္ႀကိဳးအျဖစ္သာ သုံးစြဲခဲ့ၾကတာပါ။ လက္ရွိမွာ ေလွ်ာ္ျဖဴစိုက္ ေတာင္သူမ်ားအသင္းကိုလည္း ဖြဲ႕စည္းေဆာင္႐ြက္ေနၾကတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
စစ်ကိုင်းတိုင်းအတွင်း သနပ်ခါးအများဆုံး စိုက်ပျိုးရာ အရာတော်မြို့နယ်မှာ ငွေပေါ်မြန်ပြီး အကျိုးအမြတ်ပိုများတဲ့ လျှော်ဖြူကို တောင်သူတွေ ပိုမိုစိုက်ပျိုးလာနေကြပါတယ်။

လက်ရှိမှာ အရာတော်မြို့နယ်အတွင်း မင်းရွာ၊ ငကင်း၊ ကန်ရင်း၊ ညောင်ခြေထောက်၊ မလဲသာ စတဲ့ကျေးရွာက တောင်သူတွေအပြင် အခြားကျေးရွာက တောင်သူတွေလည်း လျှော်ဖြူကို တပိုင်တနိုင် စိုက်ပျိုးလာနေကြပါတယ်။

လျှော်ဖြူက ၃ နှစ်သား အရွယ်လောက်မှာ အစေး စတင်ထုတ်လုပ်နိုင်ပြီး အပင်မသေမချင်း ထုတ်နိုင်တယ်လို့ သနပ်ခါးခင်း၊ ဆီးခင်းတွေ ဖျက်ပြီး လျှော်ဖြူပြောင်းလဲစိုက်ပျိုးတဲ့ မင်းရွာက လျှော်ဖြူစိုက်တောင်သူ ဦးညွန့်ဖေက ဒီဗွီဘီကို ပြောပါတယ်။

“သနပ်ခါးကကျတော့ ၇ နှစ်၊ ၈ နှစ်၊ ၁၀ နှစ်ကျမှ စားရတာလေ။ ဒီကောင်ကကျတော့ ၃ နှစ်၊ ၄ နှစ်ဆို ငွေဝင်ပြီ။ ဂရုစိုက်မယ်ဆို ၃ နှစ်ဆိုစပြီး စားလို့ရပြီ။ ကျနော်တို့စိုက်တာ ၄ နှစ်လောက်ရှိပြီ။ အဲဒီတုန်းကတော့ လူနည်းစုပေါ့။ အခုဆို ကျနော်တို့ရွာမှာ အကုန်လုံးလိုလိုပါပဲ မစိုက်သူ မရှိသလောက် သနပ်ခါးအစား လျှော်ဖြူစိုက်ကုန်ပြီ။ ကျနော်ဆို ဧက ၄၀ ကျော်စိုက်တယ်။ အောင်မြင်တာကတော့ ၁၅ ဧကလောက်ပေ့ါ။ ကျန်တာကတော့ မနိုင်လို့ အဆင်မပြေဘူး”

လက်ရှိမှာ လျှော်ဖြူစေးက ကြာဆန်ခေါ်တဲ့ အမျှင်တန်းတဲ့အမျိုးဆိုရင် ၁ပိဿာကို ၁သိန်းထိ ဈေးကောင်းရပြီး၊ ပုံမှန်အသန့်ဆိုရင် ၇ သောင်းရှိကာ ဒီထက်ညံ့ရင်တော့ ၄ သောင်းအထိလည်း ရှိနေပါတယ်။

လျှော်ဖြူက မိုးမှာ အထွက်နှုန်းကောင်းပေမယ့် အရည်အသွေး ညံ့တာကြောင့် ဈေးကောင်းမရဘူးလို့ ဆိုပါတယ်။ ဝယ်လက်အနေနဲ့လည်း တရုတ်တွေ ဆင်းဝယ်တာတွေရှိပြီး လက်ရှိမှာတော့ ဈေးကွက်ခိုင်မာတဲ့ အနေအထားမှာ ရှိနေပါတယ်။ လျှော်ဖြူကို စိုက်ပြီးသား အပင်ငှားဝယ်တာတွေလည်း ရှိပါတယ်။

လျှော်ဖြူစေ့အနေနဲ့လည်း စစိုက်ခါစက ၄ ပြည်မှ ၃ သောင်းခန့်သာ ရှိခဲ့ပေမယ့် ခု နောက်ပိုင်းမှာတော့ ၁ ဘူး ၅ ထောင်၊ ၁ ပြည် ၄ သောင်းထိ ဈေးရှိတယ်လို့ဆိုပါတယ်။ လျှော်ဖြူ ၁ ဧကအတွက် ကုန်ကျစရိတ်က ၁ပတ်ကို ၁၂၀၀၀၀ ကျပ်လောက် ကုန်ကျမှုရှိတယ်လို့လည်း သိရပါတယ်။

“လျှော်ဖြူက တနှစ်လုံးမှာ အရွက်ကြွေချိန် တပေါင်း၊ တန်ခူး ၂ လလောက်ပဲ ဝင်ငွေမရှိတာ။ သနပ်ခါးကကျတော့ ၁ ခါပဲ ဝင်ငွေရှိတာ။ ကုန်ကျငွေကလည်း အစေးခွာ၊ အပင်ထစ်၊ ထွန်ရေးလှန်၊ မြေဆွေးထည့်တာလောက်ပဲ ကုန်ကျတာ။ လောလောဆယ်မှာတော့ တစ်ရက်ဝင်ငွေ ၅ သိန်းကျော်လောက်တော့ ရှိပါပြီ”လို့ လျှော်ဖြူစိုက်တောင်သူဦးညွန့်ဖေကပြောပါတယ်။

တောတောင်တွေထဲမှာ အလေ့ကျပေါက်လေ့ရှိတဲ့ လျှော်ဖြူကို အရင်က တောင်သူလယ်ယာသုံးအဖြစ် အခွံအခေါက်ခွာပြီး ကြိုးကျစ်ကာ လျှော်ကြိုးအဖြစ်သာ သုံးစွဲခဲ့ကြတာပါ။ လက်ရှိမှာ လျှော်ဖြူစိုက် တောင်သူများအသင်းကိုလည်း ဖွဲ့စည်းဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top