န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×
Credit: cantwait2say
# Unicode Version ဖြင့် ဖတ်ပါ #
သင်အရမ်းထူးဆန်းတဲ့အမူအကျင့်မျိုးနဲ့ယောင်္ကျားလေးတွေကို ကြုံဖူးသလား?ဓာတ်ခွဲခန်းမှာ သွားရောက်စစ်ဆေးချင်လောက်အောင်ကို လျို့ဝှက်မှုဆန်ပြီး မိန်းကလေးတွေကို စိတ်ရှုပ်ထွေးစေတတ်တဲ့သူမျိုးတွေပေါ့။ဒီလိုပုံမှန်းဆလို့မရနိုင်တဲ့ ချစ်သက်တမ်းတစ်ခုဟာ ကြာရှည်ခံဖို့လည်း မသေချာတာကြောင့် ဒီတခါမှာတော့ သင့်ချစ်သူ သင့်ကိုတကယ်မချစ်ကြောင်း ရိပ်မိသိရှိနိုင်မယ့် အကြမ်းဖျဉ်းလက္ခဏာအချို့ကို တင်ပြပေးလိုက်ပါတယ်။   ။
1.လပေါင်းများစွာသင့်ထံပါးမှပျောက်ကွယ်သွားပြီး ဘာမှမဖြစ်ခဲ့သလို သင့်ဆီပြန်လာခြင်း
သင့်ဆီကနေ အကြောင်းပြချက်မရှိ ရှည်ကြာစွာ ပျောက်ကွယ်သွားတဲ့အပြင် စာမလာအကြောင်းမကြားပဲ ဗြုန်းစားကြီး ဘာမှမဖြစ်သလိုအချိုးမျိုးနဲ့ပြန်လာတတ်သူအတွက် ‘သူ ငါ့ဆီစာရေးဆက်သွယ်နေဖို့လုံးဝမအားလို့နေမှာ’ဆိုပြီး ဖြည့်တွေးပေးရင်း သင့်နှလုံးသားစောင့်ကြိုနေစရာမလိုပါ။
2.ကွန်ဗားဆေးရှင်းတစ်ခုကိုစတင်ပြီး တန်းလန်းထားခဲ့ခြင်း
သင့်ကိုသူကပဲစကားစပြောပြီး သူအရင်လိုင်းပေါ်ကပျောက်ကွယ်သွားသူ…။သင်ကတော့ ထင်မှာပေါ့ သူအရေးကြီးကိစ္စရုတ်ခြည်းပေါ်လာလို့နေမှာ၊အားကုန်သွားလို့… အစရှိသဖြင့် အမျိုးမျိုးဖြည့်တွေးနေမိမှာပါ။ဒါပေမယ့် ဒီလိုဖြစ်ရပ်မျိုးတွေခဏခဏကြာလာရင်ရော သင်ဖြည့်တွေးပေးနိုင်ပါအုံးမလား?
3.သင့်ကိုစိတ်ဝင်စားသူတွေနဲ့ပဲပြိုင်ဘက်ဖြစ်လိုခြင်း
အခြားအချိန်တွေသင့်နားမရှိပေမယ့် သင့်ကိုစိတ်ဝင်စားနေသူတွေနဲ့ဆို သူအချိန်မီရောက်လာပြီး လက်ရှိမှာ သင့်ကိုပိုင်ဆိုင်နေရတဲ့အကြောင်း ပြိုင်လက်တွေကိုကြောချင်ရုံသက်သက်… ။
4.သူငယ်ချင်းလိုပဲနေရအောင်ပြောပြီး သူကပဲမရှင်းမရှင်းဖြစ်နေခြင်း
သူငယ်ချင်းတွေလိုပဲဆက်ပတ်သက်ဖို့ သူကအရင်စပြောပေမယ့် သင့်ကိုပြုမူဆက်ဆံပုံတွေကမရှင်းမရှင်းနဲ့ သူတစ်ယောက်တည်းဒွိဟဗျာများနေတတ်ပါတယ်။သင့်စိတ်ထဲမှာတော့ သင့်ဆီကရက်စက်မှုအဖြေကိုမကြားလိုတာကြောင့် သူငယ်ချင်းတွေလိုပဲပတ်သက်ဖို့ပြောတာလို့ထင်နေပေမယ့် တကယ်တမ်းမှာတော့ သူ့ကိုသင်ချစ်မိနေပြီဖြစ်ကြောင်း သူအတပ်သိတာကြောင့် သူထပ်တွဲစရာလူမရှိသေးခင် သင့်ဘေးမှာနေပြီး တွဲစရာသူပေါ်လာရင် အလွယ်တကူခွာထုတ်လို့လွယ်အောင် သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ ခဏတန့်ထားခြင်းသာဖြစ်ပါတယ်။
5.အချိန်လုံလောက်စွာမပေးပဲ လိုမှသာရောက်လာတတ်ခြင်း
သင်နဲ့တွေ့ဆုံဖို့ဖို့ကို အမြဲလိုလို အကြောင်းအမျိုးမျိုးပြပြီး လုံလောက်စွာအချိန်မပေးနိုင်ပေမယ့် သူလိုအပ်တဲ့အခါမျိုးမှာတော့ အပြေးအလွှားရောက်လာတတ်ပါတယ်။ဒါပေမယ့် သင်နဲ့ပတ်သက်ပြီး သူမအားခဲ့သမျှ သူတကယ်တမ်းချစ်တဲ့သူအတွက်ကျ မရရအောင်ကြံဖန်အချိန်ပေးဖြစ်ပါတယ်။
6.သူ့ရဲ့မိသားစု၊သူငယ်ချင်းတွေနဲ့မမိတ်ဆက်ပေးခြင်း
သူ့မိသားစုဝင်တွေနဲ့ရင်းနှီးကျွမ်းဝင်ဖို့နေနေသာသာ သိတောင်မသိဘူးဆိုရင်တော့ ဒါဟာ သင့်ကိုဘဝတစ်သက်စာရည်ရွယ်တဲ့သူဆိုတာကို အခြားသူတွေကို မသိစေချင်လို့ဖြစ်ပါတယ်။
7.သင်နဲ့ပတ်သက်ပြီး Romanticမဆန်သူ
တချို့Romanticကိုမဆန်တတ်တဲ့သူတွေထက် သူကကျ သင့်ကိုချစ်သူတစ်ယောက်ပုံစံထက် သူငယ်ချင်းတစ်ယောက်လိုပဲ သင့်ကိုတုံ့ပြန်ပြုမူတယ်။ချစ်သူဆိုပေမယ့် သင်တို့ကြားမှာ ထုတ်ပြစရာဘာအမှတ်တရမှမရှိဘူး။ချည်နှောင်ထားတဲ့ သံယောဇဉ်မရှိဘူး။သာမန်သူငယ်ချင်းတွေလိုပဲ တွေ့တယ်၊သွားတယ်၊ပုံမှန်လည်ပတ်နေတယ်ဆိုရင်တော့ သူက သင့်အပေါ်ချစ်သူတစ်ယောက်ဆိုတာထက် သာမန်သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားနေသေးလို့ ဖြစ်ပါတယ်။
8.သင်တို့အနာဂတ်အကြောင်းတိုင်ပင်ဖို့ စိတ်မဝင်စားသူ
သင့်အနေနဲ့ သင်တို့အနာဂတ်နဲ့ပတ်သက်ပြီး စိတ်ကူးယဉ်ပြောဆိုနေတိုင်း သူစိတ်မဝင်စား၊စိတ်တိုလာတဲ့အပြင် ‘မသိဘူး’ဆိုတဲ့အဖြေတစ်ခုတည်းနဲ့ ရှောင်ထွက်ဖို့ကြိုစားလေ့ရှိပါတယ်။
ခဏတာအတွက်သာရည်ရွယ်ထားတာကြောင့် ရေရှည်အတွက် သူ့အတွေးထဲမှာကြိုအြင်ဆင်ထားခြင်းမရှိလို့ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top