ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဘာပဲေျပာေျပာ ဒီခရစၥမတ္ ဓေလ့ေလးဟာ စာေပခ်စ္သူတိုင္း လိုက္နာက်င့္သံုးသင့္တဲ့ အေလ့အထေလးပါပဲ။

ခရစၥမတ္မွာ ဘာလုပ္ၾကလဲ။ ကာ႐ိုးလ္ (Carol) လွည့္ဆိုမွာလား။ မိသားစုဝင္ေတြ ျပန္လည္ဆံုစည္းၿပီး မိသားစုညစာ ေကာင္းေကာင္းစားၾကမွာလား။ ေျခအိတ္ေတြထဲမွာ လက္ေဆာင္ပစၥည္းေလးေတြ သြားထည့္ေပးၾကမွာလား။ ၾကက္ဥ၊ ႏြားႏို႔၊ ရမ္အရက္တို႔နဲ႔ေရာထားတဲ့ eggnog ေဖ်ာ္ရည္ေသာက္ၾကမလား။ စသျဖင့္ စသျဖင့္ ကမၻာတဝွမ္းလံုးမွာ ခရစၥမတ္႐ိုးရာ ဓေလ့ေလးေတြ အမ်ားႀကီး႐ွိပါတယ္။

ဒီဇင္ဘာလရဲ႕ အေအးဒဏ္နဲ႔အတူ ခရစၥမတ္သီခ်င္းသံေလးေတြၾကားမွာ စာဖတ္ရတာကို ႏွစ္သက္တယ္ဆိုရင္ေတာ့ လိုက္နာသင့္တဲ့ ခရစၥမတ္ ႐ိုးရာဓေလ့ေလးတစ္ခု ႐ွိပါတယ္။ အဲဒါကေတာ့ အိုက္စ္လန္း (Iceland) ႏုိင္ငံသားေတြရဲ႕ ႐ိုးရာဓေလ့ေလးပါပဲ။

အိုက္စ္လန္းႏိုင္ငံသားေတြကေတာ့ ဒီဓေလ့ကို "jolabokaflod" လို႔ေခၚပါတယ္။ အဓိပၸာယ္ကေတာ့ "ခရစၥမတ္ စာအုပ္ေရႀကီးျခင္း" တဲ့။ ေရႀကီးေရလွ်ံသလို စာအုပ္ေတြ ေပါမ်ားမယ္လို႔ ဆိုလိုခ်င္တာပါ။ သူတို႔ရဲ႕႐ိုးရာေလးကေတာ့ ဒီလိုပါ။ ပံုမွန္ခရစၥမတ္ လက္ေဆာင္လဲလွယ္ပြဲေတြလို ခရစၥမတ္ေန႔ မနက္ခင္းကို အဓိကေန႔ရက္အျဖစ္ ထားမယ့္အစား အိုက္စ္လန္းႏိုင္ငံသားေတြဟာ ခရစၥမတ္အႀကိဳေန႔ကို အဓိကေန႔ရက္အျဖစ္ သတ္မွတ္ထားၾကပါတယ္။

သူတို႔ဟာ ခရစၥမတ္အႀကိဳေန႔မွာ လက္ေဆာင္ပစၥည္းလဲလွယ္ၾကတာပါ။ သူတို႔လဲလွယ္တဲ့ လက္ေဆာင္က တစ္မ်ိဳးတည္းပါပဲ။ စာအုပ္ေတြပါ။ ခရစၥမတ္ အႀကိဳေန႔တိုင္း (ဒီဇင္ဘာ (၂၄) ရက္ေန႔တိုင္း) မိသားစုဝင္အားလံုး အနည္းဆံုး စာအုပ္အသစ္ တစ္အုပ္ေလာက္ ဖတ္ျဖစ္ၾကပါတယ္။

ဒီ႐ိုးရာဓေလ့ေလးကို ပံုေျပာင္းထားတဲ့ ဓေလ့ေလးေတြလည္း ႐ွိပါေသးတယ္။ တခ်ိဳ႕မိသားစုေတြမွာေတာ့ အိမ္သားတစ္ဦး ခ်င္းစီအတြက္ စာအုပ္ေတြကို ကိုယ္တိုင္ေရြးခ်ယ္ၾကပါတယ္။ ဥပမာ သမီးႀကီး ဘာစာအုပ္ဖတ္သင့္တယ္။ သားငယ္က ဘာစာအုပ္ဖတ္သင့္တယ္ စသျဖင့္ေပါ့။ တခ်ိဳ႕မိသားစုေတြကေတာ့ "Book swap" လို႔ေခၚတဲ့ စာအုပ္လဲလွယ္ျခင္းကို လုပ္ေဆာင္ၾကပါတယ္။

အဲဒီလို စာအုပ္လဲလွယ္ပြဲမွာေတာ့ သူတို႔ဟာ သူတို႔မိသားစုဝင္ေတြ ဖတ္သင့္တယ္လို႔ထင္တဲ့ စာအုပ္ေကာင္းေလးေတြကို ဝယ္လာၾကပါတယ္။ ၿပီးေတာ့ သူတို႔ဝယ္လာတဲ့ စာအုပ္ေတြကို တစ္ေနရာမွာ ျဖန္႔ခင္းလိုက္ၾကပါတယ္။ အဲဒီမွာမွ မိသားစုဝင္တစ္ဦးခ်င္းစီဟာ မိမိဖတ္လိုတဲ့စာအုပ္ကို ေ႐ြးခ်ယ္ဖတ္႐ႈၾကပါတယ္။ စာအုပ္ေ႐ြးခ်ယ္ပြဲရဲ႕ စိတ္ဝင္စားစရာ အေကာင္းဆံုးအပိုင္းကေတာ့ ေနာက္မွလာမွာပါ။

ကိုယ္ႏွစ္သက္ရာစာအုပ္တစ္အုပ္စီကို ေ႐ြးၿပီးၿပီဆိုရင္ ေခ်ာကလက္ေဖ်ာ္ရည္ ပူပူတစ္ခြက္စီကိုင္ၿပီး မီးလင္းပံုေဘးမွာ အႏွစ္သက္ဆံုး ဆိုဖာေလးေတြေပၚထိုင္ၿပီး စာစဖတ္ၾကပါတယ္။ ေနာက္ဆံုးမွာ အိပ္ေမာက်သြားသည္အထိေပါ့။ ေအးေအးလူလူ ခရစၥမတ္ ညေလးတစ္ညကို မိသားစုဝင္ေတြနဲ႔အတူ ပိုင္ဆိုင္လိုသူေတြအတြက္ေတာ့ အေကာင္းဆံုး ခရစၥမတ္ပါတီပြဲေလး ျဖစ္မယ္ထင္ပါတယ္။

အိုက္စ္လန္းႏိုင္ငံသားေတြအတြက္ေတာ့ စက္တင္ဘာလနဲ႔ ႏိုဝင္ဘာလက တစ္ႏွစ္လံုးမွာ လူႀကိဳက္အမ်ားဆံုး လေတြပါပဲ။ ဘာလို႔လဲဆိုေတာ့ အဲဒီလေတြမွာ အိုက္စ္လန္းမွာ စာအုပ္အေရာင္းပြဲေတြ က်ယ္က်ယ္ျပန္႔ျပန္႔ က်င္းပၾကလို႔ပါပဲ။ ႏိုဝင္ဘာလ စၿပီဆိုတာနဲ႔ အိုက္စ္လန္းခရစၥမတ္ရာသီ စၿပီလို႔အသိအမွတ္ျပဳၾကပါတယ္။ အိုက္စ္လန္းႏိုင္ငံက စာအုပ္တိုက္ေတြဟာ ခရစၥမတ္ရာသီ စၿပီဆိုတာနဲ႔ တစ္ႏွစ္အတြင္း ထုတ္ေဝခဲ့သတဲ့ စာအုပ္ကတ္တေလာက္ေတြကို တစ္ႏိုင္ငံလံုးက အိမ္တိုင္းကို လိုက္ေဝပါတယ္။ ၿပီးတာနဲ႔ မိသားစုဝင္ေတြဟာ ကတ္တေလာက္ကိုေမႊၿပီး မိသားစုဝင္ေတြအတြက္ ခရစၥမတ္လက္ေဆာင္ကို ေ႐ြးခ်ယ္ၾကပါတယ္။

တကယ္ေတာ့ စာအုပ္လဲလွယ္တဲ့ ယဥ္ေက်းမႈဟာ ဒုတိယကမၻာစစ္တြင္းကာလတုန္းက စတင္ခဲ့တာပါ။ အဲဒီတုန္းက အိုက္စ္လန္းႏိုင္ငံဟာ ဘ႑ာေရးအၾကပ္အတည္းကို ရင္ဆိုင္ေနရၿပီး ခရစၥမတ္ လက္ေဆာင္အတြက္ ပိုက္ဆံအမ်ားႀကီး မသံုးႏိုင္ၾကပါဘူး။ အဲဒီမွာ တန္ဖိုးလည္းအရမ္းမႀကီး၊ အက်ိဳးလည္း႐ွိေစမယ့္ စာအုပ္ေတြဟာ မိသားစုဝင္ေတြအတြက္ ခရစၥမတ္လက္ေဆာင္အျဖစ္ ေ႐ြးခ်ယ္စရာ ျဖစ္လာခဲ့ပါတယ္။ ဘာပဲေျပာေျပာ ဒီခရစၥမတ္ ဓေလ့ေလးဟာ စာေပခ်စ္သူတိုင္း လိုက္နာက်င့္သံုးသင့္တဲ့ အေလ့အထေလးပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
ဘာပဲပြောပြော ဒီခရစ္စမတ် ဓလေ့လေးဟာ စာပေချစ်သူတိုင်း လိုက်နာကျင့်သုံးသင့်တဲ့ အလေ့အထလေးပါပဲ။

ခရစ္စမတ်မှာ ဘာလုပ်ကြလဲ။ ကာရိုးလ် (Carol) လှည့်ဆိုမှာလား။ မိသားစုဝင်တွေ ပြန်လည်ဆုံစည်းပြီး မိသားစုညစာ ကောင်းကောင်းစားကြမှာလား။ ခြေအိတ်တွေထဲမှာ လက်ဆောင်ပစ္စည်းလေးတွေ သွားထည့်ပေးကြမှာလား။ ကြက်ဥ၊ နွားနို့၊ ရမ်အရက်တို့နဲ့ရောထားတဲ့ eggnog ဖျော်ရည်သောက်ကြမလား။ စသဖြင့် စသဖြင့် ကမ္ဘာတဝှမ်းလုံးမှာ ခရစ္စမတ်ရိုးရာ ဓလေ့လေးတွေ အများကြီးရှိပါတယ်။

ဒီဇင်ဘာလရဲ့ အအေးဒဏ်နဲ့အတူ ခရစ္စမတ်သီချင်းသံလေးတွေကြားမှာ စာဖတ်ရတာကို နှစ်သက်တယ်ဆိုရင်တော့ လိုက်နာသင့်တဲ့ ခရစ္စမတ် ရိုးရာဓလေ့လေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ အိုက်စ်လန်း (Iceland) နိုင်ငံသားတွေရဲ့ ရိုးရာဓလေ့လေးပါပဲ။

အိုက်စ်လန်းနိုင်ငံသားတွေကတော့ ဒီဓလေ့ကို "jolabokaflod" လို့ခေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ "ခရစ္စမတ် စာအုပ်ရေကြီးခြင်း" တဲ့။ ရေကြီးရေလျှံသလို စာအုပ်တွေ ပေါများမယ်လို့ ဆိုလိုချင်တာပါ။ သူတို့ရဲ့ရိုးရာလေးကတော့ ဒီလိုပါ။ ပုံမှန်ခရစ္စမတ် လက်ဆောင်လဲလှယ်ပွဲတွေလို ခရစ္စမတ်နေ့ မနက်ခင်းကို အဓိကနေ့ရက်အဖြစ် ထားမယ့်အစား အိုက်စ်လန်းနိုင်ငံသားတွေဟာ ခရစ္စမတ်အကြိုနေ့ကို အဓိကနေ့ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။

သူတို့ဟာ ခရစ္စမတ်အကြိုနေ့မှာ လက်ဆောင်ပစ္စည်းလဲလှယ်ကြတာပါ။ သူတို့လဲလှယ်တဲ့ လက်ဆောင်က တစ်မျိုးတည်းပါပဲ။ စာအုပ်တွေပါ။ ခရစ္စမတ် အကြိုနေ့တိုင်း (ဒီဇင်ဘာ (၂၄) ရက်နေ့တိုင်း) မိသားစုဝင်အားလုံး အနည်းဆုံး စာအုပ်အသစ် တစ်အုပ်လောက် ဖတ်ဖြစ်ကြပါတယ်။

ဒီရိုးရာဓလေ့လေးကို ပုံပြောင်းထားတဲ့ ဓလေ့လေးတွေလည်း ရှိပါသေးတယ်။ တချို့မိသားစုတွေမှာတော့ အိမ်သားတစ်ဦး ချင်းစီအတွက် စာအုပ်တွေကို ကိုယ်တိုင်ရွေးချယ်ကြပါတယ်။ ဥပမာ သမီးကြီး ဘာစာအုပ်ဖတ်သင့်တယ်။ သားငယ်က ဘာစာအုပ်ဖတ်သင့်တယ် စသဖြင့်ပေါ့။ တချို့မိသားစုတွေကတော့ "Book swap" လို့ခေါ်တဲ့ စာအုပ်လဲလှယ်ခြင်းကို လုပ်ဆောင်ကြပါတယ်။

အဲဒီလို စာအုပ်လဲလှယ်ပွဲမှာတော့ သူတို့ဟာ သူတို့မိသားစုဝင်တွေ ဖတ်သင့်တယ်လို့ထင်တဲ့ စာအုပ်ကောင်းလေးတွေကို ဝယ်လာကြပါတယ်။ ပြီးတော့ သူတို့ဝယ်လာတဲ့ စာအုပ်တွေကို တစ်နေရာမှာ ဖြန့်ခင်းလိုက်ကြပါတယ်။ အဲဒီမှာမှ မိသားစုဝင်တစ်ဦးချင်းစီဟာ မိမိဖတ်လိုတဲ့စာအုပ်ကို ရွေးချယ်ဖတ်ရှုကြပါတယ်။ စာအုပ်ရွေးချယ်ပွဲရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်းကတော့ နောက်မှလာမှာပါ။

ကိုယ်နှစ်သက်ရာစာအုပ်တစ်အုပ်စီကို ရွေးပြီးပြီဆိုရင် ချောကလက်ဖျော်ရည် ပူပူတစ်ခွက်စီကိုင်ပြီး မီးလင်းပုံဘေးမှာ အနှစ်သက်ဆုံး ဆိုဖာလေးတွေပေါ်ထိုင်ပြီး စာစဖတ်ကြပါတယ်။ နောက်ဆုံးမှာ အိပ်မောကျသွားသည်အထိပေါ့။ အေးအေးလူလူ ခရစ္စမတ် ညလေးတစ်ညကို မိသားစုဝင်တွေနဲ့အတူ ပိုင်ဆိုင်လိုသူတွေအတွက်တော့ အကောင်းဆုံး ခရစ္စမတ်ပါတီပွဲလေး ဖြစ်မယ်ထင်ပါတယ်။

အိုက်စ်လန်းနိုင်ငံသားတွေအတွက်တော့ စက်တင်ဘာလနဲ့ နိုဝင်ဘာလက တစ်နှစ်လုံးမှာ လူကြိုက်အများဆုံး လတွေပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီလတွေမှာ အိုက်စ်လန်းမှာ စာအုပ်အရောင်းပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပကြလို့ပါပဲ။ နိုဝင်ဘာလ စပြီဆိုတာနဲ့ အိုက်စ်လန်းခရစ္စမတ်ရာသီ စပြီလို့အသိအမှတ်ပြုကြပါတယ်။ အိုက်စ်လန်းနိုင်ငံက စာအုပ်တိုက်တွေဟာ ခရစ္စမတ်ရာသီ စပြီဆိုတာနဲ့ တစ်နှစ်အတွင်း ထုတ်ဝေခဲ့သတဲ့ စာအုပ်ကတ်တလောက်တွေကို တစ်နိုင်ငံလုံးက အိမ်တိုင်းကို လိုက်ဝေပါတယ်။ ပြီးတာနဲ့ မိသားစုဝင်တွေဟာ ကတ်တလောက်ကိုမွှေပြီး မိသားစုဝင်တွေအတွက် ခရစ္စမတ်လက်ဆောင်ကို ရွေးချယ်ကြပါတယ်။

တကယ်တော့ စာအုပ်လဲလှယ်တဲ့ ယဉ်ကျေးမှုဟာ ဒုတိယကမ္ဘာစစ်တွင်းကာလတုန်းက စတင်ခဲ့တာပါ။ အဲဒီတုန်းက အိုက်စ်လန်းနိုင်ငံဟာ ဘဏ္ဍာရေးအကြပ်အတည်းကို ရင်ဆိုင်နေရပြီး ခရစ္စမတ် လက်ဆောင်အတွက် ပိုက်ဆံအများကြီး မသုံးနိုင်ကြပါဘူး။ အဲဒီမှာ တန်ဖိုးလည်းအရမ်းမကြီး၊ အကျိုးလည်းရှိစေမယ့် စာအုပ်တွေဟာ မိသားစုဝင်တွေအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ရွေးချယ်စရာ ဖြစ်လာခဲ့ပါတယ်။ ဘာပဲပြောပြော ဒီခရစ္စမတ် ဓလေ့လေးဟာ စာပေချစ်သူတိုင်း လိုက်နာကျင့်သုံးသင့်တဲ့ အလေ့အထလေးပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top