၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရး ေကာ္မတီဝင္ အဆင့္ ဆင့္ေရြးေကာက္ပြဲကို အျမန္ဆံုး က်င္းပရန္ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားက ဆႏၵအရွိဆံုးျဖစ္ ေၾကာင္း လသာၿမိဳ႕နယ္တိုင္းေဒ သႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ဝင္းႏိုင္က ေျပာသည္။


အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ပါတီ ဦးေဆာင္သည့္အစိုးရ တက္လာၿပီး ၂ ႏွစ္နီးပါးအထိ ျပည္ သူေရြးခ်ယ္ တင္ေျမႇာက္သည့္ စည္ပင္သာယာေရြးေကာက္ပြဲျပဳ လုပ္ႏိုင္ျခင္း မရွိ၍ ေဝဖန္ေနခ်ိန္ တြင္ ရန္ကုန္တိုင္းေဒသႀကီး လသာၿမိဳ႕နယ္ အမွတ္(၁) မဲဆႏၵ နယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ဝင္းႏိုင္ကဆိုသည္။

‘‘ေရြးေကာက္ပြဲက်င္းပႏိုင္ဖို႔ ဥပေဒေရးဆြဲေရး လုပ္ငန္းစဥ္က အၿပီးသတ္တဲ့အပိုင္းကို ေရာက္ ေနပါၿပီ။ စည္ပင္ေရြးေကာက္ပြဲကို အျဖစ္ေစခ်င္ဆံုးက ကြၽန္ေတာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြပါ ပဲ’’ ဟု ၎ကဆိုသည္။

လက္ရွိတြင္ ရန္ကုန္တုိင္းေဒ သႀကီးမွ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားသည္ ဥပေဒျပဳေရးအပါ အဝင္ လႊတ္ေတာ္တာဝန္မ်ား သာမက သက္ဆုိင္ရာၿမိဳ႕နယ္အ လိုက္ စည္ပင္သာယာေရးလုပ္ ငန္းမ်ားကိုလည္း လုပ္ေဆာင္ေန ရေၾကာင္း ဦးေဇာ္ဝင္းႏိုင္က ေျပာ ၾကားသည္။

လက္ရွိတိုင္းေဒသႀကီးလႊတ္ ေတာ္က ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရး ဥပေဒကို ျပင္ဆင္ ေရးဆြဲထားၿပီး ယခုလအတြင္း လႊတ္ေတာ္က အတည္ျပဳႏိုင္ရန္ စီစဥ္ေနသည္။

အသစ္ျပန္လည္ေရးဆြဲထား သည့္ စည္ပင္သာယာေရးဥပေဒ တြင္ (၁၈) ႏွစ္ျပည့္ၿပီးသူတိုင္းမဲ ေပးခြင့္ရရွိမည္ျဖစ္ၿပီး ေကာ္မတီ ဝင္အဆင့္တြင္ ၿမိဳ႕ေတာ္ဝန္အပါ အဝင္ အစိုးရခန္႔အပ္သူ ငါးဦး၊ ျပည္သူလူထုက ေရြးခ်ယ္သူ ေျခာက္ဦး စုစုေပါင္းေကာ္မတီ ဝင္ ၁၁ ဦးျဖင့္ ေျပာင္းလဲဖြဲ႕စည္း မည္ျဖစ္သည္။ ထို႔အတြက္ လာ မည့္ စည္ပင္သာယာေရး ေကာ္ မတီဝင္ အဆင့္ဆင့္ေရြးေကာက္ပြဲ အၿပီး၌ ျပည္သူလူထုေရြးခ်ယ္ ခံဦးေရ ပိုလာမည္ျဖစ္သည္။

ယခင္ဥပေဒတြင္ တစ္အိမ္ ေထာင္လွ်င္ တစ္ဦးဆႏၵမဲေပးခြင့္ ရွိၿပီး ေကာ္မတီဝင္အဆင့္တြင္ အစိုးရခန္႔ငါးဦး၊ ျပည္သူလူထုေရြး ခ်ယ္သူ ေလးဦး စုစုေပါင္းေကာ္မ တီဝင္ ကိုးဦးသာရွိခဲ့သည္။

လက္ရွိ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ တြင္ အစိုးရကခန္႔အပ္သည့္ ၿမိဳ႕ ေတာ္ဝန္ႏွင့္ ေကာ္မတီဝင္ေလးဦး စုစုေပါင္း ေကာ္မတီဝင္ငါးဦးသာ စည္ပင္သာယာေရးလုပ္ငန္းမ်ား ကို ဦးေဆာင္လုပ္ကိုင္ေနသည္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ သာယာေရးေကာ္မတီဝင္ အဆင့္ ဆင့္ေရြးေကာက္ပြဲကို ၂၀၁၈ မတ္လတြင္ ျပဳလုပ္မည္ဟု ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက မၾကာမီက ေျပာ ၾကားထားသည္။

ၿမိဳ႕နယ္အသီးသီးတြင္ျပည္ သူလူထု ေရြးခ်ယ္ခံေကာ္မတီဝင္ မ်ား မရွိိျခင္းေၾကာင့္ လႊတ္ေတာ္ ကိစၥမ်ား ေဆာင္ရြက္ရာတြင္ ေႏွာင့္ေႏွးေနၿပီး စည္ပင္သာယာ ႏွင့္ သက္ဆိုင္သည့္လုပ္ငန္းမ်ား သည္ ေရြးခ်ယ္ခံမ်ားရွိလာပါက ပိုမိုျမန္ဆန္လာမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္ စားလွယ္တစ္ဦးက မွတ္ခ်က္ျပဳ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဝင် အဆင့် ဆင့်ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပရန် လွှတ်တော်ကိုယ်စား လှယ်များက ဆန္ဒအရှိဆုံးဖြစ် ကြောင်း လသာမြို့နယ်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ပြောသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဦးဆောင်သည့်အစိုးရ တက်လာပြီး ၂ နှစ်နီးပါးအထိ ပြည် သူရွေးချယ် တင်မြှောက်သည့် စည်ပင်သာယာရွေးကောက်ပွဲပြု လုပ်နိုင်ခြင်း မရှိ၍ ဝေဖန်နေချိန် တွင် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ်(၁) မဲဆန္ဒ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်ကဆိုသည်။

‘‘ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်က အပြီးသတ်တဲ့အပိုင်းကို ရောက် နေပါပြီ။ စည်ပင်ရွေးကောက်ပွဲကို အဖြစ်စေချင်ဆုံးက ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေပါ ပဲ’’ ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေ သကြီးမှ လွှတ်တော်ကိုယ်စား လှယ်များသည် ဥပဒေပြုရေးအပါ အဝင် လွှတ်တော်တာဝန်များ သာမက သက်ဆိုင်ရာမြို့နယ်အ လိုက် စည်ပင်သာယာရေးလုပ် ငန်းများကိုလည်း လုပ်ဆောင်နေ ရကြောင်း ဦးဇော်ဝင်းနိုင်က ပြော ကြားသည်။

လက်ရှိတိုင်းဒေသကြီးလွှတ် တော်က ရန်ကုန်မြို့တော်စည်ပင် သာယာရေး ဥပဒေကို ပြင်ဆင် ရေးဆွဲထားပြီး ယခုလအတွင်း လွှတ်တော်က အတည်ပြုနိုင်ရန် စီစဉ်နေသည်။

အသစ်ပြန်လည်ရေးဆွဲထား သည့် စည်ပင်သာယာရေးဥပဒေ တွင် (၁၈) နှစ်ပြည့်ပြီးသူတိုင်းမဲ ပေးခွင့်ရရှိမည်ဖြစ်ပြီး ကော်မတီ ဝင်အဆင့်တွင် မြို့တော်ဝန်အပါ အဝင် အစိုးရခန့်အပ်သူ ငါးဦး၊ ပြည်သူလူထုက ရွေးချယ်သူ ခြောက်ဦး စုစုပေါင်းကော်မတီ ဝင် ၁၁ ဦးဖြင့် ပြောင်းလဲဖွဲ့စည်း မည်ဖြစ်သည်။ ထို့အတွက် လာ မည့် စည်ပင်သာယာရေး ကော် မတီဝင် အဆင့်ဆင့်ရွေးကောက်ပွဲ အပြီး၌ ပြည်သူလူထုရွေးချယ် ခံဦးရေ ပိုလာမည်ဖြစ်သည်။

ယခင်ဥပဒေတွင် တစ်အိမ် ထောင်လျှင် တစ်ဦးဆန္ဒမဲပေးခွင့် ရှိပြီး ကော်မတီဝင်အဆင့်တွင် အစိုးရခန့်ငါးဦး၊ ပြည်သူလူထုရွေး ချယ်သူ လေးဦး စုစုပေါင်းကော်မ တီဝင် ကိုးဦးသာရှိခဲ့သည်။

လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွင် အစိုးရကခန့်အပ်သည့် မြို့ တော်ဝန်နှင့် ကော်မတီဝင်လေးဦး စုစုပေါင်း ကော်မတီဝင်ငါးဦးသာ စည်ပင်သာယာရေးလုပ်ငန်းများ ကို ဦးဆောင်လုပ်ကိုင်နေသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဝင် အဆင့် ဆင့်ရွေးကောက်ပွဲကို ၂၀၁၈ မတ်လတွင် ပြုလုပ်မည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မကြာမီက ပြော ကြားထားသည်။

မြို့နယ်အသီးသီးတွင်ပြည် သူလူထု ရွေးချယ်ခံကော်မတီဝင် များ မရှိခြင်းကြောင့် လွှတ်တော် ကိစ္စများ ဆောင်ရွက်ရာတွင် နှောင့်နှေးနေပြီး စည်ပင်သာယာ နှင့် သက်ဆိုင်သည့်လုပ်ငန်းများ သည် ရွေးချယ်ခံများရှိလာပါက ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက မှတ်ချက်ပြု သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top