ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ရန္ကုန္တုိင္းအတြင္း က်ဴးေက်ာ္စာရင္းေကာက္ယူၿပီး စလစ္ထုတ္ေပးရာတြင္ စီးပြားျဖစ္ က်ဴးေက်ာ္သူမ်ား ပါ၀င္ေနသျဖင့္ ၂၀၁၈ ႏွစ္ဆန္းပိုင္းတြင္ ကြင္းဆင္းစစ္ေဆးမည္ဟု က်ဴးေက်ာ္ စာရင္းေကာက္ယူေရး အဖဲြ႕၀င္ တစ္ဦးက ေျပာသည္။

 အမွန္တကယ္က်ဴးေက်ာ္ ေနထုိင္သူမ်ားအား ေနရာခ်ထား ေပးရန္ ထုတ္ေပးေနသည့္ စလစ္ကတ္ျပားမ်ားကို က်ဴးေက်ာ္မ ဟုတ္ဘဲ အျခားစီးပြားျဖစ္က်ဴး ေက်ာ္သူမ်ားက လာေရာက္ထုတ္ ယူေၾကာင္း ၎ကဆုိသည္။


‘‘ဒီလကုန္မွာ ကၽြန္မတို႔ကို သင္တန္းေပးမယ္။ ၿပီးရင္ ကြင္း ဆင္းစစ္ေဆးတာေတြ လုပ္မယ္ လို႔ ေျပာပါတယ္’’ဟု က်ဴးေက်ာ္ စာရင္းေကာက္ယူေရးအဖဲြ႕၀င္ တစ္ဦးက ေျပာသည္။

က်ဴးေက်ာ္မ်ားအား စာရင္း ေကာက္ယူျခင္းလုပ္ငန္းကို ရန္ကုန္တုိင္းအစိုးရအဖဲြ႕က ဦးေဆာင္ၿပီး အဖဲြ႕၀င္ ၄၂ ဦးစီပါ၀င္သည့္ စာရင္းေကာက္ယူေရးအဖဲြ႕ ရွစ္ဖဲြ႕က ၂၀၁၆ စက္တင္ဘာမွ ယခုႏွစ္ ဇူလုိင္အထိ ေကာက္ယူခဲ့သည္။

ယခုအခါ က်ဴးေက်ာ္မ်ားေန ထုိင္သည့္ ရန္ကုန္တုိင္း ၿမိဳ႕နယ္ ၂၇ ခုရွိ အိမ္ေထာင္စုတစ္သိန္း ေျခာက္ေသာင္းေက်ာ္သို႔ စလစ္ မ်ား ထုတ္ေပးထားေၾကာင္း က်ဴး ေက်ာ္စာရင္းေကာက္ယူေရးအ ဖဲြ႕၏ စာရင္းမ်ားတြင္ ေဖာ္ျပထားသည္။

အမွန္တကယ္ က်ဴးေက်ာ္ မဟုတ္သူမ်ားက စလစ္ထုတ္ၾက သည့္အျပင္ တစ္ဦးတည္းက ေန ရာႏွစ္ခု၊သုံးခုတြင္ စလစ္မ်ားလာ ေရာက္ထုတ္ယူေနျခင္းမ်ားရွိ ေၾကာင္း က်ဴးေက်ာ္စာရင္းေကာက္ယူေရးအဖဲြ႕၀င္အခ်ဳိ႕ ေျပာသည္။

‘‘အမွန္အကန္ေတြလည္း ပါ တယ္။ အမွန္အကန္မဟုတ္တာ ေတြလည္း ပါတာေပါ့။ တကယ္ မဟုတ္တဲ့သူေတြလည္း ထြက္ လာတာေတြ အမ်ားႀကီးေပါ့။ ႏွစ္ ေနရာသုံးေနရာမွာ ပါေနတာေတြ ေပါ့။ ဒီေနရာမွာေလွ်ာက္ၿပီးတျခားေနရာမွာလည္း လာျပန္ ေလွ်ာက္တာေပါ့’’ဟု က်ဴးေက်ာ္ စာရင္းေကာက္ယူေရးအဖဲြ႕(၃)မွ ေစတနာ့၀န္ထမ္းေဒၚနႏၵာ၀င္းက ေျပာသည္။

က်ဴးေက်ာ္မ်ားကို လက္ေဗြ စနစ္ျဖင့္ စာရင္းေကာက္ယူထား ၍ မည္သူက စလစ္ကတ္တစ္ခုမ က ထုတ္ယူခဲ့သည္ကို သိရွိႏုိင္ ေၾကာင္း ၎ကေျပာသည္။

ထို႔အျပင္ ေျမာက္ဒဂုံၿမိဳ႕နယ္ တြင္ စလစ္ကတ္ျပားထုတ္ေပးၿပီး ေနာက္ပိုင္း ဥပေဒ၊ နည္းဥပေဒ ႏွင့္ မညီဘဲ ထုတ္ယူသူမ်ားကို အေရးယူမည္ဆုိသည့္အတြက္ စလစ္ ၂၃ ေစာင္ လာေရာက္ အပ္ႏွံခဲ့ၾကေၾကာင္း ေျမာက္ဒဂုံ ၿမိဳ႕နယ္ တုိင္းလႊတ္ေတာ္ကိုယ္ စားလွယ္ဦးတင္ထြန္းႏုိင္က ေျပာ သည္။

ယင္းကဲ့သို႔ စီးပြားေရးအရ တရာမး၀င္က်ဴးေက်ာ္သူမ်ားကို ထိေရာက္စြာအေရးယူမည္ျဖစ္ ေၾကာင္း ၂၀၁၆ ေမလ ၂၅ ရက္ကရန္ကုန္တုိင္းေဒသႀကီး အစိုးရအ ဖဲြ႕႐ုံး၌ ျပဳလုပ္သည့္က်ဴးေက်ာ္စာ ရင္းေကာက္ယူေရးဆုိင္ရာ ရွင္း လင္းပဲြတြင္ ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားခဲ့သည္။

သို႔ေသာ္ မည္ကဲ့သို႔ အေရးယူေဆာင္ရြက္မည္ကို တုိင္းအစိုးရ အဖဲြ႕က မေျပာၾကားေသးေပ။

အမွန္တကယ္ က်ဴးေက်ာ္ သူမ်ားကို ၎တို႔၏ဘ၀ျပန္လည္ ထူေထာင္ေရး ကူညီမည္ျဖစ္ ေၾကာင္း တုိင္းအစိုးရက ေျပာထားေသာ္လည္း မည္ကဲ့သို႔စီစဥ္ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း မေျပာၾကားေသးေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ရန်ကုန်တိုင်းအတွင်း ကျူးကျော်စာရင်းကောက်ယူပြီး စလစ်ထုတ်ပေးရာတွင် စီးပွားဖြစ် ကျူးကျော်သူများ ပါဝင်နေသဖြင့် ၂၀၁၈ နှစ်ဆန်းပိုင်းတွင် ကွင်းဆင်းစစ်ဆေးမည်ဟု ကျူးကျော် စာရင်းကောက်ယူရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။

 အမှန်တကယ်ကျူးကျော် နေထိုင်သူများအား နေရာချထား ပေးရန် ထုတ်ပေးနေသည့် စလစ်ကတ်ပြားများကို ကျူးကျော်မ ဟုတ်ဘဲ အခြားစီးပွားဖြစ်ကျူး ကျော်သူများက လာရောက်ထုတ် ယူကြောင်း ၎င်းကဆိုသည်။


‘‘ဒီလကုန်မှာ ကျွန်မတို့ကို သင်တန်းပေးမယ်။ ပြီးရင် ကွင်း ဆင်းစစ်ဆေးတာတွေ လုပ်မယ် လို့ ပြောပါတယ်’’ဟု ကျူးကျော် စာရင်းကောက်ယူရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ကျူးကျော်များအား စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်ပြီး အဖွဲ့ဝင် ၄၂ ဦးစီပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့ ရှစ်ဖွဲ့က ၂၀၁၆ စက်တင်ဘာမှ ယခုနှစ် ဇူလိုင်အထိ ကောက်ယူခဲ့သည်။

ယခုအခါ ကျူးကျော်များနေ ထိုင်သည့် ရန်ကုန်တိုင်း မြို့နယ် ၂၇ ခုရှိ အိမ်ထောင်စုတစ်သိန်း ခြောက်သောင်းကျော်သို့ စလစ် များ ထုတ်ပေးထားကြောင်း ကျူး ကျော်စာရင်းကောက်ယူရေးအ ဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။

အမှန်တကယ် ကျူးကျော် မဟုတ်သူများက စလစ်ထုတ်ကြ သည့်အပြင် တစ်ဦးတည်းက နေ ရာနှစ်ခု၊သုံးခုတွင် စလစ်များလာ ရောက်ထုတ်ယူနေခြင်းများရှိ ကြောင်း ကျူးကျော်စာရင်းကောက်ယူရေးအဖွဲ့ဝင်အချို့ ပြောသည်။

‘‘အမှန်အကန်တွေလည်း ပါ တယ်။ အမှန်အကန်မဟုတ်တာ တွေလည်း ပါတာပေါ့။ တကယ် မဟုတ်တဲ့သူတွေလည်း ထွက် လာတာတွေ အများကြီးပေါ့။ နှစ် နေရာသုံးနေရာမှာ ပါနေတာတွေ ပေါ့။ ဒီနေရာမှာလျှောက်ပြီးတခြားနေရာမှာလည်း လာပြန် လျှောက်တာပေါ့’’ဟု ကျူးကျော် စာရင်းကောက်ယူရေးအဖွဲ့(၃)မှ စေတနာ့ဝန်ထမ်းဒေါ်နန္ဒာဝင်းက ပြောသည်။

ကျူးကျော်များကို လက်ဗွေ စနစ်ဖြင့် စာရင်းကောက်ယူထား ၍ မည်သူက စလစ်ကတ်တစ်ခုမ က ထုတ်ယူခဲ့သည်ကို သိရှိနိုင် ကြောင်း ၎င်းကပြောသည်။

ထို့အပြင် မြောက်ဒဂုံမြို့နယ် တွင် စလစ်ကတ်ပြားထုတ်ပေးပြီး နောက်ပိုင်း ဥပဒေ၊ နည်းဥပဒေ နှင့် မညီဘဲ ထုတ်ယူသူများကို အရေးယူမည်ဆိုသည့်အတွက် စလစ် ၂၃ စောင် လာရောက် အပ်နှံခဲ့ကြကြောင်း မြောက်ဒဂုံ မြို့နယ် တိုင်းလွှတ်တော်ကိုယ် စားလှယ်ဦးတင်ထွန်းနိုင်က ပြော သည်။

ယင်းကဲ့သို့ စီးပွားရေးအရ တရာမးဝင်ကျူးကျော်သူများကို ထိရောက်စွာအရေးယူမည်ဖြစ် ကြောင်း ၂၀၁၆ မေလ ၂၅ ရက်ကရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံး၌ ပြုလုပ်သည့်ကျူးကျော်စာ ရင်းကောက်ယူရေးဆိုင်ရာ ရှင်း လင်းပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

သို့သော် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို တိုင်းအစိုးရ အဖွဲ့က မပြောကြားသေးပေ။

အမှန်တကယ် ကျူးကျော် သူများကို ၎င်းတို့၏ဘဝပြန်လည် ထူထောင်ရေး ကူညီမည်ဖြစ် ကြောင်း တိုင်းအစိုးရက ပြောထားသော်လည်း မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မပြောကြားသေးပေ။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top