လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

~ မဂၤလာခန္းမၾကီးထဲ ~ ဒီမဂၤလာခန္းမၾကီးထဲ ~ တုိ႔ႏွစ္ဦးလက္ေတြတြဲ ခုိင္ၿမဲေသာအခ်စ္ေတြ သက္ေသထူမယ္ ~

တစ္သက္မွာ တစ္မဂၤလာ ဆုိတဲ့အတုိင္းပဲ ကၽြန္ေတာ္တုိ႔ ျမန္မာ့ယဥ္ေက်းမႈမွာေတာ့ အိမ္ေထာင္ေရးဆုိတာကုိ သိပ္တန္ဖုိးထားၾကတယ္။ လြယ္လြယ္မတည္ေဆာက္တတ္ၾကသလို၊ လြယ္လြယ္နဲ႔လည္း အိမ္ေထာင္တစ္ခုကို အဆံုးသတ္ေလ့ မရွိပါဘူး။ ဒါေၾကာင့္ ခ်စ္သူႏွစ္ဦး ဘ၀တစ္ခုကို အတူျဖတ္သန္းဖို႔ ဆံုးၿဖတ္ၿပီးၿပီဆုိရင္ အဲဒီလက္ထပ္မဂၤလာပြဲေလးကို တစ္သက္လံုးအမွတ္တရ ျဖစ္ေနေအာင္ စီစဥ္ၾကတယ္။ Pre-wedding photo ကုိ စိတ္ကူးဆန္းဆန္းနဲ႔ လွလွေလးေတြ ရုိက္မယ္၊ မဂၤလာဧည္႔ခံပြဲကို ခမ္းခမ္းနားနား လုပ္မယ္၊ လက္မွတ္ထုိးတဲ့ အခမ္းအနားကို ဘယ္လိုအစီအစဥ္နဲ႔ ဘယ္ေနရာမွာ လုပ္မယ္၊ ဒီလိုမ်ိဳး စိတ္ကူးေကာင္းရင္ ေကာင္းသလုိ၊ တတ္ႏုိင္ရင္ တတ္ႏုိင္သလို အမွတ္တရေလးေတြ ဖန္တီးၾကတယ္။

အဲဒီလိုေတြ လက္ထပ္ပြဲနဲ႔ပတ္သက္ၿပီး စီစဥ္ေနၾကတဲ့တစ္ၿပိဳင္တည္းမွာ ေနာင္တစ္ခ်ိန္ရလာမယ့္ မိသားစုေလးအတြက္လည္း စီမံကိန္းခ်ထားဖုိ႔ လုိတယ္။ လက္ထပ္ၿပီး ဘယ္ႏွႏွစ္ေနရင္ ကေလးယူမယ္၊ ဘယ္ႏွေယာက္ယူမယ္၊ ဘယ္လိုျပဳစုပ်ိဳးေထာင္မယ္ စသျဖင့္ေပါ့။

ဒီဘက္ေခတ္မွာ မိန္းကေလးေတြဟာ အိမ္ေထာင္က်ၿပီးရင္ အလုပ္ထြက္၊ အိမ္မႈကိစၥလုပ္၊ ကေလးေမြး ဆုိတဲ့ပံုစံက သိပ္ရွားသြားၿပီ။ အလုပ္ေတြလုပ္ၾကမယ္၊ ေက်ာင္းေတြဆက္တက္မယ္၊ ပညာေတြသင္မယ္၊ ဒီလိုျဖစ္လာၿပီ။ အဲဒီအခါ ကုိယ္မလိုခ်င္ေသးတဲ့အခ်ိန္မွာ၊ ကေလးယူဖုိ႔ အဆင္သင့္မျဖစ္ေသးတဲ့အခ်ိန္မွာ ကုိယ္၀န္ရသြားရင္ အခက္အခဲျဖစ္ႏုိင္တယ္။

ေက်ာင္းဆက္တက္ရဦးမယ္၊ အလုပ္ေတြလုပ္ရဦးမယ္၊ စီးပြါးရွာရဦးမယ္၊ ဒီလိုအခ်ိန္မွာ မလိုခ်င္ေသးဘဲနဲ႔ ကုိယ္၀န္မရေအာင္ ဘယ္လုိတားထားၾကမလဲ၊ ဘယ္လုိနည္းလမ္းေတြ ရွိသလဲ၊ သူတုိ႔ရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြက ဘာေတြလဲ ေျပာျပေပးသြားပါမယ္။
အဲ့ဒီလို သတို႕သမီးေလာင္းတစ္ေယာက္ အသံုးျပဳလို႕ရတဲ့ သားဆက္ျခားနည္း (၅)မ်ိဳး ရွိပါတယ္။ ကြန္ဒံုး၊ ေန႔စဥ္ေသာက္ေဆးကဒ္၊ ထုိးေဆး၊ လက္ေမာင္းတြင္းထည္႔ပစၥည္းနဲ႕ သားအိမ္တြင္းထည္႔ပစၥည္းေတြပါ၊၊

အရင္တုန္းကေတာ့ သားအိမ္တြင္းထည္႔ပစၥည္းကုိ ကေလးတစ္ခါမွ မေမြးဖူးေသးရင္ သံုးဖုိ႔ အဆင္မေျပဘူးလို႕ဆုိၾကပါတယ္။ ကေလးမေမြးဖူးေသးေတာ့ သားအိမ္ေခါင္းက က်ဥ္းေနတတ္တာမုိ႔ ထည္႔ရခက္တတ္တယ္ေပါ့။ ေနာက္ျပီး ထည္႔ရင္းနဲ႔ မေတာ္တဆပုိး၀င္သြားရင္ ကေလးမရႏုိင္ေတာ့တာမ်ိဳးလည္း ျဖစ္တတ္တယ္။ ဒါေပမယ့္ ေနာက္ပုိင္းေပၚလာတဲ့ ပစၥည္းေတြက ေတာ္ေတာ္ေလးကိုမွ အရြယ္အစားေသးတယ္။ ထည္႕ရလြယ္တယ္။ ကေလးေမြးဖူးထားစရာ မလုိေတာ့ဘူး။ ထည္႕ရင္းနဲ႕ ပုိး၀င္တယ္ဆုိတာကလည္း စိတ္ခ်ရတဲ့ ေဆးရံုေဆးခန္းေတြမွာဆုိ မျဖစ္ဘူး။ ဒါေၾကာင့္ ဒီနည္းကုိလည္း သံုးမယ္ဆုိ သံုးလို႕ရတယ္ဆုိတာေလး သိေစခ်င္ပါတယ္။ ဒါေပမယ့္ လက္ထပ္ျပီးစမွာ ဒီပစၥည္္းသံုးတဲ့သူက အင္မတန္နည္းတာမို႕ ဒီေဆာင္းပါးမွာေတာ့ ခဏခ်န္ထားလိုက္မယ္။ အဲဒီလိုပဲ သုတ္ရည္အျပင္ထုတ္တဲ့နည္း၊ ရက္ေရွာင္တဲ့နည္းတုိ႔လုိ သဘာ၀နည္းလမ္းေတြကလည္း ေဘးထြက္ဆုိးက်ိဳးမရွိဘူး ဆုိေပမယ့္ အမွားအယြင္းမ်ားတယ္၊ မွားလို႔ရွိရင္ ကုိယ္၀န္ရသြားႏုိင္တယ္။ ဒါေၾကာင့္ အသံုးအမ်ားဆံုး (၄)နည္းကိုုပဲ ေရးလိုက္ပါမယ္။
၁။ ကြန္ဒံုး

အားသာခ်က္
• ေဟာ္မုန္းေၾကာင့္ျဖစ္တဲ့ ေဘးထြက္ဆုိးက်ိဳးေတြ (ဥပမာ ေခါင္းမူးတာ၊ ဇက္ေၾကာတက္တာ၊ ခႏၶာကိုယ္အေလးခ်ိန္ေျပာင္းတာ) မခံစားရဘူး။
• ဘယ္သူမဆုိ အသံုးျပဳလုိ႔ ရတယ္၊ မတည္႔တဲ့သူဆုိတာ မရွိဘူး။ (ရွားရွားပါးပါး Latex allergy ရွိသူကလြဲရင္)
• ၀ယ္ရတာလည္း အရမ္းလြယ္တယ္။
• ဆရာ၀န္၊ ဆရာမအေပၚ မွီခုိေနစရာ မလိုဘူး၊ ကိုယ့္ဟာကုိယ္ သံုးေနရံုပဲ။
• သူ႔ရဲ႕ အဓိကအားသာခ်က္ကေတာ့ ကိုယ္၀န္အျပင္ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ မရေအာင္ပါ ကာကြယ္ေပးတယ္။

အားနည္းခ်က္
• အတူေနတုိင္းမွာ အသံုးျပဳရမယ္၊ အသံုးျပဳနည္းမွန္ရမယ္၊ အမ်ိဳးသားရဲ႕ ပူးေပါင္းပါ၀င္မႈ လိုတယ္၊ သူသံုးမွရမယ္။ (အမ်ိဳးသားအမ်ားစုက အိမ္ေထာင္က်စ မဂၤလာဦးညမွာ ဒါကိုသံုးဖုိ႔အတြက္ စိတ္အားထက္သန္မႈ မရွိလွတာကိုေတာ့ သတိထားမိတယ္)
• ေနာက္ၿပီး ဆက္ေျပာမယ့္သားဆက္ျခားနည္းေတြနဲ႔ယွဥ္ရင္ သူက ထိေရာက္မႈနည္းတယ္။ ဘာလို႔ဆုိေတာ့ အသံုးျပဳသူအေပၚ မူတည္တယ္၊ မွန္မွန္ကန္ကန္နဲ႔ သံုးတတ္ဖုိ႔ လိုတယ္။
၂။ ေန႔စဥ္ေသာက္ေဆးကတ္

အားသာခ်က္
• ဒီေဆးေသာက္ဖုိ႔အတြက္ ပထမဆုံးအေနနဲ႕ ဆရာဝန္နဲ႔ တိုင္ပင္ဖို႔ေတာ့ လိုပါမယ္၊၊ ေဘးထြက္ဆိုးက်ိဳးေတြအေၾကာင္း၊ ေသာက္ပုံေသာက္နည္း၊ ကိုယ္နဲ႔သင့္ေတာ္မႈရွိမရွိ ေမးျမန္းၿပီး ဆရာဝန္က ေသာက္ဖို႔သင့္တယ္ဆိုမွ ေရြးခ်ယ္အသုံးျပဳသင့္လို႕ပါ။ ဒါေပမယ့္ ေနာက္ပုိင္းမွာေတာ့ ဆရာ၀န္၊ ဆရာမအေပၚ မွီခုိေနစရာ မလိုဘူး။ ကုိယ့္ဟာကိုယ္ ၀ယ္ၿပီး ေသာက္ေနရံုပဲ၊ ကုိယ္အိမ္ေထာင္သည္မွန္း လူမသိေစခ်င္ဘူး၊ ေဆးခန္းသြားၿပီး ဆရာ၀န္နဲ႔ ျပရ၊ ေျပာရတာမ်ိဳး မလုပ္ခ်င္ဘူးဆုိ ဒီနည္းလမ္းက အဆင္ေျပတယ္။
• တစ္လတစ္ခါလည္း ေသြးေပၚမယ္။
• ေသြးေပၚရင္လည္း ပံုမွန္ထက္စာရင္ ပမာဏနည္းတာမို႔ ေသြးအားနည္းတာကိုလည္း သက္သာေစတယ္။
• ကေလးလိုခ်င္ၿပီဆုိလည္း ေဆးေသာက္ရပ္လိုက္တာနဲ႔ ကုိယ္၀န္ရႏုိင္တယ္။

အားနည္းခ်က္
• ေန႔စဥ္ေသာက္ေဆးကတ္ ၿဖစ္တဲ့အတြက္ တစ္ေန႔တစ္လံုး မွန္မွန္ေသာက္ဖုိ႔ လိုတာပဲ။ မနက္ ည ေသာက္ခ်င္သလို ေသာက္လုိ႔လည္း မရဘူး။ အတိအက်ၾကီး မဟုတ္ေတာင္ ပံုမွန္ေလးျဖစ္ဖုိ႔ေတာ့ လိုတယ္။ ဒီေတာ့ ဒီနည္းလမ္းကို ေရြးမယ္ဆုိ ေဆးကို ေန႔တုိင္းမွန္မွန္ေသာက္ႏုိင္ဖုိ႔ လိုတယ္၊ ေမ့ခဲ့ရင္ေရာ ဘယ္လိုလုပ္ရမလဲဆုိတာကိုလည္း သိထားဖုိ႔ လိုတယ္။
၃။ သံုးလခံထုိးေဆး

အားသာခ်က္
• သူ႔ရဲ႕ အားသာခ်က္ကေတာ့ သံုးလမွတစ္ခါ ထုိးရတာ ျဖစ္တဲ့အတြက္ အလုပ္ရႈပ္သက္သာတယ္။
• ေနာက္ၿပီး ေဆးထုိးၿပီးရင္ မ်ားေသာအားျဖင့္ ေသြးမေပၚတတ္ေတာ့ ေသြးေပၚတာကို အလုပ္ရႈပ္တယ္လို႔ ခံစားရတဲ့ အမ်ိဳးသမီးေတြအတြက္ ပိုအဆင္ေျပတယ္။

အားနည္းခ်က္
• ေဆးထိုးေပးမယ့္ ဆရာ၀န္အေပၚ မွီခုိေနရတယ္၊၊ တစ္ေနရာရာမ်ား အလုပ္သြားလုပ္မယ္ဆုိ ေဆးထိုးေပးမယ့္ ဆရာ၀န္ကို အရင္ရွာရမယ္။
• ရာသီမေပၚတတ္တာကလည္း ရာသီေပၚမွၾကိဳက္တယ္ ဆုိတဲ့ အမ်ိဳးသမီးေတြအတြက္က် အဆင္မေျပၿပန္ဘူး။
• အဓိကအေရးၾကီးဆံုး သိထားရမယ့္ အားနည္းခ်က္ေတာ့ သူက ေဆးထိုးရပ္ရပ္ခ်င္း ကုိယ္၀န္ျပန္မရႏုိင္တာပဲ။ လအနည္းငယ္ေလာက္ ေစာင့္ရတတ္တယ္။ ဒါေၾကာင့္ ကေလးယူမယ္ဆုိ ၿမန္ၿမန္ရမွ ဆုိတဲ့ စံုတြဲမ်ိဳး (ဥပမာ ႏုိင္ငံၿခားသြား အလုပ္လုပ္ေတာ့မယ့္သူေတြ) ဆုိရင္ေတာ့ ဒီနည္းလမ္းကို သတိထားသံုးစြဲသင့္တယ္။
၄။ လက္ေမာင္းတြင္းထည္႔ပစၥည္း

အားသာခ်က္
• သူက သံုးလခံေဆးနဲ႔ ေယဘုယ်အားျဖင့္ ဆင္တူတယ္ဆုိေပမယ့္ ကြာျခားခ်က္(၃)ခုရွိတယ္။ ေသြးတိုးရွိလည္း ထည္႔လို႔ရတယ္ (သံုးလခံထုိးေဆးက ေသြးေပါင္ ၁၆၀-၁၁၀ အထက္ဆုိ သံုးလို႔ မရပါ)။ ႏွစ္ရွည္ခံသြားတယ္၊ ၃နွစ္ခံ၊ ၄နွစ္ခံ၊ ၅နွစ္ခံထိ ရွိတယ္၊ ဒီေတာ့ ပုိၿပီးအလုပ္ရႈပ္သက္သာတယ္။ ေနာက္ဆံုးတစ္ခုကေတာ့ ကေလးလိုခ်င္ၿပီဆုိ ပစၥည္းၿပန္ထုတ္လိုက္တာနဲ႔ ခ်က္ခ်င္းၿပန္ရႏုိင္တယ္။ ဒါေၾကာင့္ လက္ထပ္ၿပီး ၃ ၄ ၅ႏွစ္ေနမွ ကေလးယူမယ့္သူေတြဆုိ အသံုးၿပဳလို႔ သင့္ေတာ္တယ္။

အားနည္းခ်က္
• ေနာက္ဆံုးေပၚနည္းပညာလုိျဖစ္ေနေတာ့ ထည္႔ေပး၊ ျပန္ထုတ္ေပးမယ့္ ဆရာ၀န္လိုတယ္၊ အဲဒီလိုလုပ္ေပးႏုိင္တဲ့ ေဆးခန္းတစ္ခုကို သြားရလိမ့္မယ္။ ခုဆိုရင္ေတာ့ အစိုးရေဆးရံုေတြမွာလည္း ထည္႕လို႕ရေနျပီ။ ကုန္က်စရိတ္ကေတာ့ ဆရာ၀န္နဲ႔ ေဆးရံုေဆးခန္းအေနအထားေပၚ မူတည္ၿပီး ေသာင္းဂဏန္းကေန သိန္းဂဏန္းအထိ ေပးရႏိုင္တယ္။ ထံုေဆးေပးၿပီး ပစၥည္းကုိ လက္ေမာင္းအေရျပားေအာက္ ထည္႔လုိက္တာပါပဲ။ ခြဲစိတ္မႈၾကီး လုပ္တာမ်ိဳး မဟုတ္တဲ့အတြက္ ေၾကာက္စရာေတာ့ မလိုပါဘူး။

ဒါေတြကေတာ့ ေရြးခ်ယ္လုိ႔ရတဲ့ နည္းလမ္းေတြရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကုိ စဥ္းစားရလြယ္ေအာင္ ယွဥ္ေျပာျပေပးလုိက္တာပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ ကေလးယူဖုိ႔ စီစဥ္ထားတာေတြ၊ ကုိယ့္ဘ၀နဲ႔ပတ္သက္ၿပီး ရည္မွန္းထားတာေတြ မတူၾကသလို၊ ခႏၶာကိုယ္ဖြဲ႔စည္းပံုခ်င္းလည္း မတူၾကတာမို႔ သူ ဒါနဲ႔အဆင္ေျပလုိ႔ ကုိယ္လည္း လုိက္သံုးမယ္ လုပ္စရာ မလုိပါဘူး။ ဘယ္နည္းလမ္းမွလည္း စင္းလံုးေခ်ာ မဟုတ္ဘူး၊ အားသာခ်က္၊ အားနည္းခ်က္ကုိယ္စီနဲ႔ပါပဲ။ ဒါေၾကာင့္ ကိုယ္နဲ႔အသင့္ေတာ္ဆံုးျဖစ္မယ့္ နည္းလမ္းကို ကုိယ္တုိင္စဥ္းစားေရြးခ်ယ္ၿပီး အသံုးၿပဳၾကဖုိ႔ တုိက္တြန္းလုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group

# Unicode Version ျဖင့္ ဖတ္ပါ #

~ မင်္ဂလာခန်းမကြီးထဲ ~ ဒီမင်္ဂလာခန်းမကြီးထဲ ~ တို့နှစ်ဦးလက်တွေတွဲ ခိုင်မြဲသောအချစ်တွေ သက်သေထူမယ် ~

တစ်သက်မှာ တစ်မင်္ဂလာ ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုမှာတော့ အိမ်ထောင်ရေးဆိုတာကို သိပ်တန်ဖိုးထားကြတယ်။ လွယ်လွယ်မတည်ဆောက်တတ်ကြသလို၊ လွယ်လွယ်နဲ့လည်း အိမ်ထောင်တစ်ခုကို အဆုံးသတ်လေ့ မရှိပါဘူး။ ဒါကြောင့် ချစ်သူနှစ်ဦး ဘဝတစ်ခုကို အတူဖြတ်သန်းဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် အဲဒီလက်ထပ်မင်္ဂလာပွဲလေးကို တစ်သက်လုံးအမှတ်တရ ဖြစ်နေအောင် စီစဉ်ကြတယ်။ Pre-wedding photo ကို စိတ်ကူးဆန်းဆန်းနဲ့ လှလှလေးတွေ ရိုက်မယ်၊ မင်္ဂလာဧည့်ခံပွဲကို ခမ်းခမ်းနားနား လုပ်မယ်၊ လက်မှတ်ထိုးတဲ့ အခမ်းအနားကို ဘယ်လိုအစီအစဉ်နဲ့ ဘယ်နေရာမှာ လုပ်မယ်၊ ဒီလိုမျိုး စိတ်ကူးကောင်းရင် ကောင်းသလို၊ တတ်နိုင်ရင် တတ်နိုင်သလို အမှတ်တရလေးတွေ ဖန်တီးကြတယ်။

အဲဒီလိုတွေ လက်ထပ်ပွဲနဲ့ပတ်သက်ပြီး စီစဉ်နေကြတဲ့တစ်ပြိုင်တည်းမှာ နောင်တစ်ချိန်ရလာမယ့် မိသားစုလေးအတွက်လည်း စီမံကိန်းချထားဖို့ လိုတယ်။ လက်ထပ်ပြီး ဘယ်နှနှစ်နေရင် ကလေးယူမယ်၊ ဘယ်နှယောက်ယူမယ်၊ ဘယ်လိုပြုစုပျိုးထောင်မယ် စသဖြင့်ပေါ့။

ဒီဘက်ခေတ်မှာ မိန်းကလေးတွေဟာ အိမ်ထောင်ကျပြီးရင် အလုပ်ထွက်၊ အိမ်မှုကိစ္စလုပ်၊ ကလေးမွေး ဆိုတဲ့ပုံစံက သိပ်ရှားသွားပြီ။ အလုပ်တွေလုပ်ကြမယ်၊ ကျောင်းတွေဆက်တက်မယ်၊ ပညာတွေသင်မယ်၊ ဒီလိုဖြစ်လာပြီ။ အဲဒီအခါ ကိုယ်မလိုချင်သေးတဲ့အချိန်မှာ၊ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ကိုယ်ဝန်ရသွားရင် အခက်အခဲဖြစ်နိုင်တယ်။

ကျောင်းဆက်တက်ရဦးမယ်၊ အလုပ်တွေလုပ်ရဦးမယ်၊ စီးပွါးရှာရဦးမယ်၊ ဒီလိုအချိန်မှာ မလိုချင်သေးဘဲနဲ့ ကိုယ်ဝန်မရအောင် ဘယ်လိုတားထားကြမလဲ၊ ဘယ်လိုနည်းလမ်းတွေ ရှိသလဲ၊ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေက ဘာတွေလဲ ပြောပြပေးသွားပါမယ်။
အဲ့ဒီလို သတို့သမီးလောင်းတစ်ယောက် အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်း (၅)မျိုး ရှိပါတယ်။ ကွန်ဒုံး၊ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး၊ လက်မောင်းတွင်းထည့်ပစ္စည်းနဲ့ သားအိမ်တွင်းထည့်ပစ္စည်းတွေပါ၊၊

အရင်တုန်းကတော့ သားအိမ်တွင်းထည့်ပစ္စည်းကို ကလေးတစ်ခါမှ မမွေးဖူးသေးရင် သုံးဖို့ အဆင်မပြေဘူးလို့ဆိုကြပါတယ်။ ကလေးမမွေးဖူးသေးတော့ သားအိမ်ခေါင်းက ကျဉ်းနေတတ်တာမို့ ထည့်ရခက်တတ်တယ်ပေါ့။ နောက်ပြီး ထည့်ရင်းနဲ့ မတော်တဆပိုးဝင်သွားရင် ကလေးမရနိုင်တော့တာမျိုးလည်း ဖြစ်တတ်တယ်။ ဒါပေမယ့် နောက်ပိုင်းပေါ်လာတဲ့ ပစ္စည်းတွေက တော်တော်လေးကိုမှ အရွယ်အစားသေးတယ်။ ထည့်ရလွယ်တယ်။ ကလေးမွေးဖူးထားစရာ မလိုတော့ဘူး။ ထည့်ရင်းနဲ့ ပိုးဝင်တယ်ဆိုတာကလည်း စိတ်ချရတဲ့ ဆေးရုံဆေးခန်းတွေမှာဆို မဖြစ်ဘူး။ ဒါကြောင့် ဒီနည်းကိုလည်း သုံးမယ်ဆို သုံးလို့ရတယ်ဆိုတာလေး သိစေချင်ပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးစမှာ ဒီပစ္စည်းသုံးတဲ့သူက အင်မတန်နည်းတာမို့ ဒီဆောင်းပါးမှာတော့ ခဏချန်ထားလိုက်မယ်။ အဲဒီလိုပဲ သုတ်ရည်အပြင်ထုတ်တဲ့နည်း၊ ရက်ရှောင်တဲ့နည်းတို့လို သဘာဝနည်းလမ်းတွေကလည်း ဘေးထွက်ဆိုးကျိုးမရှိဘူး ဆိုပေမယ့် အမှားအယွင်းများတယ်၊ မှားလို့ရှိရင် ကိုယ်ဝန်ရသွားနိုင်တယ်။ ဒါကြောင့် အသုံးအများဆုံး (၄)နည်းကိုုပဲ ရေးလိုက်ပါမယ်။
၁။ ကွန်ဒုံး

အားသာချက်
• ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ (ဥပမာ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ခန္ဓာကိုယ်အလေးချိန်ပြောင်းတာ) မခံစားရဘူး။
• ဘယ်သူမဆို အသုံးပြုလို့ ရတယ်၊ မတည့်တဲ့သူဆိုတာ မရှိဘူး။ (ရှားရှားပါးပါး Latex allergy ရှိသူကလွဲရင်)
• ဝယ်ရတာလည်း အရမ်းလွယ်တယ်။
• ဆရာဝန်၊ ဆရာမအပေါ် မှီခိုနေစရာ မလိုဘူး၊ ကိုယ့်ဟာကိုယ် သုံးနေရုံပဲ။
• သူ့ရဲ့ အဓိကအားသာချက်ကတော့ ကိုယ်ဝန်အပြင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မရအောင်ပါ ကာကွယ်ပေးတယ်။

အားနည်းချက်
• အတူနေတိုင်းမှာ အသုံးပြုရမယ်၊ အသုံးပြုနည်းမှန်ရမယ်၊ အမျိုးသားရဲ့ ပူးပေါင်းပါဝင်မှု လိုတယ်၊ သူသုံးမှရမယ်။ (အမျိုးသားအများစုက အိမ်ထောင်ကျစ မင်္ဂလာဦးညမှာ ဒါကိုသုံးဖို့အတွက် စိတ်အားထက်သန်မှု မရှိလှတာကိုတော့ သတိထားမိတယ်)
• နောက်ပြီး ဆက်ပြောမယ့်သားဆက်ခြားနည်းတွေနဲ့ယှဉ်ရင် သူက ထိရောက်မှုနည်းတယ်။ ဘာလို့ဆိုတော့ အသုံးပြုသူအပေါ် မူတည်တယ်၊ မှန်မှန်ကန်ကန်နဲ့ သုံးတတ်ဖို့ လိုတယ်။
၂။ နေ့စဉ်သောက်ဆေးကတ်

အားသာချက်
• ဒီဆေးသောက်ဖို့အတွက် ပထမဆုံးအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ လိုပါမယ်၊၊ ဘေးထွက်ဆိုးကျိုးတွေအကြောင်း၊ သောက်ပုံသောက်နည်း၊ ကိုယ်နဲ့သင့်တော်မှုရှိမရှိ မေးမြန်းပြီး ဆရာဝန်က သောက်ဖို့သင့်တယ်ဆိုမှ ရွေးချယ်အသုံးပြုသင့်လို့ပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆရာဝန်၊ ဆရာမအပေါ် မှီခိုနေစရာ မလိုဘူး။ ကိုယ့်ဟာကိုယ် ဝယ်ပြီး သောက်နေရုံပဲ၊ ကိုယ်အိမ်ထောင်သည်မှန်း လူမသိစေချင်ဘူး၊ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ ပြရ၊ ပြောရတာမျိုး မလုပ်ချင်ဘူးဆို ဒီနည်းလမ်းက အဆင်ပြေတယ်။
• တစ်လတစ်ခါလည်း သွေးပေါ်မယ်။
• သွေးပေါ်ရင်လည်း ပုံမှန်ထက်စာရင် ပမာဏနည်းတာမို့ သွေးအားနည်းတာကိုလည်း သက်သာစေတယ်။
• ကလေးလိုချင်ပြီဆိုလည်း ဆေးသောက်ရပ်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်တယ်။

အားနည်းချက်
• နေ့စဉ်သောက်ဆေးကတ် ဖြစ်တဲ့အတွက် တစ်နေ့တစ်လုံး မှန်မှန်သောက်ဖို့ လိုတာပဲ။ မနက် ည သောက်ချင်သလို သောက်လို့လည်း မရဘူး။ အတိအကျကြီး မဟုတ်တောင် ပုံမှန်လေးဖြစ်ဖို့တော့ လိုတယ်။ ဒီတော့ ဒီနည်းလမ်းကို ရွေးမယ်ဆို ဆေးကို နေ့တိုင်းမှန်မှန်သောက်နိုင်ဖို့ လိုတယ်၊ မေ့ခဲ့ရင်ရော ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း သိထားဖို့ လိုတယ်။
၃။ သုံးလခံထိုးဆေး

အားသာချက်
• သူ့ရဲ့ အားသာချက်ကတော့ သုံးလမှတစ်ခါ ထိုးရတာ ဖြစ်တဲ့အတွက် အလုပ်ရှုပ်သက်သာတယ်။
• နောက်ပြီး ဆေးထိုးပြီးရင် များသောအားဖြင့် သွေးမပေါ်တတ်တော့ သွေးပေါ်တာကို အလုပ်ရှုပ်တယ်လို့ ခံစားရတဲ့ အမျိုးသမီးတွေအတွက် ပိုအဆင်ပြေတယ်။

အားနည်းချက်
• ဆေးထိုးပေးမယ့် ဆရာဝန်အပေါ် မှီခိုနေရတယ်၊၊ တစ်နေရာရာများ အလုပ်သွားလုပ်မယ်ဆို ဆေးထိုးပေးမယ့် ဆရာဝန်ကို အရင်ရှာရမယ်။
• ရာသီမပေါ်တတ်တာကလည်း ရာသီပေါ်မှကြိုက်တယ် ဆိုတဲ့ အမျိုးသမီးတွေအတွက်ကျ အဆင်မပြေပြန်ဘူး။
• အဓိကအရေးကြီးဆုံး သိထားရမယ့် အားနည်းချက်တော့ သူက ဆေးထိုးရပ်ရပ်ချင်း ကိုယ်ဝန်ပြန်မရနိုင်တာပဲ။ လအနည်းငယ်လောက် စောင့်ရတတ်တယ်။ ဒါကြောင့် ကလေးယူမယ်ဆို မြန်မြန်ရမှ ဆိုတဲ့ စုံတွဲမျိုး (ဥပမာ နိုင်ငံခြားသွား အလုပ်လုပ်တော့မယ့်သူတွေ) ဆိုရင်တော့ ဒီနည်းလမ်းကို သတိထားသုံးစွဲသင့်တယ်။
၄။ လက်မောင်းတွင်းထည့်ပစ္စည်း

အားသာချက်
• သူက သုံးလခံဆေးနဲ့ ယေဘုယျအားဖြင့် ဆင်တူတယ်ဆိုပေမယ့် ကွာခြားချက်(၃)ခုရှိတယ်။ သွေးတိုးရှိလည်း ထည့်လို့ရတယ် (သုံးလခံထိုးဆေးက သွေးပေါင် ၁၆၀-၁၁၀ အထက်ဆို သုံးလို့ မရပါ)။ နှစ်ရှည်ခံသွားတယ်၊ ၃နှစ်ခံ၊ ၄နှစ်ခံ၊ ၅နှစ်ခံထိ ရှိတယ်၊ ဒီတော့ ပိုပြီးအလုပ်ရှုပ်သက်သာတယ်။ နောက်ဆုံးတစ်ခုကတော့ ကလေးလိုချင်ပြီဆို ပစ္စည်းပြန်ထုတ်လိုက်တာနဲ့ ချက်ချင်းပြန်ရနိုင်တယ်။ ဒါကြောင့် လက်ထပ်ပြီး ၃ ၄ ၅နှစ်နေမှ ကလေးယူမယ့်သူတွေဆို အသုံးပြုလို့ သင့်တော်တယ်။

အားနည်းချက်
• နောက်ဆုံးပေါ်နည်းပညာလိုဖြစ်နေတော့ ထည့်ပေး၊ ပြန်ထုတ်ပေးမယ့် ဆရာဝန်လိုတယ်၊ အဲဒီလိုလုပ်ပေးနိုင်တဲ့ ဆေးခန်းတစ်ခုကို သွားရလိမ့်မယ်။ ခုဆိုရင်တော့ အစိုးရဆေးရုံတွေမှာလည်း ထည့်လို့ရနေပြီ။ ကုန်ကျစရိတ်ကတော့ ဆရာဝန်နဲ့ ဆေးရုံဆေးခန်းအနေအထားပေါ် မူတည်ပြီး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ပေးရနိုင်တယ်။ ထုံဆေးပေးပြီး ပစ္စည်းကို လက်မောင်းအရေပြားအောက် ထည့်လိုက်တာပါပဲ။ ခွဲစိတ်မှုကြီး လုပ်တာမျိုး မဟုတ်တဲ့အတွက် ကြောက်စရာတော့ မလိုပါဘူး။

ဒါတွေကတော့ ရွေးချယ်လို့ရတဲ့ နည်းလမ်းတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို စဉ်းစားရလွယ်အောင် ယှဉ်ပြောပြပေးလိုက်တာပါ။ တစ်ယောက်နဲ့တစ်ယောက် ကလေးယူဖို့ စီစဉ်ထားတာတွေ၊ ကိုယ့်ဘဝနဲ့ပတ်သက်ပြီး ရည်မှန်းထားတာတွေ မတူကြသလို၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းလည်း မတူကြတာမို့ သူ ဒါနဲ့အဆင်ပြေလို့ ကိုယ်လည်း လိုက်သုံးမယ် လုပ်စရာ မလိုပါဘူး။ ဘယ်နည်းလမ်းမှလည်း စင်းလုံးချော မဟုတ်ဘူး၊ အားသာချက်၊ အားနည်းချက်ကိုယ်စီနဲ့ပါပဲ။ ဒါကြောင့် ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် နည်းလမ်းကို ကိုယ်တိုင်စဉ်းစားရွေးချယ်ပြီး အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top