ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကမၻာဦးအစက လူသားေတြဟာ ထာဝရအသက္ရွင္သန္မႈကို ရွာေဖြခဲ့ၾကၿပီး ေနာက္ဆံုးမွာေတာ့ ထာဝရရွင္သန္မႈကို ရွာေဖြေတြ႕ရွိ ခဲ့ၾကပါတယ္။ အဲဒါကေတာ့ မ်ိဳးပြားျခင္းပါပဲ။ မ်ိဳးပြားျခင္းျဖင့္ မိမိတစ္သက္တာလံုး ေလ့လာသင္ယူလာသမွ်၊ ၾကံဳေတြ႕လာသမွ်ကို မိမိရဲ႕ေနာက္မ်ိဳးဆက္ထဲမွာ genetic code (မ်ိဳးရိုးဗီဇကုတ္ထ္) အျဖစ္ ရုိက္သြင္းလိုက္တာပါ။ လူသားမ်ိဳးႏြယ္ ဆက္လက္ရွင္သန္ ရပ္တည္ႏိုင္ဖို႔အတြက္ မ်ိဳးပြားျခင္းက အလြန္အေရးႀကီးတာ အမွန္ပါပဲ။

လူသားမ်ိဳးႏြယ္စုရဲ႕ သမိုင္းေပးတာဝန္ကို ထမ္းေဆာင္ဖို႔အတြက္ အခ်ိန္တုိင္၊ အရြယ္ေရာက္ၿပီဆိုတာနဲ႔ အိမ္ေထာင္သားေမြး ျပဳလုပ္ၾကပါတယ္။ ဒါေပမဲ့ ေနာက္ခံအေျခအေန မတူညီတဲ့ လူႏွစ္ေယာက္ လက္ထပ္ဖို႔ဆိုတာ ထည့္သြင္းစဥ္းစားစရာ အမ်ားႀကီး ရွိပါတယ္။ အဲဒီထဲမွာ လက္မထပ္ခင္ေဆးစစ္ျခင္းလည္း တစ္ခုအပါအဝင္ပါပဲ။ မဂၤလာေဆာင္ခါနီး ေဆးစစ္ျခင္းကို ေခတ္မွီတဲ့ စံုတြဲတိုင္း ျပဳလုပ္ၾကပါတယ္။ ဘာေတြစစ္သင့္လဲဆိုေတာ့
၁။ HIV ပိုးနဲ႔ အျခားကူးစက္ေရာဂါပိုးမ်ား စစ္ေဆးျခင္း
Image result for HIV -test
ံHIV ပိုးႏွင့္ အသည္းေရာင္အသားဝါ ဘီပိုး စီပိုး တို႔ဟာ မၾကာခင္အတူေနေတာ့မယ့္ လူႏွစ္ေယာက္အတြက္ မျဖစ္မေန စစ္ေဆးသင့္တဲ့ေရာဂါပိုးေတြ ျဖစ္ပါတယ္။ HIV ေရာဂါပိုးဟာ မိမိရဲ႕ပါတနာကိုသာမက ေမြးလာမဲ့ ရင္ေသြးေလးမွာပါ ေရာဂါကူးစက္ေစႏိုင္တဲ့ ေရာဂါတစ္မ်ိဳးျဖစ္တဲ့အတြက္ မေပါ့ဆသင့္ပါဘူး။ အျခားလိင္ပိုင္းဆိုင္ရာ ကူးစက္ေရာဂါေတြျဖစ္တဲ႔ ဆီးပူေညာင္းက်ေရာဂါနဲ႔ကာလသားေရာဂါပိုးတို႔ကိုလည္း ၾကိဳတင္ေဆးစစ္ထားသင့္ပါတယ္။ ဒါမွသာ အိမ္ေထာင္က်ၿပီးမွ ေရာဂါရွိတာေပၚလာၿပီး အိမ္ေထာင္ဖက္ေပၚမွာ လူမႈေရး၊ က်န္းမာေရးဆိုးက်ိဳးေတြ မရရွိႏိုင္ေစမွာျဖစ္ပါတယ္။
၂။ ေသြးအုပ္စု စစ္ေဆးျခင္း
Related image
ေသြးအုပ္စု စစ္ေဆးျခင္းျဖင့္ RH ဟုေခၚေသာ ေမ်ာက္ေသြးေရာဂါျဖစ္မလာေအာင္ ကာကြယ္ႏိုင္ပါတယ္။ ေမ်ာက္ေသြးေရာဂါဆိုတာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ျဖစ္ပြားတတ္ျပီး မိခင္ရဲ႕ေသြးထဲမွာရွိတဲ့ ပဋိပစၥည္းေတြက ကေလးရဲ႕ေသြးဆဲလ္ေတြကို ဖ်က္ဆီးတတ္တဲ့ ေရာဂါျဖစ္ပါတယ္။ RH negative ေသြးအမ်ိဳးအစားရိွတဲ့ အမ်ိဳးသမီးနဲ႔ RH positive ေသြးအမ်ိဳးအစားရိွတဲ့ အမ်ိဳးသားတို႔ လက္ထပ္ရာမွာ ေမ်ာက္ေသြးေရာဂါ ျဖစ္ႏိုင္ေျခ အရမ္းမ်ားေသာေၾကာင့္ လက္မထပ္မီ မိမိတို႔ရဲ႕ေသြးအုပ္စုကို စနစ္တက် စစ္ေဆးသင့္ပါတယ္။
၃။ မ်ိဳးပြားစနစ္ကို စစ္ေဆးျခင္း

လက္ထပ္ျပီးမွ သားသမီးယူဖို႔ စစ္ေဆးတာထက္ လက္မထပ္ခင္ကတည္းက လင္မယားႏွစ္ေယာက္လံုးမွာ မ်ိဳးပြားျခင္းနဲ႔ ပတ္သက္တဲ့ေရာဂါေတြ၊ လိင္ပိုင္းဆိုင္ရာမွာ ခ်ိဳ႕ယြင္းအားနည္းခ်က္ေလးေတြ ရွိမရွိ ၾကိဳတင္စစ္ေဆးထားသင့္ပါတယ္။

သားသမီးမရႏိုင္ျခင္း၊ ျမံဳျခင္း၊ သားသမီးရႏိုင္ေျခနည္းျခင္းတို႔ကို ၾကိဳတင္သိရိွထားရင္ ေရွ႕ဆက္တုိးသင့္/မသင့္ စဥ္းစားႏိုင္တဲ့အတြက္ စလယ္ဝင္ဖင္မမဲခင္ ကြဲရတာထက္စာရင္ေတာ့ ေတာ္ပါေသးတယ္။ ေရွ႕ဆက္တိုးမယ္ဆိုရင္လည္း တစ္ေယာက္အေျခအေနကို တစ္ေယာက္သိၿပီးသား ျဖစ္တဲ့အတြက္ အိမ္ေထာင္ေရး၊ လူမႈေရး အရႈပ္အရွင္းေတြ နည္းသြားတာေပါ့။
၄။ မ်ိဳးရိုးလိုက္တတ္တဲ့ ေရာဂါမ်ားနဲ႔ မ်ိဳးရိုးဗီဇဆိုင္ရာေရာဂါမ်ား စစ္ေဆးျခင္း

မ်ိဳးရိုးလိုက္တတ္တဲ႔ ေရာဂါေတြကို ၾကိဳတင္သိရိွထားျခင္းျဖင့္ မိမိရဲ႕ေနာင္လာေနာက္သား မ်ိဳးဆက္သစ္ သားသမီးေတြမွာ အဲဒီလိုေရာဂါမ်ိဳးေတြ မျဖစ္ပြားေအာင္ ၾကိဳတင္ကာကြယ္ႏိုင္ပါတယ္။ ေမြးရာပါ ေသြးအားနည္းေရာဂါ (မိဘႏွစ္ပါးရဲ႕ မ်ိဳးရိုးဗီဇ မကိုက္ညီမႈေၾကာင့္ ေသြးနီဥဆဲလ္ အားနည္းျခင္းေရာဂါ) နဲ႔ ေမြးရာပါ သံဓာတ္မ်ားလြန္းျခင္းေရာဂါတို႔က မ်ိဳးရိုးလိုက္တတ္တ့ဲ ေရာဂါေတြပဲ ျဖစ္ပါတယ္။

Source : femina

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ကမ္ဘာဦးအစက လူသားတွေဟာ ထာဝရအသက်ရှင်သန်မှုကို ရှာဖွေခဲ့ကြပြီး နောက်ဆုံးမှာတော့ ထာဝရရှင်သန်မှုကို ရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။ အဲဒါကတော့ မျိုးပွားခြင်းပါပဲ။ မျိုးပွားခြင်းဖြင့် မိမိတစ်သက်တာလုံး လေ့လာသင်ယူလာသမျှ၊ ကြုံတွေ့လာသမျှကို မိမိရဲ့နောက်မျိုးဆက်ထဲမှာ genetic code (မျိုးရိုးဗီဇကုတ်ထ်) အဖြစ် ရိုက်သွင်းလိုက်တာပါ။ လူသားမျိုးနွယ် ဆက်လက်ရှင်သန် ရပ်တည်နိုင်ဖို့အတွက် မျိုးပွားခြင်းက အလွန်အရေးကြီးတာ အမှန်ပါပဲ။

လူသားမျိုးနွယ်စုရဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် အချိန်တိုင်၊ အရွယ်ရောက်ပြီဆိုတာနဲ့ အိမ်ထောင်သားမွေး ပြုလုပ်ကြပါတယ်။ ဒါပေမဲ့ နောက်ခံအခြေအနေ မတူညီတဲ့ လူနှစ်ယောက် လက်ထပ်ဖို့ဆိုတာ ထည့်သွင်းစဉ်းစားစရာ အများကြီး ရှိပါတယ်။ အဲဒီထဲမှာ လက်မထပ်ခင်ဆေးစစ်ခြင်းလည်း တစ်ခုအပါအဝင်ပါပဲ။ မင်္ဂလာဆောင်ခါနီး ဆေးစစ်ခြင်းကို ခေတ်မှီတဲ့ စုံတွဲတိုင်း ပြုလုပ်ကြပါတယ်။ ဘာတွေစစ်သင့်လဲဆိုတော့
၁။ HIV ပိုးနဲ့ အခြားကူးစက်ရောဂါပိုးများ စစ်ဆေးခြင်း

ံHIV ပိုးနှင့် အသည်းရောင်အသားဝါ ဘီပိုး စီပိုး တို့ဟာ မကြာခင်အတူနေတော့မယ့် လူနှစ်ယောက်အတွက် မဖြစ်မနေ စစ်ဆေးသင့်တဲ့ရောဂါပိုးတွေ ဖြစ်ပါတယ်။ HIV ရောဂါပိုးဟာ မိမိရဲ့ပါတနာကိုသာမက မွေးလာမဲ့ ရင်သွေးလေးမှာပါ ရောဂါကူးစက်စေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့အတွက် မပေါ့ဆသင့်ပါဘူး။ အခြားလိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေဖြစ်တဲ့ ဆီးပူညောင်းကျရောဂါနဲ့ကာလသားရောဂါပိုးတို့ကိုလည်း ကြိုတင်ဆေးစစ်ထားသင့်ပါတယ်။ ဒါမှသာ အိမ်ထောင်ကျပြီးမှ ရောဂါရှိတာပေါ်လာပြီး အိမ်ထောင်ဖက်ပေါ်မှာ လူမှုရေး၊ ကျန်းမာရေးဆိုးကျိုးတွေ မရရှိနိုင်စေမှာဖြစ်ပါတယ်။
၂။ သွေးအုပ်စု စစ်ဆေးခြင်း

သွေးအုပ်စု စစ်ဆေးခြင်းဖြင့် RH ဟုခေါ်သော မျောက်သွေးရောဂါဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။ မျောက်သွေးရောဂါဆိုတာ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပွားတတ်ပြီး မိခင်ရဲ့သွေးထဲမှာရှိတဲ့ ပဋိပစ္စည်းတွေက ကလေးရဲ့သွေးဆဲလ်တွေကို ဖျက်ဆီးတတ်တဲ့ ရောဂါဖြစ်ပါတယ်။ RH negative သွေးအမျိုးအစားရှိတဲ့ အမျိုးသမီးနဲ့ RH positive သွေးအမျိုးအစားရှိတဲ့ အမျိုးသားတို့ လက်ထပ်ရာမှာ မျောက်သွေးရောဂါ ဖြစ်နိုင်ခြေ အရမ်းများသောကြောင့် လက်မထပ်မီ မိမိတို့ရဲ့သွေးအုပ်စုကို စနစ်တကျ စစ်ဆေးသင့်ပါတယ်။
၃။ မျိုးပွားစနစ်ကို စစ်ဆေးခြင်း

လက်ထပ်ပြီးမှ သားသမီးယူဖို့ စစ်ဆေးတာထက် လက်မထပ်ခင်ကတည်းက လင်မယားနှစ်ယောက်လုံးမှာ မျိုးပွားခြင်းနဲ့ ပတ်သက်တဲ့ရောဂါတွေ၊ လိင်ပိုင်းဆိုင်ရာမှာ ချို့ယွင်းအားနည်းချက်လေးတွေ ရှိမရှိ ကြိုတင်စစ်ဆေးထားသင့်ပါတယ်။

သားသမီးမရနိုင်ခြင်း၊ မြုံခြင်း၊ သားသမီးရနိုင်ခြေနည်းခြင်းတို့ကို ကြိုတင်သိရှိထားရင် ရှေ့ဆက်တိုးသင့်/မသင့် စဉ်းစားနိုင်တဲ့အတွက် စလယ်ဝင်ဖင်မမဲခင် ကွဲရတာထက်စာရင်တော့ တော်ပါသေးတယ်။ ရှေ့ဆက်တိုးမယ်ဆိုရင်လည်း တစ်ယောက်အခြေအနေကို တစ်ယောက်သိပြီးသား ဖြစ်တဲ့အတွက် အိမ်ထောင်ရေး၊ လူမှုရေး အရှုပ်အရှင်းတွေ နည်းသွားတာပေါ့။
၄။ မျိုးရိုးလိုက်တတ်တဲ့ ရောဂါများနဲ့ မျိုးရိုးဗီဇဆိုင်ရာရောဂါများ စစ်ဆေးခြင်း

မျိုးရိုးလိုက်တတ်တဲ့ ရောဂါတွေကို ကြိုတင်သိရှိထားခြင်းဖြင့် မိမိရဲ့နောင်လာနောက်သား မျိုးဆက်သစ် သားသမီးတွေမှာ အဲဒီလိုရောဂါမျိုးတွေ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ မွေးရာပါ သွေးအားနည်းရောဂါ (မိဘနှစ်ပါးရဲ့ မျိုးရိုးဗီဇ မကိုက်ညီမှုကြောင့် သွေးနီဥဆဲလ် အားနည်းခြင်းရောဂါ) နဲ့ မွေးရာပါ သံဓာတ်များလွန်းခြင်းရောဂါတို့က မျိုးရိုးလိုက်တတ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။

Source : femina

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top