iMyanmarHouse.com - Best Property Website for Myanmar
×

အိႏိၵယသမုဒၵရာအတြင္းမွာ ေလွပ်က္တစီးနဲ႔ ၇ လၾကာ ေမ်ာပါေနခဲ့တဲ့ ပုိလန္ႏုိင္ငံသားတဦးကုိ ျပင္သစ္ကမ္းေျခေစာင့္တပ္ဖြဲက တနဂၤေႏြေန႔မွာ ကယ္ဆယ္ႏုိင္ခဲ့ပါတယ္။ အဲဒီ အသက္၅၄ ႏွစ္ရွိသူဟာ သေဘၤာသားတဦးျဖစ္ၿပီး ပင္လယ္ကူးသေဘၤာေတြမွာ အသုံးျပဳတဲ့ အသက္ကယ္ေလွေဟာင္းတစင္းကုိ သူကုိယ္တုိင္ျဖည့္စြက္ မြမ္းမံျပင္ဆင္ကာ မုိဇမ္ဘစ္ကမ္းေျခကေန ျပီးခဲ့တဲ့ ေမလမွာ စတင္ထြက္ခြာခဲ့ပါတယ္။

ေတာင္အာဖရိကႏုိင္ငံကုိ ဒီေလွနဲ႔ သြားေရာက္ဖုိ႔ သူက ေမွ်ာ္လင့္ခဲ့တာပါ။ ဒါေပမဲ့ ပင္လယ္ေရစီးေၾကာင္းနဲ႔ မုိင္ ၁၂ဝဝ ေက်ာ္ ေမ်ာပါခဲ့ျပီးေနာက္ အခုလုိ ျပင္သစ္ႏုိင္ငံပုိင္ ကြ်န္းတခုဖက္ကုိ ေရာက္သြားခဲ့တာ ျဖစ္ပါတယ္။

သူနဲ႔အတူ ေၾကာင္ကေလးတေကာင္လည္း ေလွေပၚမွာလုိက္ပါခဲ့ပါတယ္။ ပင္လယ္အတြင္း မွ်ားလုိ႔ရတဲ့ ငါးေတြနဲ႔ သူတုိ႔မွာပါသြားတဲ့ ဆြပ္ျပဳတ္ဗူးတခ်ဳိ႕ကုိ သူနဲ႔ သူ႔ေၾကာင္ကေလး ေဝမ်ွစားေသာက္ရင္း အသက္ရွင္ေအာင္ ေနထုိင္ခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။ သူ႔မွာ ဆက္သြယ္ေရးကိရိယာလည္း မပါဘူးလုိ႔ ျပင္သစ္ကမ္းေျခေစာင့္တပ္ဖြဲ႔ကေျပာပါတယ္။

Photo: RICHARD BOUHET/AFP
RFA Burmese

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယသမုဒ္ဒရာအတွင်းမှာ လှေပျက်တစီးနဲ့ ၇ လကြာ မျောပါနေခဲ့တဲ့ ပိုလန်နိုင်ငံသားတဦးကို ပြင်သစ်ကမ်းခြေစောင့်တပ်ဖွဲက တနင်္ဂနွေနေ့မှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီ အသက်၅၄ နှစ်ရှိသူဟာ သင်္ဘောသားတဦးဖြစ်ပြီး ပင်လယ်ကူးသင်္ဘောတွေမှာ အသုံးပြုတဲ့ အသက်ကယ်လှေဟောင်းတစင်းကို သူကိုယ်တိုင်ဖြည့်စွက် မွမ်းမံပြင်ဆင်ကာ မိုဇမ်ဘစ်ကမ်းခြေကနေ ပြီးခဲ့တဲ့ မေလမှာ စတင်ထွက်ခွာခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံကို ဒီလှေနဲ့ သွားရောက်ဖို့ သူက မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ ပင်လယ်ရေစီးကြောင်းနဲ့ မိုင် ၁၂ဝဝ ကျော် မျောပါခဲ့ပြီးနောက် အခုလို ပြင်သစ်နိုင်ငံပိုင် ကျွန်းတခုဖက်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

သူနဲ့အတူ ကြောင်ကလေးတကောင်လည်း လှေပေါ်မှာလိုက်ပါခဲ့ပါတယ်။ ပင်လယ်အတွင်း မျှားလို့ရတဲ့ ငါးတွေနဲ့ သူတို့မှာပါသွားတဲ့ ဆွပ်ပြုတ်ဗူးတချို့ကို သူနဲ့ သူ့ကြောင်ကလေး ဝေမျှစားသောက်ရင်း အသက်ရှင်အောင် နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူ့မှာ ဆက်သွယ်ရေးကိရိယာလည်း မပါဘူးလို့ ပြင်သစ်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။

Photo: RICHARD BOUHET/AFP
RFA Burmese

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top