န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ကယ္လ္ဆီယမ္ဓာတ္ ႀကြယ္ဝစြာပါဝင္တဲ့ ႏြားႏို႔ကို ေန႔စဥ္ေသာက္သံုးျခင္းရဲ႕ က်န္းမာေရးေကာင္းက်ိဳး ကေတာ့ အမ်ားႀကီးပါပဲ။ ဖြံ႔ၿဖိဳးခါစ ကေလးငယ္ေတြအတြက္ လ်င္ျမန္စြာႀကီးထြားဖြံ႔ၿဖိဳးဖို႔အတြက္ ျဖည့္စြက္စာလည္းျဖစ္သလို၊ အသက္အရြယ္ႀကီးတဲ့ ဘိုးဘိုး၊ ဘြားဘြားေတြအတြက္လည္း အရိုးသန္မာၿပီး သက္ရွည္က်န္းမာေစပါတယ္။ ဒီလိုေကာင္းက်ိဳးမ်ားစြာျပဳတဲ့ ႏြားႏုိ႔ကို ေန႔စဥ္ ေသာက္သံုးမယ္ ဆိုရင္ က်န္းမာေရးအတြက္ ဘယ္လိုအက်ိဳးသက္ ေရာက္မႈေတြ ရွိလာမလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဝက္ၿခံထြက္ေပၚလာျခင္း

အဆီျပန္တဲ့ အသားအေရပိုင္ရွင္မ်ားနဲ႔ sensitive ျဖစ္တဲ့ အသားအေရပိုင္ရွင္ေတြ အေနနဲ႔ ႏြားႏို႔ကို အလြန္အကၽြံ ေသာက္သံုးမိမယ္ ဆိုရင္ေတာ့ အေရျပားျပႆနာကို ႀကံဳေတြ႔ရႏုိင္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ႏြားႏုိ႔မွာပါဝင္တဲ့ အဆီဓာတ္ေတြက လိုအပ္တာထက္ ပိုလြန္ကဲသြားမယ္ဆိုရင္ ဝက္ၿခံ၊ အဆီဖုေတြ အျဖစ္ ထြက္ေပၚလာတာပါ။ ဒါ့ေၾကာင့္ ဝက္ၿခံထြက္မွာကို ေၾကာက္တယ္ဆိုရင္ေတာ့ အဆီထုတ္ထားတဲ့ႏြားႏို႔ကိုသာ ေသာက္သံုးဖုိ႔ အႀကံျပဳခ်င္ပါတယ္။ အဆီနဲ႔ အခ်ိဳဓာတ္ေတြ ေပါင္းစပ္ဖြဲ႔စည္းထားတဲ့ မလိုင္ျပည့္ႏြားႏုိ႔၊ ဒိန္ခ်ဥ္နဲ႔ ေရခဲမုန္႔ေတြကို အထူးေရွာင္ၾကဥ္ဖို႔ လိုပါတယ္ေနာ္။

(၂) ဝမ္းေဖာဝမ္းေရာင္ျဖစ္ျခင္း

ႏြားႏုိ႔ေသာက္လိုက္တုိင္း ဝမ္းသြားတယ္၊ ဗိုက္ရစ္တယ္ဆိုတာဟာ ႏြားႏို႔မွာ ပါဝင္တဲ့ အဆီဓာတ္ေတြနဲ႔ ဓာတ္မတည့္တာေၾကာင့္ပါ။ အဆီဓာတ္လြန္ကဲစြာပါဝင္တဲ့ ႏြားႏုိ႔ကို ေသာက္သံုးမိမယ္ဆိုရင္ အခန္႔မသင့္ရင္ ဝမ္းေဖာဝမ္းေရာင္ျဖစ္ႏုိင္ပါတယ္။ ႏြားႏို႔ကို မနက္စာအျဖစ္ ေသာက္သံုးလိုက္ၿပီး တစ္ေနကုန္ မအီမသာျဖစ္တာ၊ ေခါင္းကိုက္တာမ်ိဳးဆိုရင္ေတာ့ ႏြားႏိုိ႔ကိုေလ်ာ့ေသာက္သင့္ပါတယ္။ ထိုမွတစ္ဆင့္ ဝမ္းေဖာဝမ္းေရာင္ျဖစ္ၿပီး က်န္းမာေရးကို ထိခုိက္ႏုိင္တာမို႔လို႔ ေသာက္မယ္ဆုိရင္ေတာင္ ေကာ္ဖီနဲ႔ေရာစပ္ၿပီး ေသာက္သံုးေပးပါ။

(၃) အစာအိမ္နာျခင္း

ႏြားႏုိ႔က အစာအိမ္က အညစ္အေၾကးမ်ားကို သန္႔စင္ေပးႏုိင္တယ္ဆိုေပမယ့္လည္း အစာေခ်လမ္းေၾကာင္းကို ဒုကၡေပးႏုိင္ပါတယ္။ ႏြားႏို႔မွာပါဝင္တဲ့ အာဟာရဓာတ္မ်ားနဲ႔ အဆီဓာတ္မ်ားက အစာေခ်ဖ်က္မႈစနစ္ကို ေႏွာင့္ေႏွးေစတဲ့အတြက္ အစာအိမ္နာျခင္း၊ အစာမေၾကျဖစ္ျခင္းနဲ႔ ရင္ျပည့္ရင္ကယ္ျဖစ္ျခင္းမ်ိဳး ႀကံဳေတြ႔ရတတ္ပါတယ္။

(၄) ဝိတ္က်ေစပါတယ္

ႏြားႏို႔ေသာက္တာက ဝိတ္တက္ေစတယ္လို႔ အမ်ားစုက လက္ခံထားၾကတာပါ။ အမွန္တကယ္ေတာ့ ႏြားႏုိ႔ကို ေန႔စဥ္ေသာက္သံုးေပးတာက ဝိတ္က်ေစပါတယ္။ ႏြားႏို႔မွာပါဝင္တဲ့ ဓတ္ပစၥည္းမ်ားက  ခႏၶာကိုယ္တြင္းက အဆီအဆိပ္အေတာက္မ်ားကို ဖယ္ရွားေပးႏုိင္စြမ္းရွိတဲ့အတြက္ ဝိတ္ခ်ေနတဲ့သူေတြအေနနဲ႔ diet plan ထဲမွာ ထည့္သြင္းထားဖို႔ အႀကံျပဳပါရေစ။

(၅) အရိုး၊ ၾကြက္သားမ်ားကိုသန္မာေစပါတယ္

ကယ္လ္ဆီယမ္ဓာတ္ၾကြယ္ဝစြာပါဝင္တဲ့ ႏြားႏို႔ကို ေန႔စဥ္ပံုမွန္ေသာက္သံုးသူေတြက မေသာက္သံုးတဲ့ သူေတြထက္ကို ခႏၶာကိုယ္ႀကံ႕ခုိင္သန္မာၾကတယ္လုိ႔ ႏြားႏို႔တစ္ခြက္ကို ထည့္သြင္းထားသင့္တယ္လို႔ ေဆးပညာရွင္မ်ားက ဆုိပါတယ္။ စစ္တမ္းေကာက္ယူခ်က္ေတြအရ သိရပါတယ္။ ဒါ့အျပင္ အသက္အရြယ္ႀကီးလာတဲ့ အခါမွာ ျဖစ္တတ္တဲ့ အရိုးအေၾကာျပႆနာမ်ားမွလည္း ကာကြယ္ေပးႏုိင္ပါတယ္။ ဖြံ႔ၿဖိဳးခါစ ကေလးငယ္မ်ားအတြက္လည္း အရိုးမ်ားကို သန္စြမ္းက်န္းမာေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ နွားနို့ကို နေ့စဉ်သောက်သုံးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး ကတော့ အများကြီးပါပဲ။ ဖွံ့ဖြိုးခါစ ကလေးငယ်တွေအတွက် လျင်မြန်စွာကြီးထွားဖွံ့ဖြိုးဖို့အတွက် ဖြည့်စွက်စာလည်းဖြစ်သလို၊ အသက်အရွယ်ကြီးတဲ့ ဘိုးဘိုး၊ ဘွားဘွားတွေအတွက်လည်း အရိုးသန်မာပြီး သက်ရှည်ကျန်းမာစေပါတယ်။ ဒီလိုကောင်းကျိုးများစွာပြုတဲ့ နွားနို့ကို နေ့စဉ် သောက်သုံးမယ် ဆိုရင် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးသက် ရောက်မှုတွေ ရှိလာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဝက်ခြံထွက်ပေါ်လာခြင်း

အဆီပြန်တဲ့ အသားအရေပိုင်ရှင်များနဲ့ sensitive ဖြစ်တဲ့ အသားအရေပိုင်ရှင်တွေ အနေနဲ့ နွားနို့ကို အလွန်အကျွံ သောက်သုံးမိမယ် ဆိုရင်တော့ အရေပြားပြဿနာကို ကြုံတွေ့ရနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နွားနို့မှာပါဝင်တဲ့ အဆီဓာတ်တွေက လိုအပ်တာထက် ပိုလွန်ကဲသွားမယ်ဆိုရင် ဝက်ခြံ၊ အဆီဖုတွေ အဖြစ် ထွက်ပေါ်လာတာပါ။ ဒါ့ကြောင့် ဝက်ခြံထွက်မှာကို ကြောက်တယ်ဆိုရင်တော့ အဆီထုတ်ထားတဲ့နွားနို့ကိုသာ သောက်သုံးဖို့ အကြံပြုချင်ပါတယ်။ အဆီနဲ့ အချိုဓာတ်တွေ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ မလိုင်ပြည့်နွားနို့၊ ဒိန်ချဉ်နဲ့ ရေခဲမုန့်တွေကို အထူးရှောင်ကြဉ်ဖို့ လိုပါတယ်နော်။

(၂) ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း

နွားနို့သောက်လိုက်တိုင်း ဝမ်းသွားတယ်၊ ဗိုက်ရစ်တယ်ဆိုတာဟာ နွားနို့မှာ ပါဝင်တဲ့ အဆီဓာတ်တွေနဲ့ ဓာတ်မတည့်တာကြောင့်ပါ။ အဆီဓာတ်လွန်ကဲစွာပါဝင်တဲ့ နွားနို့ကို သောက်သုံးမိမယ်ဆိုရင် အခန့်မသင့်ရင် ဝမ်းဖောဝမ်းရောင်ဖြစ်နိုင်ပါတယ်။ နွားနို့ကို မနက်စာအဖြစ် သောက်သုံးလိုက်ပြီး တစ်နေကုန် မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာမျိုးဆိုရင်တော့ နွားနို့ကိုလျော့သောက်သင့်ပါတယ်။ ထိုမှတစ်ဆင့် ဝမ်းဖောဝမ်းရောင်ဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်နိုင်တာမို့လို့ သောက်မယ်ဆိုရင်တောင် ကော်ဖီနဲ့ရောစပ်ပြီး သောက်သုံးပေးပါ။

(၃) အစာအိမ်နာခြင်း

နွားနို့က အစာအိမ်က အညစ်အကြေးများကို သန့်စင်ပေးနိုင်တယ်ဆိုပေမယ့်လည်း အစာချေလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်။ နွားနို့မှာပါဝင်တဲ့ အာဟာရဓာတ်များနဲ့ အဆီဓာတ်များက အစာချေဖျက်မှုစနစ်ကို နှောင့်နှေးစေတဲ့အတွက် အစာအိမ်နာခြင်း၊ အစာမကြေဖြစ်ခြင်းနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းမျိုး ကြုံတွေ့ရတတ်ပါတယ်။

(၄) ဝိတ်ကျစေပါတယ်

နွားနို့သောက်တာက ဝိတ်တက်စေတယ်လို့ အများစုက လက်ခံထားကြတာပါ။ အမှန်တကယ်တော့ နွားနို့ကို နေ့စဉ်သောက်သုံးပေးတာက ဝိတ်ကျစေပါတယ်။ နွားနို့မှာပါဝင်တဲ့ ဓတ်ပစ္စည်းများက  ခန္ဓာကိုယ်တွင်းက အဆီအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်စွမ်းရှိတဲ့အတွက် ဝိတ်ချနေတဲ့သူတွေအနေနဲ့ diet plan ထဲမှာ ထည့်သွင်းထားဖို့ အကြံပြုပါရစေ။

(၅) အရိုး၊ ကြွက်သားများကိုသန်မာစေပါတယ်

ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ နွားနို့ကို နေ့စဉ်ပုံမှန်သောက်သုံးသူတွေက မသောက်သုံးတဲ့ သူတွေထက်ကို ခန္ဓာကိုယ်ကြံ့ခိုင်သန်မာကြတယ်လို့ နွားနို့တစ်ခွက်ကို ထည့်သွင်းထားသင့်တယ်လို့ ဆေးပညာရှင်များက ဆိုပါတယ်။ စစ်တမ်းကောက်ယူချက်တွေအရ သိရပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြီးလာတဲ့ အခါမှာ ဖြစ်တတ်တဲ့ အရိုးအကြောပြဿနာများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဖွံ့ဖြိုးခါစ ကလေးငယ်များအတွက်လည်း အရိုးများကို သန်စွမ်းကျန်းမာစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top