ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

လက္ေဝွ႕ပဲြတစ္ခုမွာ ငယ္ထိပ္ခြက္ေအာင္ အထိုးခံလုိက္ရသည္ ့ေမြထိုင္းလက္ေဝွ႕သမားတစ္ေယာက္ရဲ႕ ဓာတ္ပံုေတြဟာ အင္တာနက္ေပၚမွာပလူပ်ံေနေၾကာင္းသိရပါတယ္။ ရက္ရက္စက္စက္အထိုးခံလုိက္ရေပမယ္လုိ႕ ေခါင္းမူးျခင္းမရွိဘူးလုိ႕လဲဆိုပါတယ္။

Patong အားကစားခန္းမမွာတနလၤာေန႕ညက က်င္းပခဲ႕သည့္ အဆိုပါလက္ေဝွ႕ပြဲမွာ Jeremy ဟာ ၿပိဳင္ဘက္လက္ေဝွ႕သမား က သူ႕နဖူးကို ထိုးတာခံလုိက္ရၿပီး အခုလို ဒဏ္ရာရွိခဲ့တာပဲျဖစ္ပါတယ္။ ပံုေတြထဲမွာျမင္ရသည့္အတိုင္း သူ႕ရဲ႕ နဖူးဟာ ခြက္ေနေအာင္ အထိုးခံထားရေပမယ့္ မူးတာေဝတာေတြဘာမွမခံစားရလုိ႕ လက္ေဝွ႕ပြဲကိုဆက္လက္ယွဥ္ၿပိဳင္ခဲ့တယ္လုိ႕သိရပါတယ္။ သုိ႕ေပမယ့္ ဒုိင္လူၾကီးက ပဲြကိုရပ္ၿပီး ဆက္ထိုးသင့္မထိုးသင့္ ဆရာဝန္ရဲ႕ အဆံုးအျဖတ္ရယူရာမွာေတာ့ ဆရာဝန္က ပြဲကိုခ်က္ခ်င္းရပ္ခိုင္းကာ Jeremy ကို ေဆးရံုပို႕ခိုင္းလုိက္ပါတယ္။

ဖူးခက္က Tiger Muay Thai အားကစားရံုမွာ ေလ့က်င့္ေပးေနတဲ႕ Jonny Betts က သူ႕ရဲ႕ ေဖ့စ္ဘြက္ခ္မွာ အဆိုပါပံုေတြတင္ခဲ့တာျဖစ္ၿပီး အခုလုိေရးသားထားပါတယ္၊ “Patong Stadium မွာ တနလၤာေန႕ညက မ်က္ခံုးေပၚမွာ နည္းနည္းျပင္းထန္တဲ႕ဒဏ္ရာရရွိခဲ႕ၿပီး မေန႕ညကေတာ့ သူဟာ ခဲြစိပ္ကုသမွဳခံယူခဲ့ပါတယ္၊ သူအျမန္ဆံုးျပန္လည္သက္သာလာပါေစလုိ႕ ဆုေတာင္းေပးလုိက္ပါတယ္ဗ်ာ”။

ျပင္သစ္ႏိုင္ငံသား Jeremy ကေတာ့ ခြက္ေနတဲ႕ နဖူးကို စတီလ္းရိုးထည့္ခဲြစိပ္ကုသၿပီးလုိ႕ ေဆးရံုကဆင္းလာၿပီလုိ႕အတည္ျပဳလုိက္ပါျပီ။ အံ႕ႀသစရာေကာင္းတာက ဦးေႏွာက္ကို တစ္စံုတစ္ရာထိခိုက္မွဳမရွိဘူးလုိ႕သိရပါတယ္။

Jeremy ရဲ႕ ပံုေတြဟာ facebook, twitter, န႕ဲ Instagram ေတြမွာ တစ္ျဖည္းျဖည္းျပန္႕ႏွံ႕သြားခဲ့ၿပီး လူအမ်ားစုက ျပင္သစ္ဖိုက္တာအတြက္ ဆုမြန္ေကာင္းေတာင္းေပးၾကပါတယ္။ အခုလုိ Jeremy အသက္ျပန္ရွင္လာတာဟာ ဝမ္းသာစရာျဖစ္ၿပီး မယံုႏိုင္စရာကံေကာင္းမွဳတစ္ခုလုိ႕ေျပာရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myint Zaw Thein(Hello Myanmar)
#Unicode Version#
လက်ဝှေ့ပွဲတစ်ခုမှာ ငယ်ထိပ်ခွက်အောင် အထိုးခံလိုက်ရသည့်မွေထိုင်းလက်ဝှေ့သမားတစ်ယောက်ရဲ့ ဓာတ်ပုံတွေဟာ အင်တာနက်ပေါ်မှာပလူပျံနေကြောင်းသိရပါတယ်။ ရက်ရက်စက်စက်အထိုးခံလိုက်ရပေမယ်လို့ ခေါင်းမူးခြင်းမရှိဘူးလို့လဲဆိုပါတယ်။

Patong အားကစားခန်းမမှာတနင်္လာနေ့ညက ကျင်းပခဲ့သည့် အဆိုပါလက်ဝှေ့ပွဲမှာ Jeremy ဟာ ပြိုင်ဘက်လက်ဝှေ့သမား က သူ့နဖူးကို ထိုးတာခံလိုက်ရပြီး အခုလို ဒဏ်ရာရှိခဲ့တာပဲဖြစ်ပါတယ်။ ပုံတွေထဲမှာမြင်ရသည့်အတိုင်း သူ့ရဲ့ နဖူးဟာ ခွက်နေအောင် အထိုးခံထားရပေမယ့် မူးတာဝေတာတွေဘာမှမခံစားရလို့ လက်ဝှေ့ပွဲကိုဆက်လက်ယှဉ်ပြိုင်ခဲ့တယ်လို့သိရပါတယ်။ သို့ပေမယ့် ဒိုင်လူကြီးက ပွဲကိုရပ်ပြီး ဆက်ထိုးသင့်မထိုးသင့် ဆရာဝန်ရဲ့ အဆုံးအဖြတ်ရယူရာမှာတော့ ဆရာဝန်က ပွဲကိုချက်ချင်းရပ်ခိုင်းကာ Jeremy ကို ဆေးရုံပို့ခိုင်းလိုက်ပါတယ်။

ဖူးခက်က Tiger Muay Thai အားကစားရုံမှာ လေ့ကျင့်ပေးနေတဲ့ Jonny Betts က သူ့ရဲ့ ဖေ့စ်ဘွက်ခ်မှာ အဆိုပါပုံတွေတင်ခဲ့တာဖြစ်ပြီး အခုလိုရေးသားထားပါတယ်၊ “Patong Stadium မှာ တနင်္လာနေ့ညက မျက်ခုံးပေါ်မှာ နည်းနည်းပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီး မနေ့ညကတော့ သူဟာ ခွဲစိပ်ကုသမှုခံယူခဲ့ပါတယ်၊ သူအမြန်ဆုံးပြန်လည်သက်သာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ”။

ပြင်သစ်နိုင်ငံသား Jeremy ကတော့ ခွက်နေတဲ့ နဖူးကို စတီလ်းရိုးထည့်ခွဲစိပ်ကုသပြီးလို့ ဆေးရုံကဆင်းလာပြီလို့အတည်ပြုလိုက်ပါပြီ။ အံ့သြစရာကောင်းတာက ဦးနှောက်ကို တစ်စုံတစ်ရာထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

Jeremy ရဲ့ ပုံတွေဟာ facebook, twitter, နဲ့ Instagram တွေမှာ တစ်ဖြည်းဖြည်းပြန့်နှံ့သွားခဲ့ပြီး လူအများစုက ပြင်သစ်ဖိုက်တာအတွက် ဆုမွန်ကောင်းတောင်းပေးကြပါတယ်။ အခုလို Jeremy အသက်ပြန်ရှင်လာတာဟာ ဝမ်းသာစရာဖြစ်ပြီး မယုံနိုင်စရာကံကောင်းမှုတစ်ခုလို့ပြောရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Myint Zaw Thein(Hello Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top