ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# ZawGyiျဖင့္ဖတ္ရန္

သင္တို႕လင္မယား ခ်စ္တင္းေႏွာ ေနတုန္း ကေလးက ျမင္သြားခဲ့ရင္ ကေလးအတြက္ေရာ၊ သင္တို႕အတြက္ပါ မေမ့ႏိုင္တဲ့အျဖစ္အပ်က္တခု ျဖစ္သြားမွာ အေသအခ်ာပါပဲ။ ဒါျဖင့္ သင္တို႕ရဲ႕ အိပ္ခန္းတံခါးေတြကို ဘာလို႕ေလာ့ခ္မခ်ထားတာလဲ။ ဒါဟာ မိဘေတြရဲ႕သဘာဝပါ။

 ရည္ရြယ္ခ်က္က အေရးအေၾကာင္းဆိုကေလးေတြ အခန္းထဲ ဘယ္အခ်ိန္မဆိုဝင္လာႏိုင္ေအာင္ ျဖစ္ပါတယ္။

ဒါ့အျပင္သင္စိတ္သက္သာရာရသင့္တဲ့အခ်က္က ဒါမ်ိဳးအေျခအေနၾကံဳေတြ႕ရတာဟာ သင္တေယာက္တည္းမဟုတ္ပါဖူး။ ဟုတ္ျပီ၊ ဒါျဖင့္ ကေလးက ျမင္သြားျပီဆိုရင္ ဘယ္လိုေတြ ဆက္လုပ္သင့္လဲ။

ဒီေဆာင္းပါးေလးကို ဆက္ျပီး ဖတ္ၾကည့္လိုက္ပါ။
သင့္ကေလးျမင္သြားခဲ့ရင္—–ေဆာင္ရန္-ေရွာင္ရန္ေတြ
ဒီလိုအခ်ိန္မ်ိဳးမွာ သင္တို႕အခန္းထဲကေလးဝင္လာခဲ့ရင္ သင္ပူထူလန္႕ျဖန္႕သြားမွာ အေသအခ်ာပါပဲ။ ဟုတ္ျပီ၊ မလန္႕သြားပါနဲ႕။ အာ႐ံုကို ျပန္စုစည္းပါ (အဝတ္အစားေတြကိုေရာပဲေပါ့)။ ခ်က္ခ်င္းၾကီး အလန္႕တၾကားနဲ႕ ရွင္းျပဖို႕မၾကိဳးစားပါနဲ႕။ ဒီလိုပူထူျပီးရွက္ေနတဲ့အေျခအေနမ်ိဳးမွာ သင္ပထမဆုံးေျပာမိတဲ့စကားဟာ အသင့္ေတာ္ဆုံး၊ အေကာင္းဆုံးတုန္႕ျပန္မႈစကားမဟုတ္ဖို႕အေတာ္မ်ားျပီး မလိုတာေတြအမ်ားၾကီးေျပာမိတာ၊အမွားမွားအယြင္းယြင္းေတြေျပာမိတာမ်ိဳးပဲ ျဖစ္ဖို႕ရွိပါတယ္။

သင့္ကေလးကအရမ္းငယ္လြန္းေသးတယ္ဆိုရင္သူျမင္လိုက္ရတာဟာ ဘာမွန္းေတာင္သိမွာမဟုတ္ပါဖူး။ ပံုမွန္အျပဳအမူတခုလို႕ပဲထင္မွာပါ။ ဒါဆိုရင္ေတာ့ သင္တို႕အေနနဲ႕အလုံးၾကီးက်သြားလို႕ရပါတယ္။

” ေဖၾကီးနဲ႕ေမၾကီးကခ်စ္လို႕ဖက္ထားတာ၊သမီးေလး/သားေလးလည္းလာေလ” စသျဖင့္ေရာခ်လိုက္ပါ။ ကေလးပိစိေတြကိုေတာ့ ဒီနည္းသုံးရင္အဆင္ေျပသြားေလာက္ပါတယ္။
တကယ္လို႕သင့္ကေလးကေမးခြန္းေတြထုတ္ခဲ့မယ္ဆိုရင္ေတာ့ သင္ေျဖလို့ရမယ့္အေျဖဆယ္မ်ိဳးကို ေအာက္မွာေရးေပးထားပါတယ္။

ဒီအေျဖေတြဟာ သင့္အျမင္မွာေတာ့ ေပါေၾကာင္ေၾကာင္ႏိုင္ေကာင္းႏိုင္ေနမွာျဖစ္ေပမယ့္ ကေလးေလးေတြအတြက္ေတာ့ လံုေလာက္တဲ့အေျဖေတြ ျဖစ္မွာပါ။

၁။” အရမ္းပူလို႕သားသားရ/မီးမီးရ” ။သင္တို႕ေတြအဝတ္အစားမပါဘဲ ေခြၽးတလုံးလုံးျဖစ္ေနတာ ဘာလို႕လဲဆိုတာကို ရွင္းျပႏိုင္မယ့္အေၾကာင္းျပခ်က္ကလည္း သိပ္ေတာ့မရွိလွပါဖူး။ ဒီေတာ့အိုက္ေနတယ္လို႕သာရဲရဲၾကီး ျပန္ေျဖလိုက္ပါ။

၂။” ဘာကိုေျပာတာလဲ သားသား/မီးမီး။ေဖၾကီးတို႕ဘာလုပ္ေနလို႕တုန္း” ထူးထူးျခားျခားဘာမွလုပ္မေနတဲ့ အထာဖမ္းျပီးရုပ္တည္နဲ႕သာ ျပန္ေမးလိုက္ပါ။ သူတို႕ေလးေတြတကယ္ထင္သြားပါလိမ့္မယ္။

၃။” ေဖၾကီးက ေမၾကီးကိုမာဆတ္လုပ္ေပးေနတာ/ႏွိပ္ေပးေနတာ” တကယ္လို႕သင့္ကေလးကႏွိပ္ေပးတယ္ဆိုတာကိုနားလည္ေနတဲ့အရြယ္ဆိုရင္ေတာ့ ဒါကသိပ္မအိုေကေလာက္ပါဖူး။ ဒါေပမယ့္ ငယ္ေသးတဲ့ကေလးဆိုရင္ေတာ့ ေမၾကီးႂကြက္သားေတြနာေနလို႕ေဖၾကီးကကူေပးေနတယ္လို႕ထင္သြားမွာပါ။

၄။” ေက်ာက္႐ုပ္လုပ္တမ္းကစားေနတာ” ကေလးေတြက အ႐ုပ္ေလးေတြကို အကၤ်ီဝတ္ေပးတမ္းကစားေလ့ရွိတာေၾကာင့္ ဒီတခါေတာ့ သင္တို႕အကၤ်ီခြၽတ္တမ္းကစားေနတာလို႕ယံုသြားပါလိမ့္မယ္ (လို႕ေမွ်ာ္လင့္ရပါတယ္)။

၅။” ခ်စ္လို႕ဖက္ထားၾကတာသားသား/မီးမီးရဲ့” ကေလးေလးေတြဟာေပြ႕ဖက္ရတာကို သေဘာက်ႏွစ္ျခိဳက္တာမို႕လူၾကီးေတြလည္း ဒီလိုပဲလို႕သူတို႕ယူဆပါလိမ့္မယ္။

၆။” ေဖၾကီးတို႕ေယာဂလုပ္ေနၾကတာ” သင္တို႕ဟာကမၻာေပၚမွာ ကိုယ္လက္အေပ်ာ႔ေပ်ာင္းဆုံးလူေတြလို႕သူတို႕ေလးေတြ ထင္သြားပါလိမ့္မယ္။

၇။” စမက္ေဒါင္းခ်ေနတာကြ” ဒါလည္းယံုခ်င္စရာ လွိမ့္လုံးတခုပါ။ မေကာင္းတဲ့အခ်က္က ေနာက္တခါသူငယ္ခ်င္းေတြနဲ႔ နပန္းသတ္တမ္းကစားတဲ့အခါ သင့္ကေလးဟာ သင္လုပ္သလိုပဲအဝတ္အစားေတြ အကုန္ခြၽတ္ျပီးေဆာ့ပါလိမ့္မယ္။

၈။” ေမေမ့မ်က္စိထဲ အမႈန္ဝင္သြားလို႕ဖယ္ေပးေနတာကြ” ကေလးဝင္လာတဲ့အခ်ိန္မွာ ေမေမ့မ်က္စိနဲ႕ေဖေဖကအေဝးၾကီးမွာရွိေနတာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္သင့္ကေလး ခႏၶာေဗဒနဲ႕ပတ္သက္ျပီး သိပ္မသိေသးဖို႕နဲ႕ေမးခြန္းေတြ ထပ္မေမးေတာ့ဖို႕ေမွ်ာ္လင့္ရမွာပါပဲ။

၉။” ပါဝါရိန္းဂ်ားလုပ္တမ္းေဆာ့ေနတာ သားသား/မီးမီးရဲ့” ခ်စ္တင္းေႏွာတယ္ဆိုေပမယ့္ သင္တို႕မွာအဝတ္အစားေတြဝတ္ထားတာလည္း ျဖစ္ႏိုင္တာပဲေလ။ ဘယ္လိုအဝတ္အစားလည္းဆိုတာကေတာ့ တပိုင္းေပါ့။

၁၀။” ေဖၾကီးတို႕အတူတူေနေနတာကေလးရဲ့” ဒါဟာလိမ္ရာမက်တဲ့ မုသားစကားပါ။

ေနာက္တေန့မနက္ေရာက္တဲ့အခါ
ဒီလိုကေသာင္းကနင္းအျဖစ္ေလး ျဖစ္သြားျပီး ေနာက္ေန႕မနက္ေရာက္တဲ့အခါ သင့္ကေလးနဲ႕မ်က္ႏွာစံုညီေတြ႕ၿပီး အက်ိဳးအေၾကာင္းေျပာတာဟာ မ႐ိုင္းတဲ့အၾကံပါ။ ညကသူေလးအခန္းထဲဝင္လာတာဟာ ဘာအျပစ္မွမရွိေၾကာင္းကို ေသခ်ာသိပါေစ။ အသက္ ၅ႏွစ္အထက္ကေလးေတြဆိုရင္ အရြယ္နဲ႕သင့္ေတာ္တဲ့ စကားလုံးေလးေတြကို သံုးျပီးရွင္းျပႏိုင္ပါတယ္။ အခ်က္အလက္တိက်တဲ့၊ မ႐ႈပ္ေထြးတဲ့ အသံုးအႏွုန္းေတြကိုသုံးပါ။ ကေလးေမးသမွ်ကိုေျဖေပးပါ။ ဒါေပမယ့္ လိုတာထက္ပိုမေျပာမိဖို႕နဲ႕မေမးတာကိုေလွ်ာက္မေျဖမိေစဖို႕သတိထားပါ။ မိဘနဲ႕သားသမီးၾကားမွာ မ်ိဳးဆက္ပြါးက်န္းမာေရးပညာေပးတဲ့အခါ အဓိကပန္းတိုင္က ကေလးေမးတာေတြကို လိုအပ္တာထက္မပိုေစဘဲ ႐ိုး႐ိုးသားသားေျဖေပးဖို႕နဲ႕သူတို႕ေလးေတြ ေနာက္ေနာင္သိခ်င္တာရွိရင္ ထပ္လာေမးရဲေအာင္ လမ္းဖြင့္ေပးထားဖို့ပဲ ျဖစ္ပါတယ္။

အႏွစ္ခ်ဳပ္မွတ္ဖို႕

• အိပ္ခန္းတံခါးကိုအေသအခ်ာပိတ္ပါ (ဘယ္အခ်ိန္မွာပိတ္ခိုင္းတာလဲဆိုတာေပါက္တယ္မလား)။

• အျပစ္ရွိတယ္လို႕အရမ္းၾကီးခံစားမေနပါနဲ႕—— သင္ရွက္ေၾကာက္ေနတာကိုသင့္ကေလးကိုရိပ္စားမိျပီးလိင္ကိစၥဟာရွက္စရာ၊ရြံ႕စရာ၊မသတီစရာလို႕ထင္သြားပါလိမ့္မယ္။

• ဘာမွမေျပာေသးခင္သင့္အာ႐ံုေတြကို ျပန္စုစည္းပါ။

• ကေယာင္ကတမ္းနဲ႕ခ်က္ခ်င္းၾကီးဟုတ္တိုင္းမွန္ရာအကုန္ေလွ်ာက္မေျပာပါနဲ႕။

• ႐ိုးရွင္းျပီးကေလးအသက္အရြယ္နဲ႕ကိုက္ညီတဲ့စကားလုံးေတြကိုေရြးခ်ယ္သုံးစြဲပါ။

• အရမ္းၾကီးအေသးစိတ္ေတြအတိအက်ရွင္းမျပပါနဲ႕၊အထူးသျဖင့္ငါးႏွစ္ေအာက္ကေလးေတြကိုေပါ့။

• ငါးႏွစ္အထက္ကေလးေတြကိုခ်က္နဲ႕လက္နဲ႕သက္ေတာင့္သက္သာရွင္းျပပါ။
• ေရွာင္မေနပါနဲ႕။ကေလးေတြေမးလာတာကိုေစာင့္ပါ။

•ဒီလိုအခန္းထဲဝင္လာမိတာဟာ ကေလးအေနနဲ႕ လုံးဝအျပစ္မရွိဖူးဆိုတာကို ေသခ်ာရွင္းျပပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon

# Unicode Version ျဖင့္ ဖတ္ပါ #
သင်တို့လင်မယား ချစ်တင်းနှော နေတုန်း ကလေးက မြင်သွားခဲ့ရင် ကလေးအတွက်ရော၊ သင်တို့အတွက်ပါ မမေ့နိုင်တဲ့အဖြစ်အပျက်တခု ဖြစ်သွားမှာ အသေအချာပါပဲ။ ဒါဖြင့် သင်တို့ရဲ့ အိပ်ခန်းတံခါးတွေကို ဘာလို့လော့ခ်မချထားတာလဲ။ ဒါဟာ မိဘတွေရဲ့သဘာဝပါ။

 ရည်ရွယ်ချက်က အရေးအကြောင်းဆိုကလေးတွေ အခန်းထဲ ဘယ်အချိန်မဆိုဝင်လာနိုင်အောင် ဖြစ်ပါတယ်။

ဒါ့အပြင်သင်စိတ်သက်သာရာရသင့်တဲ့အချက်က ဒါမျိုးအခြေအနေကြုံတွေ့ရတာဟာ သင်တယောက်တည်းမဟုတ်ပါဖူး။ ဟုတ်ပြီ၊ ဒါဖြင့် ကလေးက မြင်သွားပြီဆိုရင် ဘယ်လိုတွေ ဆက်လုပ်သင့်လဲ။

ဒီဆောင်းပါးလေးကို ဆက်ပြီး ဖတ်ကြည့်လိုက်ပါ။
သင့်ကလေးမြင်သွားခဲ့ရင်—–ဆောင်ရန်-ရှောင်ရန်တွေ
ဒီလိုအချိန်မျိုးမှာ သင်တို့အခန်းထဲကလေးဝင်လာခဲ့ရင် သင်ပူထူလန့်ဖြန့်သွားမှာ အသေအချာပါပဲ။ ဟုတ်ပြီ၊ မလန့်သွားပါနဲ့။ အာရုံကို ပြန်စုစည်းပါ (အဝတ်အစားတွေကိုရောပဲပေါ့)။ ချက်ချင်းကြီး အလန့်တကြားနဲ့ ရှင်းပြဖို့မကြိုးစားပါနဲ့။ ဒီလိုပူထူပြီးရှက်နေတဲ့အခြေအနေမျိုးမှာ သင်ပထမဆုံးပြောမိတဲ့စကားဟာ အသင့်တော်ဆုံး၊ အကောင်းဆုံးတုန့်ပြန်မှုစကားမဟုတ်ဖို့အတော်များပြီး မလိုတာတွေအများကြီးပြောမိတာ၊အမှားမှားအယွင်းယွင်းတွေပြောမိတာမျိုးပဲ ဖြစ်ဖို့ရှိပါတယ်။

သင့်ကလေးကအရမ်းငယ်လွန်းသေးတယ်ဆိုရင်သူမြင်လိုက်ရတာဟာ ဘာမှန်းတောင်သိမှာမဟုတ်ပါဖူး။ ပုံမှန်အပြုအမူတခုလို့ပဲထင်မှာပါ။ ဒါဆိုရင်တော့ သင်တို့အနေနဲ့အလုံးကြီးကျသွားလို့ရပါတယ်။

” ဖေကြီးနဲ့မေကြီးကချစ်လို့ဖက်ထားတာ၊သမီးလေး/သားလေးလည်းလာလေ” စသဖြင့်ရောချလိုက်ပါ။ ကလေးပိစိတွေကိုတော့ ဒီနည်းသုံးရင်အဆင်ပြေသွားလောက်ပါတယ်။
တကယ်လို့သင့်ကလေးကမေးခွန်းတွေထုတ်ခဲ့မယ်ဆိုရင်တော့ သင်ဖြေလို့ရမယ့်အဖြေဆယ်မျိုးကို အောက်မှာရေးပေးထားပါတယ်။

ဒီအဖြေတွေဟာ သင့်အမြင်မှာတော့ ပေါကြောင်ကြောင်နိုင်ကောင်းနိုင်နေမှာဖြစ်ပေမယ့် ကလေးလေးတွေအတွက်တော့ လုံလောက်တဲ့အဖြေတွေ ဖြစ်မှာပါ။

၁။” အရမ်းပူလို့သားသားရ/မီးမီးရ” ။သင်တို့တွေအဝတ်အစားမပါဘဲ ချွေးတလုံးလုံးဖြစ်နေတာ ဘာလို့လဲဆိုတာကို ရှင်းပြနိုင်မယ့်အကြောင်းပြချက်ကလည်း သိပ်တော့မရှိလှပါဖူး။ ဒီတော့အိုက်နေတယ်လို့သာရဲရဲကြီး ပြန်ဖြေလိုက်ပါ။

၂။” ဘာကိုပြောတာလဲ သားသား/မီးမီး။ဖေကြီးတို့ဘာလုပ်နေလို့တုန်း” ထူးထူးခြားခြားဘာမှလုပ်မနေတဲ့ အထာဖမ်းပြီးရုပ်တည်နဲ့သာ ပြန်မေးလိုက်ပါ။ သူတို့လေးတွေတကယ်ထင်သွားပါလိမ့်မယ်။

၃။” ဖေကြီးက မေကြီးကိုမာဆတ်လုပ်ပေးနေတာ/နှိပ်ပေးနေတာ” တကယ်လို့သင့်ကလေးကနှိပ်ပေးတယ်ဆိုတာကိုနားလည်နေတဲ့အရွယ်ဆိုရင်တော့ ဒါကသိပ်မအိုကေလောက်ပါဖူး။ ဒါပေမယ့် ငယ်သေးတဲ့ကလေးဆိုရင်တော့ မေကြီးကြွက်သားတွေနာနေလို့ဖေကြီးကကူပေးနေတယ်လို့ထင်သွားမှာပါ။

၄။” ကျောက်ရုပ်လုပ်တမ်းကစားနေတာ” ကလေးတွေက အရုပ်လေးတွေကို အင်္ကျီဝတ်ပေးတမ်းကစားလေ့ရှိတာကြောင့် ဒီတခါတော့ သင်တို့အင်္ကျီချွတ်တမ်းကစားနေတာလို့ယုံသွားပါလိမ့်မယ် (လို့မျှော်လင့်ရပါတယ်)။

၅။” ချစ်လို့ဖက်ထားကြတာသားသား/မီးမီးရဲ့” ကလေးလေးတွေဟာပွေ့ဖက်ရတာကို သဘောကျနှစ်ခြိုက်တာမို့လူကြီးတွေလည်း ဒီလိုပဲလို့သူတို့ယူဆပါလိမ့်မယ်။

၆။” ဖေကြီးတို့ယောဂလုပ်နေကြတာ” သင်တို့ဟာကမ္ဘာပေါ်မှာ ကိုယ်လက်အပျော့ပျောင်းဆုံးလူတွေလို့သူတို့လေးတွေ ထင်သွားပါလိမ့်မယ်။

၇။” စမက်ဒေါင်းချနေတာကွ” ဒါလည်းယုံချင်စရာ လှိမ့်လုံးတခုပါ။ မကောင်းတဲ့အချက်က နောက်တခါသူငယ်ချင်းတွေနဲ့ နပန်းသတ်တမ်းကစားတဲ့အခါ သင့်ကလေးဟာ သင်လုပ်သလိုပဲအဝတ်အစားတွေ အကုန်ချွတ်ပြီးဆော့ပါလိမ့်မယ်။

၈။” မေမေ့မျက်စိထဲ အမှုန်ဝင်သွားလို့ဖယ်ပေးနေတာကွ” ကလေးဝင်လာတဲ့အချိန်မှာ မေမေ့မျက်စိနဲ့ဖေဖေကအဝေးကြီးမှာရှိနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်သင့်ကလေး ခန္ဓာဗေဒနဲ့ပတ်သက်ပြီး သိပ်မသိသေးဖို့နဲ့မေးခွန်းတွေ ထပ်မမေးတော့ဖို့မျှော်လင့်ရမှာပါပဲ။

၉။” ပါဝါရိန်းဂျားလုပ်တမ်းဆော့နေတာ သားသား/မီးမီးရဲ့” ချစ်တင်းနှောတယ်ဆိုပေမယ့် သင်တို့မှာအဝတ်အစားတွေဝတ်ထားတာလည်း ဖြစ်နိုင်တာပဲလေ။ ဘယ်လိုအဝတ်အစားလည်းဆိုတာကတော့ တပိုင်းပေါ့။

၁၀။” ဖေကြီးတို့အတူတူနေနေတာကလေးရဲ့” ဒါဟာလိမ်ရာမကျတဲ့ မုသားစကားပါ။

နောက်တနေ့မနက်ရောက်တဲ့အခါ
ဒီလိုကသောင်းကနင်းအဖြစ်လေး ဖြစ်သွားပြီး နောက်နေ့မနက်ရောက်တဲ့အခါ သင့်ကလေးနဲ့မျက်နှာစုံညီတွေ့ပြီး အကျိုးအကြောင်းပြောတာဟာ မရိုင်းတဲ့အကြံပါ။ ညကသူလေးအခန်းထဲဝင်လာတာဟာ ဘာအပြစ်မှမရှိကြောင်းကို သေချာသိပါစေ။ အသက် ၅နှစ်အထက်ကလေးတွေဆိုရင် အရွယ်နဲ့သင့်တော်တဲ့ စကားလုံးလေးတွေကို သုံးပြီးရှင်းပြနိုင်ပါတယ်။ အချက်အလက်တိကျတဲ့၊ မရှုပ်ထွေးတဲ့ အသုံးအနှုန်းတွေကိုသုံးပါ။ ကလေးမေးသမျှကိုဖြေပေးပါ။ ဒါပေမယ့် လိုတာထက်ပိုမပြောမိဖို့နဲ့မမေးတာကိုလျှောက်မဖြေမိစေဖို့သတိထားပါ။ မိဘနဲ့သားသမီးကြားမှာ မျိုးဆက်ပွါးကျန်းမာရေးပညာပေးတဲ့အခါ အဓိကပန်းတိုင်က ကလေးမေးတာတွေကို လိုအပ်တာထက်မပိုစေဘဲ ရိုးရိုးသားသားဖြေပေးဖို့နဲ့သူတို့လေးတွေ နောက်နောင်သိချင်တာရှိရင် ထပ်လာမေးရဲအောင် လမ်းဖွင့်ပေးထားဖို့ပဲ ဖြစ်ပါတယ်။

အနှစ်ချုပ်မှတ်ဖို့

• အိပ်ခန်းတံခါးကိုအသေအချာပိတ်ပါ (ဘယ်အချိန်မှာပိတ်ခိုင်းတာလဲဆိုတာပေါက်တယ်မလား)။

• အပြစ်ရှိတယ်လို့အရမ်းကြီးခံစားမနေပါနဲ့—— သင်ရှက်ကြောက်နေတာကိုသင့်ကလေးကိုရိပ်စားမိပြီးလိင်ကိစ္စဟာရှက်စရာ၊ရွံ့စရာ၊မသတီစရာလို့ထင်သွားပါလိမ့်မယ်။

• ဘာမှမပြောသေးခင်သင့်အာရုံတွေကို ပြန်စုစည်းပါ။

• ကယောင်ကတမ်းနဲ့ချက်ချင်းကြီးဟုတ်တိုင်းမှန်ရာအကုန်လျှောက်မပြောပါနဲ့။

• ရိုးရှင်းပြီးကလေးအသက်အရွယ်နဲ့ကိုက်ညီတဲ့စကားလုံးတွေကိုရွေးချယ်သုံးစွဲပါ။

• အရမ်းကြီးအသေးစိတ်တွေအတိအကျရှင်းမပြပါနဲ့၊အထူးသဖြင့်ငါးနှစ်အောက်ကလေးတွေကိုပေါ့။

• ငါးနှစ်အထက်ကလေးတွေကိုချက်နဲ့လက်နဲ့သက်တောင့်သက်သာရှင်းပြပါ။
• ရှောင်မနေပါနဲ့။ကလေးတွေမေးလာတာကိုစောင့်ပါ။

•ဒီလိုအခန်းထဲဝင်လာမိတာဟာ ကလေးအနေနဲ့ လုံးဝအပြစ်မရှိဖူးဆိုတာကို သေချာရှင်းပြပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top