ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အသားအေရျဖဴေဖ်ာ့ေနတာ ၊ မ်က္ဝန္းေဖာင္းေနတာ ၊ ပါးစပ္ေထာင့္နားမွာ ကြဲအက္ေနတာေလးေတြဟာ ခႏၶာကိုယ္မွာ ဗီတာမင္ေတြ လိုအပ္ေနတဲ့ လကၡဏာေတြပါ ေယာင္းတို႔ေရ… အစားအေသာက္ကို ေသခ်ာဂရုတစိုက္ မစားသံုးတာ ၊ ဝိတ္အလြန္အမင္းခ်တာေတြေၾကာင့္ ဗီတာမင္လိုအပ္ခ်က္ေတြလည္း ရွိလာႏိုင္ပါတယ္…

ဘယ္လို ဗီတာမင္ဓာတ္မ်ိဳးေတြက ဘယ္အစိတ္အပိုင္းနဲ ့ဆက္စပ္ေနမလည္း ဆိုတာကိုေတာ့ အက္ဒ္မင္ နဲ ့အတူတူ အေျဖရွာၾကည့္ရေအာင္…

မို ့ေဖာင္းေနတဲ့ မ်က္ဝန္းေအာက္က အသားအေရ

မ်က္ဝန္းေအာက္ကအသားအေရေတြ မို႕ေဖာင္းေနခဲ့တယ္ဆိုရင္ ေသြးလည္ပတ္မႈမေကာင္းတာရဲ႕ လကၡဏာရပ္ပါ… သတၱဳဓာတ္ေတြ ျဖစ္တဲ့ မဂၢနီစီရမ္ ၊ ပိုတက္စီရမ္ ၊ အိုင္အုိဒင္းဓာတ္ေတြ လိုအပ္တာေၾကာင့္ မ်က္လံုးမွာ ေဖာင္းမို႔ျခင္းေတြ ျဖစ္လာရတာပါ… ဒီလိုအျဖစ္ေတြကို ေရွာင္ရွားဖို ့အတြက္ ေရညွိ ၊ ငွက္ေပ်ာသီး ၊ သံလြင္ဆီ ၊ အေစ့အဆံ ၊ ဟင္းႏုႏြယ္ရြက္ တို ့ကို စားသံုးေပးသင့္ပါတယ္..

သြားဖံုး ေသြးယိုစီးျခင္း

သြားဖံုးက မၾကာမၾကာ ေသြးယိုစီးတတ္တယ္၊ သြားေတြ ကၽြတ္ေတာ့မလို ခံစားရတယ္၊ သြားေတြ က်ဥ္တယ္ စသျဖင့္ေသာ သြားျပႆနာေတြနဲ႔ ရင္ဆိုင္ေနရၿပီ ဆိုရင္ေတာ့ ေယာင္းမွာ ဗီတာမင္ စီ လိုအပ္ေနပါၿပီလို႔ အဓိပၸာယ္ရပါတယ္။  အနာတစ္ခုခု ျဖစ္ရင္ ပိုးဝင္ႏိုင္ဖို႔ အခြင့္အလမ္းမ်ားၿပီး အနာသက္သာေစဖို႔ အခ်ိန္ၾကာေနတာကလည္း ဗီတာမင္ စီ လိုအပ္ေနတဲ့ လကၡဏာ တစ္ရပ္ပါပဲ… တစ္ရွဴးေတြ သန္မာေစဖို ့နဲ ့ေကာ္လာဂ်င္ ထုတ္တဲ့ေနရာမွာ ဗီတာမင္ စီ က အလြန္တရာ အေရးပါ အရာေရာက္ပါတယ္… ဒါေတြေၾကာင့္ပဲ ဗီတာမင္စီၾကြယ္ဝတဲ့ စားစရာေတြျဖစ္တဲ့ သံပုရာသီး ၊ လိေမၼာ္သီး ၊ နာနတ္သီး ၊ စေတာ္ဘယ္ရီ ၊ အာလူး ၊ သေဘၤာသီး ၊ ပန္းမုန္လာ ၊ ေဂၚဖီထုတ္ အစရွိတဲ့ အသီးအႏွံေတြကို စားသံုးေပးသင့္ပါတယ္။

အသားအေရ ျဖဴေဖ်ာ့ေနတာ

အသားအေရက ျဖဴေဖ်ာ့ေနတယ္ ဆိုရင္ သံဓာတ္ နဲ ့ဗီတာမင္ ဒီ အားနည္းေနတာပါ… အဲ့ဒီ ဗီတာမင္ ေတြ အားနည္းတာရဲ့ အက်ိဳးဆက္က ေသြးလည္ပတ္မႈကို အေႏွာက္အယွက္ျဖစ္ေစၿပီး ေအာက္ဆီဂ်င္နဲ႔ အာဟာရဓာတ္ေတြကို အေရျပားေပၚ ပို႔ေဆာင္ေပးရာမွာလည္း အခက္အခဲျဖစ္ေစတာမ်ိဳး၊ မလံုေလာက္ေစတာမ်ိဳး ျဖစ္ေစပါတယ္… ငါး၊ အသား ၊ မႈိ နဲ႔ ပဲႏို႔ကေနလုပ္တဲ့ စားစရာေတြကို ေန႔တိုင္းစားေနက် စားစရာေတြထဲမွာ ပံုမွန္ပါဝင္ေအာင္ စားေပးပါေနာ္… ဒါမွ အသားအေရက ျဖဴေဖ်ာ့မေနဘဲ ေသြးေရာင္လႊမ္းၿပီး အသားလွလာမွာေပါ့…

ဆံသားေျခာက္ေသြ႕တာ

ဆံပင္ကုိ ေဆး ခဏခဏ ဆိုးတာ ၊ ဆံပင္ ေျဖာင့္လိုက္ ေကာက္လိုက္ လုပ္တာေတြက ေယာင္းဆံသား ကို ပ်က္စီးေစႏိုင္ပါတယ္… ဆံပင္ေတြ အရမ္း ေျခာက္ေသြ႕ေနၿပီ ဆုိရင္ေတာ့ ခဏေလာက္ အဲ့လို လုပ္တာ ရပ္ထားျပီး ဆံပင္ကို ေသခ်ာေပါင္းတင္တာမ်ိဳး၊ ဂရုစိုက္တာမ်ိဳး လုပ္သင့္ေနပါၿပီ… ေသခ်ာ ဂရုစိုက္ေနတဲ့ ၾကားထဲကမွ ဆံသားေတြ ေျခာက္ေသြ႕ေနတုန္းပဲ ဆိုရင္ေတာ့ အစားအေသာက္ကို တစ္ခ်က္ သတိထားသင့္ပါၿပီ.. Biotin ဓာတ္ လိုအပ္ေနတာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္… ဒီလိုဆိုရင္ေတာ့ biotin ဓာတ္ ပါဝင္ႏႈန္း ျမင့္မားတဲ့ ခရမ္းခ်ဥ္သီး ၊ ဒိန္ခ်ဥ္၊ ေထာပတ္သီး ၊ မုန္လာဥနီ ၊ အေစ့အဆံေတြကို စားသံုးေပးတာက ဒီျပႆနာကို ေျပလည္ေစႏိုင္ပါလိမ့္မယ္။

ႏႈတ္ခမ္းကြဲတာမ်ိဳး၊ ႏႈတ္ခမ္းေထာင့္မွာ ေျခာက္ကပ္အက္ကြဲတာမ်ိဳး ရွိခဲ့ရင္

ႏႈတ္ခမ္းေထာင့္ေတြ ကြဲတာ၊ ႏႈတ္ခမ္းကြဲတာ၊ ႏႈတ္ခမ္းေတြက ေသြးမရွိသလုိ ျဖဴေဖ်ာ့ေနတာ ၊ ေမာပန္းလြယ္တာ နဲ ့တစ္ခုခု ဆိုရင္ ေမ့လြယ္တာေတြ ျဖစ္ေနၿပီ ဆိုရင္ေတာ့ ေယာင္းမွာ သံဓာတ္ လိုအပ္ေနပါၿပီ…သံဓာတ္ က ခႏၶာကိုယ္တစ္ခုလံုးအတြက္ ေအာက္စီဂ်င္ျဖန္႔ျဖဴးေပးရာမွာ အေရးပါတဲ့အျပင္ Hemoglobin ႏွင့္ ေသြးနီဥ ေတြကို ထုတ္ေပးတဲ့ ေနရာမွာလည္း ပါဝင္တဲ့ အတြက္ မရွိမျဖစ္လို႔ ဆိုရမယ့္ ဓာတ္တစ္မ်ိဳးပါ… ဒါေၾကာင့္ သံဓာတ္ ၾကြယ္ဝတဲ့ ဝက္အသည္း ၊ အမဲသား ၊ အာလူး ၊ ဟင္းႏုႏြယ္ ၊ ေျမပဲ စတာေတြကို ေသခ်ာ စားသံုးေပးသင့္ပါတယ္..

ဝက္ျခံ

ဝက္ျခံ ခဏခဏ ျဖစ္ၿပီးေတာ့ အနာေတြ သက္သာဖို ့အခ်ိန္ၾကာေနတယ္ ဆိုရင္ေတာ့ ေယာင္းဆီမွာ zinc ဓာတ္ လိုအပ္ေနပါၿပီေနာ္… cheese၊ ကြာေစ့၊ ႏြားႏို ့၊ အနီေရာင္ အသား ၊ ဒိန္ခ်ဥ္ ၊ ၾကက္သား၊ ေခ်ာကလက္ ၊ သီဟိုဠ္ေစ့ စတဲ့ zinc ဓာတ္ၾကြယ္ဝတဲ့ အစားအစာေတြကို စားသံုးသင့္ပါတယ္… zinc ဓာတ္က ေယာင္း ကိုယ္တြင္းက ဆဲလ္ေတြ ေနရာခ်ထားတာ အစားထိုးတာေတြ မွာ အေရးပါတာေၾကာင့္ အေရးၾကီးတဲ့ဓာတ္ တစ္မ်ိဳး ဆိုလည္း မမွားပါဘူး…

အေရးအေၾကာင္းေတြ ေပၚလာတာ

အသက္အရြယ္ရလာတာနဲ ့အမွ် အေရးအေၾကာင္းေတြက ေယာင္းတို ့မ်က္ႏွာမွာ ပိုျပီး သိသာထင္ရွားလာေလ့ ရွိပါတယ္… ဒါေပမဲ့ ကိုယ့္အသက္က ငယ္ငယ္ေလးရွိေနေသး၊ အေရးအေၾကာင္းေတြ ျဖစ္လာၿပီဆိုရင္ေတာ့ ဗီတာမင္ အီး လိုအပ္ေနျခင္းရဲ႕ လကၡဏာပါ ေယာင္းေရ… ဗီတာမင္ အီး ရႏိုင္ တဲ့ အစားအေသာက္ေတြက ေျပာင္းဖူး ၊ သံလြင္ဆီ ၊ ေနၾကာဆီ ၊ ဆီးသီးေျခာက္ ၊ ငရုတ္ပြ ၊ ေထာပတ္သီး ၊ သေဘၤာသီး စတာေတြမို႔ ေယာင္းစားသံုးေနတဲ့ အစားအေသာက္ေတြထဲမွာ တစ္မ်ိဳး မဟုတ္ တစ္မ်ိဳး ပါဝင္ေအာင္ ထည့္ျပီး စားသံုးေပးဖို ့မေမ့နဲ ့ေနာ္…

အသားအေရ ေျခာက္ေသြ ့ေနတာ

အလြန္အကၽြံ အသားအေရေျခာက္ေသြ ့ျခင္းက အာဟာရဓာတ္ခ်ိဳ ့တဲ့ျခင္းေၾကာင့္ ျဖစ္ႏိုင္သလို ၊ ေနေရာင္ ေအာက္မွာ အခ်ိန္မ်ားမ်ား ကုန္ဆံုးျခင္းေၾကာင့္လည္း ျဖစ္ႏိုင္ပါေသးတယ္… ဗီတာမင္ ေအ ၊ ဗီတာမင္ စီ လိုအပ္ျခင္းက အသားအေရ ေျခာက္ေသြ႕တာနဲ ့အဓိက သက္ဆိုင္တာေၾကာင့္ ေယာင္း အသားအေရက အလြန္အကၽြံေျခာက္ေသြ ့ေနၿပီ ဆိုရင္ေတာ့ မုန္လာဥနီ ၊ သံပုရာသီး ၊ အစိမ္း ေရာင္ပါတဲ့ အသီးအရြက္ ၊ ေရႊဖရံုသီး ၊ တရုတ္ဆီးသီး ၊ သံပုရိုသီး ၊ လိေမၼာ္သီး အစရွိတဲ့ အသီးအႏွံ ေတြကို စားသံုးေပးတာက ေယာင္းအသားအေရအတြက္ အသင့္ေလ်ာ္ဆံုး ျဖစ္ေစပါလိမ့္မယ္…

အခုဆိုရင္ မ်က္ႏွာေပၚမွာ ျဖစ္တတ္တဲ့ အသားအေရဆိုင္ရာ ျပႆနာေတြ နဲ ့ဗီတာမင္ေတြ ဘယ္လိုဆက္စပ္ေနလည္းဆိုတာေတြ သိၿပီးၿပီဆိုေတာ့ ေနာက္ဆိုရင္ လိုအပ္တဲ့ဗီတာမင္ဓာတ္ေတြ ပါဝင္ေအာင္ စားသံုးေပးဖို ့မေမ့နဲေတာ့ေနာ္… အျပင္ပန္းက ဘယ္ေလာက္ပဲ ဂရုစိုက္ေနပါေစ၊ တကယ္တမ္း ကိုယ့္ရဲ႕ စားေသာက္ပံုေတြ ေျပာင္းလဲလိုက္ၿပီး က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ ေနတာကမွ ေယာင္းတို႔ကို အလွပဆံုးျဖစ္ေစႏုိင္မွာပါ…. စိုေျပလွပၿပီး ဝင္းမြတ္ေနတဲ့ အသားအေရေလးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစ ေယာင္းတို႔ေရ…

Source –healthybeautiful, Style Caster

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Akari (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
အသားအရေဖြူဖျော့နေတာ ၊ မျက်ဝန်းဖောင်းနေတာ ၊ ပါးစပ်ထောင့်နားမှာ ကွဲအက်နေတာလေးတွေဟာ ခန္ဓာကိုယ်မှာ ဗီတာမင်တွေ လိုအပ်နေတဲ့ လက္ခဏာတွေပါ ယောင်းတို့ရေ… အစားအသောက်ကို သေချာဂရုတစိုက် မစားသုံးတာ ၊ ဝိတ်အလွန်အမင်းချတာတွေကြောင့် ဗီတာမင်လိုအပ်ချက်တွေလည်း ရှိလာနိုင်ပါတယ်…

ဘယ်လို ဗီတာမင်ဓာတ်မျိုးတွေက ဘယ်အစိတ်အပိုင်းနဲ့ဆက်စပ်နေမလည်း ဆိုတာကိုတော့ အက်ဒ်မင် နဲ့အတူတူ အဖြေရှာကြည့်ရအောင်…

မို့ဖောင်းနေတဲ့ မျက်ဝန်းအောက်က အသားအရေ

မျက်ဝန်းအောက်ကအသားအရေတွေ မို့ဖောင်းနေခဲ့တယ်ဆိုရင် သွေးလည်ပတ်မှုမကောင်းတာရဲ့ လက္ခဏာရပ်ပါ… သတ္တုဓာတ်တွေ ဖြစ်တဲ့ မဂ္ဂနီစီရမ် ၊ ပိုတက်စီရမ် ၊ အိုင်အိုဒင်းဓာတ်တွေ လိုအပ်တာကြောင့် မျက်လုံးမှာ ဖောင်းမို့ခြင်းတွေ ဖြစ်လာရတာပါ… ဒီလိုအဖြစ်တွေကို ရှောင်ရှားဖို့အတွက် ရေညှိ ၊ ငှက်ပျောသီး ၊ သံလွင်ဆီ ၊ အစေ့အဆံ ၊ ဟင်းနုနွယ်ရွက် တို့ကို စားသုံးပေးသင့်ပါတယ်..

သွားဖုံး သွေးယိုစီးခြင်း

သွားဖုံးက မကြာမကြာ သွေးယိုစီးတတ်တယ်၊ သွားတွေ ကျွတ်တော့မလို ခံစားရတယ်၊ သွားတွေ ကျဉ်တယ် စသဖြင့်သော သွားပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီ ဆိုရင်တော့ ယောင်းမှာ ဗီတာမင် စီ လိုအပ်နေပါပြီလို့ အဓိပ္ပာယ်ရပါတယ်။  အနာတစ်ခုခု ဖြစ်ရင် ပိုးဝင်နိုင်ဖို့ အခွင့်အလမ်းများပြီး အနာသက်သာစေဖို့ အချိန်ကြာနေတာကလည်း ဗီတာမင် စီ လိုအပ်နေတဲ့ လက္ခဏာ တစ်ရပ်ပါပဲ… တစ်ရှူးတွေ သန်မာစေဖို့နဲ့ကော်လာဂျင် ထုတ်တဲ့နေရာမှာ ဗီတာမင် စီ က အလွန်တရာ အရေးပါ အရာရောက်ပါတယ်… ဒါတွေကြောင့်ပဲ ဗီတာမင်စီကြွယ်ဝတဲ့ စားစရာတွေဖြစ်တဲ့ သံပုရာသီး ၊ လိမ္မော်သီး ၊ နာနတ်သီး ၊ စတော်ဘယ်ရီ ၊ အာလူး ၊ သင်္ဘောသီး ၊ ပန်းမုန်လာ ၊ ဂေါ်ဖီထုတ် အစရှိတဲ့ အသီးအနှံတွေကို စားသုံးပေးသင့်ပါတယ်။

အသားအရေ ဖြူဖျော့နေတာ

အသားအရေက ဖြူဖျော့နေတယ် ဆိုရင် သံဓာတ် နဲ့ဗီတာမင် ဒီ အားနည်းနေတာပါ… အဲ့ဒီ ဗီတာမင် တွေ အားနည်းတာရဲ့ အကျိုးဆက်က သွေးလည်ပတ်မှုကို အနှောက်အယှက်ဖြစ်စေပြီး အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို အရေပြားပေါ် ပို့ဆောင်ပေးရာမှာလည်း အခက်အခဲဖြစ်စေတာမျိုး၊ မလုံလောက်စေတာမျိုး ဖြစ်စေပါတယ်… ငါး၊ အသား ၊ မှို နဲ့ ပဲနို့ကနေလုပ်တဲ့ စားစရာတွေကို နေ့တိုင်းစားနေကျ စားစရာတွေထဲမှာ ပုံမှန်ပါဝင်အောင် စားပေးပါနော်… ဒါမှ အသားအရေက ဖြူဖျော့မနေဘဲ သွေးရောင်လွှမ်းပြီး အသားလှလာမှာပေါ့…

ဆံသားခြောက်သွေ့တာ

ဆံပင်ကို ဆေး ခဏခဏ ဆိုးတာ ၊ ဆံပင် ဖြောင့်လိုက် ကောက်လိုက် လုပ်တာတွေက ယောင်းဆံသား ကို ပျက်စီးစေနိုင်ပါတယ်… ဆံပင်တွေ အရမ်း ခြောက်သွေ့နေပြီ ဆိုရင်တော့ ခဏလောက် အဲ့လို လုပ်တာ ရပ်ထားပြီး ဆံပင်ကို သေချာပေါင်းတင်တာမျိုး၊ ဂရုစိုက်တာမျိုး လုပ်သင့်နေပါပြီ… သေချာ ဂရုစိုက်နေတဲ့ ကြားထဲကမှ ဆံသားတွေ ခြောက်သွေ့နေတုန်းပဲ ဆိုရင်တော့ အစားအသောက်ကို တစ်ချက် သတိထားသင့်ပါပြီ.. Biotin ဓာတ် လိုအပ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်… ဒီလိုဆိုရင်တော့ biotin ဓာတ် ပါဝင်နှုန်း မြင့်မားတဲ့ ခရမ်းချဉ်သီး ၊ ဒိန်ချဉ်၊ ထောပတ်သီး ၊ မုန်လာဥနီ ၊ အစေ့အဆံတွေကို စားသုံးပေးတာက ဒီပြဿနာကို ပြေလည်စေနိုင်ပါလိမ့်မယ်။

နှုတ်ခမ်းကွဲတာမျိုး၊ နှုတ်ခမ်းထောင့်မှာ ခြောက်ကပ်အက်ကွဲတာမျိုး ရှိခဲ့ရင်

နှုတ်ခမ်းထောင့်တွေ ကွဲတာ၊ နှုတ်ခမ်းကွဲတာ၊ နှုတ်ခမ်းတွေက သွေးမရှိသလို ဖြူဖျော့နေတာ ၊ မောပန်းလွယ်တာ နဲ့တစ်ခုခု ဆိုရင် မေ့လွယ်တာတွေ ဖြစ်နေပြီ ဆိုရင်တော့ ယောင်းမှာ သံဓာတ် လိုအပ်နေပါပြီ…သံဓာတ် က ခန္ဓာကိုယ်တစ်ခုလုံးအတွက် အောက်စီဂျင်ဖြန့်ဖြူးပေးရာမှာ အရေးပါတဲ့အပြင် Hemoglobin နှင့် သွေးနီဥ တွေကို ထုတ်ပေးတဲ့ နေရာမှာလည်း ပါဝင်တဲ့ အတွက် မရှိမဖြစ်လို့ ဆိုရမယ့် ဓာတ်တစ်မျိုးပါ… ဒါကြောင့် သံဓာတ် ကြွယ်ဝတဲ့ ဝက်အသည်း ၊ အမဲသား ၊ အာလူး ၊ ဟင်းနုနွယ် ၊ မြေပဲ စတာတွေကို သေချာ စားသုံးပေးသင့်ပါတယ်..

ဝက်ခြံ

ဝက်ခြံ ခဏခဏ ဖြစ်ပြီးတော့ အနာတွေ သက်သာဖို့အချိန်ကြာနေတယ် ဆိုရင်တော့ ယောင်းဆီမှာ zinc ဓာတ် လိုအပ်နေပါပြီနော်… cheese၊ ကွာစေ့၊ နွားနို့၊ အနီရောင် အသား ၊ ဒိန်ချဉ် ၊ ကြက်သား၊ ချောကလက် ၊ သီဟိုဠ်စေ့ စတဲ့ zinc ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်… zinc ဓာတ်က ယောင်း ကိုယ်တွင်းက ဆဲလ်တွေ နေရာချထားတာ အစားထိုးတာတွေ မှာ အရေးပါတာကြောင့် အရေးကြီးတဲ့ဓာတ် တစ်မျိုး ဆိုလည်း မမှားပါဘူး…

အရေးအကြောင်းတွေ ပေါ်လာတာ

အသက်အရွယ်ရလာတာနဲ့အမျှ အရေးအကြောင်းတွေက ယောင်းတို့မျက်နှာမှာ ပိုပြီး သိသာထင်ရှားလာလေ့ ရှိပါတယ်… ဒါပေမဲ့ ကိုယ့်အသက်က ငယ်ငယ်လေးရှိနေသေး၊ အရေးအကြောင်းတွေ ဖြစ်လာပြီဆိုရင်တော့ ဗီတာမင် အီး လိုအပ်နေခြင်းရဲ့ လက္ခဏာပါ ယောင်းရေ… ဗီတာမင် အီး ရနိုင် တဲ့ အစားအသောက်တွေက ပြောင်းဖူး ၊ သံလွင်ဆီ ၊ နေကြာဆီ ၊ ဆီးသီးခြောက် ၊ ငရုတ်ပွ ၊ ထောပတ်သီး ၊ သင်္ဘောသီး စတာတွေမို့ ယောင်းစားသုံးနေတဲ့ အစားအသောက်တွေထဲမှာ တစ်မျိုး မဟုတ် တစ်မျိုး ပါဝင်အောင် ထည့်ပြီး စားသုံးပေးဖို့မမေ့နဲ့နော်…

အသားအရေ ခြောက်သွေ့နေတာ

အလွန်အကျွံ အသားအရေခြောက်သွေ့ခြင်းက အာဟာရဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်သလို ၊ နေရောင် အောက်မှာ အချိန်များများ ကုန်ဆုံးခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်… ဗီတာမင် အေ ၊ ဗီတာမင် စီ လိုအပ်ခြင်းက အသားအရေ ခြောက်သွေ့တာနဲ့အဓိက သက်ဆိုင်တာကြောင့် ယောင်း အသားအရေက အလွန်အကျွံခြောက်သွေ့နေပြီ ဆိုရင်တော့ မုန်လာဥနီ ၊ သံပုရာသီး ၊ အစိမ်း ရောင်ပါတဲ့ အသီးအရွက် ၊ ရွှေဖရုံသီး ၊ တရုတ်ဆီးသီး ၊ သံပုရိုသီး ၊ လိမ္မော်သီး အစရှိတဲ့ အသီးအနှံ တွေကို စားသုံးပေးတာက ယောင်းအသားအရေအတွက် အသင့်လျော်ဆုံး ဖြစ်စေပါလိမ့်မယ်…

အခုဆိုရင် မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ အသားအရေဆိုင်ရာ ပြဿနာတွေ နဲ့ဗီတာမင်တွေ ဘယ်လိုဆက်စပ်နေလည်းဆိုတာတွေ သိပြီးပြီဆိုတော့ နောက်ဆိုရင် လိုအပ်တဲ့ဗီတာမင်ဓာတ်တွေ ပါဝင်အောင် စားသုံးပေးဖို့မမေ့နဲတော့နော်… အပြင်ပန်းက ဘယ်လောက်ပဲ ဂရုစိုက်နေပါစေ၊ တကယ်တမ်း ကိုယ့်ရဲ့ စားသောက်ပုံတွေ ပြောင်းလဲလိုက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် နေတာကမှ ယောင်းတို့ကို အလှပဆုံးဖြစ်စေနိုင်မှာပါ…. စိုပြေလှပပြီး ဝင်းမွတ်နေတဲ့ အသားအရေလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ ယောင်းတို့ရေ…

Source –healthybeautiful, Style Caster

ဖိုးသူတော် (www.phothutaw.com)
Credit: Akari (For Her Myanmar)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top