စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

မဂၤလာဒံုၿမိဳ႕နယ္၊ ေထာက္ၾကန္႔၊ ကုန္းတလေပါင္ေက်း႐ြာရွိ အေဆာင္လိုင္းခန္းတစ္ခုတြင္ ဒီဇင္ဘာလ ၁၆ ရက္ မြန္းလြဲ ၃ နာရီခြဲခန္႔က ဇနီးျဖစ္သူေနအိမ္ေပၚက ဆင္းသြားသျဖင့္ အသက္ ၁၈ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသတမ္းစာ ေရးကာ ႀကိဳးဆြဲခ် အဆံုးစီရင္သြားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ေသဆံုးသူ အမ်ိဳးသား၏ ဇနီးျဖစ္သူ အသက္ ၃၁ ႏွစ္အ႐ြယ္ အမ်ိဳးသမီးသည္ ယင္းေန႔ မြန္းလြဲ ၁ နာရီခန္႔ကေန အိမ္ေရွ႕၌ အိမ္နီးခ်င္း အမ်ိဳးသားတစ္ဦးႏွင့္အတူ Facebook ၾကည့္ေနသည့္ ကိစၥႏွင့္ပတ္သက္၍ လင္မယားခ်င္း စကားမ်ား ရန္ျဖစ္သျဖင့္ ေနအိမ္မွ ထြက္သြားခဲ့ေၾကာင္း၊ ယင္းေနာက္ ခင္ပြန္းျဖစ္သူ ႀကိဳးဆြဲခ် ေသဆံုးေနသည္ကို အိမ္နီးခ်င္းမ်ားက ဖုန္းဆက္သျဖင့္ သြားေရာက္ စစ္ေဆးၾကည့္႐ႈရာ အနီးရွိ ကတၲဴစကၠဴေပၚတြင္ ေသတမ္းစာ ေရးသားထားသည္ကို ေတြ႔ရွိခဲ့ရျခင္းျဖစ္ေၾကာင္း အမႈဖြင့္တိုင္တန္းခ်က္အရ ယင္းရဲတပ္ဖြဲ႔ထံမွ သိရသည္။

“သူတို႔ေနတဲ့ အိမ္က အေဆာင္လိုင္းခန္းတစ္ခုပါ၊ ေသဆံုးသူရဲ႕ အမ်ိဳးသမီးက စက္႐ံုမွာ အလုပ္လုပ္တယ္။ လင္မယားခ်င္း စကားမ်ား ရန္ျဖစ္ရာက ႀကိဳးဆြဲခ် အဆံုးစီရင္သြားတာ။ လည္ပင္းႀကိဳးပြန္းဒဏ္ရာကလြဲလို႔ တျခားျပင္ပ ဒဏ္ရာ မေတြ႔ရပါဘူး၊ ႐ုပ္အေလာင္းကို အင္းစိန္ေဆး႐ံု ပို႔ထားတယ္။ ေထာက္ၾကန္႔နယ္ေျမ ရဲစခန္းမွာ ေသမႈေသခင္းနဲ႔ ဖြင့္ထားပါတယ္”ဟု ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွ ရဲအရာရွိ တစ္ဦးက ရွင္းျပသည္။

ေသဆံုးသူ ကိုေက်ာ္ဇင္ဝင္း၏ ေသတမ္းစာတြင္ “လူသားတိုင္း မလြန္ဆန္ႏိုင္ေတာ့တာ၊ ကံၾကမၼာသေဘာ၊ ကံတရားကိုပဲ အျပစ္တင္ေတာ့မယ္၊ ေနာက္ထပ္ ဘဝမ်ား ရွိခဲ့ရင္လည္း ျပန္ဆံုခ်င္ပါတယ္”ဟု ကတ္ထူစကၠဴေပၚ၌ လည္းေကာင္း၊ ငါတို႔ ေနာက္ဘဝမွပဲ ျဖဴျဖဴစင္စင္နဲ႔ ျပန္ေတြ႔ၾကမယ္။ ေမာင္ ေစာင့္ေနမယ္မရယ္”ဟု စာသားကို အျဖဴေရာင္ စာအိတ္ေပၚ၌လည္းေကာင္း ေရးသားထားေၾကာင္း အမႈဖြင့္ တိုင္ၾကားခ်က္အရ ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္ေန႔မွ ႏိုဝင္ဘာလ ၃၀ ရက္ေန႔အထိ ေသမႈေသခင္း ၂၆ မ်ိဳးတြင္ ႀကိဳးဆြဲခ် အဆံုးစီရင္သူ ေပါင္း ၁၆၁ ဦးရွိၿပီး အဆိပ္ေသာက္ ေသဆံုးသူ ၃၂ ဦး၊ မိမိကိုယ္ကိုယ္ ဓားႏွင့္ထိုး ေသဆံုးသူ ၃ ဦးရွိေၾကာင္း၊ ယင္းေသမႈေသခင္း ၂၆ မ်ိဳးတြင္ အမ်ားဆံုးမွာ ေရနစ္ေသဆံုးမႈျဖစ္ၿပီး ၂၇၉ ဦးရွိေၾကာင္း၊ ဒုတိယ အမ်ားဆံုးမွာ ေရာဂါေၾကာင့္ ေသဆံုးမႈျဖစ္ၿပီး လူဦးေရ ၂၅၇ ဦး ရွိေၾကာင္း၊ တတိယ အမ်ားဆံုးမွာ အရက္ အမူးလြန္ ေသဆံုးမႈျဖစ္ၿပီး ၁၆၉ ဦး ရွိေၾကာင္း၊ ႀကိဳးဆြဲခ် အဆံုးစီရင္မႈမွာ ၁၆၁ ဦးျဖင့္ စတုတၳေနရာတြင္ရွိေၾကာင္း ရဲတပ္ဖြဲ႔ ထုတ္ျပန္ခ်က္အရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thevoicemyanmar

#Unicode Version#

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ကုန်းတလပေါင်ကျေးရွာရှိ အဆောင်လိုင်းခန်းတစ်ခုတွင် ဒီဇင်ဘာလ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဇနီးဖြစ်သူနေအိမ်ပေါ်က ဆင်းသွားသဖြင့် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေတမ်းစာ ရေးကာ ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အမျိုးသား၏ ဇနီးဖြစ်သူ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးသည် ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်ကနေ အိမ်ရှေ့၌ အိမ်နီးချင်း အမျိုးသားတစ်ဦးနှင့်အတူ Facebook ကြည့်နေသည့် ကိစ္စနှင့်ပတ်သက်၍ လင်မယားချင်း စကားများ ရန်ဖြစ်သဖြင့် နေအိမ်မှ ထွက်သွားခဲ့ကြောင်း၊ ယင်းနောက် ခင်ပွန်းဖြစ်သူ ကြိုးဆွဲချ သေဆုံးနေသည်ကို အိမ်နီးချင်းများက ဖုန်းဆက်သဖြင့် သွားရောက် စစ်ဆေးကြည့်ရှုရာ အနီးရှိ ကတ္တူစက္ကူပေါ်တွင် သေတမ်းစာ ရေးသားထားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူတို့နေတဲ့ အိမ်က အဆောင်လိုင်းခန်းတစ်ခုပါ၊ သေဆုံးသူရဲ့ အမျိုးသမီးက စက်ရုံမှာ အလုပ်လုပ်တယ်။ လင်မယားချင်း စကားများ ရန်ဖြစ်ရာက ကြိုးဆွဲချ အဆုံးစီရင်သွားတာ။ လည်ပင်းကြိုးပွန်းဒဏ်ရာကလွဲလို့ တခြားပြင်ပ ဒဏ်ရာ မတွေ့ရပါဘူး၊ ရုပ်အလောင်းကို အင်းစိန်ဆေးရုံ ပို့ထားတယ်။ ထောက်ကြန့်နယ်မြေ ရဲစခန်းမှာ သေမှုသေခင်းနဲ့ ဖွင့်ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

သေဆုံးသူ ကိုကျော်ဇင်ဝင်း၏ သေတမ်းစာတွင် “လူသားတိုင်း မလွန်ဆန်နိုင်တော့တာ၊ ကံကြမ္မာသဘော၊ ကံတရားကိုပဲ အပြစ်တင်တော့မယ်၊ နောက်ထပ် ဘဝများ ရှိခဲ့ရင်လည်း ပြန်ဆုံချင်ပါတယ်”ဟု ကတ်ထူစက္ကူပေါ်၌ လည်းကောင်း၊ ငါတို့ နောက်ဘဝမှပဲ ဖြူဖြူစင်စင်နဲ့ ပြန်တွေ့ကြမယ်။ မောင် စောင့်နေမယ်မရယ်”ဟု စာသားကို အဖြူရောင် စာအိတ်ပေါ်၌လည်းကောင်း ရေးသားထားကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ သေမှုသေခင်း ၂၆ မျိုးတွင် ကြိုးဆွဲချ အဆုံးစီရင်သူ ပေါင်း ၁၆၁ ဦးရှိပြီး အဆိပ်သောက် သေဆုံးသူ ၃၂ ဦး၊ မိမိကိုယ်ကိုယ် ဓားနှင့်ထိုး သေဆုံးသူ ၃ ဦးရှိကြောင်း၊ ယင်းသေမှုသေခင်း ၂၆ မျိုးတွင် အများဆုံးမှာ ရေနစ်သေဆုံးမှုဖြစ်ပြီး ၂၇၉ ဦးရှိကြောင်း၊ ဒုတိယ အများဆုံးမှာ ရောဂါကြောင့် သေဆုံးမှုဖြစ်ပြီး လူဦးရေ ၂၅၇ ဦး ရှိကြောင်း၊ တတိယ အများဆုံးမှာ အရက် အမူးလွန် သေဆုံးမှုဖြစ်ပြီး ၁၆၉ ဦး ရှိကြောင်း၊ ကြိုးဆွဲချ အဆုံးစီရင်မှုမှာ ၁၆၁ ဦးဖြင့် စတုတ္ထနေရာတွင်ရှိကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top