ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေမာ္လၿမိဳင္ၿမိဳ႕၊ ေဇယ်ာသီရိရပ္ကြက္တြင္ ဒီဇင္ဘာ ၁ ရက္၊ ည ၉ နာရီခန႔္က ၇၃ ႏွစ္အ႐ြယ္ အဘြားအိုတစ္ဦးအား အဓမၼျပဳက်င့္ရန္ႀကံစည္သည့္ အမ်ိဳးသားတစ္ဦးကို ရပ္ကြက္ျပည္သူမ်ားက ဖမ္းဆီးအမႈဖြင့္ခဲ့ေၾကာင္း ေဇယ်ာသီရိနယ္ေျမရဲစခန္းမွ သိရသည္။

ယင္းရပ္ကြက္၊ သရဖီ ၃ လမ္း၊ လမ္းေဘး၌ အဆိုပါအဘြားအိုကို တစ္ရပ္ကြက္တည္းေန သိန္းတန္ (ခ) သိန္းေအာင္(၅၅ ႏွစ္)က ကာမဆက္ဆံရန္ မဖြယ္မရာျပဳလုပ္ေနသည္ကို တစ္ရပ္တည္းေနသူ ထိန္လင္းေက်ာ္က ေတြ႕ရွိခဲ့ရသျဖင့္ ရပ္ကြက္လူႀကီးထံ သြားေရာက္အေၾကာင္းၾကားကာ ေဇယ်ာသီရိနယ္ေျမရဲစခန္းသို႔ ဖမ္းဆီးပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း ယင္းရဲစခန္းမွ ရဲတပ္ၾကပ္ႀကီး သိန္းျမင့္ေဇာ္ကေျပာသည္။

“လမ္းေဘးမွာ အဘြားအိုကို မဖြယ္မရာ ကာမဆက္ဆံဖို႔ ႀကံစည္ျပဳလုပ္ေနတဲ့ သူကို ရပ္ကြက္ျပည္သူနဲ႔ ရာအိမ္မႉးေတြက ထိန္းသိမ္းထားတယ္ဆိုၿပီး အေၾကာင္းၾကားလို႔ ကြၽန္ေတာ္တို႔ရဲတပ္ဖြဲ႕ဝင္ေတြ သြားေရာက္ဖမ္းဆီးခဲ့တယ္။ ရပ္ကြက္ရာအိမ္မႉး ဦးခင္မ်ိဳးက တရားလိုျပဳလုပ္ၿပီးေတာ့ အမႈဖြင့္ အေရးယူေဆာင္႐ြက္ထားပါတယ္”ဟု ဒုရဲအုပ္မ်ိဳးေဇာ္ေအာင္က ေျပာသည္။

ယင္းသို႔ အဓမၼျပဳက်င့္ရန္ႀကံစည္ခဲ့သည့္ သိန္းတန္ (ခ) သိန္းေအာင္ကို ေဇယ်ာသီရိနယ္ေျမရဲစခန္းမွ (ပ) ၂၇၂/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆/၅၁၁ အရ အမႈဖြင့္ ဖမ္းဆီးအေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hinthar Media
#Unicode Version#
မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်တွင် ဒီဇင်ဘာ ၁ ရက်၊ ည ၉ နာရီခန့်က ၇၃ နှစ်အရွယ် အဘွားအိုတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်သည့် အမျိုးသားတစ်ဦးကို ရပ်ကွက်ပြည်သူများက ဖမ်းဆီးအမှုဖွင့်ခဲ့ကြောင်း ဇေယျာသီရိနယ်မြေရဲစခန်းမှ သိရသည်။

ယင်းရပ်ကွက်၊ သရဖီ ၃ လမ်း၊ လမ်းဘေး၌ အဆိုပါအဘွားအိုကို တစ်ရပ်ကွက်တည်းနေ သိန်းတန် (ခ) သိန်းအောင်(၅၅ နှစ်)က ကာမဆက်ဆံရန် မဖွယ်မရာပြုလုပ်နေသည်ကို တစ်ရပ်တည်းနေသူ ထိန်လင်းကျော်က တွေ့ရှိခဲ့ရသဖြင့် ရပ်ကွက်လူကြီးထံ သွားရောက်အကြောင်းကြားကာ ဇေယျာသီရိနယ်မြေရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းမှ ရဲတပ်ကြပ်ကြီး သိန်းမြင့်ဇော်ကပြောသည်။

“လမ်းဘေးမှာ အဘွားအိုကို မဖွယ်မရာ ကာမဆက်ဆံဖို့ ကြံစည်ပြုလုပ်နေတဲ့ သူကို ရပ်ကွက်ပြည်သူနဲ့ ရာအိမ်မှူးတွေက ထိန်းသိမ်းထားတယ်ဆိုပြီး အကြောင်းကြားလို့ ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ဖမ်းဆီးခဲ့တယ်။ ရပ်ကွက်ရာအိမ်မှူး ဦးခင်မျိုးက တရားလိုပြုလုပ်ပြီးတော့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်”ဟု ဒုရဲအုပ်မျိုးဇော်အောင်က ပြောသည်။

ယင်းသို့ အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့သည့် သိန်းတန် (ခ) သိန်းအောင်ကို ဇေယျာသီရိနယ်မြေရဲစခန်းမှ (ပ) ၂၇၂/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hinthar Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top