ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

'ဘုန္းဘုန္းေရ….''
 

ကိုယ္အေတြးနဲ႔ကိုယ္ အလ်င္စလုိ ေလွ်ာက္လာတုန္း…အရမ္းရင္းနွီးေနတဲ့ သမီးေလးတစ္ေယာက္ရဲ႕ အသံေၾကာင့္ ေနာက္ကို လွည့္ၾကည့္မိသည္…
 ''ဟင္…ဘယ္သူမွလည္း မရွိပါလား…"

ေၾသာ္...ငါ့ႏွယ္ေနာ္…ကေလးေတြဆီ ေရာက္ခ်င္ေဇာ အားၾကီးေနတာနဲ႔ပဲ အၾကားအာရုံေတြက အရင္ ေရာက္ႏွင့္ေနပါေပါ့လား၊ တကယ္ဆုိရင္ ဒီအခ်ိန္က သင္တန္းဌာန ျဖစ္တဲ့ ခေမာက္စု ရြာေလး ကုိ  ေရာက္ေနသင့္ျပီေလ…၊ အခ်ိန္က ေန၀င္ရီတေရာ…မၾကာခင္ဆုိ မုိးခ်ဳပ္ေတာ့မည္၊ ျဖစ္ ခ်င္ေတာ့ အရင္လုိလုိ႔ ကားမေစာင့္ပဲ ယုံသလင္းကေန ဆုိင္ကယ္ကယ္ရီ ငွားစီးကာမွ ဆုိင္ကယ္က ရြာအ၀င္လမ္းမွာ ဘီးေပါက္ေတာ့သည္၊ ဒါနဲ႔ပဲ...


 ''ကဲ….မင္း ဆုိင္ကယ္ဘီး ဖာတာလည္း ငါမေစာင့္ႏုိင္ေတာ့ဘူး၊ ဆုိင္ကယ္ဘီး ဖာျပီးရင္ ျပန္ေတာ့၊ ေရာ့ ကယ္ရီခ ေထာင့္ငါးရာ…"
စိတ္ပ်က္ပ်က္နဲ႔ ကိုယ့္အထုပ္ကိုယ္ဆြဲျပီး တစ္ပါးတည္း…ရြာအ၀င္လမ္းကေန လမ္းဆင္းေလွ်ာက္ခဲ့ရသည္...။


 ''အရွင္ ဘုရား၊ မုိးရြာေနတယ္ေလ ဘုရား၊ တပည့္ေတာ္ရဲ႕ တဲေလးမွာ ခဏ ၀င္နားပါဦးလား...ျပီးမွ တပည့္ေတာ္ အရွင္ဘုရားကို စာၾကည့္တုိက္အေရာက္ လုိက္ပုိ႔ပါမယ္…"


 အေရးထဲ အရာထင္ျပန္ေလျပီ၊ အျမန္ေရာက္ခ်င္ေနပါျပီဆုိမွ ေႏြေခါင္ေခါင္ သၾကၤန္မုိးက ရြာအ၀င္မွာ ဆီးၾကိဳျပန္ေလသည္။


''ေနပါေစ..ဒကာၾကီး၊ မုိးခ်ဳပ္ေတာ့မယ္…ေရာက္ေအာင္ပဲ သြားလုိက္ေတာ့မယ္…''


 ''ဖ်ားနာေနပါ့မယ္…အရွင္ဘုရားရယ္၊ အရွင္ဘုရား ကေလးေတြက ဟုိမွာ တစ္ေနကုန္ အရွင္ဘုရား ဒီေန႔လာမယ္ဆုိလုိ႔ ေစာင့္ေနၾကတယ္၊ အိမ္က လူၾကီးေတြက ထမင္းစားဖုိ႔ မနည္းလုိက္ေခၚရတယ္…တဲ့၊ တပည့္ေတာ္ေတာင္ သမီးေလးကို ခုနမွ ထမင္းစားဘို႔ လုိက္ေခၚခဲ့ရတာ၊ ခု ေနာက္ေဖးဘက္ ေရာက္ေနလုိ႔ အရွင္ ဘုရားလာတာ မသိတာ၊ သိရင္ ထခုန္ေနမယ္ေလ…ၾကြပါ အရွင္ဘုရားရယ္၊ မုိးခ်ဳပ္ေတာ့လည္း မပူပါနဲ႔ တပည့္ေတာ္ လုိက္ပို႔ပါမယ္.."


 ဒါနဲ႔ပဲ မတတ္သာသည့္ အဆုံး ရြာအ၀င္နားက လယ္ေစာင့္တဲေလးေပၚသုိ႔ တက္ျပီး မုိးခုိရေတာ့သည္…။


"ဟာ…ဘုန္းဘုနး္ ေရာက္ေနျပီ…"
 

မ်က္စိေရွ႕မွ ခုန္ေပါက္ေျပးလႊားလာေသာ တဲပိုင္ရွင္ ကိုထြန္းဦးရဲ႕ ၈-ႏွစ္ အရြယ္ သမီးငယ္ …ေထြးေထြး…


"ဟုတ္တယ္၊ ဘုန္းဘုန္းေရာက္ေနျပီ…"


"ဘုန္းဘုန္း မုန္႔ပါလား…"


"ပါတာေပါ့ သမီးရဲ႕ ၊ ဒါေပမယ့္  မနက္ျဖန္ သင္တန္းဖြင့္မွ သူမ်ားေတြနဲ႔ အတူတူ စားရမယ္ေနာ္…"


"ဟုတ္ကဲ့ပါ၊ ဘုန္းဘုန္း"


"ဟဲ့ ဟဲ့ သမီး၊ ဘုန္းဘုန္းကို ဟုတ္ကဲ့ လုိ႔ မေျပာရဘူးေလ"…မီးဖုိေခ်ာင္မွာ ထမင္းခ်က္ေနေသာ ေထြးေထြး အေမက လွမ္းဟန္႔သည္။


"ေအာ္ ေမ့လုိ႔၊ တင္ပါ့ ဘုန္းဘုန္း "…ဆုိျပီး သမီးေလး ေထြးေထြး ေခါင္းေလး ပုသြားသည္။
 သမီးေလး ေထြးေထြးကို ၾကည့္ရင္း သင္တန္းမွာ ေထြးေထြးနဲ႔ အရြယ္တူ ထူးျခားတဲ့ သမီးေလး ခ်စ္စႏုိးကုိ သတိယမိသည္။ ေရႊဘုန္းမွာ သင္တန္းဌာန ငါးခု ရွိသည့္ အနက္ ဒီခေမာက္စုသင္တန္းကေတာ့ အခ်က္ အခ်ာအက်ဆုံးျဖစ္သလုိ ေစတနာပန္းခင္း စတင္ခဲ့ရာ ဌာနလည္းျဖစ္တယ္ေလ၊ ဒီရြာမွာ သင္တန္းဖြင့္တာ ဒီႏွစ္နဲ႔ဆုိရင္ သုံးႏွစ္ရွိပါျပီ၊ ဒီသုံးႏွစ္မွာ လုံး၀ ႏွစ္တုိင္း မပ်က္မကြက္ တက္တဲ့ ကေလးေတြထဲမွ အထူးျခားဆုံးက သမီးေလး ခ်စ္စႏုိး။


 ေရႊဘုန္းက စာသင္ေနရင္း နားတဲ့ အခ်ိန္ဆုိ ပုံျပင္ေလးေတြ ေျပာျပ၊ ေနာက္ သူတုိ႔ရဲ႕ အနာဂတ္ အိပ္မက္ေလးေတြကိုေမးရင္း သူတုိ႔ အပ်င္းေျပေစတယ္၊ ပုံျပင္ကေတာ့ သူတုိ႔ သည္းေျခခိုက္ေပါ့…
ဒီမွာ ခဏ၊ ခဏ ခ်စ္စႏုိးနဲ႔ အေပါင္းအသင္းေတြ ေတာင္းဆုိတတ္တာက


"ဘုန္းဘုန္း ၊ သရဲအေၾကာင္း ပုံျပင္ေျပာျပ"


"သရဲအေၾကာင္း ပုံျပင္၊ သမီးတုိ႔က မေၾကာက္ဘူးလား"


 "ေၾကာက္တာေပါ့ ဘုုန္းဘုန္းရဲ႕"


"ဟင္ အဲဒါဆုိ ဘုန္းဘုန္းက သရဲ အေၾကာင္း ပုံျပင္ေျပာျပလုိ႔ သမီးတုိ႔ ေၾကာက္သြားရင္ ဘယ္လုိလုပ္မလဲ"
 အဲဒိေတာ့ ခ်စ္စႏုိးက ခ်စ္စဖြယ္ အမူရာေလးနဲ႔…ေခါင္းေလးကုိ လိမ္ကာ၊ ေစာင္းကာ၊ ပခုံးေလးကုိ တြန္႔ကာ ေျပာတတ္သည္။


"ေၾသာ္ …ေၾကာက္ေတာ့လည္း၊ ဘုန္းဘုန္း သကၤန္းထဲ ၀င္ေနလုိက္မွာေပါ့ ဘုန္းဘုန္းရဲ႕၊….သကၤန္းဆုိ သရဲက လန္႔ျပီး၊ မလာေတာ့ဘူးေလ၊ အဲဒါဆုိ သမီးတုိ႔လည္း မေၾကာက္ေတာ့ဘူးေပါ့''...ေၾသာ္ တတ္လည္း တတ္တဲ့  ကေလးပါလား…။
 တခါတရံ ေရႊဘုန္း က ပုံေျပာေတာ့မယ္လုိ႔ အစခ်ီလုိက္တယ္…


 ''ဟုိး…ေရွးရွးတုန္းက ေ၀သာလီျပည္မွာေပါ့…"
 ပုံျပင္က မစရေသးဘူး…ခ်စ္စႏုိးက တစ္စခန္းထတယ္…


"ဘုန္းဘုန္း၊ ေ၀သာလီ ဆုိတာ သမီးတုိ႔ ရြာမွာ ရွိတဲ့ ဟုိ…ဘဲငန္းေတြ ရွိတဲ့ ေနရာလားဟင္…"


 ေသပါေလေရာ….ေတာဘက္မွာ ေ၀သာလီဆုိတဲ့ ဘဲငန္းတစ္မ်ဳိးရွိတယ္ေလ၊ လည္ပင္းရွည္ရွည္ ၊ ေျခေထာက္ရွည္ရွည္နဲ႔  ကေလးေတြ ေတြ႕ရင္ သူ႕ႏႈတ္သီးနဲ႔ လုိက္ျပီး လိမ္ဆြဲတတ္လုိ႔ ေ၀သာလီ ဘဲငန္းကို ကေလးေတြ ေၾကာက္ၾကတယ္။


"မဟုတ္ပါဘူး၊ သမီးရဲ႕၊ ေ၀သာလီဆုိတာ ခုဘုန္းဘုန္းတုိ႔ ေနတဲ့ ျမန္မာႏုိင္ငံလုိ တစ္ခ်ိန္က လူေတြ ေနတဲ့ တုိင္းျပည္တစ္ခုေလ"


 "ေအာ္ မသိပါဘူး၊ ဘုန္းဘုန္းရယ္၊ သမီးက ေ၀သာလီ ဘဲငန္းေတြပဲ ရွိတဲ့ ေနရလားလုိ႔…လန္႔သြားတာပဲ၊ အဲဒါဆုိလည္း ဆက္ေျပာ…ဆက္ေျပာ"…လုိ႔ သူက ဆရာမၾကီး ေလသံနဲ႔ ဆရာလုပ္တတ္ျပန္သည္၊


 ေရႊဘုန္းက ကေလးေတြရဲ႕ အနာဂတ္ အိပ္မက္ေတြကို ေမးျပီးဆုိရင္ တစ္ခ်ဳိ႕သားေလးတြက စစ္ဗုိလ္ၾကီးျဖစ္ခ်င္တယ္…ေျပာတ့ဲ အခါ ခ်စ္စႏုိးက


 "ဟဲ့…စစ္ဗုိလ္ၾကီး၊ ျဖစ္ရင္ စစ္တုိက္ရမွာေပါ့…"


"ဟ၊ စစ္သားပါဆုိမွ စစ္တုိက္ရမွာေပါ့၊ ဒါအဆန္းလား…"တဖက္က သားေလးကလည္း အရႈံးမေပး ျပန္ေျဖသည္၊ ဒီေတာ့ ခ်စ္စႏုိးက..


"ဟာ၊ နင္ကလည္း စစ္တုိက္ရင္ ေသနတ္ၾကီးေတြနဲ႔ သူမ်ားအသက္ သတ္ရမွာ၊ ငရဲၾကီးမွာေပါ့ဟ၊ ဘုန္းဘုန္း သင္ထားတယ္ေလ…"သူ႕အသက္ကို သိလွ်က္သားနဲ႔ ၊ ေဒါသ စိတ္ထားေသေစလုိ"….အဲဒါ နင္မရဘူးလား.."
အဲလုိဥာဏ္ရႊင္တဲ့ ကေလးပါ၊ တစ္ဖက္ကလည္း ျပန္ေမးတယ္၊


"အဲဒါဆုိ နင္ေရာ ၾကီးလာရင္ ဘာလုပ္မလဲ"


"ငါက ၾကီးလာရင္ ဆရာမၾကီးလုပ္မွာ…"
 "သမီးက ဘာျဖစ္လုိ႔ ဆရာမၾကီးျဖစ္ခ်င္တာလဲ ေျဖစမ္းပါဦး"… ေရႊဘုန္းက ၀င္ေထာက္ေပးလုိက္တယ္။


"သမီးက ဘာျဖစ္လုိ႔ ဆရာမၾကီးျဖစ္ခ်င္တာလဲဆုိေတာ့…ဘုန္းဘုန္းလုိ စာသင္ခ်င္လုိ႔ေပါ့၊ ျပီးရင္ ဆရာမၾကီးဆုိေတာ့ အာဏာရွိတယ္ေလ ဘုန္းဘုန္းရဲ႕၊ အဲဒီေတာ့ အိမ္မွာ ေဖေဖ အရက္ေသာက္ရင္ မေသာက္နဲ႔လုိ႔ေျပာလုိ႔ ရတာေပါ့…"
 

ကေလးေတြရဲ႕ ဘ၀ပုံရိပ္က လႊမ္းမုိးထားတဲ့ အနာဂတ္ အိပ္မက္ေလးေတြပါ…တစ္ခါမွာေတာ့ ကေလးတစ္ေယာက္ ရဲ႕ အနာဂတ္ အိပ္မက္အေျဖေၾကာင့္ ေရႊဘုန္း မ်က္စိျပဴးရသည္။


"ကဲ…ေျပာပါဦး၊ သားေလး ျပည့္ျဖဳိးကေရာ…သားၾကီးလာရင္ ဘာျဖစ္ခ်င္လဲ…"


 "သား ၾကီးလာရင္ ၊ ဘုရားျဖစ္ခ်င္တယ္…ဘုန္းဘုန္း"
 မ်က္လုံးေရာ မ်က္ဆံေရာ ရွိသမွ် အကုန္ျပဴးရေတာ့သည္…ဒီမွာလည္း ခ်စ္စႏုိးက မေန၊ ပက္ခနဲ ၀င္ေထာက္တယ္၊


"ဟာ…နင္ကလည္းဟာ၊ မဟုတ္က ဟုတ္က၊ ဘုရားျဖစ္ခ်င္တယ္ဆုိရင္ နင္ငရဲၾကီးလိမ့္မယ္.."


"သမီး၊ အဲလုိ မေျပာရဘူးေလ…သူမ်ား ရဲ႕ အေတြးဆုိတာ ေလးစားရတယ္…သမီးရဲ႕…"လုိ႔ ဟန္႔လုိက္ေတာ့ ဇက္ကေလးပုျပီး ျငိမ္သြားတယ္၊


"ကဲ…ေျပာပါဦး သားက ဘာလုိ႔ ဘုရားျဖစ္ခ်င္တာလဲ…ဘုနး္ဘုန္းကို ေျပာျပေလ…."


"သား ၾကီးလာလုိ႔ ဘုရားျဖစ္ရင္၊ သားတုိ႔ ရြာၾကီးကို ဟုိး…သာတုိ႔ ၾကည့္ရတဲ့ ဗီြဒီယုိေတြထဲက ႏုိင္ငံျခားတုိင္းျပည္ေတြလုိ တုိးတက္သြားေအာင္ ဟပ္ခ်ေလာင္း…လု႔ိ ဖန္ဆင္းပစ္လုိက္မွာ…"


 ေၾသာ္ … ကေလးေတြရဲ႕ အေတြးထဲမွာ ျမတ္စြာဘုရားကို တန္ခုိးရွင္လုိ႔ ထင္မွတ္ေနၾကတာကိုး၊ ဘာပဲျဖစ္ျဖစ္ အေတြးေလးကိုေတာ့ ေလးစားသြားမိတယ္…


"မဟုတ္ေသးဘူး၊ သားရဲ႕ ဘုန္းဘုန္းေျပာျပမယ္ေနာ္၊ ဘုန္းဘုန္းတုိ႔ ဘုရားက သားထင္သလုိ ဟပ္ခ်ေလာင္း ဘုရားမဟုတ္ဘူး ၊ ဘုန္းဘုန္းတုိ႔ ဘုရားက သူျဖစ္ခ်င္တာကို မရမေန က်င့္ယူတဲ့ ဘုရား၊ အဒီေတာ့ သားလည္း သားတုိ႔ ရြာၾကီးကို တုိးတက္ေစခ်င္တယ္ဆုိရင္ သူေဌးျဖစ္ေအာင္ ၾကိဳးစား ၊ သား သူေဌးၾကီးျဖစ္ျပီဆုိရင္ သားတုိ႔ရြာကို တုိးတက္ေအာင္ လုပ္လုိ႔ရတာေပါ့…ဟုတ္ဘူးလား…"


 "ဟုတ္ပါတယ္ ဘုန္းဘုန္း၊ အဲဒါဆုိ သား သူေဌးၾကီးျဖစ္ေအာင္ပဲ ၾကိဳးစားေတာ့မယ္…"
 သူတုိ႔ နားလည္ေလာက္တဲ့ စကားေလးနဲ႔ ရွင္းျပလုိက္ေတာ့လည္း နားလည္သြားၾကတာပါပဲ၊ တခါတရံ ေရႊဘုန္းက ပုံေျပာရင္းနဲ႔ စကားညွပ္ျပီး ဆုံးမတတ္တယ္၊


"သားတုိ႔ သမီးတုိ႔ လမ္းသြားလုိ႔ လူၾကီးသူမေတြ ေတြ႕ရင္ ၀င္မတုိက္ရဘူးေနာ္၊ ေနာက္ ဘုန္းဘုန္းေတြ ေတြ႕ရင္လည္း အရိပ္ကို မနင္းရဘူး၊ အရိပ္ေရွာင္ျပီး သြားရမယ္" ဆုိေတာ့ ခ်စ္စႏုိးက ဘယ္ေနပါ့မလဲ။


 "ဟာ…ဘုန္းဘုန္းကလည္း တခ်ဳိ႕ ဘုန္းဘုန္းေတြက ဆုိင္ကယ္နဲ႔ သြားတာ၊ သမီးတုိ႔က သူတုိ႔ အရိပ္ ေရွာင္ရေအာင္ ဘယ္လုိ လုိက္ရွာရမလဲ" မွတ္ကေရာ၊ ေရႊဘုန္းေရ ၊ ခံေပေရာ့…။
အျမဲတမ္း သူတုိ႔ေလးေတြ လိမ္မာေစဘုိ႔ သူတုိ႔ မွတ္မိလြယ္တဲ့ ဥပမာေလးေတြနဲ႔လည္း ခုိင္းႏႈိင္းျပီး ဆုံးမရေသးတယ္…။


 "ဘုန္းဘုန္း ေျပာမယ္၊ သားတုိ႔ သမီးတုိ႔ မွတ္ထားေနာ္၊ ခု သာတုိ႔၊ သမီးတုိ႔ အရြယ္က ၅-ႏွစ္၊ ေျခာက္ႏွစ္ကေန ၁၂ ႏွစ္ထိ၊ ဒီ အရြယ္ေတြဟာ ဘာေလးေတြနဲ႔ တူလဲဆုိေတာ့ ပန္းကေလးေတြနဲ႔ တူတယ္…ကဲ ေျပာပါဦး သားတုိ႔ သမီးတုိ႔ဟာ ဘာေလးေတြနဲ႔တူ…"


 "ပန္းကေလးေတြနဲ႔ တူပါတယ္ ဘုရား" …သံျပဳိင္ေအာ္ၾကသည္။


 "ဟုတ္တယ္...ဒါေၾကာင့္ ဘုန္းဘုန္းတုိ႔ သင္တန္းကို ေစတနာပန္းခင္းလုိ႔ ေပးထားတာေပါ့၊ ပန္းကေလးေတြဆုိတာ အစြမ္း သတၱိ သုံးမ်ဳိးရွိတယ္၊ အဲဒါေတြက  (၁) ပန္းကေလးေတြဆုိတာ ကိုင္ၾကည့္ရင္ ႏူးညံ့တယ္၊ အဲဒီေတာ့ သားတုိ႔ ၊ သမီးတုိ႔ အမူရာေလးေတြကလည္း ႏူးညံ့ရမယ္၊ မဆဲရဘူး၊ မရုိင္းရဘူး၊ ရန္မျဖစ္ရဘူးေနာ္"


"တင္ပါ့ ဘုန္းဘုန္း"


"ေနာက္ နံပါတ္ (၂)က ပန္းကေလးေတြဆုိတာ နမ္းၾကည့္ရင္ ေမႊးတယ္၊ အဲဒီေတာ့ သားတုိ႔ သမီးတုိ႔ ဂုဏ္သတင္းဟာလည္း ေမႊးေနရမယ္၊ ဟာ ဘယ္သူ႕သားေလး၊ ဘယ္သူ႕ သမီးေလးကေတာ့ လိမ္မာလုိက္တာဆုိရင္ ဒါေမႊးတာေပါ့…ဟုတ္ဘူးလား၊ သားတုိ႔၊ သမီးတုိ႔…"


"ဟုတ္ပါတယ္၊ ဘုန္းဘုန္း…" ကိုယ့္ကေလးေတြနဲ႔ ကုိယ္ကေတာ့ ဟုတ္ ေနတာပဲ၊


"အဲ…ေနာက္ဆုံး တစ္ခုက ပန္းကေလးေတြက ျမင္သူတကာကုိ ႏွစ္သက္ေစတယ္၊ အဲဒီေတာ့ သားတုိ႔ သမီးတုိ႔ဟာ လိမ္မာမယ္၊ ယဥ္ေက်းမယ္၊ ႏူးညံ့မယ္ဆုိရင္ ျမင္သူတကာကို၊ ႏွစ္သက္ေစမယ္၊ လူတုိင္းကလည္း ခ်စ္မယ္ဆုိရင္ ခုလုိ သင္တန္းေတြလည္း တက္ရတယ္၊ မုန္႔ေတြလည္း မစားရဘူးလား"


 "စားရပါတယ္…ဘုန္ဘုန္း၊…ေနာက္လည္း အျမဲစားခ်င္ပါတယ္..ဘုန္းဘုန္း…"
 

ဒီလုိ အပုိေလးကလည္း ထည့္လုိက္ေသး၊ ၾကည့္လုိက္ေတာ့ ဇာတ္လုိက္မင္းသမီး ခ်စ္စႏုိး၊ ဒါေပမယ့္ ဒီအထိ သူ ခပ္တည္တည္နဲ႔ မ်က္လုံးေလး ၀ုိင္းလုိက္၊ ဇက္ကေလးပုလုိက္နဲ႔ ေျပာသမွ်ကို နားေထာင္ေနေသးတယ္၊ ေရႊဘုန္း ရီစရာ ဟာသေႏွာျပီဆုိရင္ေတာ့ သူက အျငိမ္မေနေတာ့၊ ေစာဒက တက္တတ္သည္။


"အဲဒိေတာ့ သားေလးေတြက ဘာပန္းေလးေတြနဲ႔တူလဲ သိလား"


"မသိပါဘူး ဘုန္းဘုန္း"


"အဲဒါဆုိ ဘုန္းဘုန္းေျပာမယ္၊ သားေလးေတြက ေရႊပန္းေလးေတြနဲ႔ တူတယ္"
 ေပ်ာ္ေစဘို႔ ဟာသေလးေႏွာေတာ့ သူတုိ႔ ေ၀ါခနဲ႔ ပြဲၾက ၾကတယ္ေလ၊ အဲဒိေတာ့ သမီးေလးေတြက ရွက္သလုိလုိ ေခါင္းေလးေတြ ငုံ႔ထားၾကတယ္၊


 "ကဲ…သမီးေလးေတြကေရာ ဘာပန္းေလးေတြနဲ႔တူလဲ သိလား…"
 သားေတြက အျငိမ္မေန ရြတတျဖစ္လာတယ္၊ ဒါေပမယ့္ သမီးေတြကေတာ့ ခပ္တည္တည္ပဲ


"မသိပါ ဘုန္းဘုန္း"…တဲ့…အဲဒိေတာ့ ေရႊဘုန္းက ဆက္ေျပာတယ္…။


"မသိရင္ ဘုန္းဘုန္းေျပာမယ္၊ သမီးတုိ႔မွာ ေရႊပန္းရွိလား၊ ေအး ေရႊပန္းမရွိေတာ့ ေငြပန္းေပါ့…"
 တစ္ခန္းလုံး ေ၀ါခနဲ ရယ္ၾကပါေလေရာ…ရယ္သံေတြဆုံးေတာ့ ေဒၚခ်စ္စႏုိးက ထုံးစံအတိုင္း  ဘယ္အျငိမ္ေနပါ့မလဲ...သူ႕စရုိက္အတုိင္း…ေရႊဘုန္းကို မ်က္ေစာင္းေလးထုိးျပီးေတာ့….


"ဘုန္းဘုန္းေနာ္၊ ဘုန္းဘုန္း ငရဲၾကီးလိမ့္မယ္…သူမ်ားေတြကုိ ရွက္စရာေတြ လုိက္ေျပာေနတယ္"…တဲ့။
 သူက ဒီလုိလည္း ခ်စ္စရာေကာင္းေလာက္ေအာင္ တုန္႔ျပန္တတ္ေသး၊ သူ႕မွာ အထူးျခားဆုံးက အျမဲျပံဳးေနတတ္တာ၊ ေရႊဘုန္းကို ဘယ္ေနရာမွာ ေတြ႕ေတြ႕ …ဘုန္းဘုန္းေရ… ဆုိျပီး ေျပးထြက္လာတယ္၊


"ဘုန္းဘုန္း ဘယ္သြားမလုိ႔လဲ…"


"ေအာ္ ဘယ္ရယ္ မဟုတ္ပါဘူး၊ သမီးရယ္၊ ဘုန္းဘုန္း ေညာင္းလုိ႔ လမ္းေလွ်ာက္တာပါ"


"အဲဒါဆုိ သမီးလည္း လုိက္မယ္ေနာ္…"ဆုိျပီး အနားက ကပ္ပါလာတတ္တယ္၊ ဒီလုိ ကပ္ပါလာရင္လည္း ပါစပ္က အျငိမ္မေန၊ သူသိတာ မွန္သမွ် တတြတြတ္ေျပာသြားေတာ့တာပဲ။


"ဘုန္းဘုန္း ၊ ဒါ ဘစီတုိ႔ အိမ္ေလ၊ အံမယ္ ဘုန္းဘုန္း ဘစီကိုရုိက္ေနာ္၊ သူက ငယ္ငယ္ေလးနဲ႔ ဧကရီျမတ္ကို ရီးစားစာ ေပးတယ္…"


 "အဟဲ၊ ဟုတ္လုိ႔လား သမီးရဲ႕ "


 "ဘုန္းဘုန္း မယုံရင္ သူ႕ေမးၾကည့္ပါလား…အင္းေလ သူက ဘုန္းဘုန္း ေမးရင္ေတာ့ အမွန္တုုိင္း ဘယ္ေျဖပါ့မလဲ၊ ေတာ္ၾကာ သမီးက ညာေျပာသလုိ ျဖစ္ေနပါ့မယ္…"
 တစ္ခါကလည္း လမ္းေလွ်ာက္ရင္း သူေပါက္ကရ ေမးတဲ့ ေမးခြန္းကို ၾကည့္ပါဦး၊ လမ္းမွာ မုိးတြင္းဆုိေတာ့ ေခ်ာေနတဲ့ လမ္းကို ၾကည့္ျပီး သတိထား ငုံ႔ေလွ်ာက္ရင္း သူေမးလုိက္တာက..


"ဘုန္းဘုန္း အဲဒီတီေကာင္ေလးက ဘယ္သြားေနတာလဲဟင္"…အဲလုိလည္းေပါက္ေပါက္ရွာရွာလည္း ေမးတတ္တဲ့ ခ်စ္စႏုိးပါ။


 "ဘုန္းဘုန္း၊ သမီး ႏွစ္တုိင္း သင္တန္းတက္မွာေနာ္…သမီးကိုႏွစ္တုိင္း ဘုန္းဘုန္းရဲ႕ သင္တန္းသူ အျဖစ္လက္ခံရမယ္ေနာ္"


"ေအာ္…လက္ခံမွာေပါ့ သမီးရဲ႕၊ သမီးကသာ အပ်ဳိၾကီးျဖစ္သြားလုိ႔ ရည္းစားေတြ ဘာေတြ ရသြားရင္ ဘုန္းဘုန္း သင္တန္းကို တက္မွာ ဟုတ္ေတာ့ဘူး"


"အဲဒိ ဘုန္းဘုန္းကေလ၊ မဟုတ္တာဆုိ သိပ္ေျပာတာပဲ၊ ဘုန္းဘုန္းပဲ ေျပာထားတယ္ေလ၊ ရည္းစားထားရင္ ငရဲၾကီးတယ္ဆုိ…ဘုနး္ဘုန္းေနာ္..ကိုယ့္ဟာကိုယ္ ေျပာထားျပီးေတာ့ ေမ့ေနတယ္၊ ဘုန္းဘုန္း ငရဲၾကီးလိမ့္မယ္"
 

မွတ္ကေရာ..ခ်စ္စႏုိးကေတာ့ တကယ္မလြယ္တာ…ကုိယ့္တုတ္နဲ႔ ကုိယ့္ျပန္ အရုိက္ခံရတယ္ဆုိတာ ခ်စ္စႏုိးနဲ႔ ေတြ႕မွ တစ္ကယ္ လက္ေတြ႕ ခံရေတာ့တယ္၊ အဲဒိလုိ ခ်စ္စရာေကာင္းတဲ့ သမီးေလးဟာ ဒီႏွစ္ သင္တန္းခ်ိန္နီးကာမွ သူ႕အေမက ေဆြမ်ဳိးေတြရွိတဲ့ အလြန္ေ၀းလံတဲ့ အရပ္တစ္ခုကို ေခၚသြားတယ္လုိ႔ သတင္းၾကားရတယ္ေလ၊ ခ်စ္စႏုိး မရွိရင္ေတာ့ ဒီႏွစ္သင္တန္းကေတာ့ ပ်င္းေျခာက္ေျခာက္ျဖစ္ ေနေတာ့မွာပဲ…လုိ႔ စိတ္ထဲက ေတြးမိလိုက္တယ္၊


 "ဦးဇင္း၊ ဦးဇင္း ဘာေတြ ေတြးေနတာလဲ၊ စာၾကည့္တုိက္ေရာက္ေနျပီေလ…ေက်ာ္ေတာင္ သြားေတာ့မလားပဲ"
 

ကိုယ့္အေတြးနဲ႔ ကိုယ္ စာၾကည့္တုိက္ကို အလ်င္စလုိ ေရာက္ခ်င္ေဇာနဲ႔ မုိးစဲေတာ့ လယ္ေစာင့္တဲေလးက ကုိထြန္းဦးကို လုိက္မပို႔ခုိင္းေတာ့ပဲ တစ္ပါးတည္း ေလွ်ာက္လာတာ အေတြးလြန္ျပီး စာၾကည့္တုိက္ လြန္သြားေတာ့မလုိ႔၊ ရဟန္းအစ္မျဖစ္သူ ဆရာမက ထြက္ေခၚမွ အေတြးစျပတ္သြားတယ္၊ စာၾကည့္တုိက္ထဲ၀င္ ဘုရားဦးခ်ျပီးရုံရွိေသး ဆရာမက ဆီးေျပာတယ္။


 "ဦးဇင္းေရ၊ ေမာေမာပန္းပန္းနဲ႔ပဲ ေျပာရေတာ့မွာပဲ၊ ခ်စ္စႏုိးေလ၊ မေန႔က သူ႕အေမရဲ႕ ေဆြမ်ဳိးေတြဆီက ျပန္လာရင္း ေညာင္တုန္းကို တဆင့္၀င္တာ၊ အဲဒါ ျမစ္ဆိပ္မွာ ေရခ်ဳိးရင္း ေရနစ္လုိ႔ ဆုံးရွာတယ္…"


 ရင္ထဲဆူးခနဲ နာသြားတယ္၊ ခုနပဲ လမ္းေလွ်ာက္ရင္း သူ႕အေၾကာင္း တစ္လမ္းလုံး ေတြးလာတာ…ျဖစ္ရေလ သမီးေလးရယ္၊ ဒီအခ်ိန္မွာပဲ မ်က္ရည္ စက္လက္နဲ႔ ခ်စ္စႏုိးနဲ႔ အတူေန အေဒၚျဖစ္သူက ၀င္လာျပီး ေျပာပါေတာ့တယ္၊



 "ဦးဇင္းေလးေရ၊ တူမေလးကုိက အျဖစ္ဆုိးပါတယ္၊ သူ႕အေမ မေကာင္းတာေပါ့၊ ကေလးက ဦးဇင္းေလး သင္တန္း နီးေနျပီ ျပန္ရေအာင္ဆုိျပီး အတင္းပူဆာျပီး ျပန္လာၾကတာ၊ ဒီကို တန္းျပန္ပါေတာ့လား၊ အဲဒါ ေညာင္တုနး္မွာ ရွိတဲ့ ေဆြမ်ဳိးေတြဆီ တဆင့္ ၀င္လည္ျပန္သတဲ့ေလ၊ အဲဒိမွာ ညေန ကားလက္မွတ္ျဖတ္ျပီး ေန႔လည္ သူ႕ ဦးေလးေတြနဲ႔ ျမစ္ဆိပ္မွာ ေရဆင္းခ်ဳိးလုိက္တာ၊ ေရနစ္ေသပါေလေရာလား…ဦးဇင္းေလးရယ္၊ အျဖစ္ဆုိးလုိက္တဲ့ သမီးေလး"


"ခု သမီးေလး ဘယ္မွာလဲ"



"တပည့္ေတာ္ အိမ္ကုိ မရရေအာင္ ျပန္ျပီး သယ္ခုိင္းထားတယ္၊ ဒီညေရာက္မယ္ ဘုရား၊ ဒီႏွစ္ေတာ့ ဦးဇင္းေလးရဲ႕ သင္တန္းဖြင့္ပြဲဟာ သမီးေလး ခ်စ္စႏုိးရဲ႕ အသုဘနဲ႔တုိးေနပါေရာ့လား၊ သမီးေရ...ထၾကည့္ပါဦး၊ သမီးရဲ႕ ဘုန္းဘုန္း ေရာက္ေနျပီေလ…"

 
ခ်စ္စႏုိးအေဒၚခမ်ာ အသံမထြက္ႏုိင္ရွာေတာ့ေပ၊ ေရႊဘုန္းလည္း ရင္ထဲမွာဆုိ႔ေနတာ ဘာေျပာလုိ႔ ေျပာရမွန္းပင္ မသိေတာ့၊ ေျပာသမွ် နားသာ ေထာင္ေနမိေတာ့တယ္..။


"ဦးဇင္းေလးရယ္…ဖတ္ၾကည့္ပါဦး၊ ေဟာဒီမွာေလ ဟုိတစ္ေလာက သူ႕ဘုန္းဘုန္း လာရင္ ေပးဖုိ႔ဆုိျပီး လူၾကဳံနဲ႔ ထည့္ေပးလုိက္တဲ့ သမီးေလးရဲ႕ စာေလး ဖတ္ၾကည့္ပါဦး ဦးဇင္းေလးရယ္.." တြန္႔လိမ္ေနတဲ့ လက္ေရးနဲ႔ ေရးထားတဲ့ စာရြက္ပိုင္းေလးကို ကိုင္ထားတဲ့ ေရႊဘုန္းရဲ႕ လက္ေတြ တဆတ္ဆတ္ တုန္ေနပါေတာ့တယ္...


သုိ႔ .... ဘုန္းဘုန္း…

          သမီး စာေရးလုိက္ပါတယ္၊ ဘုန္းဘုန္းေရ…ဒီအခ်ိန္ဆုိရင္ ဘုန္းဘုန္း သင္တန္း ဖြင့္ေတာ့မယ္ေနာ္၊ သမီးကေတာ့ အေ၀းၾကီးကိုေရာက္ေနတယ္ ဘုန္းဘုန္းရဲ႕ ၊ သမီးက မလုိက္ခ်င္ပါဘူး ဘုန္းဘုန္း ရယ္၊ ေမေမေပါ့၊ သူ႕အမ်ဳိးေတြဆီ သြားရေအာင္ဆုိျပီး..အတင္းေခၚတာ၊ သမီးက ဘုန္းဘုန္း သင္တန္းေရာက္ေတာ့မယ္၊ မလုိက္ခ်င္ပါဘူးဆုိတာကုိ မရဘူးေလ၊ ဒါေပမယ့္ ဘုန္းဘုန္း စိတ္ခ်ေနာ္…သမီး သင္တန္း အမွီေရာက္ေအာင္ ျပန္လာခဲ့မယ္၊ သမီးကုိ ဘုန္းဘုန္း စိတ္မဆုိးရဘူးေနာ္… သင္တန္း နည္းနည္း ေနာက္က်ရင္လည္း ဘုန္းဘုန္း သမီးကို မဆူရဘူးေနာ္…ခု ေမေမ့ကို သင္တန္း အမွီ အေရာက္ျပန္ဖုိ႔ ပူဆာျပီးသြားျပီ ဘုန္းဘုန္းရဲ႕၊ သမီး ဘုန္းဘုန္းဆီ အေရာက္ျပန္လာမယ္ေနာ္… ဘုန္းဘုန္း ေမွ်ာ္ေနေနာ္…


ဘုန္းဘုန္းကို ခ်စ္တဲ့...
                           သမီးေလး ခ်စ္စႏုိး…


"ဟင္…ဒါဆုိရင္ ေစာေစာက ရြာအ၀င္လမ္းမွာ ၾကားလုိက္တဲ့ အသံက…."

ေအာ္…သမီးေလးရယ္….
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေရႊဘုန္း (ေစတနာပန္းခင္း)

#Unicode Version#
'ဘုန်းဘုန်းရေ….''


ကိုယ်အတွေးနဲ့ကိုယ် အလျင်စလို လျှောက်လာတုန်း…အရမ်းရင်းနှီးနေတဲ့ သမီးလေးတစ်ယောက်ရဲ့ အသံကြောင့် နောက်ကို လှည့်ကြည့်မိသည်…
 ''ဟင်…ဘယ်သူမှလည်း မရှိပါလား…"

သြော်...ငါ့နှယ်နော်…ကလေးတွေဆီ ရောက်ချင်ဇော အားကြီးနေတာနဲ့ပဲ အကြားအာရုံတွေက အရင် ရောက်နှင့်နေပါပေါ့လား၊ တကယ်ဆိုရင် ဒီအချိန်က သင်တန်းဌာန ဖြစ်တဲ့ ခမောက်စု ရွာလေး ကို  ရောက်နေသင့်ပြီလေ…၊ အချိန်က နေဝင်ရီတရော…မကြာခင်ဆို မိုးချုပ်တော့မည်၊ ဖြစ် ချင်တော့ အရင်လိုလို့ ကားမစောင့်ပဲ ယုံသလင်းကနေ ဆိုင်ကယ်ကယ်ရီ ငှားစီးကာမှ ဆိုင်ကယ်က ရွာအဝင်လမ်းမှာ ဘီးပေါက်တော့သည်၊ ဒါနဲ့ပဲ...


 ''ကဲ….မင်း ဆိုင်ကယ်ဘီး ဖာတာလည်း ငါမစောင့်နိုင်တော့ဘူး၊ ဆိုင်ကယ်ဘီး ဖာပြီးရင် ပြန်တော့၊ ရော့ ကယ်ရီခ ထောင့်ငါးရာ…"
စိတ်ပျက်ပျက်နဲ့ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး တစ်ပါးတည်း…ရွာအဝင်လမ်းကနေ လမ်းဆင်းလျှောက်ခဲ့ရသည်...။


 ''အရှင် ဘုရား၊ မိုးရွာနေတယ်လေ ဘုရား၊ တပည့်တော်ရဲ့ တဲလေးမှာ ခဏ ဝင်နားပါဦးလား...ပြီးမှ တပည့်တော် အရှင်ဘုရားကို စာကြည့်တိုက်အရောက် လိုက်ပို့ပါမယ်…"


 အရေးထဲ အရာထင်ပြန်လေပြီ၊ အမြန်ရောက်ချင်နေပါပြီဆိုမှ နွေခေါင်ခေါင် သင်္ကြန်မိုးက ရွာအဝင်မှာ ဆီးကြိုပြန်လေသည်။


''နေပါစေ..ဒကာကြီး၊ မိုးချုပ်တော့မယ်…ရောက်အောင်ပဲ သွားလိုက်တော့မယ်…''


 ''ဖျားနာနေပါ့မယ်…အရှင်ဘုရားရယ်၊ အရှင်ဘုရား ကလေးတွေက ဟိုမှာ တစ်နေကုန် အရှင်ဘုရား ဒီနေ့လာမယ်ဆိုလို့ စောင့်နေကြတယ်၊ အိမ်က လူကြီးတွေက ထမင်းစားဖို့ မနည်းလိုက်ခေါ်ရတယ်…တဲ့၊ တပည့်တော်တောင် သမီးလေးကို ခုနမှ ထမင်းစားဘို့ လိုက်ခေါ်ခဲ့ရတာ၊ ခု နောက်ဖေးဘက် ရောက်နေလို့ အရှင် ဘုရားလာတာ မသိတာ၊ သိရင် ထခုန်နေမယ်လေ…ကြွပါ အရှင်ဘုရားရယ်၊ မိုးချုပ်တော့လည်း မပူပါနဲ့ တပည့်တော် လိုက်ပို့ပါမယ်.."


 ဒါနဲ့ပဲ မတတ်သာသည့် အဆုံး ရွာအဝင်နားက လယ်စောင့်တဲလေးပေါ်သို့ တက်ပြီး မိုးခိုရတော့သည်…။


"ဟာ…ဘုန်းဘုန်း ရောက်နေပြီ…"


မျက်စိရှေ့မှ ခုန်ပေါက်ပြေးလွှားလာသော တဲပိုင်ရှင် ကိုထွန်းဦးရဲ့ ၈-နှစ် အရွယ် သမီးငယ် …ထွေးထွေး…


"ဟုတ်တယ်၊ ဘုန်းဘုန်းရောက်နေပြီ…"


"ဘုန်းဘုန်း မုန့်ပါလား…"


"ပါတာပေါ့ သမီးရဲ့ ၊ ဒါပေမယ့်  မနက်ဖြန် သင်တန်းဖွင့်မှ သူများတွေနဲ့ အတူတူ စားရမယ်နော်…"


"ဟုတ်ကဲ့ပါ၊ ဘုန်းဘုန်း"


"ဟဲ့ ဟဲ့ သမီး၊ ဘုန်းဘုန်းကို ဟုတ်ကဲ့ လို့ မပြောရဘူးလေ"…မီးဖိုချောင်မှာ ထမင်းချက်နေသော ထွေးထွေး အမေက လှမ်းဟန့်သည်။


"အော် မေ့လို့၊ တင်ပါ့ ဘုန်းဘုန်း "…ဆိုပြီး သမီးလေး ထွေးထွေး ခေါင်းလေး ပုသွားသည်။
 သမီးလေး ထွေးထွေးကို ကြည့်ရင်း သင်တန်းမှာ ထွေးထွေးနဲ့ အရွယ်တူ ထူးခြားတဲ့ သမီးလေး ချစ်စနိုးကို သတိယမိသည်။ ရွှေဘုန်းမှာ သင်တန်းဌာန ငါးခု ရှိသည့် အနက် ဒီခမောက်စုသင်တန်းကတော့ အချက် အချာအကျဆုံးဖြစ်သလို စေတနာပန်းခင်း စတင်ခဲ့ရာ ဌာနလည်းဖြစ်တယ်လေ၊ ဒီရွာမှာ သင်တန်းဖွင့်တာ ဒီနှစ်နဲ့ဆိုရင် သုံးနှစ်ရှိပါပြီ၊ ဒီသုံးနှစ်မှာ လုံး၀ နှစ်တိုင်း မပျက်မကွက် တက်တဲ့ ကလေးတွေထဲမှ အထူးခြားဆုံးက သမီးလေး ချစ်စနိုး။


 ရွှေဘုန်းက စာသင်နေရင်း နားတဲ့ အချိန်ဆို ပုံပြင်လေးတွေ ပြောပြ၊ နောက် သူတို့ရဲ့ အနာဂတ် အိပ်မက်လေးတွေကိုမေးရင်း သူတို့ အပျင်းပြေစေတယ်၊ ပုံပြင်ကတော့ သူတို့ သည်းခြေခိုက်ပေါ့…
ဒီမှာ ခဏ၊ ခဏ ချစ်စနိုးနဲ့ အပေါင်းအသင်းတွေ တောင်းဆိုတတ်တာက


"ဘုန်းဘုန်း ၊ သရဲအကြောင်း ပုံပြင်ပြောပြ"


"သရဲအကြောင်း ပုံပြင်၊ သမီးတို့က မကြောက်ဘူးလား"


 "ကြောက်တာပေါ့ ဘုုန်းဘုန်းရဲ့"


"ဟင် အဲဒါဆို ဘုန်းဘုန်းက သရဲ အကြောင်း ပုံပြင်ပြောပြလို့ သမီးတို့ ကြောက်သွားရင် ဘယ်လိုလုပ်မလဲ"
 အဲဒိတော့ ချစ်စနိုးက ချစ်စဖွယ် အမူရာလေးနဲ့…ခေါင်းလေးကို လိမ်ကာ၊ စောင်းကာ၊ ပခုံးလေးကို တွန့်ကာ ပြောတတ်သည်။


"သြော် …ကြောက်တော့လည်း၊ ဘုန်းဘုန်း သင်္ကန်းထဲ ဝင်နေလိုက်မှာပေါ့ ဘုန်းဘုန်းရဲ့၊….သင်္ကန်းဆို သရဲက လန့်ပြီး၊ မလာတော့ဘူးလေ၊ အဲဒါဆို သမီးတို့လည်း မကြောက်တော့ဘူးပေါ့''...သြော် တတ်လည်း တတ်တဲ့  ကလေးပါလား…။
 တခါတရံ ရွှေဘုန်း က ပုံပြောတော့မယ်လို့ အစချီလိုက်တယ်…


 ''ဟိုး…ရှေးရှးတုန်းက ဝေသာလီပြည်မှာပေါ့…"
 ပုံပြင်က မစရသေးဘူး…ချစ်စနိုးက တစ်စခန်းထတယ်…


"ဘုန်းဘုန်း၊ ဝေသာလီ ဆိုတာ သမီးတို့ ရွာမှာ ရှိတဲ့ ဟို…ဘဲငန်းတွေ ရှိတဲ့ နေရာလားဟင်…"


 သေပါလေရော….တောဘက်မှာ ဝေသာလီဆိုတဲ့ ဘဲငန်းတစ်မျိုးရှိတယ်လေ၊ လည်ပင်းရှည်ရှည် ၊ ခြေထောက်ရှည်ရှည်နဲ့  ကလေးတွေ တွေ့ရင် သူ့နှုတ်သီးနဲ့ လိုက်ပြီး လိမ်ဆွဲတတ်လို့ ဝေသာလီ ဘဲငန်းကို ကလေးတွေ ကြောက်ကြတယ်။


"မဟုတ်ပါဘူး၊ သမီးရဲ့၊ ဝေသာလီဆိုတာ ခုဘုန်းဘုန်းတို့ နေတဲ့ မြန်မာနိုင်ငံလို တစ်ချိန်က လူတွေ နေတဲ့ တိုင်းပြည်တစ်ခုလေ"


 "အော် မသိပါဘူး၊ ဘုန်းဘုန်းရယ်၊ သမီးက ဝေသာလီ ဘဲငန်းတွေပဲ ရှိတဲ့ နေရလားလို့…လန့်သွားတာပဲ၊ အဲဒါဆိုလည်း ဆက်ပြော…ဆက်ပြော"…လို့ သူက ဆရာမကြီး လေသံနဲ့ ဆရာလုပ်တတ်ပြန်သည်၊


 ရွှေဘုန်းက ကလေးတွေရဲ့ အနာဂတ် အိပ်မက်တွေကို မေးပြီးဆိုရင် တစ်ချို့သားလေးတွက စစ်ဗိုလ်ကြီးဖြစ်ချင်တယ်…ပြောတဲ့ အခါ ချစ်စနိုးက


 "ဟဲ့…စစ်ဗိုလ်ကြီး၊ ဖြစ်ရင် စစ်တိုက်ရမှာပေါ့…"


"ဟ၊ စစ်သားပါဆိုမှ စစ်တိုက်ရမှာပေါ့၊ ဒါအဆန်းလား…"တဖက်က သားလေးကလည်း အရှုံးမပေး ပြန်ဖြေသည်၊ ဒီတော့ ချစ်စနိုးက..


"ဟာ၊ နင်ကလည်း စစ်တိုက်ရင် သေနတ်ကြီးတွေနဲ့ သူများအသက် သတ်ရမှာ၊ ငရဲကြီးမှာပေါ့ဟ၊ ဘုန်းဘုန်း သင်ထားတယ်လေ…"သူ့အသက်ကို သိလျှက်သားနဲ့ ၊ ဒေါသ စိတ်ထားသေစေလို"….အဲဒါ နင်မရဘူးလား.."
အဲလိုဉာဏ်ရွှင်တဲ့ ကလေးပါ၊ တစ်ဖက်ကလည်း ပြန်မေးတယ်၊


"အဲဒါဆို နင်ရော ကြီးလာရင် ဘာလုပ်မလဲ"


"ငါက ကြီးလာရင် ဆရာမကြီးလုပ်မှာ…"
 "သမီးက ဘာဖြစ်လို့ ဆရာမကြီးဖြစ်ချင်တာလဲ ဖြေစမ်းပါဦး"… ရွှေဘုန်းက ဝင်ထောက်ပေးလိုက်တယ်။


"သမီးက ဘာဖြစ်လို့ ဆရာမကြီးဖြစ်ချင်တာလဲဆိုတော့…ဘုန်းဘုန်းလို စာသင်ချင်လို့ပေါ့၊ ပြီးရင် ဆရာမကြီးဆိုတော့ အာဏာရှိတယ်လေ ဘုန်းဘုန်းရဲ့၊ အဲဒီတော့ အိမ်မှာ ဖေဖေ အရက်သောက်ရင် မသောက်နဲ့လို့ပြောလို့ ရတာပေါ့…"


ကလေးတွေရဲ့ ဘဝပုံရိပ်က လွှမ်းမိုးထားတဲ့ အနာဂတ် အိပ်မက်လေးတွေပါ…တစ်ခါမှာတော့ ကလေးတစ်ယောက် ရဲ့ အနာဂတ် အိပ်မက်အဖြေကြောင့် ရွှေဘုန်း မျက်စိပြူးရသည်။


"ကဲ…ပြောပါဦး၊ သားလေး ပြည့်ဖြိုးကရော…သားကြီးလာရင် ဘာဖြစ်ချင်လဲ…"


 "သား ကြီးလာရင် ၊ ဘုရားဖြစ်ချင်တယ်…ဘုန်းဘုန်း"
 မျက်လုံးရော မျက်ဆံရော ရှိသမျှ အကုန်ပြူးရတော့သည်…ဒီမှာလည်း ချစ်စနိုးက မနေ၊ ပက်ခနဲ ဝင်ထောက်တယ်၊


"ဟာ…နင်ကလည်းဟာ၊ မဟုတ်က ဟုတ်က၊ ဘုရားဖြစ်ချင်တယ်ဆိုရင် နင်ငရဲကြီးလိမ့်မယ်.."


"သမီး၊ အဲလို မပြောရဘူးလေ…သူများ ရဲ့ အတွေးဆိုတာ လေးစားရတယ်…သမီးရဲ့…"လို့ ဟန့်လိုက်တော့ ဇက်ကလေးပုပြီး ငြိမ်သွားတယ်၊


"ကဲ…ပြောပါဦး သားက ဘာလို့ ဘုရားဖြစ်ချင်တာလဲ…ဘုန်းဘုန်းကို ပြောပြလေ…."


"သား ကြီးလာလို့ ဘုရားဖြစ်ရင်၊ သားတို့ ရွာကြီးကို ဟိုး…သာတို့ ကြည့်ရတဲ့ ဗွီဒီယိုတွေထဲက နိုင်ငံခြားတိုင်းပြည်တွေလို တိုးတက်သွားအောင် ဟပ်ချလောင်း…လု့ိ ဖန်ဆင်းပစ်လိုက်မှာ…"


 သြော် … ကလေးတွေရဲ့ အတွေးထဲမှာ မြတ်စွာဘုရားကို တန်ခိုးရှင်လို့ ထင်မှတ်နေကြတာကိုး၊ ဘာပဲဖြစ်ဖြစ် အတွေးလေးကိုတော့ လေးစားသွားမိတယ်…


"မဟုတ်သေးဘူး၊ သားရဲ့ ဘုန်းဘုန်းပြောပြမယ်နော်၊ ဘုန်းဘုန်းတို့ ဘုရားက သားထင်သလို ဟပ်ချလောင်း ဘုရားမဟုတ်ဘူး ၊ ဘုန်းဘုန်းတို့ ဘုရားက သူဖြစ်ချင်တာကို မရမနေ ကျင့်ယူတဲ့ ဘုရား၊ အဒီတော့ သားလည်း သားတို့ ရွာကြီးကို တိုးတက်စေချင်တယ်ဆိုရင် သူဌေးဖြစ်အောင် ကြိုးစား ၊ သား သူဌေးကြီးဖြစ်ပြီဆိုရင် သားတို့ရွာကို တိုးတက်အောင် လုပ်လို့ရတာပေါ့…ဟုတ်ဘူးလား…"


 "ဟုတ်ပါတယ် ဘုန်းဘုန်း၊ အဲဒါဆို သား သူဌေးကြီးဖြစ်အောင်ပဲ ကြိုးစားတော့မယ်…"
 သူတို့ နားလည်လောက်တဲ့ စကားလေးနဲ့ ရှင်းပြလိုက်တော့လည်း နားလည်သွားကြတာပါပဲ၊ တခါတရံ ရွှေဘုန်းက ပုံပြောရင်းနဲ့ စကားညှပ်ပြီး ဆုံးမတတ်တယ်၊


"သားတို့ သမီးတို့ လမ်းသွားလို့ လူကြီးသူမတွေ တွေ့ရင် ဝင်မတိုက်ရဘူးနော်၊ နောက် ဘုန်းဘုန်းတွေ တွေ့ရင်လည်း အရိပ်ကို မနင်းရဘူး၊ အရိပ်ရှောင်ပြီး သွားရမယ်" ဆိုတော့ ချစ်စနိုးက ဘယ်နေပါ့မလဲ။


 "ဟာ…ဘုန်းဘုန်းကလည်း တချို့ ဘုန်းဘုန်းတွေက ဆိုင်ကယ်နဲ့ သွားတာ၊ သမီးတို့က သူတို့ အရိပ် ရှောင်ရအောင် ဘယ်လို လိုက်ရှာရမလဲ" မှတ်ကရော၊ ရွှေဘုန်းရေ ၊ ခံပေရော့…။
အမြဲတမ်း သူတို့လေးတွေ လိမ်မာစေဘို့ သူတို့ မှတ်မိလွယ်တဲ့ ဥပမာလေးတွေနဲ့လည်း ခိုင်းနှိုင်းပြီး ဆုံးမရသေးတယ်…။


 "ဘုန်းဘုန်း ပြောမယ်၊ သားတို့ သမီးတို့ မှတ်ထားနော်၊ ခု သာတို့၊ သမီးတို့ အရွယ်က ၅-နှစ်၊ ခြောက်နှစ်ကနေ ၁၂ နှစ်ထိ၊ ဒီ အရွယ်တွေဟာ ဘာလေးတွေနဲ့ တူလဲဆိုတော့ ပန်းကလေးတွေနဲ့ တူတယ်…ကဲ ပြောပါဦး သားတို့ သမီးတို့ဟာ ဘာလေးတွေနဲ့တူ…"


 "ပန်းကလေးတွေနဲ့ တူပါတယ် ဘုရား" …သံပြိုင်အော်ကြသည်။


 "ဟုတ်တယ်...ဒါကြောင့် ဘုန်းဘုန်းတို့ သင်တန်းကို စေတနာပန်းခင်းလို့ ပေးထားတာပေါ့၊ ပန်းကလေးတွေဆိုတာ အစွမ်း သတ္တိ သုံးမျိုးရှိတယ်၊ အဲဒါတွေက  (၁) ပန်းကလေးတွေဆိုတာ ကိုင်ကြည့်ရင် နူးညံ့တယ်၊ အဲဒီတော့ သားတို့ ၊ သမီးတို့ အမူရာလေးတွေကလည်း နူးညံ့ရမယ်၊ မဆဲရဘူး၊ မရိုင်းရဘူး၊ ရန်မဖြစ်ရဘူးနော်"


"တင်ပါ့ ဘုန်းဘုန်း"


"နောက် နံပါတ် (၂)က ပန်းကလေးတွေဆိုတာ နမ်းကြည့်ရင် မွှေးတယ်၊ အဲဒီတော့ သားတို့ သမီးတို့ ဂုဏ်သတင်းဟာလည်း မွှေးနေရမယ်၊ ဟာ ဘယ်သူ့သားလေး၊ ဘယ်သူ့ သမီးလေးကတော့ လိမ်မာလိုက်တာဆိုရင် ဒါမွှေးတာပေါ့…ဟုတ်ဘူးလား၊ သားတို့၊ သမီးတို့…"


"ဟုတ်ပါတယ်၊ ဘုန်းဘုန်း…" ကိုယ့်ကလေးတွေနဲ့ ကိုယ်ကတော့ ဟုတ် နေတာပဲ၊


"အဲ…နောက်ဆုံး တစ်ခုက ပန်းကလေးတွေက မြင်သူတကာကို နှစ်သက်စေတယ်၊ အဲဒီတော့ သားတို့ သမီးတို့ဟာ လိမ်မာမယ်၊ ယဉ်ကျေးမယ်၊ နူးညံ့မယ်ဆိုရင် မြင်သူတကာကို၊ နှစ်သက်စေမယ်၊ လူတိုင်းကလည်း ချစ်မယ်ဆိုရင် ခုလို သင်တန်းတွေလည်း တက်ရတယ်၊ မုန့်တွေလည်း မစားရဘူးလား"


 "စားရပါတယ်…ဘုန်ဘုန်း၊…နောက်လည်း အမြဲစားချင်ပါတယ်..ဘုန်းဘုန်း…"


ဒီလို အပိုလေးကလည်း ထည့်လိုက်သေး၊ ကြည့်လိုက်တော့ ဇာတ်လိုက်မင်းသမီး ချစ်စနိုး၊ ဒါပေမယ့် ဒီအထိ သူ ခပ်တည်တည်နဲ့ မျက်လုံးလေး ဝိုင်းလိုက်၊ ဇက်ကလေးပုလိုက်နဲ့ ပြောသမျှကို နားထောင်နေသေးတယ်၊ ရွှေဘုန်း ရီစရာ ဟာသနှောပြီဆိုရင်တော့ သူက အငြိမ်မနေတော့၊ စောဒက တက်တတ်သည်။


"အဲဒိတော့ သားလေးတွေက ဘာပန်းလေးတွေနဲ့တူလဲ သိလား"


"မသိပါဘူး ဘုန်းဘုန်း"


"အဲဒါဆို ဘုန်းဘုန်းပြောမယ်၊ သားလေးတွေက ရွှေပန်းလေးတွေနဲ့ တူတယ်"
 ပျော်စေဘို့ ဟာသလေးနှောတော့ သူတို့ ဝေါခနဲ့ ပွဲကြ ကြတယ်လေ၊ အဲဒိတော့ သမီးလေးတွေက ရှက်သလိုလို ခေါင်းလေးတွေ ငုံ့ထားကြတယ်၊


 "ကဲ…သမီးလေးတွေကရော ဘာပန်းလေးတွေနဲ့တူလဲ သိလား…"
 သားတွေက အငြိမ်မနေ ရွတတဖြစ်လာတယ်၊ ဒါပေမယ့် သမီးတွေကတော့ ခပ်တည်တည်ပဲ


"မသိပါ ဘုန်းဘုန်း"…တဲ့…အဲဒိတော့ ရွှေဘုန်းက ဆက်ပြောတယ်…။


"မသိရင် ဘုန်းဘုန်းပြောမယ်၊ သမီးတို့မှာ ရွှေပန်းရှိလား၊ အေး ရွှေပန်းမရှိတော့ ငွေပန်းပေါ့…"
 တစ်ခန်းလုံး ဝေါခနဲ ရယ်ကြပါလေရော…ရယ်သံတွေဆုံးတော့ ဒေါ်ချစ်စနိုးက ထုံးစံအတိုင်း  ဘယ်အငြိမ်နေပါ့မလဲ...သူ့စရိုက်အတိုင်း…ရွှေဘုန်းကို မျက်စောင်းလေးထိုးပြီးတော့….


"ဘုန်းဘုန်းနော်၊ ဘုန်းဘုန်း ငရဲကြီးလိမ့်မယ်…သူများတွေကို ရှက်စရာတွေ လိုက်ပြောနေတယ်"…တဲ့။
 သူက ဒီလိုလည်း ချစ်စရာကောင်းလောက်အောင် တုန့်ပြန်တတ်သေး၊ သူ့မှာ အထူးခြားဆုံးက အမြဲပြုံးနေတတ်တာ၊ ရွှေဘုန်းကို ဘယ်နေရာမှာ တွေ့တွေ့ …ဘုန်းဘုန်းရေ… ဆိုပြီး ပြေးထွက်လာတယ်၊


"ဘုန်းဘုန်း ဘယ်သွားမလို့လဲ…"


"အော် ဘယ်ရယ် မဟုတ်ပါဘူး၊ သမီးရယ်၊ ဘုန်းဘုန်း ညောင်းလို့ လမ်းလျှောက်တာပါ"


"အဲဒါဆို သမီးလည်း လိုက်မယ်နော်…"ဆိုပြီး အနားက ကပ်ပါလာတတ်တယ်၊ ဒီလို ကပ်ပါလာရင်လည်း ပါစပ်က အငြိမ်မနေ၊ သူသိတာ မှန်သမျှ တတွတွတ်ပြောသွားတော့တာပဲ။


"ဘုန်းဘုန်း ၊ ဒါ ဘစီတို့ အိမ်လေ၊ အံမယ် ဘုန်းဘုန်း ဘစီကိုရိုက်နော်၊ သူက ငယ်ငယ်လေးနဲ့ ဧကရီမြတ်ကို ရီးစားစာ ပေးတယ်…"


 "အဟဲ၊ ဟုတ်လို့လား သမီးရဲ့ "


 "ဘုန်းဘုန်း မယုံရင် သူ့မေးကြည့်ပါလား…အင်းလေ သူက ဘုန်းဘုန်း မေးရင်တော့ အမှန်တိုုင်း ဘယ်ဖြေပါ့မလဲ၊ တော်ကြာ သမီးက ညာပြောသလို ဖြစ်နေပါ့မယ်…"
 တစ်ခါကလည်း လမ်းလျှောက်ရင်း သူပေါက်ကရ မေးတဲ့ မေးခွန်းကို ကြည့်ပါဦး၊ လမ်းမှာ မိုးတွင်းဆိုတော့ ချောနေတဲ့ လမ်းကို ကြည့်ပြီး သတိထား ငုံ့လျှောက်ရင်း သူမေးလိုက်တာက..


"ဘုန်းဘုန်း အဲဒီတီကောင်လေးက ဘယ်သွားနေတာလဲဟင်"…အဲလိုလည်းပေါက်ပေါက်ရှာရှာလည်း မေးတတ်တဲ့ ချစ်စနိုးပါ။


 "ဘုန်းဘုန်း၊ သမီး နှစ်တိုင်း သင်တန်းတက်မှာနော်…သမီးကိုနှစ်တိုင်း ဘုန်းဘုန်းရဲ့ သင်တန်းသူ အဖြစ်လက်ခံရမယ်နော်"


"အော်…လက်ခံမှာပေါ့ သမီးရဲ့၊ သမီးကသာ အပျိုကြီးဖြစ်သွားလို့ ရည်းစားတွေ ဘာတွေ ရသွားရင် ဘုန်းဘုန်း သင်တန်းကို တက်မှာ ဟုတ်တော့ဘူး"


"အဲဒိ ဘုန်းဘုန်းကလေ၊ မဟုတ်တာဆို သိပ်ပြောတာပဲ၊ ဘုန်းဘုန်းပဲ ပြောထားတယ်လေ၊ ရည်းစားထားရင် ငရဲကြီးတယ်ဆို…ဘုန်းဘုန်းနော်..ကိုယ့်ဟာကိုယ် ပြောထားပြီးတော့ မေ့နေတယ်၊ ဘုန်းဘုန်း ငရဲကြီးလိမ့်မယ်"


မှတ်ကရော..ချစ်စနိုးကတော့ တကယ်မလွယ်တာ…ကိုယ့်တုတ်နဲ့ ကိုယ့်ပြန် အရိုက်ခံရတယ်ဆိုတာ ချစ်စနိုးနဲ့ တွေ့မှ တစ်ကယ် လက်တွေ့ ခံရတော့တယ်၊ အဲဒိလို ချစ်စရာကောင်းတဲ့ သမီးလေးဟာ ဒီနှစ် သင်တန်းချိန်နီးကာမှ သူ့အမေက ဆွေမျိုးတွေရှိတဲ့ အလွန်ဝေးလံတဲ့ အရပ်တစ်ခုကို ခေါ်သွားတယ်လို့ သတင်းကြားရတယ်လေ၊ ချစ်စနိုး မရှိရင်တော့ ဒီနှစ်သင်တန်းကတော့ ပျင်းခြောက်ခြောက်ဖြစ် နေတော့မှာပဲ…လို့ စိတ်ထဲက တွေးမိလိုက်တယ်၊


 "ဦးဇင်း၊ ဦးဇင်း ဘာတွေ တွေးနေတာလဲ၊ စာကြည့်တိုက်ရောက်နေပြီလေ…ကျော်တောင် သွားတော့မလားပဲ"


ကိုယ့်အတွေးနဲ့ ကိုယ် စာကြည့်တိုက်ကို အလျင်စလို ရောက်ချင်ဇောနဲ့ မိုးစဲတော့ လယ်စောင့်တဲလေးက ကိုထွန်းဦးကို လိုက်မပို့ခိုင်းတော့ပဲ တစ်ပါးတည်း လျှောက်လာတာ အတွေးလွန်ပြီး စာကြည့်တိုက် လွန်သွားတော့မလို့၊ ရဟန်းအစ်မဖြစ်သူ ဆရာမက ထွက်ခေါ်မှ အတွေးစပြတ်သွားတယ်၊ စာကြည့်တိုက်ထဲဝင် ဘုရားဦးချပြီးရုံရှိသေး ဆရာမက ဆီးပြောတယ်။


 "ဦးဇင်းရေ၊ မောမောပန်းပန်းနဲ့ပဲ ပြောရတော့မှာပဲ၊ ချစ်စနိုးလေ၊ မနေ့က သူ့အမေရဲ့ ဆွေမျိုးတွေဆီက ပြန်လာရင်း ညောင်တုန်းကို တဆင့်ဝင်တာ၊ အဲဒါ မြစ်ဆိပ်မှာ ရေချိုးရင်း ရေနစ်လို့ ဆုံးရှာတယ်…"


 ရင်ထဲဆူးခနဲ နာသွားတယ်၊ ခုနပဲ လမ်းလျှောက်ရင်း သူ့အကြောင်း တစ်လမ်းလုံး တွေးလာတာ…ဖြစ်ရလေ သမီးလေးရယ်၊ ဒီအချိန်မှာပဲ မျက်ရည် စက်လက်နဲ့ ချစ်စနိုးနဲ့ အတူနေ အဒေါ်ဖြစ်သူက ဝင်လာပြီး ပြောပါတော့တယ်၊



 "ဦးဇင်းလေးရေ၊ တူမလေးကိုက အဖြစ်ဆိုးပါတယ်၊ သူ့အမေ မကောင်းတာပေါ့၊ ကလေးက ဦးဇင်းလေး သင်တန်း နီးနေပြီ ပြန်ရအောင်ဆိုပြီး အတင်းပူဆာပြီး ပြန်လာကြတာ၊ ဒီကို တန်းပြန်ပါတော့လား၊ အဲဒါ ညောင်တုန်းမှာ ရှိတဲ့ ဆွေမျိုးတွေဆီ တဆင့် ဝင်လည်ပြန်သတဲ့လေ၊ အဲဒိမှာ ညနေ ကားလက်မှတ်ဖြတ်ပြီး နေ့လည် သူ့ ဦးလေးတွေနဲ့ မြစ်ဆိပ်မှာ ရေဆင်းချိုးလိုက်တာ၊ ရေနစ်သေပါလေရောလား…ဦးဇင်းလေးရယ်၊ အဖြစ်ဆိုးလိုက်တဲ့ သမီးလေး"


"ခု သမီးလေး ဘယ်မှာလဲ"



"တပည့်တော် အိမ်ကို မရရအောင် ပြန်ပြီး သယ်ခိုင်းထားတယ်၊ ဒီညရောက်မယ် ဘုရား၊ ဒီနှစ်တော့ ဦးဇင်းလေးရဲ့ သင်တန်းဖွင့်ပွဲဟာ သမီးလေး ချစ်စနိုးရဲ့ အသုဘနဲ့တိုးနေပါရော့လား၊ သမီးရေ...ထကြည့်ပါဦး၊ သမီးရဲ့ ဘုန်းဘုန်း ရောက်နေပြီလေ…"


ချစ်စနိုးအဒေါ်ခမျာ အသံမထွက်နိုင်ရှာတော့ပေ၊ ရွှေဘုန်းလည်း ရင်ထဲမှာဆို့နေတာ ဘာပြောလို့ ပြောရမှန်းပင် မသိတော့၊ ပြောသမျှ နားသာ ထောင်နေမိတော့တယ်..။


"ဦးဇင်းလေးရယ်…ဖတ်ကြည့်ပါဦး၊ ဟောဒီမှာလေ ဟိုတစ်လောက သူ့ဘုန်းဘုန်း လာရင် ပေးဖို့ဆိုပြီး လူကြုံနဲ့ ထည့်ပေးလိုက်တဲ့ သမီးလေးရဲ့ စာလေး ဖတ်ကြည့်ပါဦး ဦးဇင်းလေးရယ်.." တွန့်လိမ်နေတဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာရွက်ပိုင်းလေးကို ကိုင်ထားတဲ့ ရွှေဘုန်းရဲ့ လက်တွေ တဆတ်ဆတ် တုန်နေပါတော့တယ်...


သို့ .... ဘုန်းဘုန်း…

          သမီး စာရေးလိုက်ပါတယ်၊ ဘုန်းဘုန်းရေ…ဒီအချိန်ဆိုရင် ဘုန်းဘုန်း သင်တန်း ဖွင့်တော့မယ်နော်၊ သမီးကတော့ အဝေးကြီးကိုရောက်နေတယ် ဘုန်းဘုန်းရဲ့ ၊ သမီးက မလိုက်ချင်ပါဘူး ဘုန်းဘုန်း ရယ်၊ မေမေပေါ့၊ သူ့အမျိုးတွေဆီ သွားရအောင်ဆိုပြီး..အတင်းခေါ်တာ၊ သမီးက ဘုန်းဘုန်း သင်တန်းရောက်တော့မယ်၊ မလိုက်ချင်ပါဘူးဆိုတာကို မရဘူးလေ၊ ဒါပေမယ့် ဘုန်းဘုန်း စိတ်ချနော်…သမီး သင်တန်း အမှီရောက်အောင် ပြန်လာခဲ့မယ်၊ သမီးကို ဘုန်းဘုန်း စိတ်မဆိုးရဘူးနော်… သင်တန်း နည်းနည်း နောက်ကျရင်လည်း ဘုန်းဘုန်း သမီးကို မဆူရဘူးနော်…ခု မေမေ့ကို သင်တန်း အမှီ အရောက်ပြန်ဖို့ ပူဆာပြီးသွားပြီ ဘုန်းဘုန်းရဲ့၊ သမီး ဘုန်းဘုန်းဆီ အရောက်ပြန်လာမယ်နော်… ဘုန်းဘုန်း မျှော်နေနော်…


ဘုန်းဘုန်းကို ချစ်တဲ့...
                           သမီးလေး ချစ်စနိုး…


"ဟင်…ဒါဆိုရင် စောစောက ရွာအဝင်လမ်းမှာ ကြားလိုက်တဲ့ အသံက…."

အော်…သမီးလေးရယ်….
ဖိုးသူတော် (www.phothutaw.com)
Credit: ရွှေဘုန်း (စေတနာပန်းခင်း)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top